ဆရာကောင်းသန့်နှင့် အင်တာဗျူး
Cloud Cuckoo Land shared Myawady News's photo.
လူငယ်တွေမှာ အသိဥာဏ်နည်းကြရတာက ဘာအကြောင်းတွေကြောင့် ဖြစ်နိုင်ပါလဲဆရာ။
လူငယ်တွေမှာ ဘာကြောင့်အသိဥာဏ်နည်းလာသလဲဆို တာကို ပြောရရင်တော့ သူတို့ရဲ့ကျောင်းသင်ပညာရေးက အချိန်တွေအားလုံးကို စားသုံးနေတယ်။ ကျောင်းစာတွေက တကယ်တော့ ဘာမှခက်တာလည်းမဟုတ်၊ ဘာမှများတာ လည်း မဟုတ်ဘဲနဲ့ ကြက်တူရွေးလို အလွတ်နှုတ်တိုက် သင်ကြားနည်းစနစ်နဲ့ သင်နေတဲ့အခါ ကျတော့ သေချာနားမလည်ဘဲ ဒါကိုထပ်တလဲလဲ ကျက်နေရတယ်။ ထပ်တလဲလဲကျက်နေရတဲ့အခါကျတော့ သူ့အတွက် အချိန်တွေ အများကြီးကုန်တယ်။ အချိန်တွေ အများကြီးကုန်သွားတော့ တခြားပြင်ပစာတွေဖတ်ဖို့ အချိန်မရဘူး။ စူးစမ်းသွားလာဖို့၊ ခရီးထွက်ဖို့ အချိန်မရဘူး။ ဆရာကောင်း၊ သမားကောင်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အချိန်မရဘူး။ ဆရာသမားတွေ၊ အသိဥာဏ်ပညာရှိတဲ့ သူတွေ၊ မိမိဆွေမျိုးထဲမှာ ဆုံးမပြောဆိုနိုင်တဲ့သူတွေကို သွားတွေ့ ဖို့ သူ့မှာ စိတ်ကူးမရှိဘူး။ တွေ့ဖို့ အချိန်လည်း မရှိဘူး။ တစ်ဖက်ကလည်း အပြင်စာလုံးဝမဖတ်ဘူး။ ဒီကြားထဲမှာ တချို့သောဆရာများနဲ့ တချို့သောမိဘတွေက Message အမှားတွေပေးလိုက်တယ်။ နင်တို့ ကိုးတန်း၊ ဆယ်တန်းရောက်ပြီ။ ကျောင်းစာပဲဖတ်ကြ၊ အပြင်စာ မ ဖတ်ကြနဲ့။ လုံးဝ တစ်ခါတည်းတားမြစ်လိုက်တယ်။ အပြင်စာဆိုတာကို သူတို့ကိုယ်တိုင်လည်း မဖတ်ဘူး။ ဘာမှန်းလည်း သူတို့မသိဘူး။ အပြင်စာက ဘယ်လောက်ထိ အတိုင်းအတာရှိတယ်ဆိုတာတွေ၊ ဘယ်လိုစာမျိုးတွေ က ကောင်းတာ၊ ဆိုးတာလဲဆိုတာတွေကို အဲဒီ ဆရာမကိုယ်တိုင်လည်း မသိဘူး။ အဲဒီမိဘတွေ ကိုယ်တိုင်လည်း မသိဘူး။ သူတို့သိထားတာက အပြင်စာဖတ်ရင် ကျောင်းစာပျက်မယ်။ အဲဒါကြောင့် ကလေးကို အပြင်စာ မဖတ်နဲ့ဆိုတဲ့ Message အမှားကြီးကိုပေးတယ်။ ကလေးကလည်း မိဘနဲ့ဆရာက အကြောက်တရားနဲ့ အုပ်ချုပ်လာတဲ့စနစ်အောက်မှာ ကြီးပြင်းလာတဲ့အခါကျတော့ သူကလည်း မိဘနဲ့ ဆရာရဲ့စကားကို မပယ်ရှားရဲဘူး။ မပြောရဲ မဆိုရဲဘူး။ ဒါပေမဲ့ တချို့ကလေးတွေကတော့ ခိုးဖတ်ကြတယ်။ အဲဒီကလေးတွေ တော်သွားတာပဲ။ တကယ်တော့ အပြင်စာတွေထဲမှာ ကျောင်းစာထက် အရေးကြီးတဲ့စာတွေ အများကြီးရှိတယ်။ အဖိုးတန်တဲ့စာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ သူတို့မသိရှာကြဘူး။ မသိတဲ့အတွက် သူတို့မဖတ်ဘူး။
အောင်မြင်ကြီးပွားရေးလမ်းကြောင်
Eternal Light Magazine
0 comments:
Post a Comment