Friday, October 11, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၁-၁၀)

သစ်ထူးလွင်



Posted: 11 Oct 2013 05:43 AM PDT

အောက်တိုဘာလ (၁၃)ရက်နေ့ ထုတ် EURO SPORTS Journal (VOL.4, NO.77)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 11 Oct 2013 05:38 AM PDT

အောက်တိုဘာလ (၁၁)ရက်နေ့ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၆၆

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Oct 2013 05:34 AM PDT

အောက်တိုဘာလ (၇)ရက်နေ့ ထုတ် မြန်မာတောင်သူကြီးများ ဂျာနယ်  အတွဲ(၅) အမှတ်(၆၆)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 11 Oct 2013 05:18 AM PDT

လွန်ခဲ့သည့် ၂၀၁၂ခုနှစ် ဇွန်၈ရက် မှစတင်ထုတ်ပြန်ခဲ့သည့် မောင် တောနယ်စပ် ညမထွက်ရအမိန့် ပုဒ်မ၁၄၄ကို ၂၀၁၃ခုနှစ် အောက် တိုဘာ၈ရက်က ဆက်လက်ထုတ် ပြန်လိုက်ကြောင်း သိရသည်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ၁၄၄ကို အောက်တိုဘာ ၈ ရက်တွင် ကိုးကြိမ်မြောက်အဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခင်ထုတ် ပြန်ထားသည့် အချိန်အတိုင်း ည ၁ဝနာရီမှ နံနက် ၄နာရီအထိကို ညမထွက်ရအမိန့်အဖြစ် သတ် မှတ်ကြောင်း မြို့နယ်အုပ်ချုပ်ရေး ဌာနမှ မြို့ပေါ်သို့ အသံချဲ့စက် များဖြင့် ည၆နာရီတွင် လိုက်လံ ကြေညာခဲ့ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Oct 2013 05:01 AM PDT

ညဥ့်အချိန်မတော် အိမ်ခန်းထဲရောက်ရှိနေသူတစ်ဦးက အိမ်ရှင်အမျိုးသမီးအား ဓားဖြင့်ထိုးခဲ့မှုတစ်ခု အောက်တိုဘာ ၉ ရက် နံနက်က လှိုင်မြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။ အမှုတွင် အောက်တိုဘာ ၈ ရက်ည ၁၀ နာရီက လှိုင်မြို့နယ်၊ (၉)ရပ်ကွက်၊ အင်းစိန်လမ်း၊ (၈)လွှာ၊ တိုက်(၈)နေသူ မသဇင်(၃၂)နှစ်(တယောထိုး)သည် နေအိမ်တွင် သူငယ်ချင်းမိသားစုများဖြစ်သော ကိုဟိန်းကို၊ မနှင်းညိုအေး၊ မသိင်္ဂီတို့နှင့်အတူ အိပ်ရာဝင်ခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Oct 2013 03:39 AM PDT
မရမ်းကုန်းမြို့နယ်တွင် ဆယ်တန်းကျောင်းသူကလေးတစ်ဦးကို စစ်ဗိုလ်ကြီးတစ်ဦးက အကြိမ်ကြိမ် ကာမစက်ယှက်ပြီး လက်ထပ်ယူမည်ဟု ပြောဆိုခဲ့သော်လည်း တိမ်းရှောင်နေသည့်အတွက် ကာယကံရှင် မိသားစုက အောက်တိုဘာ ၉ ရက်တွင် အမှုဖွင့်တိုင်တန်းလိုက်သည်။ အမှုသည် စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းက မိခင်ဖြစ်သူက ၁၅ နှစ်အရွယ်ရှိ ၎င်း၏သမီး ၁၀ တန်း ကျောင်းသူ သည် ကျူရှင်တက်ရန်နေအိမ်မှ ထွက်သွားခဲ့ပြီး ညနေခြောက်နာရီတွင် နေအိမ်တွင် ကျူရှင် သင်ပေးသည့် ဆရာမဖြင့် ပြန်လည်ရောက်ရှိလာရာမှ တစ်ဆင့်စတင်ခဲ့သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 11 Oct 2013 03:18 AM PDT

မန္တလေးမြို့တော်တွင် အိမ်သုံးမီတာဖြင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူနေသူများကို တစ်ယူနစ်လျှင် ၃၅ ကျပ်အစား ၇၅ ကျပ်နှုန်းဖြင့် ပြောင်းလဲ ကောက်ခံမှုကို ကျေနပ်မှု မရှိသဖြင့် တိုင်ကြားမှု များလာကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ရှိသူထံမှ သိရသည်။
“တိုင်ကြားစာ ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ မှတ်မထားလို့ မသိတော့ဘူး။ တိုင်ကြားစာတွေကို စစ်ဆေးတဲ့ အခါမှာ ကောက်ခံတဲ့ နှုန်းထားနဲ့ ပတ်သက်ပြီး မီးသုံးသူကို ကြိုတင် အသိပေးတာမျိုး မရှိလို့ ဆိုတာကို တွေ့ရတယ်။ ပြောင်းလဲ ကောက်ခံ မယ့် နှုန်းထားကို မီးသုံးသူကို အသိပေး လက်ခံလာတဲ့ အထိ ပြောဖို့လိုပါတယ်” ဟု ၎င်းကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Oct 2013 03:14 AM PDT

အောင်မင်္ဂလာ အဝေးပြေးကားဝင်းအတွင်းရှိ အငှားယာဉ်ပွဲစားများနှင့် လက်မှတ်အရောင်းပွဲစားများအား စီမံချက်ဖြင့် ဖမ်းဆီးသည့်ကာလမှလွဲ၍ အရေးယူရန် အစီအစဉ်များ မရှိသေးကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာန(အောင်မင်္ဂလာ)’မှ သတင်းရရှိသည်။ အဝေးပြေးဝင်းအတွင်း၌ ခရီးသည်များ စိတ်အနှောင့်အယှက် ဖြစ်စေသည် အထိ ကားအငှားပွဲစားလုပ်ခြင်း၊ လက်မှတ်အရောင်း လူခေါ်ပွဲစားများဖြင့် လက်မှတ်ရောင်းချခြင်းများအား ခွင့်ပြုချက်မဲ့ ဆောင်ရွက်လျက်ရှိပြီး ယင်းအတွက် ၀င်းအတွင်းရှိ မြို့တော်စည်ပင် အခွန်ဌာနမှ စီမံချက်ဖြင့် ဖမ်းဆီးကာလများ သတ်မှတ်ကာ အရေးယူ ဆောင်ရွက်ခြင်းများကို လျှပ်တစ်ပြက် ပြုလုပ်ခြင်းများ ရှိသော်လည်း ပွဲစားများ ဆက်လက်တည်ရှိနေဆဲပင်ဖြစ်ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Oct 2013 03:00 AM PDT
ဒီနေ့ချီးမြင့်တဲ့ ၂၀၁၃ ခုနှစ်အတွက် နိုဗယ်လ် ငြိမ်းချမ်းရေးဆုကို ဓာတု လက်နက်တွေကို စောင့်ကြည့်နေတဲ့ နယ်သာလန် နိုင်ငံ ဟေ့ဂ် အခြေစိုက် ဓာတု လက်နက်တား ဆီး ကာကွယ်ရေး အဖွဲ့ (OPCW) က ရရှိသွားပါတယ်။ ဓာတုလက်နက် ဖျက်သိမ်းရေး အတွက် စွမ်းစွမ်းတမံ ကြိုးပမ်း ဆောင်ရွက်တဲ့ အတွက် အခုလို ချီးမြင့်တာလို့ နိုဘယ်လ်ဆု ရွေးချယ်ရေး ကော်မတီက နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ကျင်းပတဲ့ အခမ်းအနားမှာ ကြေညာပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

OPCW ရဲ့ အကြီးအကဲ ညွန်ကြားရေးမှူးချူပ် တူရကီနိုင်ငံသား အာမက် အူဆီမူရှာ



Posted: 11 Oct 2013 02:46 AM PDT

ဌာနတွင်း အစည်းအဝေးတစ်ခုတွင် စကားပြောမိသဖြင့် ဌာနမှူးမှ ခုံပေါ်တက် ၍ မတ်တတ်ရပ်ဒဏ်ပေးခံရသည့် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ တော်ခန်းမရှိရာ မြတ်ဌာနမှ အသက် ၅၀ နီးပါးအရွယ် အမျိုးသမီးဝန်ထမ်းတစ်ဦး ယင်းနေ့တွင်ပင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့လိုက်ရကြောင်း မိသားစုဝင် များ၏ ပြောပြချက်အရ သိရှိရသည်။ "ဖြစ်တာက အောက်တိုဘာ ၂ ရက် နေ့ပါ။ အန်တီသိတဲ့အချိန် သူက ဆေးရုံ ရောက်နေပြီ။ သူ စကားပြန်ပြောနိုင်တဲ့ အချိန်ကျမှ မေးကြည့်တော့ ဒါဘာမှ စကားပြောမိလို့ ဌာနမှူးက သူတို့နှစ်ယောက်ကို ခုန်ပေါ်တက်ပြီး မတ်တတ်ရပ် ခိုင်းတယ်တဲ့။ ပြီးတော့ ဓာတ်ပုံလည်း ရိုက်တယ်တဲ့။ သူ အရမ်းရှက်သွားတယ် လို့ပြောတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 11 Oct 2013 02:35 AM PDT

လှိုင်မြို့နယ်၊ အင်းစိန်လမ်းမပေါ်ရှိ သံလမ်းမှတ်တိုင်အနီးတွင် အာရာဖတ်အမျိုးအစား အိမ်စီးယာဉ်က ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်နေသော လူတစ်ဦးကို ၀င်တိုက်မိ၍ သေဆုံးသွားကြောင်း လှိုင်မြို့နယ် ရဲစခန်းမှ ဒုရဲမှူးက အတည်ပြုပြောကြားသည်။ အောက်တိုဘာ ၉ ရက် ည ၁၀ နာရီဝန်းကျင်က အင်းစိန်လမ်းမပေါ် သံလမ်းမှတ်တိုင်အနီးရှိ ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်လာသော အသက်(၅၆) နှစ်အရွယ်   အမျိုးသားတစ်ဦးကို လှည်းတန်းဘက်မှ မောင်းနှင်လာသည့် အာရာဖတ်အမည်းရောင်ယာဉ်က  အရှိန်လွန်ပြီး  ၀င်တိုက်ကာ  လမ်းလယ်ရှိ  ဓာတ်တိုင်ကို ဆက်လက်ဝင်တိုက်မိကြောင်း  အထက်ပါဒုရဲမှူးကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ယာဉ်တိုက်မှုကြောင့်ပျက်စီးသွားသည့်ကားအား ကရိန်းဖြင့်ဆွဲယူရန် ပြင်ဆင်နေစဉ် ဓာတ်ပုံ-မိုးညို

Posted: 11 Oct 2013 02:08 AM PDT

 လူအုပ်စုဖွဲ့ပြီးတောင်းပွဲတို
က်ပွဲ များကြောင့် ကုမ္ပဏီများ၏ လယ်ယာစိုက်ပျိုးရေးအထူးဇုန်စီမံကိန်း များရပ်တန့်လုနီးပါးဖြစ်ခဲ့ရသည် ဟု ပြည်ထောင်စုဝန်ကြီး ဦးမြင့် လှိုင်က အောက်တိုဘာ ၁ဝရက် တွင်ပြု လုပ် သော ရန်ကုန် တိုင်း ဒေသကြီးရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များနှင့် ညှိနှိုင်းအစည်းအ ဝေးပွဲ တွင် ပြောကြားခဲ့ကြောင်း သိရသည်။ အခြေခံအကြောင်းအမျိုး မျိုးဖြင့် နောက်ကွယ်မှမြှောက် ပင့်လှုံ့ ဆော်မှု များကြောင့် လူအုပ် စုဖွဲ့ပြီး တောင်းပွဲ တိုက်ပွဲ များ ပေါ် ပေါက် လာခဲ့ကြသည့်အတွက် လယ်ယာစိုက်ပျိုးရေး အထူးဇုန် စီမံကိန်းများတွင် ပါဝင်လုပ်ကိုင် နေကြသော ကုမ္ပဏီများ၏ လုပ် ငန်းများ အရှိန်ရပ်တန့်လုနီးပါး ရပ်ဆိုင်း သွား ခဲ့ ရသည် ဟု ပြည် ထောင်စုဝန်ကြီးက ပြောကြားခဲ့ ခြင်းဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Oct 2013 02:06 AM PDT

ပြည် မြို့ နဝဒေးတံတားအနီး View Point ကမ်းနားသောင်ပြင်တွင် ဖြစ်ပွားခဲ့သည့်ကိစ္စနှင့် ပတ်သက် ပြီး ပြစ်မှုကျူးလွန်သူများအား မှန်ကန်စွာ ဖော်ထုတ်အရေး ယူ ဆောင်ရွက်ပေးစေရန် ပြည်သူ ပေါင်း ၄ဝဝဝဝကျော် ၏လက်မှတ် များဖြင့် သမ္မတနှင့် အာဆီယံအ ဖွဲ့အစည်းများထံသို့ အောက်တို ဘာ ၁၀ ရက်တွင်တင်ပြခဲ့ကြောင်း သိရသည်။ ယင်း လက်မှတ်ထိုးစာရင်း ထဲတွင် ပြည်မြို့မှ အများဆုံးပါ ဝင်ပြီး ရွာပေါင်း ၃ဝကျော်သို့သွား ရောက်၍ လက်မှတ် စာရင်းအား ကောက်ယူခြင်း များပြုလုပ်ခဲ့ကာ ယင်းသို့ လက်မှတ်ကောက်ခံမှု သည် အချိန်တစ်လကြာမြင့်ခဲ့ ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Oct 2013 08:53 PM PDT

မုံရွာမြို့လယ် ပေါ်တော်မူဘုရားကြီးအနီးတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော ပေါ်ဦးရွှေရတနာ အရောင်းဆိုင်မှ အလေးချိန် ၇၀ ကျပ်သားရှိ ရွှေဆွဲကြိုးမျိုးစုံ အောက်တိုဘာလ ၉ ရက် နံနက်က ခိုးယူခံရကြောင်း ပေါ်ဦးရွှေရတနာအရောင်းဆိုင်ပိုင်
ရှင် ဦးသန်းဝေက ပြောသည်။ ““ကောင်တာထဲမှာ ချိတ်ဆွဲထားတဲ့ ရွှေဆွဲကြိုးတွေပဲ ပါသွားတယ်။ ရွှေအလေးချိန်နဲ့ဆိုရင် ၇၀ ကျပ်သားဝန်းကျင်ပေါ့။  ကာလတန်ဖိုးနဲ့ဆိုရင် ကျပ်သိန်း ၄၉၀ ကျော်ရှိတယ်”” ဟု ပေါ်ဦးရွှေရတနာအရောင်းဆိုင်ပိုင်ရှင် ဦးသန်းဝေက ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရွှေထည်ပစ္စည်း ၇၀ ကျပ်သားကျော် ခိုးယူခံရသည့် ပေါ်ဦးရွှေရတနာဆိုင် ဓာတ်ပုံ - မျိုးမင်းဦး

Posted: 10 Oct 2013 08:49 PM PDT

ကျောင်းကုန်းမြို့တွင် အောက်တိုဘာ ၅ ရက်ညက အစ္စလာမ်ဘာသာဝင်များ၏ တဲကြီးသုံးလုံး ဖျက်ဆီးမှုတွင် ပါဝင်သူများနှင့် ဖျက်ဆီးရန်လှုံ့ဆော်သူ ငါးဦးကို ဖမ်းဆီးထားပြီး ပုသိမ်ထောင်သို့ ပို့ဆောင်ထားကြောင်း ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးက ပြောသည်။အောက်တိုဘာ ၅ ရက်က ကျောင်းကုန်းမြို့တွင် အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်ကို ဘာသာခြား အသက် ၄၃ နှစ်အရွယ် ဦးလှဝင်းက အဓမ္မပြုကျင့်သည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ဦးလှဝင်းနေထိုင်သော တဲကြီးတစ်လုံးနှင့် အခြားတဲနှစ်လုံးကို ဒေသခံများက ဖျက်ဆီးခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Oct 2013 08:10 PM PDT

လစ်ဗျား ဝန်ကြီးချုပ် Ali Zeidan ဟာ ထရီပိုလီမြို့တော်မှာရှိတဲ့ အစိုးရဌာနချုပ်ရှိရာကို ဘေးကင်းစွာနဲ့ပြန်ရောက်လာပါပြီ။ သူ့ကို အရင် သူပုန်စစ်သွေးကြွတွေက နာရီပေါင်းများစွာ သူ့ကို ထိန်းသိမ်းထားပြီးနောက် ပြန်လွှတ်ပေး လိုက်တာပါ။ သေနက်သမားတွေဟာ Mr.Zeidan ကို ကြာသာပတေးနေ့ အစောပိုင်းတုန်းက သူနေထိုင်ရာထရီပိုလီမြို့ကနေ ဖမ်းဆီးသွားပြီး၊ ၆ နာရီကြာ ထိန်းသိမ်းခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Libya ဝန်ကြီးချုပ် Ali Zeidan 


Posted: 10 Oct 2013 07:55 PM PDT

ထိုင်းနိုင်ငံမှာ နှစ်ပေါင်းရာချီပြီး တည်ရှိနေတဲ့ မြန်မာ ဘုန်းတော်ကြီးကျောင်း တွေမှာ အစဉ်အလာအရ မြန်မာ ဘုန်းတော်ကြီးတွေပဲ ကျောင်းထိုင် ဖြစ်ခဲ့ရာက ပြီးခဲ့တဲ့ နှစ်ပိုင်းမှာ ထိုင်းအစိုးရက ထိုင်း တနိုင်ငံလုံးက ဘုန်းတော်ကြီးကျောင်းတွေမှာ ထိုင်းနိုင်ငံက သံဃာတွေပဲ ကျောင်းထိုင် ဖြစ်ရမယ် ဆိုတာကြောင့် ထိုင်းနိုင်ငံရောက် မြန်မာကျောင်းထိုင် ဘုန်းတော်ကြီးတွေ အခက်အခဲနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။ အဲဒီကိစ္စ ပြေလည်ရေးအတွက် မြန်မာဘုန်းတော်ကြီးကျောင်းတွေ တည်ရှိတဲ့ နေရာတွေကို ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး သွားရောက် ဖြေရှင်း ဆောင်ရွက်ပေးနေခဲ့ပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့ကတော့ သံအမတ်ကြီး ဦးတင်ဝင်းက မဲဆောက်မြို့ကို ရောက်လာခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြန်မာသံဃာတွေ ကျောင်းထိုင်ဖြစ်ရေး မျှော်လင့်ချက် ရှိ

Posted: 10 Oct 2013 07:48 PM PDT

ပါကစ္စတန်မှာ သမ္မတဟောင်း မူရှာရက်ဖ်ကို ၂၀၀၇ ခုနှစ်က အစ္စလာမ်မာဘတ်မှာ ဗလီတလုံးကို ဝင်စီးနင်းခဲ့တဲ့ အမှုနဲ့ ဆက်စပ်ပြီး ဖမ်းလိုက်ပြီလို့ ရဲတွေက ပြောပါတယ်။ အဲဒီ စီးနင်းမှုမှာ လှုံ့ဆော်ရေးတရားတွေ ဟောပြောတဲ့ တရားဟော ဆရာတယောက်နဲ့ လူပေါင်း ၁၀၀ ကျော် အသက်ဆုံးခဲ့ပါတယ်။ မစ္စတာ မူရှာရက်ဖ်ဟာ တခြားစွဲချက် တွေနဲ့ လောလောဆယ်မှာကို နေအိမ်မှာ အကျယ်ချုပ် ကျခံနေရတာတပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သမ္မတဟောင်း မူရှာရက်ဖ်

Posted: 10 Oct 2013 02:51 PM PDT

တိုင်းဒေသကြီးနှင့် ပြည်နယ် ၀န်ကြီးချုပ်များကို သမ္မတက တိုက်ရိုက်ခန့်သည့် စနစ်အစား သက်ဆိုင်ရာ လွှတ်တော်ကသာ ခန့်အပ်လိုသည်ဟု ကိုယ်စားလှယ်အချို့က တောင်းဆိုလိုက်သည်။ ပြည်ထောင်စု လွှတ်တော်က အခြေခံဥပဒေ သုံးသပ်ရေး ပူးပေါင်း ကော်မတီဖွဲ့စည်း ဆောင်ရွက်ချိန်နှင့် လွှတ်တော် ပြင်ပ ပါတီအချို့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချို့က အခြေခံ ဥပဒေသစ် ပြန်လည် ရေးဆွဲရန် တောင်းဆို နေကြချိန်တွင် ယခုကဲ့သို့ ပြောကြား လိုက်ခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Oct 2013 02:45 PM PDT

အစိုးရအဖွဲ့ ပြည်ထောင်စု ၀န်ကြီးအချို့၏ သတင်းများကို နိုင်ငံပိုင် သတင်းစာ များဖြစ်သော ကြေးမုံနှင့် မြန်မာ့အလင်း၊ မြန်မာ့ ရုပ်မြင်သံကြား ပြည်တွင်း သတင်းတို့တွင် ဖော်ပြရာ၌ မလျော်မကန် တည်းဖြတ်ခြင်း ခံရကြောင်း အစိုးရအဖွဲ့ ပြည်ထောင်စု ၀န်ကြီး အချို့က မြန်မာ သံတော်ဆင့်သို့ ထုတ်ဖော် ပြောကြားသည်။ တည်းဖြတ်ခြင်းခံရသော ပြည်ထောင်စု ၀န်ကြီးများတွင် ယခင်က စစ်အစိုးရမှသည် သမ္မတဦးသိန်းစိန် အစိုးရသစ် လက်ထက် တိုင်အောင် ပြန်ကြားရေး ၀န်ကြီးဌာန ၀န်ကြီးအဖြစ် နှစ်ရှည်လများ တာဝန် ထမ်းဆောင်ခဲ့သည့် သမ၀ါယမ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းလည်း ပါဝင်ပြီး၊ ၎င်း၏ အခြေခံ လူတန်းစား ပြည်သူများအတွက် သမ၀ါယမကဏ္ဍ လုပ်ငန်းပြန်လည် တိုးတက်အောင် ဆောင်ရွက်နေသည့် ပြောကြားချက်များ၊ သတင်းများကို နိုင်ငံပိုင် သတင်းစာများက မဖော်ပြဘဲ ၎င်းတို့၏ သဘောဖြင့် တည်းဖြတ်ပြီး သတင်းဖော်ပြ ခဲ့ကြောင်း သမ၀ါယမ ၀န်ကြီးရုံးမှ သတင်းရရှိသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Oct 2013 01:26 PM PDT
ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်တွေဖြစ်တဲ့ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်စတဲ့ မြို့နယ် ၁ဝ ခုလောက်မှာ တပ်မတော်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေဧကပေါင်း တစ်သောင်းနီးပါးခန့်ကို တောင်သူတွေလက်ထဲ မကြာခင်ပြန်လည်ပေးအပ်သွားဖို့ စီစဉ်နေတယ်လို့ တပ်မတော်အဆင့်မြင့်အရာရှိ အသိုင်းအဝိုင်းက RFA ကို ဒီကနေ့အတည်ပြုပြော ဆိုပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Oct 2013 01:22 PM PDT

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေထဲက ယာမြေတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ခြံစည်းရိုးခတ်ထားတဲ့အတွက် ရာနဲ့ချီတဲ့ ဒေသခံတွေဟာ ဒီနေ့ ဝက်မှေးရွာဟောင်းကနေ ရန်မျိုးအောင်စေတီအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြ ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ လယ်ယာမြေအငြင်းပွားမှုတွေ ပြီးဆုံးမှသာ ကြေးနီစီမံကိန်းကို ဆက်လုပ်စေချင်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်းက RFA ကိုပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Oct 2013 01:20 PM PDT

ကျန်းမာရေးဦးစီးဌာန လက်အောက် ကနေ ၀န်ထမ်း အဖြစ်မှ ထုတ်ပယ်ပြီး လျော်ကြေးမပေးတဲ့ ဆရာဝန် တစ်ထောင်ကျော်ကို အစိုးရ က နာမည်ပျက်စာရင်း ကနေ ပယ်ဖျက်ပေးလိုက် ပါတယ်။ ယခုအခါ ပြောင်းလဲလာသော ခေတ်စနစ်နှင့် အညီ ဖြေလျော့ ဆောင်ရွက်ပေးလျက်ရှိတဲ့ မူနဲ့အညီ အစိုးရက အခုလို ပယ်ဖျက်ပေးလိုက်တာလို့ သိရပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အမည်ပျက် သွင်းထားတဲ့ ဆရာဝန်တခိျု့ စာရင်းက ပျက်ဖျက် ခံရလို့ ဆေးကုသနိုင်ပြီ

Posted: 10 Oct 2013 04:40 PM PDT
အောက်တိုဘာလ(၁၁)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Oct 2013 12:57 PM PDT

အောက်တိုဘာလ(၁၁)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...