Wednesday, June 19, 2013

မကျေနပ်ဘူးလား.....


Cloud Cuckoo Land shared ဝေ(စီးပွားရေးတက္ကသိုလ်)'s photo.

တစ်စုံတစ်ယောက်ကြောင့် စိတ်မကျေမနပ်ဖြစ်နေရင် ထိုတစ်စုံတစ်ယောက်ကို ပြု ပြင်ရန် မဖြစ်နိုင် သောကြောင့် မိမိနှလုံးသွင်းကို သာ ပြု ပြင်မှ စိတ်ချမ်းသာမှူဆိုတာ ရရှိဖို့ နီးစပ်ပါမယ်။
တကယ်တော့ ကိုယ်က ပေးမ၀င်မချင်း ကိုယ့်စိတ်ထဲကို ဘာတစ်ခု မှ ၀င်ရောက်ဖို့ မဖြစ်နိုင်ပါဘူး။
နှလုံးသွင်း အရေးပါ အရာရောက်မှုက တရားအားထုတ်တဲ့ ထိ အကျိုးရှိပါတယ်။


ဖြစ်ရပ်တစ်ခုက လူများစွာနဲ့ ပတ်သက် နေရင်တောင် တစ်ဦးချင်းစီရဲ့  နှလုံးသွင်း က ကွာခြားတဲ့ အတွက် အကောင်းမြင် ..အဆိုးမြင်ခြင်းလည်း ကွာခြားပါတယ်။
အဲဒီဖြစ်ရပ်က အားလုံးနဲ့ သက်ဆိုင်နေရင်တောင် အမြင်ချင်း မတူတဲ့ အတွက် နှလုံးသွင်းခြင်းလည်း ကွာသွားပါတယ်။ ကိုယ်က သင့်တင့်အောင် နှလုံးသွင်းလိုက်ခြင်းက ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းနဲ့ ကိုယ့်ကိုယ်ကို ချစ်ရာ ရောက်ခြင်းပါဘဲ။
ကိုယ့်စိတ်က ဒီဘက်က တွေးလို့ စိတ်မချမ်းသာရင် တခြားဘက် က ပြန်လှည့်တွေးပါ။
အဆုံးမှာတော့ အဓိက ဇာတ်ကောင်က ကိုယ်ခံယူတွေးတောလိုက်တဲ့ ကိုယ့် အတွေးလေး တစ်ချက်ပါဘဲ။
အဲဒါအပြင် သေခြင်းတရား ဟာ ကိုယ့်မှာရော...တခြားသူတွေမှာပါ အနှေးအမြန် သေကြရမယ်လို့ နှလုံးသွင်းရင် ပြသနာမှာ ပါဝင်ပတ်သက်သူတွေကို ဒေါသဖြစ်မှု..ခွင့် မလွှတ်နိုင်မှုတွေက လျော့ကျသွားမှာပါ။

ဘယ်လိုဘဲဖြစ်ဖြစ်..ဘာကြောင့်ဘဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ချစ်ရင် စိတ်မချမ်းသာစေမယ့် ဒေါသဖြစ်စရာအကြောင်းတွေကို လိမ္မာပါးနပ်စွာ ကိုယ့်ကျန်းမာရေး၊ စိတ်ချမ်းသာရေး..အကုသိုလ်တရားမတိုးပွားရေးကို ရှေးရှုပြီး နှလုံးသွင်းလေးပြင်လိုက်ပါလို့ ကိုယ်တိုင်ရော အများကိုပါ တိုက်တွန်းရင်း ဆရာတော်ဦးဇောတိကရဲ့  ဆုံးမစကားလေးများကို မှတ်သားရအောင် မျှဝေလိုက်ပါတယ်ရှင်....


ကိုယ့်ကို အများဆုံး စိတ်ဆင်းရဲအောင်
လုပ်တာဟာ သူများမဟုတ်ပါဘူး။
ကိုယ့်စိတ်ပါ ကိုယ့်အတွေးပါ။
ကိုယ့်သဘောထား မှားနေလို့ပါ။

မလိုအပ်တဲ့အတွေးတွေကို
မတွေးပဲနေနိုင်ရင်
စိတ်ကြည်လင် အေးချမ်းမှု ရမယ်။"
( ဆရာတော်ဦးဇောတိက)

အားလုံးကိုယ်စီ စိတ်ချမ်းသာကြပါစေ..

မနန်းမွန်း ( အနှိုင်းမဲ့စာတိုပေစများ)
www.infinitydhamma.com မှ ကူးယူမျှဝေပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...