"ခန်းသလား မခန်းဘူးလား" (မင်းလူ)
ကျွန်တော်တို့အိမ်မှာ ထမင်းရေခန်း ချက်စားလာခဲ့တာ အနှစ်နှစ်ဆယ်ကျော်လောက်
ရှိပြီ။ အမေက ခေတ်မီသည်။ ဆန်ပေါပေါနှင့် သူများတွေ ထမင်းရည် ဗုံးပေါလအော
သွန်ပစ်နေသည့် အချိန်ကတည်းက အမေကတော့ ထမင်းရေခန်းပဲ။ တွေ့သမျှ
မိန်းမတွေကိုလည်း ထမင်းရေခန်းချက်ဖို့ စည်းရုံးလေ့ရှိသည်။
“ထမင်းရေခန်း ချက်ပြီ ဆိုတာနဲ့ ပထမဆုံး စပြီး အကျိုးဖြစ်တာကတော့ ထမင်းရည် ငှဲ့ရ သက်သာသွားတာပဲ၊ ထမင်းရည်ပူ လောင်မှာလည်း မကြောက်ရတော့ဘူး၊ ရေခန်းချက်ရတာ သိပ်လွယ်တယ်၊ အိုးထဲမှာ ဆန်ထည့် ရေထည့်ပြီးတော့ လက်ခလယ်ကို ရေထဲနှစ်လိုက်၊ လက်ထိပ်နဲ့ ဆန်မျက်နှာပြင် ထိတဲ့အချိန်မှာ ရေက လက်နှစ်ဆစ်စာ ရှိနေရမယ်၊ ဒါက ပုံမှန်ပဲ၊ ဆန်အမျိုးအစားကို လိုက်ပြီးတော့ပဲ ဖြစ်ဖြစ် ရေကို လိုတိုးပိုလျှော့ ထည့်ရုံပဲ၊ ရေဆူပြီဆိုရင် တစ်ချက်နှစ်ချက် မွှေပြီးတော့ အဖုံး ပိတ်ထားလိုက်တော့၊ သူ့ဘာသာ နပ်သွားလိမ့်မယ်၊ ရေခန်းက အကျက်လည်း မြန်တယ်၊ အချိန်ကုန်လဲ သက်သာတယ်၊ တစ်ဆက်တည်း အကျိုးဖြစ်တာက ထင်း မီးသွေး အကုန်သက်သာတယ်”
ရေခန်းထမင်းသည် ရေငှဲ့ထမင်းထက် ပိုပြီး အာဟာရ ဖြစ်တာကတော့ ပြောစရာမလိုလောက်အောင် သိသာ၏။ ငှဲ့ပစ်ရမည့် ထမင်းရည်ထဲမှာ ပါသွားမည့် ဓာတ်ပစ္စည်းအားလုံး ပါဝင် ကျန်ရှိနေသောကြောင့်ပင် ဖြစ်၏။
ထမင်းရည်ထဲတွင် လူတို့၏ ကုန်ခန်းသွားသည့် အင်အားကို ပြန်လည်ဖြည့်တင်းပေးနိုင်သည့်
ကစီဓာတ် အများအပြား ပါဝင်သည်။ ထို့အပြင် အကြောအခြင် ကိုက်ခဲခြင်း၊
မှတ်ဥာဏ် အားနည်းခြင်း၊ အာရုံကြော ချွတ်ယွင်းခြင်းတို့ကို ကာကွယ်နိုင်သည့်
ဗီတာမင် ဘီဝမ်းဓာတ်၊ သွားဖုံးရောဂါ၊ ကျီးကန်းပါးစပ် ရောဂါတို့ကို
ပျောက်ကင်းစေသည့် ရီဗိုဖလေဗင်ဓာတ်လည်း ပါသည်။ ဘယ်ရီဘယ်ရီခေါ်
ကိုယ်ရောင်ရောဂါကိုလည်း ကာကွယ်ပေးသည်။
ထို့ကြောင့်ပင် နာမည်ကျော် ဆရာဝန်ကြီးတစ်ယောက်က ပြောဖူးသည်။
“ကျွန်တော်တို့ လူမျိုးတွေက ထမင်းရည် ငှဲ့ချက်တာ အကျင့်ကြီး ပါနေပြီ၊ ဒီတော့ တကယ် အာဟာရဖြစ်တဲ့ အဆီအနှစ်ကို စွန့်ပစ်လိုက်ကြတဲ့ သဘောပဲ၊ တချို့ကျတော့ ထမင်းရည်ကို ခွေးတွေ၊ ဝက်တွေ တိုက်ပြီး လူကတော့ အာဟာရ မရှိတဲ့ ထမင်းကို စားတယ်။ ဒါကြောင့် ကျွန်တော်တို့ဆီမှာ ခွေးတွေက ဝပြီး လူတွေက ပိန်နေတယ်”
ဟု ပျစ်ပျစ်နှစ်နှစ် ကရုဏာဒေါသော ပြောခဲ့လေသည်။
သာလွန်မင်းတရားကြီး လက်ထက်ကလည်း တိုင်းခန်း လှည့်လည်ရာတွင် ထမင်းရည်ကို မြေပေါ် ငှဲ့သွန်ချနေသော မိန်းမတစ်ယောက်ကို တွေ့သောအခါ....
“ဟယ်.... မိုက်လိုက်တဲ့ သူငယ်မ၊ ထမင်းရည်ကို အလဟဿ သွန်ပစ်ရချေသလော၊ ကလေးငယ်တွေကို တိုက်လျှင် အာဟာရ မဖြစ်သလော၊ ခွေး၊ ဝက်တို့ကို တိုက်လျှင် အကျိုးမရှိသလော”
ဟု ဆိုပြီး ထမင်းရည် သွန်ငှဲ့သူ မိန်းမအား ကြိမ်လုံးနှင့်ရိုက်၍ ဆုံးမခဲ့ဖူးလေသည်။
အမေသည် ထိုအကြောင်းကို မကြာခဏ ပြောပြီး
“ယခုလည်း ထမင်းရည်ခန်း မချက်တဲ့ မိန်းမတွေကို ကြိမ်ဒဏ်ပေးဖို့ သက်ဆိုင်ရာကို အကြံဥာဏ်ပေးချင်တယ်”
ဟု ဆိုလေ့ရှိ၏။
အမေကတော့ ကြိမ်လုံးနှင့်ရိုက်လို့ မဖြစ်သောကြောင့် အကျိုးသင့် အကြောင်းသင့်ပြော စည်းရုံးရသည်။ ရေခန်းထမင်းချက်လျှင် အချိန်ကုန် သက်သာပုံ၊ အာဟာရ ဖြစ်ပုံ၊ ဆန်ကုန် သက်သာပုံတို့ကို ပြောပြသည်။
“ဟဲ့.... ရေခန်းသာ ချက်စား၊ ညည်းကလေး ဗိုက်ပူနံကား ဖြစ်နေတာက ဝတုတ်လာလိမ့်မယ်၊ ညည်းယောက်ျား ဒူလာလည်း ပျောက်သွားမယ်”
အမေသည် တချို့အိမ်များသို့ ကိုယ်တိုင်သွားပြီး ရေခန်းချက်နည်း သင်ပေးသည်။ တချို့ကျတော့ ဆန်နှင့် ထမင်းအိုး ယူလာခိုင်းပြီး ကျွန်တော်တို့ အိမ်က မီးဖိုမှာ လက်တွေ့ချက်ပြသည်။ တချို့ကျတော့ ရှောင်ဖယ်ဖယ် လုပ်နေတတ်၏။ ထိုသူမျိုးကို အမေက ချောင်းနေပြီး အိမ်ရှေ့ ဖြတ်သွားတာ မြင်သည်နှင့်....
“ဟဲ့.... လာဦး”
ဆိုပြီး ခေါ်သည်။ ပြီးတော့ အိမ်ကဆန်နှင့် အိမ်က အိုးနှင့်ပင် ချက်နည်းသင်ပြီး ထမင်းကိုပါ ပေးလိုက်တတ်သည်။
သို့တိုင်အောင် အမေ့ စည်းရုံးရေးမှာ သိပ်မအောင်မြင်လှချေ။ စားနေမကျသူဖို့ ရေခန်းထမင်းက ပျော့စိစိဟု ထင်စရာရှိ၏။ စားရတာ အီတယ်၊ ရင်ပြည့်တယ်ဟုလည်း ထင်ကြသည်။
အမှန်မှာ ရင်ပြည့်ခြင်း မဟုတ်။ အဆီအနှစ် ပြည့်ဝသောကြောင့် နည်းနည်းစားရုံဖြင့် တင်းတိမ် ဝလင်သွားခြင်းသာ ဖြစ်၏။ ကျွန်တော်ကတော့ စားနေကျ ဖြစ်သောကြောင့် ရေငှဲ့ချက်သော ထမင်းကို လုံးဝမစားချင်တော့။ မာဆတ်ဆတ် ဖွယ်တယ်တယ် နေသည်။ အရသာမရှိဟု ထင်သည်။
တချို့ကတော့ ရေခန်းချက်တယ်ဆိုတာ ဆန်ကောင်းမှဟု ဆိုတတ်သေးသည်။ ကျွန်တော်တို့အိမ်မှာ ငကျွဲ၊ ဧည့်မထ၊ ငစိန် စသော ပြည်သူ့ဆိုင် သမဝါယမမှ ပေးသော ဆန်မျိုးစုံကို ရေခန်းပဲ ချက်စားနေခြင်း ဖြစ်၏။ ငစိန်ဆို ပိုတောင် ကောင်းသေးသည်။ ငစိန်က အေးလျှင် မာတတ်သည်။ ရေခန်းချက်စားလျှင် ဘယ်လောက်အးအေး မာတောင့်သွားခြင်း မရှိ။
ရေခန်းချက်တော့ ထမင်းလုံးမလှဘူးဟု ပြောသူလည်း ရှိသည်။ ဒါကလည်း မဟုတ်သေး။ ခုအခါမှာ တတ်နိုင်သူတို့ သုံးနေကြသော ရိုက်စ်ကွတ်ကာခေါ် လျှပ်စစ်ထမင်းအိုးမှာ ရေခန်းနည်းနှင့် ချက်ထားခြင်းသာ ဖြစ်သည်။
အမေက ရေခန်းချက်ခြင်းသည် ဆန်ကုန် သက်သာသဖြင့် တွက်ခြေကိုက်သည်ဟု အကြောင်းပြသော်လည်း သိပ် အလေးမထားခဲ့ကြ။ ထိုအချိန်က ဆန်ပေါများနေသဖြင့် နို့ဆီဘူးတစ်လုံးလောက်မှာ ဘာမှမဖြစ်လောက်ဟု အထင်ရှိခဲ့ကြလေ၏။ အခုနောက်ပိုင်း ဆန်တွေ ဈေးကြီးလာသော်လည်း လူအများကတော့ ထမင်းရည်ငှဲ့ချက်ခြင်းကို အကျင့်ပါနေတုန်းပင် ဖြစ်၏။
* * * * *
ကျွန်တော် အိမ်ထောင်ကျပြီး မိန်းမလက်ထက် ရောက်တော့လည်း ရေခန်းထမင်းကိုပင် ဆက်ချက်ခိုင်းခဲ့သည်။ ခုထိလည်း ဆက်ချက်နေတုန်းပင် ဖြစ်၏။ ခုနောက်ပိုင်းကျတော့ ရေခန်းထမင်းသည် အာဟာရဓာတ် ကြွယ်ဝခြင်း၊ ရီဗိုဖလေဗင် စသော ဓာတ်များ ပါဝင်ခြင်း စသည့်အချက်များက ပဓာန မဟုတ်တော့။ တွက်ခြေကိုက်ခြင်း ဟူသော အချက်သာလျှင် ပဓာန အကြောင်းရင်း ဖြစ်လေသည်။
ထမင်းရည်ခန်းတွင် ငှဲ့ပစ်ရမည့် ထမင်းရည်အားလုံး ထမင်းစေ့ထဲမှာပင် တည်ရှိ ကျန်ရစ်နေသဖြင့် ထုထည် ပိုကြီးမားသည်။ အဆီအနှစ် ပြည့်ဝသဖြင့် အစားခံသည်။ အဆာလည်း ခံသည်။ ထို့ကြောင့် ဆန်ကုန် သက်သာသည်။ ခန့်မှန်းခြေ တွက်ကြည့်သောအခါ ရေငှဲ့ချက်လျှင် တစ်နေ့ ဆန်တစ်ပြည် ချက်ရမည့်အစား ခုနစ်လုံးသာ ချက်ဖို့လိုသည်။ ဆန်နို့ဆီဘူး တစ်လုံးဆိုသည်မှာ အရင်က ဘာမှ မပြောပလောက်သော်လည်း ခုကျတော့ အနိမ့်ဆုံးနှုန်းနှင့် တွက်လျှင်ပင် တစ်ကျပ်ကျသည်။
ထိုမှ ဆက်လက်၍ ကျွန်တော် ခန့်မှန်းတွက်ချက်ကြည့်သည်။
လူငါးဦးရှိသည့် မိသားစု တစ်စုသည် တစ်နေ့ ဆန်တစ်ပြည် ချက်ရသည် ဆိုပါစို့၊
ရေခန်းချက်လျှင် ခုနစ်လုံးသာ ချက်ရမည်။ ဆန်တစ်လုံး သက်သာမည်။
မြန်မာနိုင်ငံတွင် လူဦးရေ သန်းလေးဆယ်အနက် ထမင်းမစားသေးသော မွေးကင်းစ ကလေးငယ်များနှင့် ရေခန်းချက်စားသူ ဆယ်သန်းရှိသည်ထား၊ ကျန် သန်းသုံးဆယ်ကသာ ရေခန်း လိုက်ချက်စားမည် ဆိုလျှင် လူငါးဦးလျှင် ဆန်တစ်လုံး သက်သာသည့်နှုန်းနှင့် တွက်ကြည့်ပါက တစ်နေ့လျှင် ဆန်နို့ဆီဘူး ခြောက်သန်း ပိုထွက်လာပေမည်။ လူတစ်ဦးလျှင် တစ်နေ့ ဆန်နှစ်လုံးကျနှင့် တွက်သော် နောက်ထပ် လူသုံးသန်းအတွက် ဆန်ဖူလုံသွားစေမည့် သဘောပင် ဖြစ်၏။
နောက်တစ်နည်းတွက်လျှင် ဆန်တစ်လုံး တစ်ကျပ်ကျဖြင့် ငွေ ကျပ်ခြောက်သန်း နေ့စဉ် အကုန်အကျ သက်သာမည့် သဘောလည်း ဖြစ်၏။ ထိုဆန်များကိုသာ ထိုဈေးနှုန်းအတိုင်း နိုင်ငံခြားသို့ ရောင်းချနိုင်လျှင် တစ်နေ့ ဒေါ်လာတစ်သန်း တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေ ရရှိနိုင်သည်။ ထိုငွေမှာ ဟိုင်းလတ်ကား အစီးသုံးရာ ဝယ်နိုင်လောက်သော ငွေဖြစ်၏။ ဒါက တစ်ရက်စာပဲ ရှိသေးသည်။
အထက်ပါနှုန်းဖြင့် တွက်လျှင် တစ်နိုင်ငံလုံး တစ်လလောက် ရေခန်းထမင်း ချက်စားရုံဖြင့် တစ်လကြာလျှင် ဟိုင်းလတ်ကား အစီးပေါင်း ကိုးထောင် ဝယ်နိုင်မည်။ တစ်လအတွင်းမှာပင် သယ်ယူပို့ဆောင်ရေး ပြဿနာ ပြေလည်သွားနိုင်သည်။
ထိုအကြောင်းကို ကျွန်တော့်မိန်းမအား ရှင်းလင်း တွက်ပြလိုက်သည်။ မိန်းမက ခဏမျှ စဉ်းစားနေပြီးနောက်....
“တစ်ခုတော့ ရှိတယ်၊ ခုအခါမှာ ဆန်တစ်ပြည်ဝယ်ရင် ဘယ်တော့မှ ရှစ်လုံးအပြည့် ရတာမဟုတ်ဘူး၊ အလွန်ဆုံး ခုနစ်လုံးခွဲပဲ ရတာ၊ ဒီတော့ တစ်ပြည်မှာ ပိုထွက်လာတာက နို့ဆီဘူး တစ်လုံး မဟုတ်ဘူး၊ တစ်ဝက်ပဲ ရှိတယ်၊ ဒီတော့ သူဝယ်မယ့် ကားစင်းရေကို တစ်ဝက်လျှော့လိုက်”
ဟု ပြုံး၍ ပြောသည်။
“အေးလေ၊ တစ်လ အစီး လေးထောင့်ငါးရာ ဆိုတာကော နည်းသလားကွ”
ဟု ကျွန်တော်က ပြန်လည် ချေပလိုက်ရ၏။
မင်းလူ
----------
ဓန မဂ္ဂဇင်း၊
ဇူလိုင်၊ ၁၉၉၀
“ထမင်းရေခန်း ချက်ပြီ ဆိုတာနဲ့ ပထမဆုံး စပြီး အကျိုးဖြစ်တာကတော့ ထမင်းရည် ငှဲ့ရ သက်သာသွားတာပဲ၊ ထမင်းရည်ပူ လောင်မှာလည်း မကြောက်ရတော့ဘူး၊ ရေခန်းချက်ရတာ သိပ်လွယ်တယ်၊ အိုးထဲမှာ ဆန်ထည့် ရေထည့်ပြီးတော့ လက်ခလယ်ကို ရေထဲနှစ်လိုက်၊ လက်ထိပ်နဲ့ ဆန်မျက်နှာပြင် ထိတဲ့အချိန်မှာ ရေက လက်နှစ်ဆစ်စာ ရှိနေရမယ်၊ ဒါက ပုံမှန်ပဲ၊ ဆန်အမျိုးအစားကို လိုက်ပြီးတော့ပဲ ဖြစ်ဖြစ် ရေကို လိုတိုးပိုလျှော့ ထည့်ရုံပဲ၊ ရေဆူပြီဆိုရင် တစ်ချက်နှစ်ချက် မွှေပြီးတော့ အဖုံး ပိတ်ထားလိုက်တော့၊ သူ့ဘာသာ နပ်သွားလိမ့်မယ်၊ ရေခန်းက အကျက်လည်း မြန်တယ်၊ အချိန်ကုန်လဲ သက်သာတယ်၊ တစ်ဆက်တည်း အကျိုးဖြစ်တာက ထင်း မီးသွေး အကုန်သက်သာတယ်”
ရေခန်းထမင်းသည် ရေငှဲ့ထမင်းထက် ပိုပြီး အာဟာရ ဖြစ်တာကတော့ ပြောစရာမလိုလောက်အောင် သိသာ၏။ ငှဲ့ပစ်ရမည့် ထမင်းရည်ထဲမှာ ပါသွားမည့် ဓာတ်ပစ္စည်းအားလုံး ပါဝင် ကျန်ရှိနေသောကြောင့်ပင် ဖြစ်၏။
ထမင်းရည်ထဲတွင် လူတို့၏ ကုန်ခန်းသွားသည့် အင်အားကို ပြန်လည်ဖြည့်တင်းပေးနိုင်သည
ထို့ကြောင့်ပင် နာမည်ကျော် ဆရာဝန်ကြီးတစ်ယောက်က ပြောဖူးသည်။
“ကျွန်တော်တို့ လူမျိုးတွေက ထမင်းရည် ငှဲ့ချက်တာ အကျင့်ကြီး ပါနေပြီ၊ ဒီတော့ တကယ် အာဟာရဖြစ်တဲ့ အဆီအနှစ်ကို စွန့်ပစ်လိုက်ကြတဲ့ သဘောပဲ၊ တချို့ကျတော့ ထမင်းရည်ကို ခွေးတွေ၊ ဝက်တွေ တိုက်ပြီး လူကတော့ အာဟာရ မရှိတဲ့ ထမင်းကို စားတယ်။ ဒါကြောင့် ကျွန်တော်တို့ဆီမှာ ခွေးတွေက ဝပြီး လူတွေက ပိန်နေတယ်”
ဟု ပျစ်ပျစ်နှစ်နှစ် ကရုဏာဒေါသော ပြောခဲ့လေသည်။
သာလွန်မင်းတရားကြီး လက်ထက်ကလည်း တိုင်းခန်း လှည့်လည်ရာတွင် ထမင်းရည်ကို မြေပေါ် ငှဲ့သွန်ချနေသော မိန်းမတစ်ယောက်ကို တွေ့သောအခါ....
“ဟယ်.... မိုက်လိုက်တဲ့ သူငယ်မ၊ ထမင်းရည်ကို အလဟဿ သွန်ပစ်ရချေသလော၊ ကလေးငယ်တွေကို တိုက်လျှင် အာဟာရ မဖြစ်သလော၊ ခွေး၊ ဝက်တို့ကို တိုက်လျှင် အကျိုးမရှိသလော”
ဟု ဆိုပြီး ထမင်းရည် သွန်ငှဲ့သူ မိန်းမအား ကြိမ်လုံးနှင့်ရိုက်၍ ဆုံးမခဲ့ဖူးလေသည်။
အမေသည် ထိုအကြောင်းကို မကြာခဏ ပြောပြီး
“ယခုလည်း ထမင်းရည်ခန်း မချက်တဲ့ မိန်းမတွေကို ကြိမ်ဒဏ်ပေးဖို့ သက်ဆိုင်ရာကို အကြံဥာဏ်ပေးချင်တယ်”
ဟု ဆိုလေ့ရှိ၏။
အမေကတော့ ကြိမ်လုံးနှင့်ရိုက်လို့ မဖြစ်သောကြောင့် အကျိုးသင့် အကြောင်းသင့်ပြော စည်းရုံးရသည်။ ရေခန်းထမင်းချက်လျှင် အချိန်ကုန် သက်သာပုံ၊ အာဟာရ ဖြစ်ပုံ၊ ဆန်ကုန် သက်သာပုံတို့ကို ပြောပြသည်။
“ဟဲ့.... ရေခန်းသာ ချက်စား၊ ညည်းကလေး ဗိုက်ပူနံကား ဖြစ်နေတာက ဝတုတ်လာလိမ့်မယ်၊ ညည်းယောက်ျား ဒူလာလည်း ပျောက်သွားမယ်”
အမေသည် တချို့အိမ်များသို့ ကိုယ်တိုင်သွားပြီး ရေခန်းချက်နည်း သင်ပေးသည်။ တချို့ကျတော့ ဆန်နှင့် ထမင်းအိုး ယူလာခိုင်းပြီး ကျွန်တော်တို့ အိမ်က မီးဖိုမှာ လက်တွေ့ချက်ပြသည်။ တချို့ကျတော့ ရှောင်ဖယ်ဖယ် လုပ်နေတတ်၏။ ထိုသူမျိုးကို အမေက ချောင်းနေပြီး အိမ်ရှေ့ ဖြတ်သွားတာ မြင်သည်နှင့်....
“ဟဲ့.... လာဦး”
ဆိုပြီး ခေါ်သည်။ ပြီးတော့ အိမ်ကဆန်နှင့် အိမ်က အိုးနှင့်ပင် ချက်နည်းသင်ပြီး ထမင်းကိုပါ ပေးလိုက်တတ်သည်။
သို့တိုင်အောင် အမေ့ စည်းရုံးရေးမှာ သိပ်မအောင်မြင်လှချေ။ စားနေမကျသူဖို့ ရေခန်းထမင်းက ပျော့စိစိဟု ထင်စရာရှိ၏။ စားရတာ အီတယ်၊ ရင်ပြည့်တယ်ဟုလည်း ထင်ကြသည်။
အမှန်မှာ ရင်ပြည့်ခြင်း မဟုတ်။ အဆီအနှစ် ပြည့်ဝသောကြောင့် နည်းနည်းစားရုံဖြင့် တင်းတိမ် ဝလင်သွားခြင်းသာ ဖြစ်၏။ ကျွန်တော်ကတော့ စားနေကျ ဖြစ်သောကြောင့် ရေငှဲ့ချက်သော ထမင်းကို လုံးဝမစားချင်တော့။ မာဆတ်ဆတ် ဖွယ်တယ်တယ် နေသည်။ အရသာမရှိဟု ထင်သည်။
တချို့ကတော့ ရေခန်းချက်တယ်ဆိုတာ ဆန်ကောင်းမှဟု ဆိုတတ်သေးသည်။ ကျွန်တော်တို့အိမ်မှာ ငကျွဲ၊ ဧည့်မထ၊ ငစိန် စသော ပြည်သူ့ဆိုင် သမဝါယမမှ ပေးသော ဆန်မျိုးစုံကို ရေခန်းပဲ ချက်စားနေခြင်း ဖြစ်၏။ ငစိန်ဆို ပိုတောင် ကောင်းသေးသည်။ ငစိန်က အေးလျှင် မာတတ်သည်။ ရေခန်းချက်စားလျှင် ဘယ်လောက်အးအေး မာတောင့်သွားခြင်း မရှိ။
ရေခန်းချက်တော့ ထမင်းလုံးမလှဘူးဟု ပြောသူလည်း ရှိသည်။ ဒါကလည်း မဟုတ်သေး။ ခုအခါမှာ တတ်နိုင်သူတို့ သုံးနေကြသော ရိုက်စ်ကွတ်ကာခေါ် လျှပ်စစ်ထမင်းအိုးမှာ ရေခန်းနည်းနှင့် ချက်ထားခြင်းသာ ဖြစ်သည်။
အမေက ရေခန်းချက်ခြင်းသည် ဆန်ကုန် သက်သာသဖြင့် တွက်ခြေကိုက်သည်ဟု အကြောင်းပြသော်လည်း သိပ် အလေးမထားခဲ့ကြ။ ထိုအချိန်က ဆန်ပေါများနေသဖြင့် နို့ဆီဘူးတစ်လုံးလောက်မှာ ဘာမှမဖြစ်လောက်ဟု အထင်ရှိခဲ့ကြလေ၏။ အခုနောက်ပိုင်း ဆန်တွေ ဈေးကြီးလာသော်လည်း လူအများကတော့ ထမင်းရည်ငှဲ့ချက်ခြင်းကို အကျင့်ပါနေတုန်းပင် ဖြစ်၏။
* * * * *
ကျွန်တော် အိမ်ထောင်ကျပြီး မိန်းမလက်ထက် ရောက်တော့လည်း ရေခန်းထမင်းကိုပင် ဆက်ချက်ခိုင်းခဲ့သည်။ ခုထိလည်း ဆက်ချက်နေတုန်းပင် ဖြစ်၏။ ခုနောက်ပိုင်းကျတော့ ရေခန်းထမင်းသည် အာဟာရဓာတ် ကြွယ်ဝခြင်း၊ ရီဗိုဖလေဗင် စသော ဓာတ်များ ပါဝင်ခြင်း စသည့်အချက်များက ပဓာန မဟုတ်တော့။ တွက်ခြေကိုက်ခြင်း ဟူသော အချက်သာလျှင် ပဓာန အကြောင်းရင်း ဖြစ်လေသည်။
ထမင်းရည်ခန်းတွင် ငှဲ့ပစ်ရမည့် ထမင်းရည်အားလုံး ထမင်းစေ့ထဲမှာပင် တည်ရှိ ကျန်ရစ်နေသဖြင့် ထုထည် ပိုကြီးမားသည်။ အဆီအနှစ် ပြည့်ဝသဖြင့် အစားခံသည်။ အဆာလည်း ခံသည်။ ထို့ကြောင့် ဆန်ကုန် သက်သာသည်။ ခန့်မှန်းခြေ တွက်ကြည့်သောအခါ ရေငှဲ့ချက်လျှင် တစ်နေ့ ဆန်တစ်ပြည် ချက်ရမည့်အစား ခုနစ်လုံးသာ ချက်ဖို့လိုသည်။ ဆန်နို့ဆီဘူး တစ်လုံးဆိုသည်မှာ အရင်က ဘာမှ မပြောပလောက်သော်လည်း ခုကျတော့ အနိမ့်ဆုံးနှုန်းနှင့် တွက်လျှင်ပင် တစ်ကျပ်ကျသည်။
ထိုမှ ဆက်လက်၍ ကျွန်တော် ခန့်မှန်းတွက်ချက်ကြည့်သည်။
မြန်မာနိုင်ငံတွင် လူဦးရေ သန်းလေးဆယ်အနက် ထမင်းမစားသေးသော မွေးကင်းစ ကလေးငယ်များနှင့် ရေခန်းချက်စားသူ ဆယ်သန်းရှိသည်ထား၊ ကျန် သန်းသုံးဆယ်ကသာ ရေခန်း လိုက်ချက်စားမည် ဆိုလျှင် လူငါးဦးလျှင် ဆန်တစ်လုံး သက်သာသည့်နှုန်းနှင့် တွက်ကြည့်ပါက တစ်နေ့လျှင် ဆန်နို့ဆီဘူး ခြောက်သန်း ပိုထွက်လာပေမည်။ လူတစ်ဦးလျှင် တစ်နေ့ ဆန်နှစ်လုံးကျနှင့် တွက်သော် နောက်ထပ် လူသုံးသန်းအတွက် ဆန်ဖူလုံသွားစေမည့် သဘောပင် ဖြစ်၏။
နောက်တစ်နည်းတွက်လျှင် ဆန်တစ်လုံး တစ်ကျပ်ကျဖြင့် ငွေ ကျပ်ခြောက်သန်း နေ့စဉ် အကုန်အကျ သက်သာမည့် သဘောလည်း ဖြစ်၏။ ထိုဆန်များကိုသာ ထိုဈေးနှုန်းအတိုင်း နိုင်ငံခြားသို့ ရောင်းချနိုင်လျှင် တစ်နေ့ ဒေါ်လာတစ်သန်း တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေ ရရှိနိုင်သည်။ ထိုငွေမှာ ဟိုင်းလတ်ကား အစီးသုံးရာ ဝယ်နိုင်လောက်သော ငွေဖြစ်၏။ ဒါက တစ်ရက်စာပဲ ရှိသေးသည်။
အထက်ပါနှုန်းဖြင့် တွက်လျှင် တစ်နိုင်ငံလုံး တစ်လလောက် ရေခန်းထမင်း ချက်စားရုံဖြင့် တစ်လကြာလျှင် ဟိုင်းလတ်ကား အစီးပေါင်း ကိုးထောင် ဝယ်နိုင်မည်။ တစ်လအတွင်းမှာပင် သယ်ယူပို့ဆောင်ရေး ပြဿနာ ပြေလည်သွားနိုင်သည်။
ထိုအကြောင်းကို ကျွန်တော့်မိန်းမအား ရှင်းလင်း တွက်ပြလိုက်သည်။ မိန်းမက ခဏမျှ စဉ်းစားနေပြီးနောက်....
“တစ်ခုတော့ ရှိတယ်၊ ခုအခါမှာ ဆန်တစ်ပြည်ဝယ်ရင် ဘယ်တော့မှ ရှစ်လုံးအပြည့် ရတာမဟုတ်ဘူး၊ အလွန်ဆုံး ခုနစ်လုံးခွဲပဲ ရတာ၊ ဒီတော့ တစ်ပြည်မှာ ပိုထွက်လာတာက နို့ဆီဘူး တစ်လုံး မဟုတ်ဘူး၊ တစ်ဝက်ပဲ ရှိတယ်၊ ဒီတော့ သူဝယ်မယ့် ကားစင်းရေကို တစ်ဝက်လျှော့လိုက်”
ဟု ပြုံး၍ ပြောသည်။
“အေးလေ၊ တစ်လ အစီး လေးထောင့်ငါးရာ ဆိုတာကော နည်းသလားကွ”
ဟု ကျွန်တော်က ပြန်လည် ချေပလိုက်ရ၏။
မင်းလူ
----------
ဓန မဂ္ဂဇင်း၊
ဇူလိုင်၊ ၁၉၉၀
0 comments:
Post a Comment