Saturday, June 8, 2013

"ဆေးရုံမှာ ဟစ်တိုင် ထားကြမလား"

by Maung Maung Oo (Notes) on Saturday, June 8, 2013 at 10:16am


"ဆေးရုံမှာ ဟစ်တိုင် ထားကြမလား"

ဟော .. ရေးစရာ မရှိတော့ဘူးလား။ ဆရာဝန်တွေ အကြောင်းရေးလိုက်လေ -လို့ ပြောရမတတ် မီဒီယာတွေမှာ အပါတ်တိုင်း ပါနေတယ်။
၎.၆.၂၀၁၃ ထုတ် ကြေးမှုံသတင်းစာ စာမျက်နှာ ၁၀ မှာပါတဲ့သတင်းတဲ့။


https://www.facebook.com/photo.php?fbid=4189245948717&set=a.4152590632357.1073741825.1811656050

(ကလေးက ရောဂါလက္ခဏာပြလာမှ ဆေးထိုးတာ မသက်သာဘူး)
ဆေးပညာ ကိုယ်ကျင့်တရား Medical Ethics အရ လူန့ာအကျိုးကို ဆောင်ရွက်ရပါတယ်။ (Beneficence) လို့ ခေါ်ပါတယ်။ Ko Kyaw Zaw Naing ရေးထားသလို

[Ko Kyaw Zaw Naing  . . . . .(၁) မြွေကိုက်ခံရသည့်လူနာအား မြွေဆိပ်ဖြေဆေး အချိန်မီမထိုးလျှင် အသက်ဆုံးရှုံးနိုင်ပါသည်။
(၂) အမှန်တကယ်မြွေကိုက်ခံရခြင်းမဟုတ်ဘဲ မြွေဆိပ်ဖြေဆေးထိုးမိလျှင်လည်း အသက်ဆုံးရှုံးနိုင်ပါသည်။ -----------]

  ဒီလို ချင့်ချိန်ဆောင်ရွက်တာဟာ လူန့ာအကျိုးဆောင်ရွက်တာပါ။ ဆေးတိုင်း Shock ဖြစ်နိုင်ရတဲ့အထဲ  မြွေဆိပ်ဖြေဆေးထဲမှာ Protein မြင်းရဲ့  အသားဓာတ်တွေ ပါနေတဲ့အတွက် Shock ရနိုင်ပါတယ်။

နောက်တစ်ချက်က မြွေဆိပ်ဖြေဆေး ရှားနေတာပါ။ ဒီအတွက် မသေချာပဲ မြွေဆိပ်ဖြေဆေးကို သုံးလိုက်မိရင် တကယ်ကိုက်ခံရတဲ့ နောက်လူနာ လာရင် ကုစရာ မရှိပဲ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ရှားပါးတဲ့ ဆေး၊ Aircon ခန်း၊ စက် နဲ့ ယုတ်ဆွအဆုံး ဆေးပညာသည်လူသားတွေကို အသုံးပြုရာမှာ လူနာအများကြီးထဲက အသင့်တော်ဆုံးလူနာ အအောင်မြင်နိုင်ဆုံးလူနာကို ရွေးသုံးရပါတယ်။ ဒါကို Justice လို့ ဆေးပညာကိုယ်ကျင့်တရားက ခေါ်ပါတယ်။ ကိုကျော်ဇောနိုင်က ဒီလိုရေးပါတယ်။

[Ko Kyaw Zaw Naing . . . . (၃) မြွေဆိပ်ဖြေဆေးသည် အကန့်အသတ်ဖြင့်သာ ရှိပါသည်။ မသေချာသောလူနာအား ထိုးပေးပြီး၍ ဆေးကုန်သွားချိန် အမှန်တကယ်မြွေကိုက်ခံရသည်သေချာသော လူနာရောက်လာပါက ထိုင်ကြည့်နေရုံသာ ရှိပါသည် --------------]

(အဲဒီကျမှ ကျောက်ကပ်ကောင်းအောင် ဆီးသွားအောင် ဆေးထိုးတယ်။)
ဆိုလိုတာက ကုသမှု နောက်ကျတယ်လို့ ဆိုချင်တာ။ တကယ်တော့ မြွေပွေးကိုက်လူနာမှာ ဆီးဆေးထိုးလို့သာ ဆီးသွားမယ်၊ ကျောက်ကပ်ကောင်းအောင် ဆေးထိုးလို့ ရခဲ့မယ်ဆိုရင် ကျနော်တို့ ဆေးပညာသည်တွေ လက်ပိုက်ကြည့်မနေပါဘူး။ ဆီးဆေးဟာ ကျောက်ကပ် ပျက်ဆီးတာကို ကုသော ဆေးမဟုတ်ပါ။ ဆီးဆေးဆိုတာ ဆီးသွားအောင် လုပ်ပေးသော ဆေးပါပဲ။ ဒါတောင် အဲဒီဆီးဆေးဟာ ကျောက်ကပ်ပျက်နေသော လူနာမှာ အစွမ်းမပြနိုင်တော့ပါ။ ဆီးသွားစေမယ် မဟုတ်ပါ။ မြွေကိုက်လူနာမှာ ဆီးဆေးနဲ့ ကယ်တင်နိုင်တယ်လို့ သက်သေပြထားတာ မရှိသေးသော်လည်း ကျနော်တို့ သုံးကြည့်နေတဲ့ သဘောပါဘဲ။ တကယ်တမ်း ဆီးဆေးထိုးမယ်ဆိုရင် လူနာ သွေးပေါင်မှန်ရမယ်။ ဆီးဆေးက သွေးပေါင်ကျတတ်တယ်လေ။ ဆီးဆေးထိုးကုလို့ ရမယ်ဆိုရင် ကျောက်ကပ်မဆေးဘဲ ဆီးဆေးထိုးကုကြတော့မှာ ပေါ့ဗျာ။

ဆေးရုံရောက်ပြီးတော့ ဒီလူနာကို ကျနော်တို့ ဆေးပညာသည်တွေက လက်ပိုက်ကြည့်နေမယ် ထင်ပါသလား။ သွေးခဲမခဲ နာရီနဲ့ အမျှဖောက်စစ်ကြည့်နေမယ်။ ဆီးထဲမှာ အသားဓာတ်ပါမပါ ဆီးစစ်ကြည့်နေမယ်။ သွေးပေါင်ချိန် သွေးခုန်နှုန်းတွေ စောင့်ကြည့်နေမယ်။ လိုအပ်တဲ့ Antiobiotics လိုဆေးတွေ  ပေးနေမယ်။ ကျောက်ကပ်ပျက်စီးမှု Potassium တက်လာမှုတွေကို စောင့်ကြည့်ကုသနေမယ်။ ဒီလို ကြိုးစားနေတာ လူနာတွေ သိမယ်လို့ ဆေးလောကသား တော်တော်များများ မသိစိတ်ထဲမှာ ထင်နေကြတယ်။ တကယ်တော့လုပ်နေကျ ဆေးလောကသားတွေမှာ ဒီအကြောင်းတွေဟာ ထမင်းစားရေသောက် ဖြစ်နေပေမယ့် လူနာတွေ ဘယ်သိမလဲ။ လူနာမပြောနဲ့    နောက်ဆုံးနှစ် ဆေးကျောင်းသားတွေတောင် သိတာမှ မဟုတ်တာ (သက်သေကတော့ FP 2 စာမေးပွဲ Snake bite အဖြေလွှာတွေပါပဲ။)။ ဒီတော့ ကျနော်တို့ အစွမ်းကုန် ကုသပေးနေလျက်နဲ့ လူနာဖက်က မကျေမနပ်ဖြစ်ပြီဆိုတိုင်း Communication Failure ရှိနေပြီလို့ ယူဆရန်သာ ဖြစ်ပါတယ်။ လူနာရှင်ဆိုတာ အပူသည်တွေ။ အဲဒီအချိန်မှာ သွားပြောတဲ့ စကားတွေကို မှတ်မိတာမျိုး မဟုတ်ဘူး။ ဒီကြားထဲ ကြားရတဲ့ အကြောင်းအရာတွေက သူတို့ ဘ၀မှာ တစ်ခါမှ မကြားဘူးတဲ့ အကြောင်းအရာတွေ။ ဒါကြောင့် အနောက်နိုင်ငံဆေးကျောင်းတွေမှာ Communication Skill ထည့်သင်တယ်၊ စာမေးပွဲမှာ ထည့်မေးတယ်။။ အဲလို မသင်ခင် ရှေးခေတ်က သူတို့ ဆရာဝန်တွေလည်း ကျနော်တို့ပဲ ၀ိုင်းသမတာ ခံခဲ့ရဘူးတယ်။

ကဲ- ဘာပဲ ပြောပြော။ Service ပေးတဲ့ ကျနော်တို့ဘက်က မှန်တာလုပ်သော်လည်း Customer က အကြောင်းတစ်စုံတစ်ရာကြောင့် မကျေနပ်ဘူး ဆိုပါတော့။ ဒီအခွန်ထမ်းပြည်သူတွေမှာ ကုန်းအော်စရာ ဟစ်တိုင်က မရှိ။ ဒီတော့ ပြောင်းလာတဲ့ခေတ် လွတ်လပ်လာတဲ့ မီဒီယာလောကကို အားကိုးတော့တယ်။ မီဒီယာလောကသားတွေကလည်း ဒီလို သတင်းမျိုး ပေးစာမျိုးကို အငမ်းမရ ထည့်ပေးတော့တယ်။ ဒီလို မီဒီယာက ကုန်းအော်တာတွေ နည်းသွားအောင် ဘယ်လိုလုပ်မလဲ။ ဒီလိုပဲ မီဒီယာလောကသားတွေနဲ့ ထိပ်တိုက်တွေ့နေတော့မလား။

 ယူကေမှာ အခွန်ထမ်းပြည်သူတွေက ကျန်းမာရေး ၀န်ဆောင်မှုတွေကို မကျေနပ်ရင်  တိုင်နိုင်တဲ့ နေရာတွေ ဆေးရုံတွေမှာ ထားတယ်။ ပထမအဆင့်က NHS complaints procedure တဲ့။ မကျေနပ်ရင် Care Quality Commission လို တခြားနည်းလမ်းတွေ ရှိသေးတယ်။ ကျန်းမာရေးဝန်ထမ်းတွေကို မယုံဘူး၊ သူတို့နဲ့ မရှင်းချင်ဘူးဆိုရင်တော့ Third party ဖြစ်တဲ့ The Parliamentary and Health Service Ombudsman ရှိတယ်။ ဒီလိုလမ်းတွေ ဖွင့်ပေးထားရင် မီဒီယာမှာ ဖွစရာ မလိုတော့ဘူးပေါ့။ ဒါဆို ကျနော်တို့ရော MOH complaint procedure တွေ Private Health Service Complaint Procedure တွေထားသင့်ပြီလို့ မထင်ဘူးလား။

ကျမ်းကိုး
http://en.wikipedia.org/wiki/Healthcare_in_England
http://www.nhs.uk/choiceinthenhs/rightsandpledges/complaints/Pages/AboutNHScomplaints.aspx

မှတ်ချက် ။ . . ။ အထက်ပါ အကြံပြုချက်သည် မလောက်လေး မလောက်စား ပုံပုံဦးဧ။် အိုင်ဒီယာသာ ဖြစ်ပါသဖြင့် အမှန်တကယ် မဆောင်ရွက်သင့်ကြောင်း တင်ပြအပ်ပါသည်။
မောင်မောင်ဦး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...