Friday, June 7, 2013

" မုန်တိုင်းမိတယ့် ငှက် "

" မုန်တိုင်းမိတယ့် ငှက် "
~~~~~~~~~~~~~

ဝမ်းရေးအတွက် တူးဆွရင်း 
မျှော်လင့်ချက်တွေ ပြက္ခဒိန်ထဲ ကျပျောက်ခဲ့တယ် . . . 

အစာသွပ်ထားတယ့် မျက်နှာနဲ့ လူတွေ 
ကြက်ခြေခတ်ဖို့ ရင်ဘတ်နှစ်ခြမ်း တရားဝင် ဖွင့်ပေးထားတယ် . . . 

စကားလုံးတွေနဲ့ နှိပ်စက်ကြပုံက 
သူတို့ပဲ , မှန် သလိုလို . . . 
ဘာပဲပြောပြော ....
အကိုရေ ဒီည , ဈေးဦးပေါက်တယ် ရှင့် ... 

လျှော့ဈေးးနဲ့ ရောင်းတယ့်
အသွေးအသား တွေမို့ ဈေးထပ်မဆစ်ပါနဲ့ ... အကို .. 
ရော့ ပတ္တမြား 
ရော့ နဂါး ပေါ့ ...

လူကြီး လူကောင်း မျက်နှာနဲ့ 
ကာမဘီလူး တွေ ကတော့ ...
ကား မှန် ပိတ်လို့ , ဖုန်းဆက်ခေါ်တယ် . ....
(( အာ့ ညတော့ တွက်ခြေကိုက်တာပေါ့ )) 
အမေရေ..... 
ဆေးခန်းသွားပြလိုက် . . . ရော့
ညီမ နဲ့ မောင်လေး , .....
ကျူရှင်ကို အရင် လ,က လခပါ ပေါင်းပေးလိုက်နော် ... ရော့ . . . 

အချစ်ဆိုတာ .. . 
လွန်ဆွဲတိုင်း မချိန်းပဲ ရွာချရတယ့် ... မိုးပေါက် တွေ
မကြွေချင်ပဲ , ကြွေရတယ့် သစ်ရွက်တွေ ဘဝ ပဲလေ . . . ။

အလုပ်ပြောင်းပါတယ့်လား ...?
မိဘ , ဆေးဖိုး 
မောင် နှမ , ကျောင်းစာရိတ် ...
ဆေးလိပ် တစ်လိပ် ဖိုးလောက်တော့ မဟုတ်ဘူး .... 
ပျော်လို့ လုပ်နေတာ .. ထင်လို့လား ရှင် ....??? 

မငိုပါဘူးးးး
မျက်ခွံ မရှိတယ့် , ငါး ဖြစ်နေပြီပဲ ...
ပါးဟက် လေး ပါလို့ အသက်ရှင်နိုင်တာ .. ( ရှင် သဘောပေါက် ) 

ကတ္တရာ လမ်းမတောင် မှတ်မိနေပြီ ...
ကားဆရာ တွေလည်း မှတ်မိနေပြီ ...
လက်ညိုးထိုးတက်တယ့် လူတွေအတွက် ...တော့ 
ကျမ က , မရိုးတယ့် အတင်း တပုဒ်ပေါ့ ... 

ကဲ ... အချိန် မနှောင်း ခင် 
အပြင်ထွက်ရမှာမို့ . . . 
နူတ်ခမ်းနီ ရဲရဲဆိုး ..
မိတ်ကပ်လေး ပါးပါးတင် ...
အလုပ် ခွင် , ဝင် လိုက်ဦးမယ် ... ရှင် ... !

.

Ulay Kyi

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...