Author: lubo601 |
8:47 AM |
|
ကမ္ဘာမှာ အလှအပဆုံးတန်ဆာတွေ မြောက်များစွာရှိပါတယ်။
သို့သော် သီလတည်းဟူသော အဆင်းတန်ဆာကို မှီရန်မဖြစ်နိုင်ပါ။ သီလတည်းဟူသော အဆင်းတန်ဆာသည် မိမိကိုယ်သာ အလှအပဆုံး တန်ဆာဆင်နိုင်သည်မဟုတ် တလောကလုံးကို လှပအောင် တန်ဆာဆင်နိုင်စွမ်း ရှိပါတယ်။
မြင်ရသူအပေါင်းကိုလည်း စိတ်ကိုအေးမြကြည်လင်စေ၏။ မိုင်ပေါင်းထောင်ပေါင်းများစွာကလည်း သီလရဲ့ရနံ့ကို ရစေနိုင်၏။ လောကလူတွေ ပြောကြတယ်။ ပန်းသတင်း လေညှင်းဆောင်တဲ့။ ပန်းတို့၏ ရနံ့ဟာ လေညှာကို မသွားနိုင်ပါ။ လေအောက်မှာ သာဆောင်နိုင်ပါတယ်။
သီလရဲ့ရနံ့ကတော့ လေအောက်လေညှာမရွေးပါ။ တကမ္ဘာလုံးကလူတွေ အလှပဆုံး အမွှေးပျံ့ဆုံးရနံ့ကို ပေးနိုင်ပါတယ်။ ဒါကြောင့် ရှေးပညာရှင်တွေက လှပချင်သူတွေအတွက် အဆိုပြုကြတယ်။ သီလလုံခြုံအောင်နေကြပါ၊ သီလလုံခြုံသောသူနဲ့ စိတ်ထားမြင့်မြတ်သူတွေအတွက် အသားရေဟာ စိုပြည်ဝင်းပလာတယ်။ ထိုသူ၏ မျက်နှာတော်ဟာ တရိပ်ရိပ်တက်နေသော နေ၀န်း၊ တရိပ်ရိပ်တက်နေသော လပြည့်နေ့ရဲ့ လ၀န်းပမာ ကျက်သရေရှိလှ၏။
သီလမရှိသောသူ ဘယ်လောက်ပင်လှပအောင် ရောင်စုံကာလာတွေနဲ့ ချယ်သစေကာမူ မိမိရဲ့စိတ်ထားလေးက မပြုမပြင်ဘဲနေမယ်ဆိုရင် မိမိရဲ့မျက်နှာတော်လေးဟာ ပုပ်သိုးနေမည်မှာ အသေချာပင်ဖြစ်၏။
ပုပ်သိုးနေတဲ့အရာဝတ္ထုကို အဘယ်သို့သောပုဂ္ဂိုလ်များ ကြိုက်နှစ်သက်သည်ဟု ကြားဘူးသလဲ? သီလမရှိသောသူဟာ မျက်နှာတော်မှာသာ ပြသသည်မဟုတ် ကိုယ်ရနံ့လေးကလည်း ပြသတာပါပဲ။ အဘယ်မျှလောက်သော အကောင်းစားရေမွေး အသုံးပြုထားသော်ငြားလည်း ချွေးထွက်လာသည့်အခါ နံ့စော်နေတဲ့ရနံ့ကို ပြန်လည်ပြီး ခံစားကြရတာပါပဲ။
ပညာရှိ သူတော်ကောင်းတွေက သီလမရှိသောသူရဲ့ရနံ့ဟာ ထောင်ပေါင်းဝေးကွာသောအရပ်က နံစော်ကြတယ်ဟုဆိုတယ်။ ထောင်ပေါင်းများစွာ ဝေးကွာသောအရပ်က မိမိရဲ့မကောင်းတဲ့ရနံ့ကို မခံနိုင်လို့ ရှောင်ပြေးကြရတယ်တဲ့၊ ဒီအတွက်ကြောင့်မို့ သီလရဲ့အဆင်းတန်ဆာဟာ ပျိုပျိုအိုအို အရွယ်မရွေး လူမျိုးမရွေး ဘာသာမရွေး ဆင်မြန်းနိုင်သော အလှအပဆုံး အဆင်းတန်ဆာဟာ သီလပါပဲ။ ဒီအဆင်းတန်ဆာ ဘယ်မှာမှ ရှာစရာမလိုပါ။ မိမိရဲ့ခန္ဓာထဲမှာ တွေ့နိုင်ပါတယ်။
စောင့်စည်းရဲ့မည့် သိက္ခာပုဒ်တွေက အများကြီးလား မများပါဘူး။ “သုံးခုထဲပါ” - မကောင်းသော အပြုအမူ လုပ်တော့မယ်ဆိုရင် ထိန်းလိုက်ပါ။ “မလုပ်မိအောင်” - မကောင်းသောစကားကို ပြောတော့မယ်ဆိုရင် ထိန်းလိုက်ပါ။ “မပြောမိအောင်” - မကောင်းသော အကြံတခု မိမိရဲ့စိတ်ထဲမှာ ရောက်လာပြီဆိုရင် ထိန်းချုပ်ပါ။ “မကြံစည်မိအောင်”
ဒါဆိုရင် သီလရှိသောသူ ဖြစ်သွားပါပြီ။ သီလရှိသောသူဖြစ်သွားရင် ကမ္ဘာမှာ တန်ဖိုးအရှိဆုံး အဆင်းတန်ဆာထဲ မိမိပါသွားပြီဖြစ်တဲ့အတွက် ဘာအရောင်ကာလာတွေနဲ့မှ ချယ်သစရာမလိုတော့ဘူး။ မိမိဟာ အလိုလိုလှပနေပြီးသား ဖြစ်နေပြီ။ သီလရဲ့ အဆင်းတန်ဆာဟာ အိုးမင်းသည့်တိုင်အောင် စိတ်ချမ်းသာအေးမြစေပြီး ကျက်သရေအရှိဆုံး အဆင်းတန်ဆာလို့လည်း ပြောလို့ရပါတယ်။ ဒါကြောင့်မဃဒေဝမှာ ခုလိုစပ်ဆိုထားပါတယ်။
“သီလရတနာ မြတ်တန်ဆာလည်း သတ္တဝါခပင်း မင်းဆင်းရဲသား မပိုင်းခြားဘူး လေးပါးမျိုးနွယ် ကြီးငယ်မဆို ရွယ်ပျိုရွယ်ရင့် ဆင်တိုင်းတင့်၏။ နောက်ပြီး ကမ္ဘာကျော် မဟာစည်ဆရာတော်ကလည်းခုလိုစပ်ဆိုခဲ့ပါသေးတယ်၊” သီလရနံ့ မွှေးပျံ့ကြိုင်စွာ သီလဆင်းတိုင်းင်းရှု့တိုင်းလှပါ။ သီလစောင့်ငြား မလားပါယ်ရွာ မြတ်သီလနိစ္စကိုးကွယ်ရာတဲ့။
ကဲ့ စာရှု့သူတို့လှချင်မှာပါ စာရေးသူလည်းလှချင်တာပါပဲ။ ဒါကြောင့် မိမိကိုယ်ကို အလှပဆုံး နည်းပညာတွေ့ပြီဆိုတော့ ပြင်ဖို့က ကိုယ်တာဝန်လေ။ နည်းပညာရှိလျက်နဲ့ အဲဒီနည်းပညာကို အသုံးမပြုဘူးဆိုရင် ဘယ်သူအပြစ်လဲစဉ်းစားကြည့်ပါ။
အဌသာလိနီအဌကထာမှာတော့ ခုလိုဥပမာပေးထားတယ်။ မစင်ပေနေသော ခြေထောက်ကို သန့်စင်စေတာရေပဲ။ ရေရှိလျက်နဲ့ မစင်ကိုမဆေးကြောဘူးဆိုရင် ရေရဲ့အပြစ်မဟုတ်ဘူး။ မိမိရဲ့အပြစ်တဲ့။ ခုလဲလှပအောင် ဆင်မြန်းပေးတဲ့ နည်းပညာတွေ့ပြီ။ နည်းပညာကို မသုံးမပြုရင် ကိုယ့်အပြစ်ပဲလေ……။
(ဓမ္မစမ်းရေ )
|
0 comments:
Post a Comment