Friday, June 7, 2013

အမျိုးဘာသာ သာသနာ့ကို စောင့်ရှောက်တယ်ဆိုတာ မြန်မာ မိန်းကလေးတွေမှာတင် တာဝန်ရှိပါလား


ကျွန်မတွေးမိတဲ့ အကြောင်းချက်လေးတွေကို မိတ်ဆွေတွေကို ပြောပြချင်တယ် ။ မှန်ပါတယ်လို့ တစ်ထစ်ချဇွတ်မပြောလိုပါဘူးနော် ။ ကျွန်မတွေးမိတာလေးပါ။ ကျွန်မတို့ မြန်မာလူမျိုးတော်တော်များမှာ အရင်ဆုံး ပြင်သင့်တဲ့ အချက်လေး ( ၅ ) ခုရှိတယ် ။

၁။ စည်းကမ်းရှိမှု
၂။ မျက်စိတစ်ဆုံးသေချာ မတွေးဘဲ ထင်ရာတွေကို ပြောတတ် ဖွတတ်တဲ့ အကျင့်
၃။ မနာလိုတတ်တဲ့ စိတ်တွေ
၎။ စည်းလုံးခြင်းဆိုတာကို အပြင်မှာ လက်တွေ့မပြဘဲ facebook ပေါ်မှာတင်သာ လူတွင်ကျယ်တွေ လုပ်တတ်တာလေးတွေ ။
၅။ ဖြစ်သင့်တဲ့ အရာကို သေချာ မတွေးဘဲ လုပ်ချင်တာတွေကို လျှောက်လုပ်တတ်ခြင်း

ဆိုတဲ့ အချက်တွေကိုသာ လူတစ်ဦးတစ်ယောက်ခြင်းဆီ အမှန်တစ်ကယ် ပြုပြင်ပြောင်းလဲနိုင်မယ်ဆို သိပ်ကိုကောင်းမယ်လို့ တွေးမိတယ် ။ ဒီလို ပြောလို့ မင်းက ဆရာမကြီးလား ။ ဘာတွေ နားလည်နေလို့လည်း လို့ တွေးနိုင်ပါတယ်။ ကျွန်မပြောခဲ့သလိုပါဘဲ ကျွန်မအတွေးလေးပါ။ ဘာလို့ ဒီအချက်တွေ ကျွန်မ အတွေးထဲကို ရောက်လာတယ်ဆိုတာကို တစ်ချက်ချင်း ပြောပြချင်ပါတယ် ။

နံပတ် ( ၁ ) အချက် စည်းကမ်းရှိမှု မရှိဘူးဆိုတာတော့ အထွေထူးရှင်းပြနေဖို့ လိုမယ်မထင်ပါဘူး ။ ဦးကျော်သူတို့ အမှိုက်ကောက်နေတဲ့ ပုံတွေကို ကြည့်မယ်ဆို ရှင်းပါတယ် ။ စည်းကမ်းရှိခြင်းဆိုတာ အမှိုက်ပစ်တာ တစ်ခုထဲတင်မဟုတ်ပါဘူး။ အတွေးခေါ် ၊ အယူဆတွေ ၊ လုပ်ရပ်တွေ နောက်ဆုံး facebook စာမျက်နှာတွေပေါ်မှာ ရေးသားနေကြတဲ့ အဆဲဆိုကော်မန့်တွေကအစ စည်းကမ်းရှိဖို့ လိုအပ်ပါတယ် ။ မိမိ အမူကျင့် အပြောဆိုတိုင်းသည် မွေးးဖွားထားသော မိဘတွေကိုပါ ထိခိုက်နစ်နာစေတယ်ဆိုတာကို သတိချပ်စေချင်ပါတယ် ။

နံပတ် ( ၂) မျက်စိတဆုံးးသေချာ မတွေးဘဲ ထင်ရာတွေကို ပြောတတ် ဖွတတ်တဲ့ အကျင့် ဆိုတာကတော့ ယနေ့ မျက်မှောက်ရဲ့ facebook သတင်းတွေပါပဲ ။ သေချာ ရေရာတဲ့ သတင်းတွေထက် မရေရာတဲ့ သတင်းတွေက ပိုများနေပါတယ် ။ ကျွန်မ အရင်ကဆို သတင်းလေးတွေ ပြန်လည် ဖြန့်ဝေတတ်ပါတယ် ။ မသေချာတာတွေက ပိုများနေတော့ ခုနောက်ပိုင်းဆို ဗဟုသုတရဖွယ်တွေကိုဘဲ ဦးစားပေး တင်ဖြစ်ပါတော့တယ် ။ မီဒီယာဆိုတာ ပြည်သူရဲ့ အားထားရာ အစစ်မှန်တွေ ဖြစ်ဖို့က ပိုအရေးကြီးပါတယ် ။ မိမိထင်ရာကို ရေးလိုက်တဲ့ သတင်းတစ်ခုက အမှားကြီး ဖြစ်နေမယ်ဆို ဖတ်၇တဲ့ သူပေါင်းများစွာကို ထိခိုက်စေသလို ဒီသတင်းနဲ့ ပတ်သတ်တဲ့ သူတွေအတွက်လည်း ထိခိုက်နစ်နာမှုတွေ အမြောက်မြားဖြစ်စေပါတယ် ။

နံပတ် ( ၃ ) မနာလိုတတ်တဲ့ စိတ်တွေလည်း ကျွန်မတို့ မြန်မာလူမျိုးက တော်တော်များတတ်ပြန်တယ်  ။ သူတစ်ပါးကို မနာလို ဖြစ်နေမယ်အစား သူလို ကိုယ်ကျိုးစားမယ်ဆိုတဲ့  စိတ်ထက် ဒီလူကို ဘယ်လို ချောက်ချလိုက်မယ်ဆိုတဲ့ အတွေးတွေက ပိုများနေတာ သိပ်ကို စိတ်မကောင်းစရာ ကောင်းပါတယ် ။

နံပတ် ( ၄ ) စည်းလုံးခြင်းဆိုတာကို အပြင်မှာ လက်တွေ့မပြဘဲ facebook ပေါ်မှာတင်သာ လူတွင်ကျယ်တွေ လုပ်တတ်တာလေးတွေ ။ ဒီအချက်ကတော့  facebook သုံးတဲ့သူတိုင်း လို အားလုံးသိမှာပါ။ facebook ပေါ်မှာ သတ္တိတွေ ကောင်းပြနေလိုက်တာ အမေ နှမ ကုန်အောင် ဆဲဆိုနေကြတာတွေပါ ။ နိုင်တကာက ကျွန်မတို့စာတွေကိုဖတ်လို့ရခဲ့မယ်ဆို မြန်မာလူမျိုးဆိုတာ အဆဲသန်တဲ့ သူတွေလားလို့တောင် ထင်မှားနိုင်ပါတယ် ။ နိုင်ငံတွင်းရှိကြတဲ့ တိုင်းရင်းသားတွေ စည်းလုံးလိုက်ပုံများ နိုင်ငံခြားရောက်နေတဲ့ သူတွေ ပိုသိကြပါတယ် ။ သူတို့ တိုင်းရင်းသား တခုခုဆို ချက်ချင်းကို ဘယ်ကနေ ဘယ်လို စုံစမ်းရောက်လာမှန်းမသိဘူး။ တကယ်ကို လေးစားဖို့ကောင်းအောင် စည်းလုံးကြပါတယ် ။ မြန်မာချင်းကတော့ တစ်စက်ရုံထဲ တူတူရှိနေတာတောင် တစ်ယောက်နေရာရနေရင် တစ်ယောက်က ထိုးချ ၊ ချောက်တွန်းဖို့တွေနဲ့ ရှက်စရာတောင် ကောင်းပါတယ် ။

နံပတ် ( ၅ ) ဖြစ်သင့်တဲ့ အရာကို သေချာ မတွေးဘဲ လုပ်ချင်တာတွေကို လျှောက်လုပ်တတ်ခြင်း ။ ဒီအချက်က အရေးကြီးဆုံးပါဘဲ ။ ဒီအချက်လေးနဲ့ ပတ်သတ်ပြီး ပြောချင်တာလေးတွေ အများကြီးရှိနေတယ် ။ စကားပလ္လင် အရင်ခံပါရစေရှင်။ ခုလို ပြောလို့ ကုလားမယားလား ၊ ကုလားမလားဆိုတာတွေနဲ့ အထင်မြင်တွေ မမှားစေချင်ပါဘူး ။ မြန်မာ ဗုဒ္ဓဘာသာမိဘ နှစ်ပါးက မွေးဖွားလာတဲ့ မြန်မာမိန်းကလေး တစ်ဦးအနေနဲ့ မြန်မာလူမျိုးကို ချစ်တဲ့ စိတ်နဲ့ဘဲ ပြောပြချင်ပါတယ် ။ မြန်မာ မိန်းကလေးတွေ မွတ်စလင်ဘာသာဝင်တွေနဲ့ ယူတော့ ဆဲကြတယ် ။ နောက်ပုံတွေ တင်အရှက်ခွဲတယ် ။ အမျိုးကို ချစ်တဲ့ စိတ်နဲ့ လုပ်တယ်ဆိုတာကို သိပေမယ့် လုပ်ရပ်ကြီးကတော့ မှားနေတယ်လို့ ထင်မြင်မိပါတယ် ။ ဒီနေရာမှာ မေးခွန်းလေး တစ်ခုကိုလည်း မေးချင်ပါတယ် ။ အမျိုးဘာသာ သာသနာ့ကို စောင့်ရှောက်တယ်ဆိုတာ မြန်မာ မိန်းကလေးတွေမှာတင် တာဝန်ရှိပါလား ။ ဒီမေးခွန်းကို မေးတယ်ဆိုတာ မေးသင့်တယ်ထင်လို့ပါ ။ မြန်မာ အမျိုးကောင်းသား ယောကျာင်္းတွေမှာကော တာဝန်မရှိတော့ဘူးလား ။ တခြားနေရာတွေမှာတော့ မသိဘူး။ ကျွန်မခုနေထိုငနေတဲ့ မလေးရှားမှာတော့ မြန်မာ ယောကျာ်းတွေ တော်တော်များများ တူတူနေထိုင် ပေါင်းသင်းနေကြတာ မလေး အခေါ်  ( အ မ ) တွေလို့ ခေါ်တဲ့ မွတ်စလင် ဘာသာဝင် အင်ဒိုနီးရှားမတွေနဲ့ပါ။ ယောကျာ်းလေးတွေ ဒီလိုနေထိုင်နေကြတာတော့ facebookပေါ်မှာ ဘာပုံတွေမှ တက်မလာဘူး ။ ကျီးကန်းထိုးပြီး ပြောနေတာ မဟုတ်ရပါဘူးနော် ။ အမျိုးဘာသာ သာသနာ့ကို ထိန်းသိမ်းခြင်းဆိုတာ မြန်မာ အမျိုးကောင်းသား ၊ အမျိုးကောင်းသမီး အားလုံးမှာ တာဝန်ရှိပါတယ် ။ မိန်းမလေးတွေလည်း မယူသင့်သလို ၊ ယောကျာ်းသားတွေလည်း ဆင်ခြင် ရှောင်ယှဉ်သင့်ပါတယ် ။ ယူပြီး ပေါင်းသင်းလက်ထပ်နေပြီးမှ ဓာတ်ပုံတွေတင်တော့ကော ဘာတွေထူးခြားလာမှာလည်း ။ ကိုယ်လူမျိုး အရှက်ကို ကိုယ်ကိုတိုင် ခွဲနေသလို ဖြစ်နေတယ်ဆိုတာကို သေချာ တွေးစေချင်ပါတယ် ။ မီးတစ်ခုကို မလောင်ခင်မှာ ကာကွယ်ဖို့က ပိုအရေးကြီးသလို အကြောင်းအရာ တစ်ခုကို မဖြစ်ခင်မှာ ကာကွယ်တားဆီး နိုင်ဖို့က ပိုအဓိကကျစေပါတယ် ။ မိမိတို့ မြန်မာ မိန်းကလေးတွေကို အမှန်တစ်ကယ် တန်ဖိုးထားတယ်ဆို မြန်မာအမျိုးသားတွေ ကိုယ်တိုင်ကလည်း တန်ဖိုးထား ဆက်ဆံစေချင်ပါတယ် ။ ပေါင်းလို့ဝရင် အကြောင်းရှာ ပစ်ထားခဲ့တာတွေက မြန်မာမိန်းကလေးတွေကို တန်ဖိုးထားတာလား ။ အရေးကြီးတာ ကိုယ်တာကို လုံအောင်ကာဖို့က ပိုအရေးကြီးပါတယ် ။  အချုပ်အားဖြင့်ဆိုရလျှင် အမျိုးဘာသာ သာသနာ့ကို စောင့်ရှောက်တယ်ဆိုတာ မြန်မာ မိန်းကလေးတွေမှာတင် တာဝန်ရှိပါလား  ဆိုတဲ့ မေးခွန်းလေးကို ကိုယ်ကိုကိုယ့် မေးမိရင်း တွေးမိရင်းကနေ ဒီအချက်လေးတွေကိုပါ ဆက်စပ် စဉ်းသားမိခဲ့ရပါတယ် ။ ပြောနေကြစကားလေးနဲ့ဘဲ အဆုံးသတ်ချင်ပါတယ် ။ မြန်မာလူမျိုးတွေကို ချစ်တဲ့ စိတ်လေးနဲ့ ဒီဆောင်းပါးလေးကို တော်တော်လေး သတ္တိမွေးပြီး ရေးသားလိုက်ပါတယ် ။


ခိုင်လေးစာဖတ် ပရိတ်သတ် ညီကို မောင်နှမ အားလုံး

(၁) အကျိုးလိုလား မေတ္တာပွား
၁။ ဘုံသုံးဆဲ့တစ်၊ ဖြစ်ဖြစ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
၂။ ဘုံသုံးဆဲ့တစ်၊ ဖြစ်ဖြစ်များစွာ၊ သတ္တဝါ၊ ဘယာဘေးမှ ဝေးပါစေ။
၃။ လန့်တတ် မလန့်တတ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
၎။ မြင်ဖူး မမြင်ဖူး၊ နှစ်ဦးများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
၅။ မြင်အပ် မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
၆။ ဝေးနေ နီးနေ၊ နှစ်ထွေများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
၇။ ဘဝဇာတ်သိမ်း မသိမ်းများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
၈။ သန္ဓေ ပဝတ္တိ၊ နှစ်ရှိများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
၉။ ရှည်-တို-အလတ်၊ သုံးရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
၁၀။ ကြီး-ငယ်-အလတ်၊ သုံးရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
၁၁။ ဝိုင်း-သေး-လယ်လတ်၊ သုံးရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် ပြည်ပါစေ။

ခိုင်လေး ( ရွှေတောင် )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...