သစ်ထူးလွင် သတင်းစုစည်းမှု (၆-၇)
သစ်ထူးလွင် |
|
- ၁၀ တန်း စာမေးပွဲအောင် စာရင်း မနက်ဖြန် ဇွန်လ ၈ ရက်နေ့ တွင် ထွက်မည်
- ဇွန်လ (၇)ရက်နေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ အတွဲ (၁)၊ အမှတ် (၁၁)
- ယခုအပတ်ထုတ် ကုမုဒြာ၊ ၇ရက်ဈေးဝယ်လမ်းညွန် ၊ Auto World နှင့် Focus Online ဂျာနယ်များ
- KNU ဥက္ကဋ္ဌသမီး မြဝတီတွင် ကိုယ်ပိုင်ကျောင်းဖွင့်
- မြန်မာပြည်ရဲ့ အဓိကလိုအပ်ချက် ၆ ရပ် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာကိုရှင်းလင်း
- စက်ရုံလေးရုံက ညစ်ညမ်းရေတွေ ဧရာဝတီမြစ်ထဲ စွန့်ပြစ်မှုတွေ ထပ်မံဖြစ်ပေါ် (ရုပ်/သံ)
- အငြင်းပွားလယ်မြေ ဝင်ရောက်စိုက်ပျိုးမှု တိုင်ကြား
- ခွဲစိတ်ခန်းသုံးပစ္စည်း ၀မ်းဗိုက်တွင်းကျန်ရစ်
- လက်ပံတောင်းတောင် ကယ်တင်ရေး ကော်မတီအဖွဲ့ဝင် ဦးမြင့်အောင် ထောင်ဒဏ်ချမှတ်ခံရ
- ခြောက်နှစ်အရွယ်ယောကျာ်းလေး၏ ဝမ်းဗိုက်အတွင်းမှ သန္ဓေသားကို အောင်မြင်စွာခွဲထုတ်
- မြန်မာနိုင်ငံရဲ့ အခြေခံ အဆောက်အဦးတွေ တိုးတက်ဖို့ အိန္ဒိယကူညီမည်
- အပစ်အခတ် ရပ်စဲရေး စာချုပ်ပါအချက်များ လုပ်ဆောင်ပေးရန် အစိုးရနှင့် KNU တွေ့မည်
- လယ်ယာမြေ ဥပဒေနှင့် ပတ်သက်သော ဆွေးနွေးပွဲ ကျင်းပသည့် ခြံပိုင်ရှင်ကို အုပ်ချုပ်ရေးမှူးက တရားစွဲ
- ခြုံပြီးပြောရရင် ရုပ်ရှင်လုပ်ငန်းက ကျဆင်းနေတယ် – ဦးလူမင်း
- မုဒိန်းမှု၏ ၅၀ ရာခိုင်နှုန်းနီးပါး အရွယ်မရောက်သေးသူများ ဖြစ်နေ
- မလေးရှားတွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု မြန်မာများ အတွက် အကူညီလိုအပ်
-
မလေးရှားနိုင်ငံ ရှိ မြန်မာ နိုင်ငံသား များအား ဥပဒေကြောင်းအရ တရားဝင် ကာကွယ်ပေးရန် မြန်မာသံရုံးရှေ့၌ဆန္ဒပြတောင်းဆိ
ု - လန်ဒန်တွင် ဗလီ တစ်လုံး မီးရှို့တိုက်ခိုက်ခံရ
- လူကုန်ကူးမှု ဖြစ်စဉ်များတွင် တရုတ်နိုင်ငံသို့ လူကုန်ကူးမှု အများဆုံး ဖြစ်ပွား လျက်ရှိ
-
မြန်မာကုန်သည်တွေ ကုန်သွယ်မှုမြှင့်တင်ဖို့ကြိုးစာ
း - အိန္ဒိယဘဏ်နဲ့ရေနံ လုပ်ငန်းတွေ မြန်မာမှာ ရင်းနှီးလုပ်ကိုင်မယ်
- တိုင်းရင်းသားအရေးမှာ နှုတ်ပိတ်ခဲ့တာ မဟုတ်ဘူးလို့ ဒေါ်စုပြော
- ဇွန်လ (၇)ရက်နေ့ ထုတ် မြန်မာ့အလင်း၊ ကြေးမုံ၊ မြ၀တီ နှင့် ရတနာပုံ နေ့စဉ်သတင်းစာများ
- ရေတာရှည်အနီး ယာဉ်တိုက်မှု ကြောင့် လူသေ
- ရုရှားသမ္မတပူတင် ဇနီးနှင့်ကွာရှင်း
Posted: 07 Jun 2013 07:26 AM PDT
ပညာရေး
ဝန်ကြီး ဌာန မြန်မာနိုင်ငံ စာစစ်ဦးစီး ဌာနမှ ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်
စာမေးပွဲ အောင်စာရင်း မနက်ဖြန် ဇွန်လ(၈)ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်မည်
ဖြစ်ကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။
ဖြေဆိုသူ၏ စာစစ်ဌာနသင်္ကေတနှင့် ခုံအမှတ်ကို မြန်မာဘာသာ(Zawgyi-One Font, Myanmar2 Font, Myanmar3 Font)ဖြင့် ရိုက်ထည့်ပြီး၊ ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို အောက်ပါလင့်တွင် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။ http://moemyanmar.net/ by Myanmar News Now |
||
Posted: 07 Jun 2013 07:07 AM PDT
ဇွန်လ (၇)ရက်နေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ အတွဲ (၁)၊ အမှတ် (၁၁)
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 07 Jun 2013 07:08 AM PDT
ဇွန်လ(၇)ရက်နေ့ ထုတ် Auto World ဂျာနယ် အတွဲ(၂)၊ အမှတ်(၂၀)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ ဇွန်လ(၇)ရက်နေ့ ထုတ် Focus Online ဂျာနယ် အမှတ် (၄၄) ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ ဇွန်လ(၄)ရက်နေ့ ထုတ် ကုမုဒြာ ဂျာနယ် အတွဲ(၃)၊ အမှတ်(၉) ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ ဇွန်လ (၃)ရက်နေ့ ထုတ် ၇ ရက် ဈေးဝယ်လမ်းညွန် အတွဲ(၃) အမှတ် (၄၁) ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 07 Jun 2013 06:10 AM PDT
တပ်မတော်အစိုးရ
လက်ထက် ရန်ကုန်မြို့၌ လျှို့ဝှက်စွာ ကျောင်းတက်ခဲ့သည့် ကရင်အမျိုးအသား
အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၏ သမီးဖြစ်သူ
နော်ဆာလော်အဲ ထူးမူတူး ဆေးဖိုးသည် ကရင်ပြည်နယ် မြဝတီခရိုင် အတွင်း
ကျပ်သိန်းပေါင်း ၆၀၀ ကျော် အကုန်အကျခံကာ ပုဂ္ဂလိကအလယ်တန်းကျောင်း
ဖွင့်လှစ်ခဲ့ကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုးက The Voice သို့
ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 07 Jun 2013 06:05 AM PDT
မြန်မာနိုင်ငံ
တနိုင်ငံလုံးအနှံ့ သွားရောက်တဲ့အခါမှာ ပြည်သူလူထုအနေနဲ့ အလုပ်အကိုင်၊ ရေ၊
လမ်း၊ လျှပ်စစ်မီး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ အဓိက လိုအပ်ချက် ၆ ခု
ရှိနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာစီးပွားရေး ဖိုရမ်နဲ့ ပတ်သတ်တဲ့
သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 07 Jun 2013 06:03 AM PDT
စစ်ကိုင်းတိုင်း
ထီးချိုင့်မြို့နယ်၊ မောင်းကုန်ရွာအနီးက စက်ရုံလေးရုံက ညစ်ညမ်းရေတွေ
ဧရာဝတီမြစ်ထဲ စွန့်ပြစ်မှုတွေ ထပ်မံဖြစ်ပေါ်တယ်လို့ ဒေသခံတွေက
ပြောပါတယ်။ဦးအံ့ဘုန်းမြတ် သတင်းပေးပို့ ထားပါတယ်။ ရိုက်ကူး- စောနန်း --
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 07 Jun 2013 05:16 AM PDT
ပဲခူးတိုင်းဒေသကြီး
တောင်ငူခရိုင် ထန်းတပင်မြို့နယ် (KNU တပ်မဟာ၂ နယ်မြေ) တပြေး
ကျေးရွာအုပ်စုရှိ မတ်လကတည်းက ပိုင်ဆိုင်မှုအငြင်းပွားနေသော လယ်ယာမြေဧက ၂၀၀
နီးပါးကို မူလ လယ်ပိုင်ရှင်များက မေလ ၂၆ ရက်နေ့တွင် စိုက်ပျိုးထွန်ယက်
နေသဖြင့် မြို့နယ်အုပ်ချုပ် ရေးမှူးရုံးထံ တိုင်ကြားထားကြောင်း လက်ရှိ
လုပ်ကိုင်နေသူများက ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 07 Jun 2013 05:04 AM PDT
ဧရာဝတီတိုင်း
ဟသာင်္တခရိုင် မယ်ဇလီကုန်းမြို့နယ် တိုက်နယ်ဆေးရုံတွင်
ကလေးမွေးဖွားပြီးဗိုက်ထဲတွင် ကြိုးခွေကျန်ရစ်ခဲ့တာနဲ့ ပက်သက်ပြီး
ခွဲစိတ်ဆရာဝန်က တာဝန်ယူမှုမရှိဘူးလို့ ကာယကံရှင်ရဲ့ ခင်ပွန်းဖြစ်သူက
ပြောပါတယ်။ ဆေးရုံမှာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီး ၁ ဦး ကလေးမွေးဖွားပြီး
ဗိုက်ထဲမှာ ကြိုးခွေကျန်ရစ်ခဲ့တာကို တိုယ်နယ်ခွဲစိတ်ဆရာဝန်တွေက
ပေါ့လျော့စွာဆုံးဖြတ်ပြီး တာဝန်ယူခြင်းမရှိကြောင်းနဲ့ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 07 Jun 2013 04:58 AM PDT
လက်ပံတောင်းတောင်
တောင်ကြည့်ပွဲများကို ဦးဆောင်ခဲ့သော လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီမှ
အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးမြင့်အောင်ကို မုံရွာ မြို့နယ်တရားရုံးက
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် နည်းဥပဒေပုဒ်မ (၁၈)အရ
အလုပ်ကြမ်းနှင့်ထောင်ဒဏ် တစ်နှစ် ကျခံစေရန် ဇွန်လ၆ရက်နေ့တွင် စီရင်ချက်
ချမှတ်ခဲ့ကြောင်း လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီမှ အဖွဲ့ဝင်
တစ်ဦးကပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 07 Jun 2013 04:46 AM PDT
ကမ္ဘာတွင်
ထူးခြားဖြစ်စဉ်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံမှ အသက်ခြောက်နှစ်
အရွယ်ယောကျာ်းလေး တစ်ဦး၏ ဝမ်းဗိုက် အတွင်းတွင်ရှိသော သန္ဓေ သားကို
ရန်ကုန်တွင် အောင်မြင်စွာခွဲ စိတ်ထုတ်ယူ နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ
ဖြစ်စဉ်သည် ရန်ကုန်တိုင်း ဒေသကြီး ကွမ်းခြံကုန်း မြို့ နယ် တောင်ကုန်း
ကျေးရွာတွင် နေထိုင်လျက် ရှိ သည့် မောင်--- ၏ဝမ်းဗိုက်တွင် ဖြစ်ပေါ်
ခဲ့ခြင်းဖြစ် ပြီး အဆိုပါသန္ဓေသားကို မေ ၂၈ရက်က ခွဲစိတ်ထုတ်ယူခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 07 Jun 2013 03:18 AM PDT
မြန်မာနိုင်ငံရဲ့
အခြေခံ အဆောက်အဦးတွေ တိုးတက်ကောင်းမွန်အောင် အိန္ဒိယနိုင်ငံက ကူညီဖို့
ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလိုက်သလို၊ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့
ကိစ္စတွေကို အိန္ဒိယနိုင်ငံက အတတ်နိုင်ဆုံး တိုးမြှင့်ကူညီသွားမယ်လို့
အိန္ဒိယနိုင်ငံ ကူးသန်း ရောင်းဝယ်ရေးနဲ့ စက်မှုဝန်ကြီး အန်နန်ရှားမားက ကတိပေး
ပြောဆိုလိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 07 Jun 2013 03:03 AM PDT
ပြည်ထောင်စု
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကရင်အမျိုးသား
အစည်းအရုံး KNU တို့ သဘောတူထား သည့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး
စာချုပ်ပါ သဘောတူ ညီချက် များကို အစိုးရက ဖြည့်ဆည်း ဆောင်ရွက်ပေးရန်
အစိုးရနှင့် KNU အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း KNU အဖွဲ့၏
အတွင်းရေးမှူး (၁) ဖဒို စောသီဘွဲ့က The Voice သို့ ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 07 Jun 2013 02:53 AM PDT
လယ်ယာမြေ
ဥပဒေနှင့်ပတ်သက်သည့် ဆွေးနွေး ပွဲပြုလုပ်မှုကို ခြံဝင်းအတွင်း ပြု
လုပ်ခွင့်ပေးခဲ့သည့် လယ်သမား တစ်ဦးကို မြို့နယ် အုပ်ချုပ်ရေးမှူး က
တရားစွဲဆိုသည့်အပေါ် ဒေသခံ လယ်သမား၁၅ဝက ဆန္ဒထုတ် ဖော်ကန့်ကွက်မည်ဖြစ်ကြောင်း
သိရသည်။ ပဲခူးတိုင်းအရှေ့ခြမ်း သဲကုန်း မြို့နယ် အုတ်ဖိုကျေးရွာအုပ်စု
သင်တောကျေးရွာတွင် မေ ၁၉ နှင့် ၂ဝရက်က လယ်ယာမြေ ဥပဒေ၊ နည်းပဒေများ၏ဆိုလို
ချက်များကို လယ်သမား ခေါင်း ဆောင် ဒေါ်နော်အုန်းလှအပါ အဝင် လယ်သမား ၁၅ဝခန့်က
ယင်းရွာရှိ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 07 Jun 2013 02:08 AM PDT
ကျန်းမာရေး
အခြေအနေအရ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ နေရာကနေ အနား ယူသွားတဲ့
ဦးဇင်ဝိုင်းရဲ့ တာဝန်တွေကို ဇွန် ၇ ရက်နေ့မှာ ဦးလူမင်းက လွှဲပြောင်း
တာဝန်ပေး လိုက်ပါတယ်။ ဒီအတွက် ဦးလူမင်းက ဥက္ကဋ္ဌတာဝန်တွေကို ၁၀ လကြာ
တာဝန်ယူရတော့မှာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာရုပ်ရှင်လောကရဲ့ အခြေအနေနဲ့
သူတာဝန်ယူမယ့် ကာလမှာ လုပ်ဆောင်သွားမယ့် အရာတွေနဲ့ ပတ်သက်ပြီး ဦးလူမင်းကို
ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။ ---
အင်တာဗျူး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 07 Jun 2013 01:46 AM PDT
ဇန်န၀ါရီလ
ကနေ မေလအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း မုဒိမ်းမှု ၆၁ မှု ဖြစ်ပွားခဲ့ရာမှာ
၅၀ ရာခိုင်နှုန်းနီးပါးရှိတဲ့ ၂၉ မှုဟာ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်များ
အဓမ္မပြုကျင့်ခံရမှု ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး
ထုတ်ပြန်ချက်အရ သိရပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 07 Jun 2013 01:41 AM PDT
မလေးရှားတွင်ဖြစ်ပွား
ခဲ့သည့်အကြမ်းဖက် တိုက်ခိုက်မှု များကြောင့်ဆေးရုံရောက် ရှိနေသောမြန်မာ
များအတွက် အကူညီ အထူး လိုအပ်လျှက် ရှိကြောင်း မလေးရှားရောက်
မြန်မာနိုင်ငံသား များ အရေး ကူညီမှု အဖွဲ.(ကပုန်း) မှသိရသည်။
မေလ(၃၀)ရက်နေ.မှ စတင်၍ မလေးရှားနိုင်ငံ အတွင်းဖြစ်ပွား ခဲ့သောအကြမ်းဖက်
တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံ သားလေးဦးသေဆုံး ခဲ.ပြီး၁၅ဦးကျော်
ထိခိုက်ဒဏ်ရာ ရရှိကာဆေးရုံ တက်ဆေးဝါးကုသမူခံ ယူနေရကြောင်းသိရ သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 07 Jun 2013 01:38 AM PDT
မလေးရှားနိုင်ငံသို.ရောက်ရှိနေေ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 07 Jun 2013 01:35 AM PDT
ဗြိတိန်နိုင်ငံ
လန်ဒန်မြို့တွင် လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က မွတ်ဆလင် ဘာသာဝင်များ ၀တ်ပြု
ဆုတောင်းရာ ဗလီ တစ်လုံး မီးလောင်ကျွမ်းသွားခဲ့သည်။ အဆိုပါ မီးလောင်မူကို
လန်ဒန်ရဲက မီးရှို့တိုက်ခိုက်မူ အဖြစ် သံသယရှိနေသည်ဟု ယနေ့ထုတ် The
Independent သတင်းစာက “Mosque under arson attack in London”
ခေါင်းစဉ်ဖြင့် သတင်း ဖေါ်ပြသည်။ လွန်ခဲ့သောလက လန်ဒန် လမ်းမပေါ်တွင်
ဗြိတိသျှ စစ်သား တစ်ဦး ဓါးထိုး အသတ်ခံရပြီးနောက်ပိုင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 06 Jun 2013 08:58 PM PDT
မြန်မာနိုင်ငံရဲ့
လူကုန်ကူးမှု မှတ်တမ်းများ အရ လူကုန်ကူးမှု ဖြစ်စဉ်များဟာ တရုတ်နိုင်ငံကို
လူကုန်ကူးမှု အများဆုံး ဖြစ်ပွား လျက်ရှိတာ ဖြစ်တယ်လို့ လူကုန်ကူးမှု တားဆီး
ကာကွယ်ရေး ဗဟို အဖွဲ့မှ သိရပါတယ်။ အခုလို လူကုန်ကူးမှုများ အနေနဲ့ နယ်စပ်
ဖြတ်ကျော် ဖြစ်ပွားမှုတွေမှာ တရုတ်နိုင်ငံကို လူကုန်ကူးမှု အများဆုံး
ဖြစ်ပွားတာ ဖြစ်ပြီး အဲ့ဒီနောက် မှာတော့ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ
အစရှိတဲ့ နိုင်ငံတွေကို လူကုန်ကူးမှုများ ဖြစ်ပွားတာ ဖြစ်ပါတယ်။
ဒါ့အပြင် အခုလို လူကုန်ကူးမှု ဖြစ်ပွားရာ မှာလည်း ယခု ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ ဧပြီလအထိ ၄ လတာ ကာလ အတွင်း တရုတ်နိုင်ငံကို လူကုန်ကူးမှု ၁၄ မှု၊ ထိုင်းနိုင်ငံကို လူကုန်ကူး ခံရမှု ၇ မှုနဲ့ ပြည်တွင်း လူကုန်ကူးမှု ၄ မှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဖြစ်ပွားရာမှာလည်း အဓမ္မ လက်ထက် ထိမ်းမြားမှု ၁၅ မှု၊ အဓမ္မခိုင်းစေမှု ၃ မှု၊ ပြည့်တန်ဆာမှု ၆ မှုနဲ့ ကြွေးမြီနဲ့ နှောင်ဖွဲ့ခိုင်းစေမှု ၁ မှု အပါအ၀င် စုစုပေါင်း ၂၅ မှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ MRTV-4 |
||
Posted: 06 Jun 2013 08:46 PM PDT
မြန်မာနိုင်ငံက
စီးပွားရေး လုပ်ငန်းရှင် ၁၈၀ ကျော် ပါဝင်တဲ့အဖွဲ့က ကုန်သွယ်မှု
မြှင့်တင်ဖို့ အတွက် ငါးရက်ကြာတဲ့ ကုန်စည်ပြပွဲ တခုကို တရုတ်နိုင်ငံ
ယူနန်ပြည်နယ်မှာ ကျင်းပ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဇွန်လ ၆
ရက်နေ့ကစတင်ကျင်းပနေတဲ့ ၂၁ကြိမ်မြောက် ကူမင်းပို့ကုန်၊ သွင်းကုန် ပြပွဲဟာ
တရုတ်-တောင်အာရှမှာ ပထမဆုံး အကြိမ်ပြု လုပ်တာဖြစ်ပါတယ်။ စီးပွားရေး
ချိတ်ဆက်ဖို့နဲ့ ကုန်သွယ်မှု မြှင့်တင်လာနိုင်ဖို့အတွက် အာဆီယံ ၁၀
နိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေလည်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 06 Jun 2013 08:43 PM PDT
မြန်မာနိုင်ငံထဲမှာ
နိုင်ငံခြား ရင်းနှီး မြုပ်နှံမှုတွေ အတွက် ပိုမို လမ်းပွင့် လာတာနဲ့အမျှ
အိန္ဒိယနိုင်ငံက ရေနံလုပ်ငန်းနဲ့ ဘဏ်လုပ်ငန်းတွေ စုပေါင်းထားတဲ့
အဖွဲ့တဖွဲ့ကလည်း ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်သွားဖို့ ရှိတယ်လို့
သိရပါတယ်။ အခုမြန်မာနိုင်ငံထဲကို ရင်းနှီးမြုပ်နှံမှု လုပ်မယ့်
အိန္ဒိယနိုင်ငံက စုပေါင်း စီးပွားရေး လုပ်ငန်းအဖွဲ့တွေ ထဲမှာ ပါဝင်တဲ့
ကုမ္ပဏီကြီးတွေ ကတော့ Oil India ရေနံကုမ္ပဏီ၊ ONGC Videsh ရေနံကုမ္ပဏီနဲ့
SBIBSE ခေါ် ဘဏ်လုပ်ငန်း ကုမ္ပဏီတွေ ပါဝင်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 06 Jun 2013 08:40 PM PDT
အရှေ့အာရှဆိုင်ရာ
ကမ္ဘာ့စီးပွားရေး ညီလာခံရဲ့ ပထမနေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး တိုင်းရင်းသားအရေးနဲ့
ပတ်သက်ပြီး နှုတ်ပိတ်နေ ခဲ့တာဆိုတာ မဟုတ်သလို တိုင်းရင်းသားတွေကို
ဘယ်တော့မှ လျော့မတွက် ခဲ့ဘူးလို့ ပြောပါတယ်။ မြန်မာပြည်ရဲ့ အနာဂတ် ဆို တဲ့
ခေါင်း စဉ် နဲ့ ပြု လုပ် တဲ့ ဆွေးနွေး ပွဲ အ တွင်း ဒေါ် အောင် ဆန်း စု ကြည် က
ပြောသွားတာဖြစ်ပြီး အဲဒီ ဆွေးနွေးပွဲမှာ ပြည်ထောင်စု ၀န်ကြီး
ဦးစိုးသိန်းနဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်း တဦးဖြစ်တဲ့ မ ဇင် မာ အောင်
တို့ လည်း ဆွေးနွေးခဲ့ကြပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 06 Jun 2013 08:23 PM PDT
ဇွန်လ (၇)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့စဉ်သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ ဇွန်လ (၇)ရက်နေ့ ထုတ် ကြေးမုံ နေ့စဉ်သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ ဇွန်လ (၇)ရက်နေ့ ထုတ် မြ၀တီ နေ့စဉ်သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ ဇွန်လ (၇)ရက်နေ့  ရတနာပုံ နေ့စဉ်သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 06 Jun 2013 07:49 PM PDT
ဇွန်လ
၆ ရက် မွန်းလွဲပိုင်းမှာ ရန်ကုန် နေပြည်တော် အမြန်လမ်းမကြီး ပေါ်၊ ရေတာရှည်
မြို့ အနီးမှာ ယာဉ် တိုက်မှု ဖြစ်ရာမှာ လူ သုံး ယောက် သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေ ထဲမှာ ဆွစ်ဇလန် နိုင်ငံသား တယောက် ပါဝင်ကြောင်း အမြန်လမ်း
ရဲတပ်ဖွဲ့ ရဲ့ ရဲမှူးကြီး က ဘီဘီစီ ကို ပြောပါတယ်။ နေပြည်တော် မှ ရန်ကုန်
ဘက်သွားတဲ့ ဗင်ကား နဲ့ ပရာဒို ကားနှစ်စီး ဟာ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 06 Jun 2013 05:36 PM PDT
ရုရှားသမ္မတ
Vladimir Putin နဲ့ နှစ်ပေါင်း ၃၀ ကြာ အိမ်ထောင်ဖက် အဖြစ်ပေါင်းသင်း လာတဲ့
သူ့ဇနီး Lyudmila တို့ဟာ ကွာရှင်းပြတ်စဲ လိုက်ပြီ ဖြစ်တဲ့ အကြောင်း
ကြေညာလိုက်ပါတယ်။ ကြာသပတေးနေ့ နှောင်းပိုင်းတုန်းက ဘဲလေးကပွဲ တခုကို
တက်ရောက် အပြီး ပြုလုပ်တဲ့ ရုရှား အစိုးရပိုင် ရုပ်မြင်သံကြားနဲ့
မေးမြန်းခန်း အတွင်း ကြေညာ ခဲ့ကြတာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
0 comments:
Post a Comment