"Scapegoats"
-ထေရ၀ါဒဗုဒ္ဓဘာသာမှာ အကြိုက်ဆုံးအယူအဆ တစ်ခုကတော့ အကျိုးတရားတစ်ခုဖြစ်ပေါ်လာရခြင်း
-ဒါဟာ လူမှုရေးပြဿနာ (social issues) တွေမှာသွေးထွက်အောင် မှန်နေတယ်..။
-လူမှုရေးသိပ္ပံ ဘာသာရပ်တွေ (social sciences) မှာ လက်ရှိအခင်းအကျင်း (current context)၊ သမိုင်းကြောင်း (historical context) စတဲ့ အကျိုးတရားတစ်ခုကို ပုံသွင်းနေတဲ့အားတွေ (driving forces)နဲ့  ဒိုင်းနမစ်သဘောတွေကို နားလည်အောင်ကြိုးစားပြီး အချက်အလက် (factor) စုံနိုင်သမျှစုံအောင် ထဲ့သွင်း တွက်ချက်စဉ်းစားမှ အမှန်နဲ့ အနီးစပ်ဆုံး ကိုရောက်စမြဲ..။
-ဒါကြောင့်ပဲ သတ္တလောကမှာ လူဟာ နားလည်ရ အခက်ဆုံးသတ္တ၀ါဖြစ်နေတာပဲ..။ လူ လောက်ထွေပြားတဲ့ အဖြောင့်မဟုတ်တဲ့ သတ္တ၀ါ ဒီလောကမှာ ရှိမယ်မထင်။
- ဒါကြောင့်ပဲ လူမှုရေးသိပ္ပံဘာသာရပ်တွေမှာ ဖြစ်နိုင်စွမ်း (သို့ ) ဖြစ်နိုင်ခြေကိုပဲ တွက်ချက်ပြတဲ့ စာရင်းဇယား အမှန်တရား (statistical truth) သာလျှင် ရှိတယ်..။
-ဒါဟာ သဘာဝသိပ္ပံဘာသာရပ်တွေ Hard Sciences (သို့ ) Natural Sciences နဲ့ ကွဲပြားသွားတာပဲ..။ ဒါပေမယ့်လို့ ဒီ သဘာဝသိပ္ပံ ဘာသာရပ်တွေမှာလည်းပဲ အဆင့်မြင့်တဲ့ အပိုင်းကိုရောက်လာရင် စာရင်းဇယား အမှန်တရားကို သုံးရတော့တာပဲ..။ ကွမ်တစ်မက္ကင်းနစ်ကို ဒါကြောင့် အိုင်းစတိုင်းကြီး အစာမကြေခဲ့တာ..။
- အဲ...ထေရ၀ါဒရဲ့ အဘိဓမ္မာကို ကောင်းကောင်းနိုင်နင်းပါတယ်ဆိုတ
- ဖတ်ဖူးတဲ့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဋ ဟောင်း စီးပွားရေးပညာရှင်တစ်ယောက်ရဲ့ စာအုပ်မှာတော့ the winners wrote the history လိုပဲ only the rich can have quality data တဲ့။ ဆင်းရဲတဲ့သူတွေ ဒေတာမရှိ (သို့ ) ဒေတာမကောင်းပေါ့..။
-ဒါဟာ..ဘာကိုပြောသလဲဆိုရင်...ချ
-တနည်း...ရလဒ် (output) ကောင်းချင်ရင် သွင်းအားစု (input) ဘယ်လောက်ခိုင်မာ သေချာလဲ နဲ့ ဆုံးဖြတ်တဲ့ လောကကြီးပဲ..။
-အင်မတန်ရှုပ်ထွေး၊ သိမ်မွေ့ တဲ့ ဘာသာရပ်ကြီးတွေဖြစ်တဲ့ နိုင်ငံရေးပေါ်လစီ၊ စီးပွားရေးပေါ်လစီ လိုဟာမျိုးကို ကိုင်တွယ်ကြတဲ့အခါမှာ အချက်အလက် factors တွေစုံနိုင်သမျှစုံအောင် ထည့်တွက်မှ တန်ကာကျတာကို အကြောင်းတစ်ခုတည်းဖေါ်ထုတ်နည်း သို့  အပြစ်ပုံချနည်း (blame games) တွေကိုစွဲလမ်းနေတာကို မြင်နေရတာဟာ... အရွယ်မရောက်သေးသလိုပဲ....
0 comments:
Post a Comment