Sunday, May 12, 2013

သင် သိပါသလား .... ??

Photo: သင် သိပါသလား .... ??  အမေ နေ့  ကို စတင် တည်ထောင်လှုံ့ ဆော်ခဲ့ သူဟာ သူ့ ရဲ့  ကျန်ရှိတဲ့ ဘဝ တစ်လျောက် လုံးကို ပြန်လည် ဖျက်သိမ်းဖို့  အတွက် ကြိုးပမ်းသွားခဲ့တယ် ဆိုတာ....ကိုပေါ့..။ 

 အနောက်ဗာဂျီးနီးယားပြည်နယ်သူအန်နာဂျာဗစ် ဆိုတဲ့ အမျိုးသမီး တစ်ဦးဟာ သူမ အမေ သေဆုံးပြီး နောက် ၂ နှစ်အကြာ  အမေရိကားနိုင်ငံ အတွက် အမေများကို သတိရ တမ်းတစေဖို့  အတွက် အားလပ်ရက် တစ်ရက်အဖြစ်သတ်မှတ် စေရန် စတင်လှုံ့ ဆော် မှုတွေပြု ခဲ့ပါတယ်။ 

သူမဟာ ပထမဆုံးသော အမေများနေ့ကို 1908 ခုနှစ်မှာ စတင်ကျင်းပခဲ့ ပြီးနောက် တစ်နိုင်ငံလုံးကျင်းပ စေဖို့  လှုံ့ ဆော်တိုက်တွန်းမှု တွေ ကို အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သူပါ။ 

အန်နာ့ မိခင်ဟာ Sunday School မှ ဆရာမ တစ်ဦးဖြစ်ပြီး စစ်ပွဲမှ ဒဏ်ရာရသူစစ်သားတွေကို ပြုစုစောင့်ရှောက်သူ တစ်ဦး လည်းဖြစ်ပါတယ်။ 

 အန်နာ ၁၂ နှစ်သမီးအရွယ်မှာ Sunday School  အတန်းထဲတွင်  မိခင်က  'Mothers of Bible' ကိုသင်ကြားစဉ်မှာ မိခင်ကြီး ပြောကြားခဲ့တဲ့စကားကို သူမ မမေ့နိုင်ခဲ့ပါဘူး ...။ 

သူမ မိခင်ကြီး က " " တစ်စုံတစ်ဦး၊ မည်သူပဲ ဖြစ်စေ.. အမေများကို အမှတ်တရ အနေနဲ့ ကျင်းပဆောင်ရွက် သတ်မှတ်ပေးခြင်း၊ အလေးအမြတ် ပြုခြင်းကို ပြု လုပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။  လောကကြီးတစ်ခုလုံးအတွက် ကဏ္ဌ ပေါင်းစုံအတွက် အနှိုင်းမဲ့ ပေးဆပ်တဲ့ အမေ တစ်ယောက်ရဲ့ နှလုံးသားနဲ့ ကြိုးပမ်းမှုကို အသိမှတ်ပြု လေးစားခံဖို့  အခွင့်အရေးရှိကိုရှိပါတယ် " ။ 

 အန်နာ့ ကြိုးပမ်းမှု့  အောင်မြင်ခဲ့တယ် ဆိုရပါမယ်။ သူမရဲ့ လှုံဆော်မှုဟာ အောင်မြင် ခဲ့ ပြီး 1914  ခုနှစ်မှာ အမေရိကန်နိုင်ငံရဲ့  ပထမဆုံးသော အမေများနေ့  ကို အမေရိကန် ကွန်ကရက်လွှတ်တော်မှ  တရားဝင် အားလပ်ရက်အဖြစ်သတ်မှတ် ကျင်းပ နိုင်ခဲ့ပါတယ်။

 1914 နှစ်နောက်ပိုင်း မှာတော့  အမေများနေ့ ဟာ  ဈေးကွက် လိုအပ်ချက်အရ စီးပွားရေးသမားတွေအတွက် ပန်းဆိုင်များ ၊ ပိုစ်ကတ်အရောင်းဆိုင်များ နှင့် ထုတ်ကုန် လုပ်ငန်းရှင်များအတွက် ကြီမားတဲ့ဈေး ကွက်ကြီးတစ်ခုဖြစ်လို့ လာခဲ့ပါတယ်။ 

ဒါပေမယ့် သူမ မျှော်လင့်သလို မိခင်များရဲ့ ကြီးမြတ်သော ပေးဆပ်မှုတွေ ကိုဂုဏ်ပြုလိုတဲ့ ဆန္ဒထက် အပေါ်ယံ ဟန်ဆောင်မှုတွေ နဲ့ အတူ သားသမီးတွေ အတွက် ဂုဏ်တုဂုဏ်ပြိုင် သရုပ်ပြ နိုင်ရန်အတွက်သာမက စီးပွားရေးဆန်သော နေ့တစ်နေ့  ဖြစ်လာ ပါတော့တယ်။ 

အားလုံးသော သူများကလဲ အမေများ နေ့ တစ်နေ့ ထဲအတွက်သာ မိခင်တွေကိုအာရုံစို်က်ဖို့ အလေးထားဖို့ ၊သတိတရ နှုတ်ဆက်စကားပြော လက်ဆောင်ပေးဖို့ ရည်ရွယ်လာ တတ်ကြတာ ကို သူမ မြင်တွေ့  ခံစားရပြီး တဲ့နောက်မှာတော့  

သူမ ကိုယ်တိုင်ပဲ အမေများ နေ့ ကိုဖျက်သိမ်းဖို့ သူမ ရဲ့ ကျန်ရှိတဲ့ဘဝသက်တမ်းတစ်လျောက်လုံး ကြိုးပန်း အားထုတ်သွားရှာခဲ့ပါတယ်။ 

Ref: My Gk facebook
history.com 

အားလုံးသော မိတ်ဆွေများလဲ  မိမိတို့ မိခင်များနေ့  ကိုနေ့စဉ်နဲ့ အမျှ အချိန်တိုင်းသတိရတမ်းတ ရင်း ကျင်းပ နိုင်ကြပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါရစေရှင်။

12/5/ 2013 
လေးစားချစ်ခင်လျက် 

မနတ်သမီး
 
အမေ နေ့ ကို စတင် တည်ထောင်လှုံ့ ဆော်ခဲ့ သူဟာ သူ့ ရဲ့ ကျန်ရှိတဲ့ ဘဝ တစ်လျောက် လုံးကို ပြန်လည် ဖျက်သိမ်းဖို့ အတွက် ကြိုးပမ်းသွားခဲ့တယ် ဆိုတာ....ကိုပေါ့..။

— with ကိုဝိုင် ဝိုင်ကေ and 60 others.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...