အလှည်. အပြောင်း မတိမ်းစောင်းစေချင်
Cloud Cuckoo Land shared Kaung Myat San's photo.
“ ဒီတောအုပ် မှာ မင်းရဲ. အဘေးလက်ထက်က ကျားအလွန်ပေါဆိုပဲ”
တောင်အုပ်စိမ်းစိမ်း ကို လက်ညှိုးထိုးပြ၍ အဖိုးပြောခဲ့သည်. စကား။
“ ဒီချောင်းဆို မိကျောင်းတွေပေါလွန်းလို. ဒုတိယကမ္ဘာစစ်အတွင်း က ဂျပန်စစ်သားတွေ၊ အင်္ဂလိပ် စစ်သားတွေ အရမ်းကြောက်ခဲ့ကြတာလေ။” တိမ်ကောစပြုနေပြီဖြစ်တဲ့ ချောင်း အစတွင် ရပ်ပြီး အဖိုး ပြောခဲ့သည်.စကား။
“ ဒီလို ဆောင်းရာသီ လပြည့် ညမျိုး ပင်လယ် လိပ်ကြီးတွေက ကမ်းပေါ်တက် ဥ ဥလေ. ရှိတယ်၊ မင်း (၁၀)နှစ်သားတုန်းက မင်းအဖိုး ယူလာခဲ့တဲ့ လိပ်ဥ (၁၅၀) လောက်တောင်ရှိတာ၊ မင်းမှတ်မိသေးရဲ့ လား။ တကယ်ဆို အဲဒီအချိန်တောင် လိပ်တွေ ကမ်းပေါ်တက် ဥတာ အတော်ရှား ပါးသွားပြီ ။ အမေတို. ငယ်ငယ်တုန်းကဆို သူငယ်ချင်းတစ်သိုက် နှင်. ပင်လယ်လိပ်ကြီးတွေ ကမ်းပေါ်တက်လာချိန် ဆော.ကစားခဲ့ ကြတာ အလွန်ပျော်စရာကောင်းတဲ့ အချိန်ပေါ.။”
“ဒီလို ရာသီမျိုးမှာ ပင်လယ်ပြင်အခြမ်းဘက်ဆီကမိုးတိမ်
( ပင်လယ်ပြင် အခြမ်းဘက်၌ ဖြစ်ပေါ်နေသော ငွေရောင်နှင်. ခဲရောင်စပ်ထားသော ငါးကြင်းကွက် ပုံသဏ္ဍန်ဖြစ်ပေါ်နေသော မိုးတိမ်ကို ကြည့် ၍ ဒေသခံ များ ရဲ .သဘာဝ မှပေးသော အသိမှ တစ်ဆင်. ခန်.မှန်းချက်များ)
“ဟာ… ဟို မှာ ပင်လယ်ပြင်ရဲ. စိမ်းပြာပြာနေရာ မှာ ကွက်ပြီးမည်းနက်နေပုံထောက်တော. ငါးကွန်းညို အုပ်ကြီးနှင်. တူတယ်” လို. ဒေသခံ သူငယ်ချင်းတစ်ဦး၏ အမြင်.တစ်နေရာမှ ကြည်.၍ မြင်ရသည်. မြင်ကွင်းအပေါ် သုံးသပ်ပြောဆို ချက်။
“ ဇင်ယော် တစ်အုပ် က ငနီတူ အုပ်ကြီးကို မောင်းကစားနေတယ်။ နေကလည်းစောင်းပြီ ၊ ဒီရေလည်းတက်လာလေပြီ၊ အိမ်ပြန်ချိန်မှာ မျက်နှာပန်းပွင်.စေဖို. ရနိုင်သမျှ ရှာဖွေယူသွားရမယ်။ (ဒေသခံ ရခိုင်စကားဖြင်.- အေအချိန်ဂါ နိန်ကလည်းစောင်း ၊ဖျားကလည်း တက်နိန်ရာ ၊အိမ်ပြန်ဂယ် မျက်နှာရဖို. ရသမျှ ကျူံး ယူလားရဖို .ရာယေ။) လူစုပြီး လှေအသင်. ပြင်ထားကြဟေ.။”
( ငနီတူ ၊ အင်္ဂလိပ် အခေါ် Anchovy မျိုးနွယ်စု၊ ( Scientific Name: Engraulidae)၊ Singpore နှင်. Malaysia တွင် Ikan Bilis ဟုခေါ်သော ငါးကို မြန်မာပြည် အတွင်းကကျွန်တော်တို . ရခိုင်ဒေသတွင် ဖမ်းယူရ ပုံ မြင်ကွင်းကား၊ စိတ်လှုပ်ရှားမှု၊ အားမာန် ပြည်. ၀မှု ၊တက်လီလက်ညီဆောင်ရွက်မှု များ ကား စာပန်းချီခြယ်မှုန်းလို. ပင် ပြည်.စုံမည် မထင်။ ဗဟုသုတ အလို. ငှာ မြင်ကွင်းတစ်ချို .ကို ဖောက်သည် ချ လိုက်ပါသည်။
ငနီတူဖမ်းရာတွင် ဒေသအခေါ် “ ဗူး ပိုက်” လို. ခေါ်သော နိုင်လွန်ဖြင်. ရက်လုပ်ထားသည်. အရှည်ပေ- ၂၀၀ ခန်.ရှိသော ငါးဖမ်းပိုက် ဖြင်. ဖမ်းယူရပါသည်။ ငနီတူ အုပ်ကြီးကား ဒီ ရေတက်ချိန် တွင် ကမ်းစပ်မှ လူတစ်ရပ်နစ် မြှပ်နိုင်သော အကွာ အဝေး ( ပေ ၁၀၀ နှင်. ၁၅၀ အကွာအဝေး )လောက်အရောက် အုပ်စု လိုက် ပျော်မြူးနေစဉ် ကျန်းမာသန်စွမ်းသော ၊ ရေစီးကြောင်းသဘော သဘာဝ၊ ငါးများ၏ သဘော သဘာဝကို ကျွမ်းကျင်သော လူပုဂ္ဂိုလ် ခုနှစ်ဦး က ကိုယ်တိုင် စပ်ဟပ် ထွင်းထားသည်. လှေကို ပြိုင်တူမကာ ညာသံပေး၍ ထမ်းကာ ကမ်းစပ်ချပြီး လှေပေါ်သို.ကတိုက်ကရိုက်ပြေးတက်က
ခေါင်းဆောင်အဖြစ်ရွေးထားခြင်း ခံရသူက လှေဦးတွင် မတ်တပ်ရပ်၍ ငါးများ၏ ရွေ. လျားသွားလာနေမှု အခြေ အနေကို ကြည်. ရ၏။ ငါးများရွေ.လျားနေမှု အလိုက် လှေ အထားအသို ပုံစံ အခြေ အနေကို ပြောင်းဖို . ညွှန်ကြားရသည်။ လှေအထား အသို မှန်ကန်သော အနေအထားရောက်သွားအခါ၊ ငါးနီတူအုပ်ကြီး အား မိမိတို. က ဖမ်းယူရနိုင်သည်. ရေအနက် ( လူတစ်ရပ်စာ မမီတမီ အနေအထား၊ ငါးဖမ်းပိုက် (၀ါ) ဗူးပိုက် အုပ်ယူ မိနိုင်သော အနေအထား) ခြောက်လှန်.၊ ဆွဲဆောင် မောင်းနှင် ရပါသည်။ အားလုံး အသင်. အနေ အထား ဖြစ်သော အခါ လှေပေါ်တွင် တင်ထားသော ငါးဖမ်းပိုက်ကို စတင်ချလေတော.သည်။
ငါးဖမ်းပိုက်ချ ရာတွင် ငါးဖမ်းပိုက်အစကို ပထမလူမှကိုင်ကာရေထဲ့သို. အလျင်အမြန် ခုန်ဆင်းရပြီး ၄င်းနောက် တွင် တစ်ယောက်ပြီး တစ်ယောက်၊ အကွာအဝေး ဟန်ချက် ညီညီ ဖြင်. အသီးသီး ခုန်ဆင်းရပါသည်။ လှေပေါ်တွင် ခေါင်းဆောင် တစ်ဦးတည်း ကျန်ကာ ၄င်းက ငနီတူ အုပ်စု ၏ လှုပ်ရှားသွားလာမှု အရ ငါးဖမ်း ပိုက် ထားသို မှု အနေအထားကို နှုတ် မှ တတွက်တွက် ညွှန်ကြားပြီး၊ တစ်ဖက်ကလည်း ငါးများ ထွက်မသွားစေဖို. မောင်းနှင်ပေးရပြန်သည်။ ငါးဖမ်းပိုက်က ငါးကို ၀န်းရံပြီးသော တစ်ဖြည်းဖြည်း နှင်. ကမ်းစမ်းဆီသို. ဆွဲတင်ရန် ကြိုးစားရ ပြန်သည်။ ငနီတူအုပ်ကြီးမှာ များပြားလှသဖြင်. ကမ်းပေါ်ဆွဲတင်ရန် လူအင်အား မလောက်င သဖြင်. ကမ်းစပ်ရှိ ရေဆော.ကစားနေသူများ၊ အခြား ငါးဖမ်းနေသူများ၊ ညနေချိန်ရောက်၍ နွားကျောင်း၊ထင်းခွေ ပြန်လာသူများ ကို ကူကြဖို. တစ်ကြော်ဟစ်သံများဖြင်. ပွတ်လောညံနေတော.သည်။ တစ်ခါတစ်ရံ ငနီတူ အုပ်ကြီး မှာ များပြားလွန်းလှသဖြင်. ၊ ငါးဖမ်းပိုက် ကြီးပင် ပေါက်ထွက်သွားရသည်. အဖြစ်မျိုး။ တစ်ချို. ပါးနပ်သော ဦးစီးဦးဆောင်သူ က မိမိ ငါးဖမ်းပိုက် ခံနိုင်သည်. ငါးအုပ်ကိုသာ ရွေးချယ် ၀န်းရံပြီး ၊ ကျန်သည်. ငါးပမာဏ ကို ပိုက်ကို ဟ ၍ မောင်းထုတ် ဖွင့်ဟ ပေးလိုက်သည်မျိုး လည်း ရှိကြသည်။
ငနီတူ ကမ်းပေါ်ရောက်ပြီးသည်.အချိန် တွင်လည်း လှုပ်ရှားရုန်းကန်ရသော မြင်ကွင်းများ ၊ ၀မ်းစာ အတွက် သိုမှီးမှုများ၊ ၀င်ရောက် ကူညီသူများကို ငါးများပေးဝေမျ မှုများ နှင်. အပြန်အလှန် ကူညီကြပုံ မြင်ကွင်း များကို အခွင့် သာလျင် ရေးသားဝေမျှသွားချင်ပါသေးသည်။)
နေတိုင်းပဲငါးစားနေရတာ ငြီးငွေ့ လှပြီ ၊ အပြောင်းအလဲ ကလေး ဖြစ်သွားအောင် ဂုံး၊ ယောက်သွား၊ မုတ်ကောင် တစ်ခုခု သွားရှာမှထင်တယ်။ ဒီ နေ လဆုတ်ရက်မှာ သန္တာကျောက်တန်းတွေ ပေါ်အောင်
( မြင်သာအောင်) အထိ ဒီရေကျ မှာ။ ယောက်မတို့ ရေ....တူ နှင့် ဆောက် ကောင်းကောင်းသာ ယူလာခဲ့။ "
" သူငယ်ချင်းတို့ ... ဟဟ... အောက်က ကျောက်အိုင်က ကျောက်တုံးတွေကြား ကာလာစုံ ပုစွန်တုတ်ကြီတွေပါလား၊ ဖမ်းပြီး
မီဖုတ်စားလိုက်ရ... ကြာပါတယ်လေ၊ လာလေရော့...ဗွမ်း။"
“တောင်ရဲ့ ဟိုဘက်ဆီက ခရုလည်းပေါ့၊ မြော့လည်းပေါတဲ့ မောင်ဟန် ရဲ့  လယ်တွေပေါ့၊ သူ. ရဲ. လယ်တွေအသိမ်းခံရပြီးကတည်း က သူလည်းစိတ်ထောင်း ကိုယ်ကြေဖြစ်သွား ပြီး ၊ဆုံးပါးသွားခဲ့ရလေတယ်။
လယ်တွေကို " အုတ်" ( မီးခံအုတ်) ဖုတ်ဖို့  ဖျက်ချလိုက်တော့၊ တွင်းတွေ၊ ချိုင့်တွေနှင့် မြင်ရတာစိတ်မကောင်း လိုက်တာ ဟယ်။”
"အဲဒီ လယ်တော နောက်ဆ်ီက တောင်ကို " တောင်ပုချေ" ( မြန်မာ အခေါ် - တောင်ပုကလေး) လို့ ခေါ်တဲ့ တောင်ကုန်းလေးပေါ့။ သစ်ခွတ်ပွင်ချိန် မှာ ပင်လုံးကျွတ်လှိုင်လှိုင် ပွင့် ကြတော့တာပဲ။” ( သစ်ခွတ်ပွင့်ကို နေလှန်းအခြောက်ခံ၊ ၄င်း အခြောက်ကို ရေနွေးဖြင့် ပြုတ်ပါ။ အခါးရသာပျောက် အောင်ရေညစ် ပြီး အသုတ် လုပ်စားကြပါသည်။ အထူးသဖြင့် " သနပ်သုပ်" လို့  လူသိများသည့် အသုပ်စုံ ကား ရခိုင်ဒေသက အ လှူပွဲများတွင်လူကြိုက်များပြီ
“ဟေး....နှင်းတွေကျနေတာ ဘာမှသဲသဲ ကွဲကွဲ မမြင်ရဘူး၊ တို့ နွားတွေ ကို ဒီတောင် အကျော် လောက်မှာလွတ်ထားပြီးရင် ဒီတောင်ကုန်း ဟိုအထက်ဆီမှာ တောင်ပို့ မှို တွေ ပေါက်နေကျ နေရာ ရှိတယ်၊ သတိတော့ထား အဲဒီ မှိုပေါက်တဲ့ နေရာမှာ မြွေတွေလာ တက်တယ်။” (ယခင်တုန်းက ကျနော်ဒေသမှ တောသူတောင်သားများကား စပါးရိတ်သိမ်းချိန်ပြီးလျင် မိမိပိုင်သောနွားများကို တောတောင်တွင် လွတ်ထားခဲ့ကြပြီး ညနေစောင်းမှ ပြန်ရှာပြီးအိမ်သို. မောင်းနှင်ခဲ့ကြသည်။ ယခုစားကျက်မြေလည်း မရှိတော.၍ နွားမွေးမြူသူ အလွန်ရှားပါးခဲ့လေပြီ။)
"ေ.ရှဆီက ‘ကာရီ’ ( လယ်မြေများအတွက်ရေလွဲပေါက် လုပ်ထားတဲ့ ချောင်းစ နေရာ ကို ဒေသအခေါ် စကား) အစမှာ ဍ ရင်ကောက် (ဒေသအခေါ် ကောက်ကောက်ညွန့်) ပင်တွေရှိတယ်၊ ဆီခန်းရေခမ်း လေး စားချင်ရင် တစ်နပ်စာ လောက်ခူးခဲ့ပေါ့။”
သဘာဝ ဂေဟ စနစ်၏ အထောက် အပံ့ဖြင့် ကြီးပြင်း ခဲ့ ရသော ကျနော် နှင့်ကျနော်တို့  ရဲ့ ဒေသ ကဘ၀ရှင်သန်မှု ၊ နေစဉ်လှုပ်ရှားမှု မြင်ကွင်းများအခြေအနေ။ ကျနော် အနေဖြင်. မြင်ယောင်၊ ကြားယောင်ဆဲ။
နှစ်ကာလ အတော်အတန်ကြာခဲ့လေပြီ။ ကျနော်မိမိဒေသသို့  အခြေ အနေ အကြောင်းကြောင်း ကြောင့် မရောက်ခဲ့ သည်မှာ ဆယ် စုနှစ် (၂) ခု ပင် ရှိခဲ့ပါပြီ။ သို့ သော် မိတ်ဆွေ၊ဆွေမျိုး သားချင်းတို့  အား အမြဲ တစ် စေပြောင်းလဲ တိုးတက်မှုအခြေအနေများကိုအစဉ်
သတင်းများ၊ ဒေသခံတို့ ၏ ရင်ဖွင့် သံများ၊ စီးပွားရေး ပြောင်းလဲစေ ဖို့ စက်ရုံ အလုပ်ရုံ များ၊ သဘာဝ သယံဇာတတူးဖော်မှု များ နှင့်ဒေသခံတို့ ခွဲဝေ ရယူနိုင်မှု၊ အခွင့် အလမ်းပွင့်လင်းလာမှုများ အခြေအနေများတို.ကို အစဉ်တစိုက်နားထောင်မိသော အခါ စိုးရိမ်စိတ် ကလေး ၀င်လာမိသည်ကား အမှန်ပါ။
သဘာဝသံယံဇာတလည်း ပျက်စီး၊ စီးပွားရေး နှင့် လူနေမှု ဘဝလည်း မတက်လာဘဲ နောင်မျိုးဆက်သစ်များ အတွက်လည်း ဘာမှမချန်၊ ဘာမှမကျန် တော့မည် အခြေအနေများကို တွေးမိပူပန်မိခြင်း ဖြစ်ပါသည်။
တောင်တွေက တောင်ကတုံးဖြစ်ရုံမက ၊မိုင်းဖေါက်ခွဲခံရကာ ပျောက်ကုန်ကြလေပြီ။ ရေအောက်သတ္တ၀ါ မှီခိုရာ သန္တာ ကျောက်တန်းများပင်အဆစ်ပါမိုင်းခ
ချောင်းများလည်းတိမ်ကော၊ သစ်တောလည်းပြုန်း၊တောင်က ကတုံး ဖြစ်ခဲ့လေပြီ။ ကတုံးတောင်ပင် နေ.မြင်ညပျောက် ။ လယ်မြေမှာလည်း ချိုင့် ကဋေကဋာ။
သန္တာကျောက်တန်းများလည်းအစိတ်စိတ
ဒေသခံ လူများ၏ ညည်းညူသံ၊ ဆင်းရဲတွင်းနက်သံ များ ကြားရသည်. အခါ သဘာဝ ဂေဟစနစ် (Ecology)လည်းပျက်စီး၊ စီးပွားရေးစနစ် ( Economy) လည်း ဘာမှ မယ်မယ်ရရ ဖြစ်ထွန်းလာခြင်းမရှိ. ရသည်. အကြောင်း မညီညွက်ခြင်းကို အဖြေရှာဖို. လိုအပ်လာပြီဟု တွေးမိပါသည်။
စီးပွားရေး အကြောင်းကို တစ်ဖက်မှ ပြန်စဉ်းစားမိပါသည်။ နိုင်ငံတစ်နိုင်၏ စီးပွားရေး ဖွ.ံ ဖြိုးတိုးတက်မှု နှင်. လူနေမှု အဆင်.အတန်း၊ ပညာရေး အခြေအနေတို. မှာ တိုက်ရိုက် အချိုး ကျ ပါသည်။ အသိပညာ၊ အတက်ပညာ ချို . ယွင်း မှု ကြောင်. စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှု နှေးကွေးသလို ၊ စီးပွားရေး ချွက်ချူံ ကျ ခြင်းကြောင်. အသိဥာဏ်ပွင်.ထွက်လာမှု ပိတ်ဆို.နေရတက်ပေသည်။
စီးပွားရေးသမားများ ကား နယ်စည်းမခြားပါ။ အမြတ်အစွန်း ရမည် ဆိုပါက ကမ္ဘာ ကြီး၏ မည်သည်.နေရာပင် မဆို၊ မည်သူနှင်.ပင် မဆို စီးပွားရေး လုပ်ကိုင်ကြဖို. ၀န်မလေးသူများသာ။ ၄င်းတို. အတွက် ပထ၀ီ နယ်မြေ မကောင်း၊ ခေတ်မကောင်း၊ စနစ် မကောင်း သော ကြောင်. စီပွားရေး မလုပ်လိုတော.ပြီ ခြွင်းချက်မျိုး မရှိပါ။
ဒီဂျယ်တယ်စနစ် တိုးတက်ပြောင်းလဲလာသည် နှင်. အမျှ စီးပွားရေးသမားများ၏ နယ်ပယ် ကား ကျယ်ဝန်းလာ ပေသည်။ ကမ္ဘာ ကြီးသည်ပင် သူတို. ၏ ကစားကွင်း သဖွယ်ဖြစ်လာရသည်။
သို.သော် ကျနော်တို. ဆင်ခြင်တွေးတောနိုင်ရန်ကား “ ကမ္ဘာ ကြီး က ကစားကွင်းဖြစ်သွားပြီ ဆိုတိုင်း သူပြိုင်ကိုယ်ပြိုင် အခြေ အနေတစ်ခု ဟု ထင်မြင်ကာ မိမိ၏ ကစားသမား များ၏ နည်းဗျူဟာ ကျွမ်းကျင်မှု၊ အရည်အသွေး၊ သက်လုံကောင်းမှု အစရှိသော အခြေ အနေများကို ထည်. မတွက်ဘဲ စနစ်တကျ စုစည်းကာ ကစားပွဲပေါင်းများစွာ ကစားထား၍ ပွဲရည် ၀နေသော ၊ ပွဲပေါင်း မြောက်များစွာ အောင်မြင်မှု သရဖူ ရယူထားသော ကစားသမားများနှင်. နည်းဗျူဟာ ကျွမ်းကျင်သူများ ပါဝင်ဖွဲ. စည်းထားသော အသင်းများနှင်. ကစားပါက ၄င်းတို.၏ ကစားကွက်အောက် အလူးအလဲ ခံရမည်သာ ဖြစ်ပါသည်။”
တစ်ခါတစ်ရံ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲနေသည်. ပွဲလား၊ ညစ်တီးညစ်ပတ် ကစားကွက် မျိုးဖြင်. ကစားနေသလား ဆိုသည်ကား နည်းဗျူဟာ ကို စနစ်တကျ ပိုင်ပိုင်နိုင်နိုင် လေ့လာထားမှသာ သိ ရှိနိုင်ပါသည်။
“ ကမ္ဘာ ပြားပြီ” ( The World is Flat by Thomas L. Friedman၊ ဆရာကျော်ဝင်း ဘာသာပြန် ) ကို ဖတ်ရှူရခဲ့ သော အခါ ဖွံဖြိုးတိုးတက်သည်. နိုင်ငံများ၏ အံ့ဖွယ်ဘနန်း ပြောင်းလဲတိုးတက်မှုများ၊
နည်းပညာဖွံ့  ဖြိုးတိုးတက်မှု များက ကမ္ဘာကြီးကို ကျူံသွားစေပြီး ကစားကွင်းများပမာ ပြိုင်ဆိုင်နေကြသော သူများအကြောင်း သိရှိရသော အခါ ၀မ်းမြောက်ဝမ်းသာဖြစ်မိသည်။ ကမ္ဘာ ကြီး ပြားစေသည် ဟု ညွှန်းဆိုဖွဲ.ဆို ပြသော ရိုက်ချက်များ အကြောင်းကို ဖတ်ရှူရသော အခါ အော်… ဒီလို အဆင်.ဆင်. ပြောင်းလဲတိုးတက်မှုကြောင်. ကမ္ဘာ ပြားရခြင်း လို. ညွန်းဆို ရလေ သကိုး တွေးပြီး သဘောကျ မိပြန်သည်။
သို.သော် ကမ္ဘာကြီးသည် လုံးနေသည် ဟု အများပြောမှသိရပြီး၊ စနစ်တကျ ဖြင်. အဆင်.ဆင်. ပြောင်းလဲစေ သောရိုက်ချက်များ မရှိဘဲ ၊ ရုတ်တရတ် လုံးရာ မှ ပြားစေ ပြီ၊ “ဂလိုဘေ လိုင်ဇေရှင်း” (Globalization) အခင်းအကျင်းကို ၀င်ရောက် ကစားရမည်ဆိုလျင် ကမောက်ကမ ဖြစ် သွားနိုင်သည်.ကျနော်တို. ဒေသခံများအတွက် စိုးရိမ်စိတ်ဝင်လာ မိပါသည်။
အများက ကမ္ဘာလုံးကြောင်း ပြော၍ လုံးရသည်။ ယခုလည်း အများက ကမ္ဘာပြားပြီလို. ညွှန်းလေသောကြောင်. ပြားရလေသည် ဟု ရောယောင်မလိုက်ဘဲ မိမိတို. ရဲ့ နေရာကား အမှန်တကယ်ပင် စံချိန်စံညွှန်းအမီ အပြည့် အ၀ တိုးတက်နေသည်. အများက ညွှန်းဆိုထားသော ပြားနေသော ကမ္ဘာမျိုးလား။ မိမိပတ်ဝန်းကျင် လူတွေကကော “ ကမ္ဘာပြားပြီ” လို. ညွှန်းဆိုမှုကို အမှန်တကယ် လက်ခံသဘောပေါက်နားလည် ကြသလားကို ထည်.သွင်းစဉ်စားရန် လိုအပ်မည် ဟု ထင်မြင်မိပါသည်။
လက်တလော အခြေအနေ၏ ငွေကြေး ၊အလုပ်အကိုင်အခွင်.အလမ်းများ အဆင်ပြေနေမှု များကို ကြည်.၍
ဖွ.ံ ဖြိုးတိုးတက်နေပါသည် ဟု ဆုံးဖြတ်၍ မရနိုင်ပါ။နောင်အနာဂတ်ကာလ တွင် မိမိ၏ ရင်သွေးများ၊ နောင်လာ နောက်သားများက လက်ရှိအခြေအနေကြောင်. ပေးဆပ်ရမည်. တန်ဖိုးများကို ထည်.သွင်းစဉ်းစားရန် လိုအပ်ပါသည်။
ကမ္ဘာ. အနှံ. အပြားတွင် စီးပွားရေးချဲထွင်မှုကြောင်. သဘာဝ သယံဇာတများ အရင်းအမြစ် ပျက်စီးဆုံးရှုံးမှုများ ရင်ဆိုင် ကြုံတွေ. ရလျက်ရှိနေဆဲ။ အတိတ်ကာလက အမှားများစွာကြောင်.” အတိတ်ကို သတိရလို. လွမ်းရတဲ. အခါခါ ၊ နောင်ထပ်မမှားစေဖို.ရာ မျိုးဆက်သစ်တွေက သယံဇာတတွေကို တန်ဖိုးထားထိန်းသိမ်းတက်စေဖို.”
ဆင်းရဲတွင်း နက်လှပြီး အသိပညာ၊ အတက်ပညာများ ဆည်းပူးခွင့် မရသော၊ ကမ္ဘာကြီး၏ တိုးတက်ပြောင်းလဲမှု ဖြစ်စဉ်များကို ကျယ်ကျယ်ပြန်.ပြန်. လေလာစပ်စုခွင်. မရရှိကြသော တောသူတောင်သားများ၊ ကျနော်တို.၏ ဒေသကရှေးရိုးစွဲ များ (၀ါ) မပြားသေးသော ကမ္ဘာမှ လူများကား သမုဒ္ဒရာ ၀မ်းတစ်ထွာ အတွက် စီးပွားရေး လုပ်ငန်းရှင်များ အပေါ် မှီခို ရပ်တည်နေရဆဲပင်။ တစ်ရက်ဝင်ငွေ ကား တစ်ရက်ဝမ်းစာအဖြစ် ရှင်သန်ရပ်တည်ရင်းဖြင်. ဘ၀အခြေအနေတစ်ဆင်.မြင်.အောင် ပညာဆည်းပူးသင်ကြားခွင့်အခွင်.အလ
နာဂစ်ကာလ တုန်းက အဖြစ်အပျက်လေးတစ်ခုအား သတိရမိပါသည်-
“ကျနော်သည် ကျေးရွာတစ်ရွာ ကို ကူညီကယ်ဆယ်ရေးလုပ်ရန် သွားရောက်ခဲ့စဉ်က ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်း၏ ဒုတိယ အဆင်. အဖြစ် ပြန်လည်ထူထောင်ရေးလုပ်ငန်း အတွက် ကျေးရွာမှ လူတစ်ချို. နှင်. စကားစမြည်ပြောဆို ခဲ့ပြီး၊ ၄င်းတို.၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအ
ဤဖြစ်စဉ်ကို ကြည်.ကလည်း စီးပွားရေးလုပ်ငန်းရှင်များ၏ လွှမ်းမိုးထားနိုင်မှု ၊အရေးပါမှု အခန်းကဏ္ဍကို မေ.ကျန်ဖြုတ်ထား၍ မရပါ။
စီးပွာရေး နှင်. ဂေဟစနစ် အကြား အားပြိုင်မှု ကားပြင်းထန်လှပေသည်။ စီးပွားရေးဖွံ့  ဖြိုးတိုးတက်လာသည် နှင့် အမျှ ဂေဟ စနစ် ပျက်စီးဆုံးရှုံးမှု မဖြစ် ရလေအောင် သက်ဆိုင်ရာ ဥပဒေ စိုးမိုးရေးအဖွဲ .က မျက်ခြေ မပျက် စောင်.ကြည်.တည်.မတ်ပေးဖိုလည်း လိုအပ်ပါသည်။
နာမည်ကြီး စာရေးဆရာ Thomas L. Friedman ( The World is Flat မူရင်းစာရေးသူ) သည် အင်ဒိုနီးရှား နိုင်ငံ ဘာလီတွင်ကျင်းပသော ကမ္ဘာ ကြီး ပူနွေးလာမှု အချေအတင်ဆွေးနွေးပွဲ ကို လေ့လာရန် အသွား မြင်ကွင်းအတွေ . အကြုံကို ဖတ်မိသောအခါ ကျွန်တော်တို. နိုင်ငံသည်လည်း အင်ဒိုနီးရှား လို တူရူပြုမောင်းနှင်နေ သလားလို. တွေးမိနေခဲ့သည်။ မူရင်းစာရေးသူ Thomas L. Friedman မြင်ခဲ့ရသည်. မြင်ကွင်း အတွေ.အကြုံကို တစ်ဆင်.ဖောက်သည်ချ လိုက်ရပါသည်-
“ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလက ရာသီဥတု ကြီးကြီးမားမားပြောင်းလဲလာမှု ဆွေးနွေးပွဲကို ကမ္ဘာကုလသမဂ္ဂ မှ ဘာလီတွင် ကျင်းပရာ ကျနော်အနေဖြင်. ဘယ်လို ကမ္ဘာမျိုးက ကမ္ဘာကြီးပူနွေးလာမှုကို ရင်ဆိုင်ဖြေရှင်း ရန် ဆောင်ရွက်သင်.သည် အကြောင်း အချေအတင်ဆွေးနွေးမှုများ နှင်. အင်ဒိုနီးရှား၏ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများ၊ အဓိကအကြောင်းအရာ အဖြစ်၎င်းဒေသ၏ အမြဲစိမ်းသစ်တောများ ခုတ်လှဲမှုများ အကြောင်းကို ရေးသားရန် နှစ်ခုလုံး အတွက်လေ.လာဖို. သွားရန် ဆုံးဖြတ်ခဲ့ပါသည်။ ကျနော်မှာ ပါရှန် ပင်လယ်ကွေ့  မှ လာရခြင်းဖြစ်သောကြောင်. ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု နိုင်ငံမြို.တော်၊ အဘူ ဒါဘီ ( Abu Dhabi) မှတစ်ဆင်. ဘာလီသို. လေယာဉ်ခရီးစဉ်နှင်ခဲ့ရသည်။ ပျားပန်းခပ်မျှ အလုပ်ရှုပ်နေကြသော အဘူဒါဘီ လေဆိပ်တွင် မနက် ၂း၃၀ အချိန်၌ အက်သီဟက် လေကြောင်းလိုင်း ခရီးစဉ်
( Ethihad Airways Flight) ၏ လေယာဉ် ပေါ်သွားသို. တက်ရောက်ရန်သွားသည်. အခါ ၊ ကျနော်စီးရမည်.လေယာဉ်မှာ နောက်ဆုံးထွက်ရမည်. အလှည်.ဖြစ်သောကြောင်. ဂိတ်တာဝန်ကျမှ ခဏထိုင်စောင်.ရန် ပြောခဲ့ပါသည်။ သို.အတွက် ပြတင်းပေါက် အနီးအနားတွင် ထိုင်နေစဉ် လျှပ်စစ်ပစ္စည်းများ၊ ရှူးဖိနပ်များ၊ အ၀တ်အထည်များကို လျှံထွက်အောင်ထည်.ထားသော ကျောပိုးအိပ် လွယ်ကာ ပိုက်ဆံအိတ် ကိုယ်စီကိုယ်င ကိုင်ဆောင်ထားကြသော တစ်ဦးတစ်ယောက်မျှ ငါးပေ ( ၅-ပေ) ထက် ပိုမရှည်သော အင်ဒို နီးရှား မိန်းမပျို (၂၀၀) ခန်.သည် လေယာဉ်ပေါ်သို. တက်ရန်သွားနေကြသည် ကို ကြည်.ရှူမိပါသည်။ သိသာလှသည်မှာ ၄င်းမိန်းမပျိုများသည် နေထိုင်ခွင့် တစ်ခုခု ကုန်ဆုံးပြီးနောက် အိမ်ပြန်နေခြင်းမျိုး ။ သူတို.သည်“တိုလီမုစ”များ ၊ လက်ဆောင်ပစ္စည်းများ တို.ကို လက်ဆွဲအိပ် တိုင်း နှင်. ကျောပိုး အိပ်တိုင်း ထည်.သွင်းယူဆောင်သွားနေကြခြင်းပ
‘ ဒီ မိန်းကလေးတွေ အားလုံးက ဘာ များ လုပ်ကြတာတုန်း’ လို. ကျနော်၏ နံဘေးတွင် ထိုင်နေသော ၀တ်ကောင်းစားလှ ၀တ်ထားသော အိန္ဒိယ နိုင်ငံသား စီးပွားရေးသမားတစ်ဦးအား မေးမိခဲ့ပါသည်။ ‘သူတို. တတွေက အိမ်ဖော်တွေပါ’ ထိုသူက ပြန်ဖြေခဲ့ပါသည်။ ကျနော် သည် ထိုပုဂ္ဂိုလ်နှင်.ပင် စကားလက်ဆုံ ကျနေခဲ့တော.သည်။ သူကား စီမံ ခန်.ခွဲမှု အကြံပေးတစ်ဦးဖြစ်ပြီး၊ ကုန်ထုတ်စွမ်းအားမြင်.တင်ရေး ပတ်သတ်၍ပင်လယ်ကွေ. ဒေသအကြံပေး အစိုးရအဖွဲ.များအတွင်း လုပ်ကိုင်နေသူ တစ်ဦး လည်းဖြစ်ကြောင်း သိခဲ့ရပါသည်။ ၄င်းဒေသများအပေါ် ‘ ဂလို ဘေလိုင်ဇေးရှင်း’ ( Globalization) သက်ရောက်မှု များကို ပြောခဲ့ကြပြန်သည်။ ကျနော်တို.သည် အိန္ဒိယ နှင်. အင်ဒိုနီးရှား ကို နှိုင်းယှဉ် ပြောဆိုနေခဲ့သည် အချိန်သိပ်မကြာလိုက်ပါ။ နောက်ဆုံးတွင် ထိုပုဂ္ဂိုလ်ကား ကျနော်တို. အနီးအနားမှဖြတ်ကျော်လျက် လေယာဉ်ဆီသို. ဦးတည်နေသောအင်ဒိုနီးရှား အိမ်ဖော်များ၏ ထိုတန်းအရှည်ကြီး နောက်နားဆီသို. ပြန်သွားခဲ့လေတော.သည်။
‘ အင်ဒိုနီးရှားက အခြေခံအလုပ်ကြမ်းသမားတွေကို တင်ပို.တယ်၊ ဦးနှောက်တွေ (ပညာရှင်တွေ သို. မဟုတ် ပညာတက်တွေ) ကို မတင်ပို.ဘူး’ ဟု ထိုပုဂ္ဂိုလ်က ကောက်ချက်ချလိုက်ခဲ့သည်။ ‘ နိုင်ငံက လုပ်သင့်တဲ့ အရာ က သူ. လူတွေ ရဲ. ပညာရေးကို ပိုပြီးကောင်းအောင်လုပ်ပေးပြီး ၊ ကိုယ်.နိုင်ငံတွင်း လူတော်တော်များများ ကို ပိုကောင်းတဲ့ အလုပ်မျိုး နှင်. လုံခြုံအောင် လုပ်ပေးနိုင်တာမျိုး၊ ပြီးတော. အရေအတွက်နည်းနည်းပဲ ပြည်ပကို အခြေခံ အလုပ်ကြမ်းသမားများ အဖြစ် ရောင်းချသင်.တယ်လေ။’ သူကပဲ ထပ်မံ ဖြည်.စွက်ပြောပြန်သည်။
ကျွန်ုပ်တို. အပြန်အလှန်ပြောဆိုမှုများကို စိတ်ထဲ.တွင်မှတ်သားထားလိုက်ပြီး
သို.သော် ဂျာကာတာ (Jakarta) ရောက်ပြီးလို. မကြာခင်မှာပဲ သဘောပေါက်လိုက်မိတာကတော. ဒီအိမ်ဖော်တွေ နှင်. အင်ဒိုနီးရှားက သစ်ပင်တွေ ကြား တူညီတဲ့ဖြစ်တည်မှု (၀ါ) ဘုံ သဘောသဘာဝ ဆန်လှကြောင်းကို ပင်။ ကုန်ကြမ်းအလုပ်သမားတွေ နှင်. ကုန်ကြမ်းပို. သစ်ပင်တွေ၊ အခြေခံ အကြောင်းအရင်းအနေဖြင်. တူညီတဲ့ ပြဿနာ ၏ ကွဲပြားခြားနားမှုသရုပ်သကန် မျှသာ။
ဒါတွေကို အင်ဒိုနီးရှား၏ သစ်ပေါကြွယ်ဝရာဒေသ ဖြစ်သော ‘ပါပူးရာ’ ( Papua) က အုပ်ချုပ်သူ ‘ဘားနဘာ ဆူးဘု’ ( Barnaba Suebu) ဆို သူ ထံမှ သိရှိခဲ့ ရသည်။ ကျနော်တို. သည် သစ်ပင်တွေ အကြောင်းကို ပြောခဲ့ ကြသလိုပဲ အိမ်ဖော်တွေ အကြောင်းကို လည်း ပြော.ခဲ့ ကြပြန်တယ်။ သူ.ရဲ. ပြည်နယ်ဒေသက များပြားလှတဲ့ လူတွေဟာ နိမ်.ကျသော ၀င်ငွေသာရရှိနေကြပြီး၊ ပညာရေးမှာ လည်း အဆင်.နိမ်.သောကြောင်. ‘ ပါပူးရာ’ အပူပိုင်းဒေသ သစ်တောအတွင်း က သစ်ပင်များကို အမြဲ တစေ ခုတ်လှဲချရန် ကြံစည်အားထုတ်မှု ပြုလျက်ရှိနေကြသည်။ ၄င်းသစ်ပင်များကို ဒေသမှာ ကြားခံဝယ်သူ ကို ရာဂဏန်းမျှသာ ရှိသော ဒေါ်လာအနည်းငယ် ဖြင်. ရောင်းချကြသည်။ ထိုသူက ၄င်းသစ်များကို တရုတ် သို.မဟုတ် ဗီယက်နမ် ကို အနည်းငယ် ပိုမြတ်သော ရာဂဏန်းပိုပိုသာသာရှိသော ဒေါ်လာဖြင်. ရောင်းချပြန်သည်။ တစ်ဖန် ၄င်းသစ်ကို ပင် တရုတ် သို.မဟုတ် ဗီယက်နမ် မှ ကုန်ထုတ်လုပ်ငန်းရှင်က ပရိဘောက အချောထည်များပြုလုပ်ပြီး ထောင်ဂဏန်းစွန်းစွန်းမျှ သာရှိသော ဒေါ်လာဖြင်. ရောင်းချမှု ပြုခဲ့ကြသည်။ တိုကျို ၊ လော.အင်ဂျလိစ် သို.တည်းမဟုတ် လန်ဒန် ရှိ ပရိဘောက ဆိုင်မှာတော. ၄င်းပရိဘောဂများကို ထောင်ဂဏန်း ပိုပိုသာသာ ဒေါ်လာ ဖြင်. ရောင်းချလေတော.သည်။ သူတို.၏ ဒေသခံများကား ၄င်းတို. ၏ အလုပ်တွင် တန်းဖိုးထပ်မြင်. မှုဖြစ်စေသော အရည်အသွေးများ၊ ၄င်းသစ်များကို ပိုမိုကောင်းမွန်အောင်ပြုလုပ်နု
သစ်ပင်များ၊ အိမ်ဖော်များ၊ ပညာရေး၊ အုပ်ချူပ်ပုံ၊ စီးပွာရေး ဖွ.ံဖြိုးတိုးတက်မှု- ဒါတွေအားလုံးကား ဆက်နွယ်လျက်ရှိနေကြပါသည်။”
ကမ္ဘာ၏ သစ်တော ၂၅% ( နှစ်ဆယ်ငါးရာခိုင်နှုန်း) ၊ သဘာဝပန်းမန်မျိုးစိတ်များ၊ ရှားပါးတိရိ စ္ဆာန် နှင်. သံယံဇာတများ အများဆုံး ပိုင်ဆိုင်သည်. အင်ဒိုနီးရှားကား အခြားနိုင်ငံများက ရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်လာသော အခါ မျှော်လင်.ချက်များစွာဖြင်. ရွှေရောင်အိမ်မတ်များ မတ်ခဲ့ကြပါသည်။ (၁၀) စုနှစ် ကျော်လာသည်. အခါ လူသားအရင်းအမြစ်လည်း မတက်လာ၊ အထက်ပါမြင်ကွင်းမှ အိန္ဒိယနိုင်ငံသား စီမံခန်. ခွဲမှု အကြံပေးက သုံးသပ်သလို ပညာတက်လူတန်းစားများပေါ်ထွက် မလာဘဲ အခြေခံ အကြမ်းစားအလုပ်သမား တို.ကိုသာ ပြည်ပနိုင်ငံများကို တင်ပို. နိုင်ခဲ့လေသည်။ သို.သော် အင်ဒိုနီးရှားတွင် ရင်းနှီးမြုပ်နှံထားသော နိုင်ငံခြားကုမ္ပဏီများသည်ကား ပန်းပန်လျက်ရှိဆဲ၊ ပျားသကာလို ချိုလှဆဲ။
“ လူတစ်ယောက်ကို ငါးတစ်ကောင် ပေးလိုက်ပါ၊ သင်.အနေဖြင်. သူ.ကို တစ်ရက်စာပဲ ကျွေးမိလိမ်. မယ်။
လူတစ်ယောက်ကို ‘ လက်လှည်. ရောင်းခြင်း’ ( Arbitrage) ကို သင်ပေးလိုက်စမ်းပါ၊ သင်. အနေဖြင်. သူ.ကို တစ်သက်တာ ထာဝရ ကျွေးမွေးပြီးသား ဖြစ်လိမ်.မယ်။”
- Warren Buffett
( Arbitrage စကားလုံး ၏ ကျယ်ပြန်.သော သဘောသဘာဝရှိ၍ ဝေါဟာရ အကျယ်ကို မိမိ ကြိုက်သလို ချဲထွင်ရှာဖွေကြစေလို ပါသည်။)
ကျနော်တို. ဒေသမှ လူများအတွက် ငါးတစ်ကောင်ကျွေးပြီး၊ ငါးမျိုးတုန်းအောင်ထိ ရှာဖွေယူဆောင်သွားမည်.သူမျိုး ၊ စီးပွားရေးလုပ်ငန်းရှင်မျိုး မလိုအပ်ပါ။ ငါးလည်းဖမ်း၊ ငါးဖမ်းနည်း လည်းသင်၊ တစ်ဖက်မှလည်း ငါးမျိုးတုန်းပျောက်ကွယ်မသွားရေ
နောင်လာ နောက်သားများအတွက်ကျနော်တို. ရဲ. ဒေသ၊ ကျနော်တို.၏ တိုင်းပြည်မှာ ဘာတွေချန်ထားရမလဲ။
ဘာတွေကျန်စေခဲ့ရမလဲ။
သုံးလို.မကုန် ဖြုန်းလို . မကုန် ထင်ထားတဲ့ သယံဇာတ အရင်းအမြစ်တွေကား တဖြည်းဖြည်းတိမ်ကောလာနေပြီဖြစ်၍
သယံဇာတ ပေါများမှုကို ကျိန်စာသင်.တယ်လို. တကယ်ပဲ လက်ခံယူဆ ရတော.မလား။
သယံဇာတပေါများမှုကို ဥာဏ်ပညာမဲ့ လက်များက ကိုင်တွယ်လိုက်လို. ဘေးထွက်ဆိုးကျိုးများ၊ အသုံးချမှု အမှားများကို နောင်လာမည်.မျိုးဆက်သစ်တွေ အတွက် ၀န်ထုတ်ဝန်ပိုး အဖြစ်ထားခဲ့ ကြတော.မလား။
“ အရာနှစ်ခုတည်းသာ အဆုံးမရှိအန န္တ ၊ စကြာဝဠာ နှင်. လူတွေရဲ. မိုက်မဲမှု ပါပဲ။”
- အိုင်းစတိုင်း
အတွေးထဲဝယ် မေးခွန်းပေါင်းများစွာဖြင်.။
- ကောင်းမြတ်စံ ( 1/5/2013)
0 comments:
Post a Comment