ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းဟာ ၂၀၁၅ မှာ သမ္မတ တာဝန်ယူလိုကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။ သူရဦးရွှေမန်းဟာ ပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ် ၊ ပြည်ထောင်စုလွှတ်တော်နာယက အဖြစ် လုပ်ဆောင်တဲ့နေရာ စွမ်းစွမ်းတမံနဲ့ ပြည်သူ့လူထုရဲ့ မျက်နှာကိုသာကြည့်ပြီး ခရိုနီတွေကို မျက်နှာသာ မပေးတဲ့ ဥပဒေတွေပြဌာန်းပေးနေသလို၊ ဦးရွှေမန်း ကတော် ဒေါ်ခင်လေးသက်ဟာလည်း ယောက်ျားရဲ့ လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ ပါရမီဖြည့်ပေးနေ သူ ဖြစ်ပါတယ်။
ဒေါ်ခင်လေးသက်ဟာ ပြည်သူ့အချစ်တော် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်မတန်မှ ရင်းနှီးပြီး ဒေါ်စုရဲ့ မွေးနေ့ပွဲကို ငွေကြေးစိုက်ထုတ် လုပ်ကိုင်ပေးခဲ့သူ ဖြစ်ပါတယ်။
NLD ပါတီဝင်များ အဆိုအရ ဒေါ်ခင်လေးသက် နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တစ်ကယ့်ကို ချစ်ခင်ကြင်နာကြတဲ့ ညီအစ်မ အရင်းတွေနဲ့ မခြား ဆက်ဆံရေး ရှိနေကြတယ် လို့ ဝမ်းပန်းတသာ ပြောခဲ့ကြပါတယ်။ ဒေါ်ခင်လေးသက်ဟာ ဆိုရင် မန်းအောင်ငြိမ်း (ဦးရွှေမန်း၊ ဦးစံရွှေအောင်၊ ဦးသောင်းစုငြိမ်း သုံးယောက်ပေါင်း) ဖောင်ဒေးရှင်းကြီးရဲ့ နာယကတာဝန်ကို ရယူထားပြီး ပြည်သူလူထုအတွက် အကျိုးရှိစေမယ့် အလှူဒါနတွေကို သိန်း ဘီလီယံနဲ့ချီပြီး လှူဒါန်းနေပြီ ဖြစ်ပါတယ်။ ပြည်သူတွေ အတွက် ဝမ်းမြောက်ဖွယ်ရာ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် မိသားစု ပုံမှန်ရရှိတဲ့ လစာငွေ၊ ပင်စင်ငွေတွေကို ခြစ်ခြုပ်စုဆောင်းပြီး ဒီလိုဖောင်ဒေးရှင်း ဖွဲ့စည်းထူထောင်နိုင်တဲ့ အဆင့်အထိ ရောက်ရှိလာတာ ဖြစ်ပါတယ်။ စိတ်ရင်းသဘောထား အရမ်းကို ကောင်းမွန်ပြီး စကားအပြောအဆို သွက်လက် ထက်မြက်တဲ့ ဒေါ်ခင်လေးသက် ဟာ အခုဆိုရင် ဦးရွှေမန်းနဲ့အတူ ဥပဒေပညာရပ်တွေကို အွန်လိုင်းကနေ သင်ကြားနေတဲ့အထိ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်နေ သူ ဖြစ်ပါတယ်။ ဥပဒေဆိုင်ရာကိစ္စတွေမှာ တတ်သိကျွမ်းကျင်သူဖြစ်တာကြောင့်
သားအကြီး ဖြစ်သူ ဦးအောင်သက်မန်းက ဖခင်ဖြစ်သူ မပူမပင် အလုပ်လုပ်နိုင်အောင် တစ်နိုင်ငံလုံး ရှိသမျှ စီးပွားရေးလုပ်ငန်းတွေကို အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုပြီး အနစ်နာခံ ရုန်းကန် စီးပွားရှာပေး နေတဲ့ ကိုယ့်ဒူးကိုယ်ချွန် ကိုယ့်အားကိုယ်ကိုး လုပ်ကိုင်နေတဲ့ လူတော်တစ်ဦး ဖြစ်ပါတယ်။ ဒါ့ကြောင့် လည်း အချိန်တိုတိုအတွင်းမှာ မြန်မာနိုင်ငံရဲ့ ဦးဆောင်စီးပွားရေးလုပ်ငန်းအုပ်
သားအကြီးဖြစ်သူက အဲဒီလို နိုင်ငံအတွက် မိသားစုအတွက် အနစ်နာခံပြီး စီးပွားရေးလုပ်ငန်းတွေကို ပင်ပင်ပန်းပန်း ကြိုးစားလုပ်ကိုင်ပြီး ပါရမီဖြည့်ပေးနေသလို သားအငယ် ဦးတိုးနိုင်မန်းကလည်း ဖခင်ဖြစ်သူဖွဲ့ထားတဲ့ လွှတ်တော် ကော်မရှင် တစ်ခုမှာ အဖွဲ့ဝင်အဖြစ် တာဝန်ယူပြီး အခုနောက်ပိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ နိုင်ငံခြားရေးကော်မတီ အဖွဲ့ဝင်တစ်ဦး ဖြစ်ကာ ဖခင်ကို အထောက် အကူပြုပေးနေပါတယ်။ ကော်မရှင်၊ ကော်မတီအစည်းအဝေးတွေမှာဆိုရင်လည
ဦးအောင်သက်မန်းနဲ့ ဦးတိုးနိုင်မန်းတို့ဟာ မြန်မာ့ဆက်သွယ်ရေး တစ်ခေတ်ဆန်းရေး ဆိုတဲ့ စွန့်လွှတ်စွန့်စားမှုများနဲ့ အင်တာနက်၊ မိုဘိုင်းဖုန်း နယ်ပယ်စုံမှာ ဝင်ရောက်လုပ်ကိုင်လျက် ရှိပါတယ်။ ဦးတိုးနိုင်မန်းရဲ့ ယောက္ခမ ဦးခင်ရွှေဟာဆိုရင်လည်း အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် တစ်ဦး ဖြစ်တာကြောင့် တစ်ပတ်ကို တစ်ကြိမ် နေပြည်တော် ဟိုတယ်ကောင်းကောင်းတွေမှာ လွှတ်တော် ကိုယ်စားလှယ်တွေကို ညစာစားပွဲ ပြုလုပ်ပေးနေသူတစ်ယောက်ပါ။ ဦးခင်ရွှေဟာ အခု ရက်ပိုင်း အတွင်း ရေကြီးတဲ့ ဒေသတွေမှာ ဦးခင်အောင်မြင့်နဲ့အတူ လိုက်ပါ လှည့်လည်ပြီး သိန်းထောင်ချီ လှူဒါန်းနေသူ ဖြစ်ပါတယ်။
ဒါကြောင့်မို့ လက်ရှိ ၂၀၁၆ အစိုးရအဖွဲ့သစ်မှာသာ ဦးရွှေမန်းသမ္မတဖြစ်လာခဲ့ရင် သူတစ်ယောက် တည်းမဟုတ်ပဲ သူတို့တစ်မိသားစုလုံးကို မြန်မာနိုင်ငံက အားကိုးအားထားပြုနိုင်မှာပါ။ တစ်မိသားစုလုံး တက်ညီ လက်ညီ လုပ်ကိုင်ဆောင်ရွက်မှုဟာ ခေါင်းဆောင်တွေထဲမှာတော့ အထူးခြားဆုံးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက သတ်မှတ်ထားကြပါတယ်။ အောက်က ပုံတွေကတော့ ဦးရွှေမန်း ကတော် ဒေါ်ခင်လေးသက်ဟာ ဦးရွှေမန်းနဲ့ ထိုင်းအိမ်ရှေ့မင်းသား ဗာဂျီယာ လောင်ကွန်တို့ တွေ့ဆုံပွဲကို တက်ရောက်နေတဲ့ပုံတွေပါ။
Dear Maung Maung,
ReplyDeletehow much do you earn for this post...