ဖူကူယားမား ဟောကိန်း ဒက်ထိ မှန်ပြီ
-ဆိုဗီယက် ယူနီယံ ပြိုလဲသွားတဲ့အချိန်မှာ ဖူကူယားမားက ပြောခဲ့ပါတယ်..
သမိုင်း နိဂုံးချုပ်သွားပြီ ဆိုတဲ့ စကား...
-သမိုင်းဆိုတော့ သမိုင်းဆရာတွေက နားလည်မှု လွဲပြီး မချုပ်ဘူး ဘာညာ ၀ိုင်းပြောကြတယ်...ဒီတော့ ဖူကူယားမားက စာတမ်းနဲ့ ရှင်းတယ်...
-သူပြောတဲ့ သမိုင်းဆိုတာက အရင်းရှင်စနစ် Capitalism နဲ့ ကွန်မြူနစ် (တစ်နည်း ဆိုရှယ်လစ်)အကြားက ဝါဒရေးရာ အားပြိုင်မှု မရှိတော့ဘူး...
-လစ်ဘရယ် ဒီမိုကရေစီနဲ့ ဆိုရှယ်ဒီမိုကရေစီကြား ၀ိဝါဒကွဲနေတာတွေလည်း ပျောက်သွားတော့မယ်...
-နောက်ဆိုရင် နိုင်ငံတိုင်းဟာ လစ်ဘရယ်ဒီမိုကရေစီ ဆိုတဲ့ ကက်ပီတယ်လစ်ဇင်ဘက်ကို ရောက်လာကြလိမ့်မယ်..
-ဒါ့ကြောင့် အိုင်ဒီယိုလော်ဂျီအားပြိုင်မှု ပြီးသွားပြီ အယူအဆရေးရာ ခေတ်ပြိုင်သမိုင်းဆိုတာ မရှိတော့ဘူး ဆိုတာကို ရှင်းပါတယ်..
-ဖူကူယားမားရဲ့ အယူအဆဟာ နာမည်ကြီးသွားခဲ့တယ်...ပြီးတော့
-အခုနောက်ဆုံး ကျွန်တော်တို့ မြန်မာနိုင်ငံတောင် နောက်ဆုံးမှာ လစ်ဘရယ် ဒီမိုကရေစီလမ်းကြောင်းကို ရောက်လာတာကိုသာ ကြည့်ပေတော့..
-ဒီမှာပဲ ၂၀၀၄ လောက်ကထင်တယ်...ဖူကူယားမားကို မေးတယ်...
ကောင်းပြီ ကမ္ဘာကြီးရဲ့ အရွေ့က လစ်ဘရယ်ဘက်ကို ဒဲ့ကြီးကို တိမ်းညွတ်တော့မယ် ဆိုရင် ...အရှေ့အလယ်ပိုင်း အနာဂတ် ဘယ်လို ဖြစ်နိုင်သလဲ ဆိုတာကိုပေါ့..
-ဒီတော့ ဖူကူယားမား အဖြေက ဒီလို-
(တစ်) အရှေ့အလယ်ပိုင်းဒေသကြီးတစ်ခုလုံ
(နှစ်) ဘယ်အချိန် ရောက်မလဲ ဆိုတာတော့ အတိအကျ မပြောနိုင်ဘူး
(သုံး) အချိန်တော့ လိုတယ်....အဲဒီအချိန်ကာလတစ်ခုကိ
(လေး) ဒီထဲက အစောဆုံး ဖြစ်နိုင်တဲ့ အလားအလာ အကောင်းဆုံးနိုင်ငံက အီရန်နိုင်ငံ ဖြစ်နိုင်တယ်.... အီရန်မှာ ဘာသာရေးအစွန်းမရောက်တဲ့ ခေါင်းဆာင်တက်လာရင် မကြာတော့ဘူး...
-ဒါက ဖူကူယားမား ခန့်မှန်းချက် ဖြစ်ပါတယ်..
-ကဲ အခုပဲ ကြည့် Rowhani ရောဟနီ အခု သမ္မတရွေးကောက်ပွဲ နိုင်သွားပြီ.
အလယ်အလတ် ခေါင်းဆောင်...နျူကလီးယားကိစ္စမှ
-အီရန် နျူကလီးယား စီမံကိန်းနဲ့ အနောက်ကမ္ဘာကို အံတု စိန်ခေါ်ခဲ့တဲ့ ခေါင်းဆောင်တွေကို မရွေးဘဲ အစွန်းမရောက်တဲ့ ခေါင်းဆောင်သစ်ကို ရွေးလိုက်တယ်...
-အရှေ့အလယ်ပိုင်းမှာ စစ်ရေး...နိုင်ငံရေး အင်အားကြီး ပါဝါက အီရန်ပဲ...
ဆော်ဒီက စီးပွားရေးအင်အားကြီး....အီရန်က
-ဒီနောက်မှာ အာရပ်နွေဦးက တက်လာတဲ့ သဘောထားတင်းမားတဲ့ ခေါင်းဆောင်တွေနဲ့ ဘယ်လို စခန်းသွားမလဲ...
-အီရန်ဟာ နိုင်ငံရေးအရ ရရှိထားတဲ့ ဦးဆောင်သူနေရာမှာ ဆက်ရှိနေဦးမယ် လို့ပဲ မှန်းဆရတယ်...ဒါဆိုရင် အရှေု့အလယ်ပိုင်း လစ်ဘရယ်လမ်းကြောင်း ပေါ်ရောက်ဖို့ မျှော်လင့်နိုင်ပြီလား မေးရင်...
-ပလေတိုကတော့ မရသေးဘူး လို့ပဲ သုံးသပ်ချင်ပါတယ်...
စနစ်သစ် ကို အခုမှ စမယ့် ရောဟနီအတွက် ဒီထိုင်ခုံဟာ စိန်ခေါ်မှုတွေ အများကြီးနဲ့ပါ..
-သူ့အနေနဲ့ ဘယ်လိုမျိုး လက်တွေ့ကျကျ ပြုပြင်ပြောင်းလဲမလဲ ဆိုတာကို စောင့်ကြည့်ရမယ်...ပြီးတော့ မြန်မာနိုင်ငံမှာ ဦးသိန်းစိန် ကြုံတွေ့နေတဲ့ နောက်ပြန်ဆွဲအားတွေကို ကျော်ဖြတ်ရဦးမယ်..
-အဆိုးဆုံးကတော့ .... အစွန်းရောက်တွေ သဘောထား တင်းမာသူတွေ ကြီးစိုးထားတဲ့ အီရန် လူ့အဖွဲ့အစည်းမှာ ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်
-ဘာပဲ ပြောပြော ဖူကူယားမားရဲ့ အီရန် အရင်ဆုံး လစ်ဘရယ်ဘက် ရောက်နိုင်တယ်ဆိုတဲ့ ဟောကိန်းကတော့ မှန်ပြီ လို့ ဆိုနိုင်ပါပြီ....
-ဒါ့ကြောင့် ဖူကူယားမားလည်း မမှားပါဘူး ဆိုတာကိုပဲ ထုတ်ဖော် အသိပေး လိုက်ရပါတယ်...
(ပလေတို)
ပလေတို Facebook page မှ ကူးယူဖော်ပြသည်
https://www.facebook.com/
0 comments:
Post a Comment