``` ......... သူငယ်ချင်းထံပေးစာ ...........´´
Kyar Phyu Nwe shared ကွန်ဆူး မား's photo.
မိလုံး
မှ/တဆင့်
မအဲလိဇဘက်
YCC လူမှုကွန်ယက်
ရန်ကုန်မြို့
နေ့စွဲ၊ ၁၉-၁၁-၂၀၁၃။
မိလုံးရေ.... ငါ သတိတရ စာရေးလိုက်ပါတယ်၊ နင်နေကောင်းလားဟင်...၊ ငါလည်း နေကောင်းပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက OIC အဖွဲ့ မြန်မာပြည်ကို လာတဲ့သတင်း နင်လည်းကြားမှာပေါ့...
ဒါကတော့ သမ္မတကြီးက လာရောက်လေ့လာခွင့်ပေးတာလို့ပြော
မျိုးချစ်တွေကတော့ အကြီးအကျယ်ဆန္ဒပြကြတယ်လေ... ဒါကလည်း ဒီမိုကရေစီ လမ်းစဉ်ထဲက အစိတ်အပိုင်းတစ်ခုပေါ့ဟာ.... ပြခွင့်ရှိတာပဲ။
သမ္မတကြီးကတော့ ပြောဖူးပါတယ်... ပြည်သူတွေရဲ့ ဆန္ဒနဲ့ အညီ OIC ကိုယ်စားလှယ် ရုံးကိုတော့ ဖွင့်လှစ်ခွင့်မပေးဘူးလို့လေ...
ဒီကြားထဲ နေပြည်တော်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတယ်တဲ့ OIC ရုံးကို ဖွင့်ခွင့်ပေးသင့်တယ်လို့..ပြော
ကဲ.. အဲဒီတော့ ဘယ်လိုလုပ်ကြမလဲ... ဘယ်သူမှားတယ် ဘယ်သူမှန်တယ်... ဆိုတာတော့ ဒို့တွေ မပြောနိုင်ဘူးလေ... ဒို့က ငယ်သေးတာကိုး... ဟဲဟဲ။
သေသေချာချာတာကတော့ နှစ်ယောက်လုံးက ဂိမ်းဘောဆိုက်နေပြီ... ဆိုတာပါပဲ... ပွိုင့်ကို ရောက်နေပြီ... မကြာခင်သူတို့ ဂိမ်းကြတော့မယ်လေ...
ဒီတော့ သမ္မတကြီးက တစ်ခုပြောလိုက်.... အနောက်ကနေ ဒေါ်အောင်ဆန်းစုကြည်က တစ်မျိုး ထ ပြောလိုက်....
သမ္မတကြီးက တစ်ခုပြောလိုက်.... လွှတ်တော်ဥက္ကဌက တစ်ခု ထပြောလိုက် လုပ်နေကြတာကတော့ ကလေးတွေ မုန့်လုစားရင်း အချင်းချင်း ရန်စောင်နေတာနဲ့ တူနေတယ်။
သူတို့ ဘယ်လိုပဲ အချင်းချင်း ကလန်ကဆန်လုပ်နေကြပါစေ... ဒို့နိုင်ငံကြီး နစ်နာပြီး မကျန်ရစ်ပါစေနဲ့လို့တော့ ဆုတောင်းရမှာပေါ့ဟာ....။ ဒါကတစ်ပိုင်းပေါ့....။
နောက်တစ်ပိုင်းက သမ္မတကြီးက လစဉ် ခံစားခွင့်ပြုထားတဲ့ ကျပ်သိန်း ၅၀ကို မယူလို့ဆိုပြီး... အမျိုးသားလွှတ်တော် ဥက္ကဌက ဥပဒေကိုချိုးဖောက်နေတယ်လို့ စွပ်စွဲသတဲ့....
ပြီးတော့ ဒုဝန်ကြီးကို ဖုန်းဆက်ပြီး မေးခိုင်းသတဲ့... ယူမှာလား မယူဘူးလားဆိုတာကိုလေ....။
ငါစဉ်းစားဖြစ်တယ်ဟ... ဒီကျပ်သိန်း၅၀ကို မယူမနေရ ပြဌာန်းထားတာလား....။
မယူရင် ဘယ်လို အရေးယူရမယ်ဆိုတာကို ဥပဒေအရ ထည့်သွင်းထားသလား....။
နောက်တစ်ခုက အမျိုးသားလွှတ်တော် ဥက္ကဌက ၀န်ကြီးကို ဖုန်းဆက်မေးစမ်းဆိုတဲ့ အမိန့်မျိုးပေးလို့ရသလား....။
သမ္မတက သူ့လက်အောက် ၀န်ထမ်းမို့လို့လား...။
ငါတို့ နားလည်ထားတာက ခံစားခွင့်ထက် ပိုပြီး သုံးစွဲရင်သာ ပြဿနာ ဖြစ်တတ်တာ.. ကျိုးကြောင်း ဆီလျော်စွာ လျှော့ယူရင် ပြဿနာ မဟုတ်ဘူးလို့ထင်တာပဲ...။
ဒါဆိုရင် အစတုန်းကရော ဘာလို့ မပြောခဲ့သလဲ...။
လွဲတော့ လွဲနေတယ် မိလုံးရေ.... တော်တော်လွဲနေတယ်...။
ဒါပေမယ့် သမ္မတကြီးက ရန်မဖြစ်ချင်လို့လား.... ပြဌာန်းချက်ကိုပဲ လေးစားလိုက်နာတာလား မပြောတတ်ပေမယ့်... ကျပ်သိန်း ၅၀ ယူတော့မယ်လို့တော့ သိရတယ်...။ ဒါလည်းကောင်းပါတယ်... သတ်မှတ်ချက်ကို လိုက်နာတာ ဘေးကင်းတာပေါ့... ပြန်ပြီး လှူတန်းချင်ရင် လှူတန်းလို့ရတာပဲလေ...နော်။
ငါလည်းတော်တော်ပြောချင်တယ် မိလုံးရေ....
ပြောပြန်လွန်းရင်လည်း ဒေါက်တာဆိတ်ဖွား အုပ်စုထဲကလို့ ထင်ကြဦးမယ်.. မဆီမဆိုင်လူတွေကို ဆွဲထည့်ဦးမယ်... စွပ်စွဲကြဦးမယ်....။
ဒါနဲ့ မိလုံးရေ... နင်တို့ YCC လူမှုကွန်ယက်ကရော... ယောင်ချာချာ လုပ်နေကြတုံးပဲလား...
အခြေအနေလေးထူးရင် ဖုန်းဆက်ဦးနော်.... ငါ ၁၅၀၀ တန်ဖုန်းကပ် မဲပေါက်ထားတယ်ဟ....
အဆင်ပြေစေပါလို့ ဆုတောင်းတယ်နော်....
လူမှုရေးလည်းလုပ်.. စားဝတ်နေရေးလည်းလုပ်... နောက်ပြီး နင့်ယောက်ျားနဲ့ ကလေးတွေကိုလည်း ဂရုစိုက်နော်... တကယ့်တကယ် နင့်ကိုနားလည်ပေးနိုင်မှာ နင့်မိသားစုပဲရှိတယ်..
ကိုယ့်ဘ၀လေး ခိုင်မာမှ နိုင်ငံရေးဘက်လှည့်ဟာ.... ဒါပါပဲ။
သတိရလျှက်-
(မောင်ကွန်)
YTYY လူမှုအဖွဲ့
0 comments:
Post a Comment