သစ်ထူးလွင် သတင်းစုစည်းမှု (၉-၆)
သစ်ထူးလွင် |
|
- ဖါးရိုက်ထွက်ရာမှ မောင်တော နတလ ရွာသား တစ်ဦး ဓါးထိုးခံရ
-
ဒီချုပ်ဥက္ကဌ ပြင်ဦးလွင်ဒေသခံများနှင့်တွေ
့ဆုံ - ပြင်ဦးလွင် လူထုတွေ့ ဆုံပွဲမှာ ဥပဒေရေးရာ မေးမြန်းချက်ကို ဖြေကြားခြင်း (ရုပ်/သံ)
- ပြင်ဦးလွင် လူထုတွေ့ ဆုံပွဲမှာ သမ္မတ ဖြစ်ချင်တဲ့ကိစ္စ မေးမြန်းချက်ကို ဖြေကြားခြင်း (ရုပ်/သံ)
- ဆာလာယန်းက သတိပေးသံ
- မြန်မာ လမ်းမကြီးများပေါ်သို့ ဖြတ်သန်းခြင်း
- ဒေါ်အောင်ဆန်းစုကြည် ၏လူထုမိန့်ခွန်းဟောပြောပွဲ
- ကုမ္ပဏီ နှစ်ခုကို လယ်သမား ၂၈ ဦးက တရားစွဲမည်
- NLD ပညာရေး ကွန်ရက်ကို ပြည်ပရောက် မြန်မာများ ပြည်သူ့ ဂုဏ်ရည်ဆု ပေးမည်
- ဒေါ်အောင်ဆန်းစုကြည် ပြင်ဦးလွင်မှာ လူထုနဲ့ တွေ့ ဆုံ
- အင်းလေး ဟော်တယ်ဇုံ ဒေသမှ အင်းတိုင်းရင်းသား တောင်သူ များအား ညနက်သန်းကောင် ၀င်ရောက်ဖမ်းဆီး
- သမ္မတရာထူးသတ်မှတ်ချက် အာဏာသုံးပြီးပြင်လို့မရဟု ဦးသိန်းစိန်ပြောကြား
- ကမ္ဘာ့ တတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ ပြည်တွင်းသို့ဝင်
- ချင်းတွင်းမြစ်ပေါ်ရှိ ရေအားလျှပ်စစ် စီမံကိန်းနှစ်ခု ရပ်ဆိုင်း
- တောင်စွန်းမှာ ရာဇာမင်း ခရီးသည်တင်ကား ဓါးပြတိုက်ခံရ၊ နှစ်ဦးသေဆုံးပြီး ခရီးသည်များထံမှ ရွှေ၊ ငွေ ပစ္စည်းများ ယူဆောင်သွား
- အောင်သူ ပျော်၍ ရှုံးသူငိုသော သန်းခေါင်ကျော်ည
- ဇွန်လ (၉)ရက်နေ့ ထုတ် မြန်မာ့အလင်း နှင့် ကြေးမုံ သတင်းစာ
- တန့်ယန်းသဘောတူညီချက် အစိုးရတပ်ချိုးဖေါက် SSPP နှင့် တိုက်ပွဲအပြင်းအထန်ပြန်ဖြစ်
- ပန်းတောင်းမြို့နယ်ရှိ လယ်သမားများ တပ်သိမ်းမြေတွင် ထွန်ယက်
- မလေးရှားနိုင်ငံမှာ နောက်ထပ်မြန်မာ ၃ ဦး သတ်ဖြတ်ခံရ
- ILO ညီလာခံမှာ မြန်မာကိုယ်စားလှယ်တွေ ဆွေးနွေး
- အခြေခံလုပ်ခသတ်မှတ်ရေး ဌာနဆိုင်ရာနဲ့ အလုပ်သမားသမဂ္ဂတွေကြိုးပမ်း
- အမေရိကန်နဲ့ တရုတ်သမ္မတ ၂ ဦး တွေ့ဆုံဆွေးနွေး
- မြန်မာ့ဆက်သွယ်ရေး မဲဆွယ်ပွဲ
- ရခိုင်ပဋိပက္ခ ၁ နှစ်ပြည့် အခမ်းအနားတွေ ကျင်းပ
Posted: 09 Jun 2013 07:00 AM PDT
ရခိုင်ပြည်နယ်
မောင်တောမြို့နယ်မှ နတလ စံပြကျေးရွာသားတစ်ဦး ဖါးရိုက်ထွက်ရာမှ ယမန်နေ့က
ဓါးထိုး ခံရသည်ဟု သတင်း ရရှိသည်။ ဓါးထိုခံရသူမှာ မောင်တောမြို့နယ်
ခရေမြိုင် နတလ စံပြကျေးရွာမှ အဖ ဦးရွှေလုံး၊ အမိ ဒေါ်ခင်မြတို့၏သား ဗမာ
လူမျိုး ဦးအောင်သန်း ဖြစ်ကြောင်းသိရသည်။ အခင်းဖြစ်ပွားပုံနှင့်
ပတ်သက်ပြီး ဒေသခံ ကျေးရွာသား တစ်ဦးက ယခုလို ပြောပြသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||
Posted: 09 Jun 2013 06:21 AM PDT
အဖွဲ့ချုပ်ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နေ့လည် ၁၂ နာရီခန့်တွင် ပြင်ဦးလွင်မြို့သို
့ရောက်ရှိခဲ့သည်။ ထို့နောက် နေ့လည် ၂ နာရီတွင် ပြင်ဦးလွင်မြို့
မဟာအံ့ထူးကံသာ ဘုရားအနီး ပြင်ဦးလွင် မီးပုံးပျံကွင်းတွင် ဒေသခံ
ပြည်သူလူထုကို မိန့်ခွန်းပြောကြားခဲ့သည်။ ပြင်ဦးလွင်ကို လာရောက်တာဟာ
ရွှေးကောက်ပွဲနိုင်လာမည်ဟုပြောခဲ
National League for Democracy |
||||
Posted: 09 Jun 2013 06:12 AM PDT
ဥပဒေအကြောင်း
ပြည်သူတစ်ဦး၏ မေးမြန်းချက်...ဥပဒေရေးဆွဲနေတဲ့ သူတွေတောင်
ဥပဒေပညာမတတ်ပါဘူး(ရယ်လျှက်... ကျွန်မကိုယ် ကျွန်မပြောတာပါ...)... တက္ကသိုလ်က
ဥပဒေပညာတွေတောင် အဆင့် မမှီလို့ ကြိုးစားနေရတုန်းပဲ...
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 09 Jun 2013 06:11 AM PDT
လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က ပြင်ဦးလွင်မြို့ ရှိ မီးပုံးပျံကွင်း တွင်
နိုင်ငံတကာဆက်ဆံရေး ပညာတက်နေသောသူ တစ်ဦး၏ သမ္မတ ဖြစ်ချင်တဲ့ကိစ္စ
မေးမြန်းချက်ကို ဖြေကြားခြင်း ---
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 09 Jun 2013 05:37 AM PDT
ထိုင်းနိုင်ငံ
ပြီးလျှင် မြန်မာလုပ်သား အများဆုံး သွားရောက် အလုပ် လုပ်ကိုင်ကြသော
မလေးရှားနိုင်ငံ၌ လွန်ခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့
အကြမ်းဖက်မှုများကြောင့် မြန်မာနိုင်ငံသား ငါးဦး သေဆုံးခဲ့ပြီးနောက်
မလေးရှားနိုင်ငံရောက် မြန်မာများ၊ ရွှေ့ပြောင်း လုပ်သားများ၏ ဘဝ
လုံခြုံမှုမှာ စိုးရိမ်မှတ်သို့ ရောက်ရှိ လာခဲ့သည်။ ဇွန်လ ၇ ရက်နေ့
နံနက်ပိုင်းကလည်း ကွာလာလမ်ပူမြို့ ဆူဗန်းဂျာယာတွင် မြန်မာနိုင်ငံသား
ခြောက်ဦး နေထိုင်သော နေအိမ်ကို အုပ်စုလိုက် ဝင်ရောက် အကြမ်းဖက်မှု ထပ်မံ
ဖြစ်ပွားခဲ့ရာ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 09 Jun 2013 05:32 AM PDT
“နယ်စပ်ကို
ကားဖြင့် ဖြတ်ကျော်ရသည့် ခရီးသည် အလွန် စိတ်ဝင်စားစရာ ကောင်းသည့် ခရီး
ဖြစ်သည်။ ကျေးလက်၏ အနံ့အသက်များနှင့် လွတ်လပ်မှု များကိုပါ ခံစားနေရသည်”
ကျေးလက်ကို ဖြတ်သန်းပြီး အမြန်ကားလမ်း တစ်လျှောက် ကျွန်တော် မောင်းနေပါတယ်။
ကျွန်တော် ဖြတ်သန်းခဲ့တဲ့ လမ်းဘေး ဝဲယာတစ်ဖက် တစ်ချက်မှာ မိုးကုပ်
စက်ဝိုင်းအောက် ကျယ်ပြောလှတဲ့ လယ်ကွင်းတွေ တရိပ်ရိပ် ကျန်ခဲ့တယ်။
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 09 Jun 2013 05:10 AM PDT
မန္တလေး ဇွန် ၉ ။
ဒေါ်အောင်ဆန်းစုကြည် သည် ပြင်ဦးလွင်သို့ မနက်ပိုင်းတွင် ရောက်ရှိပြီး မဟာအံ့ထူးကံသာ ဘုရားခြေရင်းရှိ မီးပုံးပျံကွင်းတွင် လူထုနှင့် မွန်းလွဲ ၃နာရီတွင် တွေ့ဆုံခဲ့ပါသည်။ တစ်နာရီခန့် မိန့်ခွန်းပြောကြားပြီး ပြည်သူများမှ မေးမြန်းသော မေးခွန်းများအား ပြန်လည် ဖြေကြားပြီး မီးပုံးပျံကွင်းမှ ပြန်လည် ထွက်ခွာသွားပါသည်။ ယနေ့ညတွင် ပြင်ဦးလွင်တွင် တည်းခိုမည်ဟု CJMyanmar မှ သတင်းရရှိပါသည်။ သတင်း/ဓာတ်ပုံ CJMyanmar |
||||
Posted: 09 Jun 2013 04:57 AM PDT
မနက်ဖြန်
၂၀၁၃၊ ဇွန်(၁၀)၇က်နေ့ နံနက်(၁၀း၀၀)နာရီမှာ Green Asia ကုမ္ပဏီနှင့်
အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီတို့ကို ကျူးကျော်မှု၊
အကျိုးဖျက်ဆီးမှုတို့နဲ့ လယ်သမား(၂၈)ဦးက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို
အဆိုပါ တရားစွဲဆိုမှုနှင့် ပါတ်သတ်လို့  အကျိုးဆောင် ရှေ့ နေဦးဖိုးဖြူ ကို မေးမြန်းကြည့်ရာမှာ -- " Green Asia ကုမ္ပဏီက လယ်သမားတွေကို ရဲစခန်းမှာ အမှုဖွင့်တော့ (ပ)နံပါတ်(၃၁)နဲ့ ကျူးကျော်မှုဖွင့်ပေးပါတယ်။ လယ်သမားတွေက သူတို့လက်ရောက် မြေအတွက် အမှုဖွင့်တော့ ရဲက အမှုမဖွင့်ပေးပါဘူး။ ဒီအတွက် တရားရုံးမှာ ဦးတိုက် လျှောက်ထား တရားစွဲဆိုဖို့ စီစဉ်ရတာဖြစ်ပါတယ်။ လယ်သမား(၂၈)ဦးက Green Asia ကုမ္ပဏီနဲ့ အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဖြစ်သူတွေကို ကျူးကျော်မှု၊ အကျိုးဖျက်ဆီး မှုတွေနဲ့ တရားစွဲဆိုဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တင်ပြချင်တဲ့ ဥပဒေရှုထောင့် ကတော့ မြေယာအငြင်းပွားမှု ကိစ္စတွေမှာ ဘယ်သူက ပိုင်ရေး ဆိုင်ခွင့်ဖြစ်ထိုက်တယ်ဆိုတာကို သမ္မတရုံး အပါအ၀င် လယ်ဆည်ဝန်ကြီးရုံးရဲ့ လယ်ယာမြေကော်မတီတွေက တရားဝင် ဆုံးဖြတ် ကြေညာတာမျိုး မပြုလုပ်ရဲပါဘူး။ အကြောင်းကတော့ တရားမ၀င်တဲ့နည်းနဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့်တွေကို လွှဲပြောင်းခဲ့လို့ပဲဖြစ်ပါတယ်။ ဘယ်သူမြေ လက်ရောက်ဖြစ်ထိုက်တယ် ဆိုတဲ့အပေါ်မှာ ဥပဒေကြောင်းအရ လက်တလော ဆက်လက်အငြင်းပွား နေဦးမှာ ဖြစ်ပါတယ်။" လို့ Myanmar News Now ကို ပြောကြားပါတယ်။ သစ်ထူးလွင် အမှုဖွင့်လှစ် တိုင်းကြားချက် အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||
Posted: 09 Jun 2013 03:53 AM PDT
မြန်မာနိုင်ငံအတွင်း
လူမှုရေး လုပ်ငန်းများ ဆောင်ရွက်သည့် အဖွဲ့အစည်း များနှင့် လူပုဂ္ဂိုလ်များ
ကို ပြည်ပရောက် မြန်မာ လူမျိုးများက ပုံမှန်ပေးအပ်သော ပြည်သူ့ဂုဏ်ရည်ဆုကို
NLD ပညာရေး ကွန်ရက်အား ဇွန်လ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ
ခန်းမတွင် ပေးအပ် မည် ဖြစ်ကြောင်း ပြည်သူ့ဂုဏ်ရည် အသင်းထံမှ သိရသည်။
အဆိုပါ ပြည်သူ့ ဂုဏ်ရည်ဆုကို တောင်ကိုရီး ယားနိုင်ငံ ပူချွန်းမြို့တွင် မေလ
၂၆ ရက်နေ့က ပြုလုပ်သည့် စတုတ္ထအကြိမ် ဆုရွေးချယ်ပွဲ တွင် ကြေညာချက်
ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 09 Jun 2013 03:23 AM PDT
ပြည်သူတွေက ကျေးလက်ဒေသမှာ လမ်းပန်းဆက်သွယ်ရေး မကောင်းတာ၊ လျှပ်စစ်မီး မရတာတွေကို ပြောခဲ့ပါတယ်။ လျှပ်စစ်မီး မရတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က "လျှပ်စစ်မီးမရတာကတော့ တတိုင်းပြည်လုံးပဲလို့ ပြောပါရစေ။ နေပြည်တော်မှာလည်း အခုဆိုရင် မီးခဏခဏ ပျက်လို့ စိတ်တိုရတယ်" လို့ ပြန်ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းမှာ ပဋိပက္ခတွေ တစ်တိုင်းပြည်လုံးကို ဆက်တိုက် ကူးစက်ခဲ့တာနဲ့ ပတ်သက်လို့ ဖြစ်စဉ် အစထဲက ကြပ်ကြပ်မတ်မတ် တရားဥပဒေစိုးမိုးရေး မရှိလို့ ဖြစ်ခဲ့ရတာလို့ ပြောပါတယ်။ Author နန်းလွင် - Kumudra |
||||
Posted: 09 Jun 2013 03:01 AM PDT
ယနေ့နံက်
၂ နာရီ အချိန်တွင် အင်ကြင်းကုန်းကျေးရွာမှ ကိုအောင်ကျော်မျိုးနှင့်
ကန်ပဲ့ ကျေးရွာမှ ကိုသားကြီး၊ ကိုရွှေခဲ နှင့် ဦးကျော်စိန် တို့အား
ရဲတပ်ဝင်အင်အား ၅၀ခန့်က ဝင်ရောက် ဖမ်းဆီး ကြောင်း သိရပါသည်။
ဖမ်းဆီးခေါ်ဆောင်လာစဉ် ကျေးရွာသားများမှ ဖမ်းဆီးခေါ်ယူခွင့်ကို ဝိုင်းဝန်း
တားဆီးသဖြင့် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 09 Jun 2013 02:49 AM PDT
မြန်မာ
သမ္မတ ရာထူးအတွက် သတ်မှတ်ထားတဲ့ အခြေခံ ဥပဒေပါ ပြဌာန်းချက် တွေကို ပြင်ဆင်
နိုင်အောင် မိမိရဲ့သြဇာ အာဏာကို အသုံးပြုပေးဖို့  မဖြစ်နိုင်ဘူးလို့
သမ္မတဦးသိန်းစိန် က ပြောကြားလိုက်ကြောင်း သိရပါတယ်။ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ
သမ္မတ တာဝန်ထမ်း ဆောင်ချင်တဲ့ အတွက် ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 09 Jun 2013 02:46 AM PDT
ကမ္ဘာပေါ်တွင်
တတိယ အကြီးဆုံး ဆက်သွယ်ရေး အော်ပရေတာကုမ္ပဏီ ဖြစ်သည့် တရုတ်နိုင်ငံ
အခြေစိုက် China Unicom သည် လုပ်ငန်းများ လုပ်ကိုင်ရန် ပြည်တွင်းသို့
ဝင်ရောက်လာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု
ဦးစီးဌာန (DICA) ထံမှ သိရသည်။ ယင်းကုမ္ပဏီသည် China Unicom (MYA)
Operations Co.,Ltd. အမည် ဖြင့် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်မည့်
ကုမ္ပဏီအဖြစ် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံ
ယခုလအတွင်း မှတ်ပုံတင်ခဲ့သည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 09 Jun 2013 02:42 AM PDT
ချင်းတွင်း
မြစ်ကြောင်းပေါ်ရှိ အိန္ဒိယ- မြန်မာနှစ်နိုင်ငံ အကျိုးတူ ဆောင်ရွက်နေသော
ထမံသီနှင့် ရွှေစာရေး ရေအားလျှပ်စစ် စီမံကိန်းတို့ကို နှစ်နိုင်ငံ အစိုးရ၏
သဘောတူညီချက်ဖြင့် ခေတ္တ ရပ်ဆိုင်း လိုက်ပြီ ဖြစ်ကြောင်း အိန္ဒိယ
သတင်းဌာနများတွင် ဖော်ပြထားသည်။ အမေရိကန်ဒေါ်လာ လေးဘီလီယံကျော်
တန်ဖိုးရှိသော အဆိုပါ စီမံကိန်းနှစ်ခု ရပ်ဆိုင်းရခြင်း၏ အဓိကအကြောင်းအရင်
မှာ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||
Posted: 09 Jun 2013 02:27 AM PDT
၈-၆-၂၀၁၃
ရက်နေ့ ၂၁၀၀ အချိန် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊
ကျိုက္ခမီမှရန်ကုန်သို့ ထွက်ခွာလာသော ၈ဇ/xxxx““ရာဇာမင်း””ခရီးသည်တင်
မှန်လုံယာဉ်သည် သထုံမြို့နယ်၊ တောင်စွန်း ကျေးရွာအနီး၊
ဘုရားကုန်းကွေ့အရောက်၌ ယာဉ်ပေါ်တွင် စီးနင်း လိုက်ပါလာသည့် ခရီးသည် များအနက်
သေနတ်အတို ကိုင်ဆောင်ထားသူ ၅ ဦးက ယာဉ်အားအနီးရှိ မြေသားလမ်း အတိုင်း
တောတွင်းသို့ မောင်းနှင် ခေါ်ဆောင်သွားခဲ့သည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 09 Jun 2013 02:07 AM PDT
ကြယ်ရောင်တွေ
ပျောက်ကာ မိုးသားများ အုံ့ဆိုင်းနေသည့် ညသန်းခေါင်ယံ အချိန်။ ၁၂ နာရီ
ထိုးရန် မိနစ်ပိုင်း အလိုတွင် ရာဂဏန်းရှိသော လူအုပ်ကြီးသည် အဆောက်အအုံ
တစ်ခု၏ ဂိတ်တံခါး အဖွင့်ကို စောင့်ဆိုင်း နေကြသည်။ အချို့က သံပန်းတံခါးကို
ဆွဲလှုပ်ကာ ဖွင့်ရန် တောင်းဆိုကြသည်။ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်
အချို့ကလည်း စိတ်လှုပ်ရှားစွာဖြင့် လက်ဝါးပွတ်ခြင်း၊ ရင်ဘတ်ပေါ်
လက်တင်ခြင်းတို့ ပြုလုပ်ကြသည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 08 Jun 2013 07:48 PM PDT
ဇွန်လ (၉)ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ ဇွန်လ (၉)ရက်နေ့ ထုတ် ကြေးမုံ သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 08 Jun 2013 06:47 PM PDT
သျှမ်းပြည်မြောက်ပိုင်း
လားရှိုးမြို့နယ်အတွင်း သျှမ်းပြည်တပ်မတော် SSPP/SSA တပ်ရင်းတခု ယာယီ
အခြေချရာ တပ်စခန်းအား အစိုးရတပ်က တက်တိုက်သောကြောင့် ယမန်နေ့က
နှစ်ဘက်တိုက်ပွဲ အပြင်း အထန်ဖြစ်ပွားခဲ့သည်။ “အစိုးရတပ်က လောက်ကိုင်ဘက်ကော၊
ဒီလားရှိုး ခလရ ၆၈၊ ခလရ ၄၁၊ နောက် အခြားတပ်တွေကော ပါတယ်။ အင်အား
နှစ်ရာလောက် ရှိတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 08 Jun 2013 06:12 PM PDT
ပဲခူးတိုင်းဒေသကြီး၊
ပန်းတောင်းမြို့နယ်ရှိ ကျီးတောင်ကျင်း ကျေးရွာနှင့်
ဒေါင်းတိုက်ကျေးရွာတို့တွင် ကာကွယ်ရေး ပစ္စည်းစက်ရုံ အမှတ်-၅ မှ
သိမ်းဆည်းထားသော လယ်မြေများကို ပြန်လည်ထွန်ယက်
နေသည်ဟု ဒေသခံ လယ်သမားများက ပြောသည်။ သိမ်းဆည်းခံထားရသော လယ်မြေများကို ဇွန် ၇ ရက်နေ့မှစ၍ ပြန်လည်ထွန်ခဲ့ရာ မြို့နယ်ရဲမှူးက လယ်ထွန်ခြင်းကိုရပ်ရန်နှင့် မရပ်ပါက နောက်ဆက်တွဲပြဿနာ တက်နိုင်သည်ဟု လာရောက်တားမြစ် သော်လည်း မရပ်ခဲ့ကြောင်း လယ်သမားများက ပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 08 Jun 2013 12:39 PM PDT
အကြမ်းဖက်
သတ်ဖြတ်မှုတွေ ဖြစ်ပွားနေတဲ့ မလေးရှားနိုင်ငံမှာ မနေ့ကနဲ့ ဒီကနေ့တွေမှာ
မြန်မာနိုင်ငံသား ၃ ဦး ထပ်မံသတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။ မနေ့ကတော့
ကလန်းအူတာမ Kalng Utama ဆိုတဲ့မြို့က အမှိုက်ပုံမှာ မြန်မာတစ်ဦးရဲ့
အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပြီးခဲ့တဲ့ဇွန်လ ၃
ရက်နေ့က ကရင်လူမျိုး ၄ ဦး ဈေးထွက်ဝယ်ရာမှ လူအုပ်စုတစ်စုက
ဝိုင်းဝန်းတိုက်ခိုက်လို့ အရေးပေါ်တင်ခဲ့ရတဲ့ ၂ ဦးထဲက
တစ်ဦးသေဆုံးသွားတာဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||
Posted: 08 Jun 2013 12:41 PM PDT
နိုင်ငံ
တကာ အလုပ် သမား အဖွဲ့ချုပ် ILO ရဲ့ ၁၀၂ ကြိမ်မြောက် ညီလာခံကို ဇွန်လ ၄ ရက်
ကနေ ၂၀ ရက် နေ့အထိ ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာ မြို့မှာ ကျင်းပ နေရာ မြန်မာ
နိုင်ငံက အစိုးရ အရာရှိကြီးတွေ ၊ အလုပ်ရှင် ကိုယ်စားလှယ်နဲ့ အလုပ် သမား
ကိုယ်စားလှယ် အဖွဲ့လည်း တက်ရောက် နေပါတယ်။ ဒီညီလာခံမှာ မြန်မာ နိုင်ငံ အပေါ်
စီးပွားရေး ပိတ်ဆို့ မှုတွေနဲ့ ပတ်သက်ပြီး ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 08 Jun 2013 12:39 PM PDT
အလုပ်သမားတွေ
နစ်နာမှုနဲ့ ပတ်သတ်ပြီး အခြေခံလုပ်အားခလစာ သတ်မှတ်နိုင်ရေး ဥပဒေမူကြမ်းကို
ရှေ့နေချုပ်ရုံး ကတဆင့် နိုင်ငံတော် သမ္မတထံ တင်သွင်း အတည်ပြုနိုင်ရေး
အလုပ်သမားဝန်ကြီးဌာနနဲ့ အလုပ်သမား သမဂ္ဂတွေ ပူးပေါင်း ဆောင်ရွက် နေကြပါတယ်။
အခုလို အခြေခံလုပ်အားခလစာ ဥပဒေပြဌာန်း လာနိုင်တဲ့ အခါ နစ်နာဆုံးရှုံးနေရတဲ့
အလုပ်သမား အခွင့်အရေး ရပိုင်ခွင့်တွေအတွက် မျှော်လင့်ချက် ရှိလာနိုင်စရာ
ရှိပေမဲ့ အလုပ်ရှင် အလုပ်သမားကြား ဆန္ဒပြမှုတွေဖြစ်လာတဲ့အခါ အာဏာပိုင်တွေရဲ့
ကိုင်တွယ်ချဉ်းကပ်ပုံ တွေကိုလည်း ပြုပြင်သင့်တယ်လို့ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||
Posted: 08 Jun 2013 12:39 PM PDT
Cyber
security လို့ခေါ်တဲ့ အင်တာနက် ကွန်ယက်တွေ လုံခြုံရေးနဲ့ ပတ်သက်လို့
အမေရိကန်နဲ့ တရုတ်နိုင်ငံကြား သဘောထား ကွဲမှုတွေကို အတူတွဲ
ဖြေရှင်းသွားရေးမှာ အသေအချာ နားလည်မှုရအောင်လုပ်ဖို့ သမ္မတ ဘရက်အိုဘားမား
(Barack Obama) ကပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု အနောက်ခြမ်း
ကယ်လီဖိုးနီးယား (California) ပြည်နယ်မှာ သောကြာနေ့က စတင်တဲ့
သမ္မတအိုဘားမားနဲ့ တရုတ်သမ္မတ ရှီကျင်ပင်းတို့ရဲ့ဆွေးနွေးပွဲ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||
Posted: 08 Jun 2013 12:32 PM PDT
နောက်ဆုံးအဆင့်သို့
ဝင်ပြိုင်ခွင့်ရှိသည့် ကုမ္ပဏီပေါင်း ၁၂ ခုတွင် Vodafone နှင့် China
Mobile ကုမ္ပဏီကြီးများအဖွဲ့က နုတ်ထွက် သွားပြီဖြစ်ရာ မြန်မာ့ ဆက်သွယ်ရေး
လိုင်စင် နှစ်နေရာ လုပွဲတွင် နိုင်ငံတကာ နာမည်ကျော် ဆက်သွယ်ရေး ကုမ္ပဏီကြီး
၁၁ ခု အကြိတ်အနယ် ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး
ဝန်ဆောင်မှု လုပ်ငန်းအတွက် ရွေးချယ်မည့် နှစ်နေရာကို လာမည့်ဇွန်လ ၂၇
ရက်နေ့တွင် ကြေညာတော့ မည်ဖြစ်ရာ အဆိုပါ ကုမ္ပဏီကြီး ၁၁ ခုမှာလည်း လူထုအား
ရရှိနိုင်ရေး ခြေလှမ်း သွက်သွက်ဖြင့် လှုပ်ရှား လာကြသည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 08 Jun 2013 11:37 AM PDT
ပြီးခဲ့တဲ့
၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခ
တစ်နှစ်ပြည့် ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားတစ်ခုကို
ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့က ဦးဆောင်ပြီး ဒီကနေ့စစ်တွေမြို့မှာ
ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားပြုလုပ်ရတာနဲ့ ပတ်သက်လို့
ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
0 comments:
Post a Comment