Friday, May 10, 2013

စည်းရုံးသိမ်းသွင်း စာစီစာကုံးရေးသားနည်း

ဝင်ခွင့်စာမေးပွဲအားလုံးနီးပါးလိုပင် လျှောက်ထားသူ၏ အရေးစွမ်းရည်ကိုသာမက ကျိုးသင့်ကြောင်းသင့် ရှင်းပြနိုင်စွမ်း၊ တစ်ဖက်သားအား မိမိတင်ပြလိုသည်ကို စွဲဆောင်စည်းရုံးနိုင်စွမ်းကို တစ်ပြိုင်တည်း စစ်ဆေးနိုင်သည့်စာစီစာကုံး persuasive or argumentative writing တစ်ပုဒ်တော့ ဖြေဆိုရလေ့ရှိသည်။ In persuasive or argumentative writing, we try to convince others to agree with our facts, share our values, accept our argument and conclusions, and adopt our way of thinking. ဆိုသည့်အတိုင်း မိမိတို့ဆင်ခြေများ၊ ယုံကြည်သည့်အရာများ၊  တန်ဖိုးများ အာဘော် များ ကောက်ချက်များ၊ စဉ်းစားပုံစဉ်းစားနည်းများအား သူတစ်ပါး လက်ခံလာအောင် ရေးသားရသည်။
၎င်းစွမ်းရည်သည် ကျောင်းဝင်ခွင့်ရရုံ စာမေးပွဲအောင်ရုံ သာတန်ဖိုးရှိသည် မဟုတ်ပါ။  ၀န်ထမ်းအစ နိုင်ငံရေးသမားအဆုံး မရှိမဖြစ်အသုံးပြုရမည့် လူမှုစွမ်းရည်တစ်မျိုး ပင်ဖြစ်သည်။ ထို့ကြောင့်စည်းရုံးသိမ်းသွင်းရေးသားနည်းကို လေ့လာထားသင့်သည်။
a good persuasive essay စည်းရုံးသိမ်းသွင်းစာစီစာကုံးကောင်းတစ်ပုဒ်၏လက္ခဏာများ
  • establishing facts အချက်အလက်တည်ဆောက်ခြင်း
လူဆိုသည်မှာယုတ္တိတန်/မတန် ဝေဖန်ပိုင်းခြားနိုင်သည့် အဆင့်မြင့်သတ္တ၀ါဖြစ်သည်။ မိမိတင်ပြလိုသည့်အာဘော်ရောက်အောင် ခိုင်မာသည့် ကိန်းဂဏန်း၊ သုတေသန၊ ရည်ညွှန်းအကိုးအကားတို့အား သူ့နေရာနှင့်သူ ထည့်သွင်းအသုံးပြုမှသာလျှင် ပရိတ်သတ် နားလည်လက်ခံလာပေလိမ့်မည်။

  • clarifying relevant values ဆီလျော်သည့်တန်ဖိုးများကို စာဖတ်ပရိတ်သတ်နားလည် အောင်ရှင်းပြနိုင်ခြင်း မိမိအမြင်၊ သူ့အမြင် နှိုင်းယှဉ်ကာမီးမောင်းထိုးပြနိုင်ရမည်။

  • prioritizing, editing, and/or sequencing ဦးစားပေးအထားအသို၊ နေရာချထားခြင်း
    အထောက်အထားအချက်အလက်များအား လိုအပ်သလို အရေးကြီးမှု အနည်းဆုံးမှ အများဆုံးသို့လည်းကောင်း၊ အများဆုံးမှ အနည်းဆုံးသို့လည်းကောင်း စီစဉ်ထားတတ်ရမည်။ တစ်ဆင့်ပြီးတစ်ဆင့် ဇာတ်ရှိန်မြင့်တက်လာအောင်ထားသိုတတ်ရမည်။

  • forming and stating conclusions  နိဂုံးကောက်ချက် တည်ဆောက်တင်ပြခြင်း“ထို့ကြောင့် . . . ဤသို့သာဖြစ်သင့်ကြောင်း” မိမိ၏အမြင်ကိုတင်ပြတတ်ရမည်။

  • "persuading"  စည်းရုံးဆွဲဆောင်ခြင်းစာဖတ်ပရိတ်သတ်အား မိမိတင်ပြသည့်ကောက်ချက်များသည် အများလက်ခံထား သော ကျိုးကြောင်းသင့်အချက်အလက်များနှင့်တန်ဖိုးများအပေါ်တွင် အခြေခံထား ပါသည်ဟု နားလည်လက်ခံလာအောင် ဆွဲဆောင်တတ်ရမည်။

  • having the confidence  ယုံကြည်ချက်ထားခြင်း
    မိမိကိုယ်ကိုယ်ယုံကြည်မှုမရှိသူတစ်ယောက်သည် အခြားသူတစ်ယောက်အား မည်ကဲ့သို့ဆွဲဆောင်နိုင်ပါမည်နည်း။ confidence ဖြစ်ဖို့ဆိုရာတွင် မိမိတင်ပြနေသည့် အကြောင်းအားကောင်းစွာနားလည်သဘောပေါက်ထားမှဖြစ်မည်။
စည်းရုံးသိမ်းသွင်း စာစီစာကုံးတစ်ပုဒ်ရေးရန် နည်းနာတစ်ချို့မှာအောက်ပါအတိုင်းဖြစ်သည်။
Write out the questions in your own words.  မေးခွန်းကိုကိုယ်နားလည်သလို ကိုယ့်ဘာသာပြန်ချရေးကြည့်ပါ။
Think of the questions posed in the assignment
ကိုယ်လုပ်ဆောင်ရန်ပေးထားချက်ထဲမှ မေးခွန်းများကိုစဉ်းစားကြည့်ပါ။ စာရေးရန် လိုအပ်သည့် သုတေသနနှင့် ဖတ်မှန်ခြင်းများပြုလုပ်နေချိန်တွင်
  • အချက်အလက်
  • ၄င်းအချက်အလက်တို့၏ယုံကြည်ကိုးစားနိုင်စွမ်း
  • ငြင်းခုံရမည့်အကြောင်းအရာတွင် မည်ကဲ့သို့ တစ်ဖက်သတ်ထင်မြင်ချက်များပါဝင်နေသလဲ။
  • စာရေးသူ၏ယူဆချက်ကိုမိမိဘယ်လိုထင်မြင်သလဲ။ စတာတွေကို မှတ်သားပါ။

List out facts
အချက်အလက်များကို စာရင်းပြုစုပါ။  အရေးကြီးလျှင်ကြီးသလို အစီအစဉ်နေရာချ၊ ဖြုတ်သင့်တာဖြုတ်ပါ။ ကိုယ့်ကိုယ်ကို “ဘာလိုသေးသလဲ” ဟူသည့်မေးခွန်းမေးပါ။

What are the "hot buttons" of the issue?
စိတ်ခံစားချက်သက်သက်နှင့်တုန့်ပြန်မှုတွေကို မှတ်ထားပါ။ တစ်ချိန်ပြန်အသုံးပြုနိုင် ပါလိမ့်မည်။

Start writing a draft!  အကြမ်းအရင်စရေးကြည့်ပါ။
မိမိစိတ်ထဲရှိတာအရင်ချရေးကြည့်ပါ။ ဒီအချိန်တွင် သဒ္ဒါစည်းမျဉ်း၊ စာလုံးပေါင်းများကို အာရုံထဲသိပ်မထည့်ပါနှင့်။
ပထမဦးဆုံးစာပိုဒ်ရေးကြည့်ပါ။
  • ခေါင်းစဉ်ကိုမိတ်ဆက်ပါ။
  • စာဖတ်သူကို ကိုယ့်ရှုထောင့်ကိုအသိပေးပါ။။
  • စာဖတ်သူကို ဆက်ဖတ်ရန်ဆွဲဆောင်ပါ။
  • တစ်ခါတင်ပြလျှင် အချက်အလက် သုံးခုတင်ပြသည့်စံနစ်ကိုကျင့်သုံးပါ။ (သုံးခုထက်ပိုများလျှင်စာဖတ်သူအာရုံထဲရောက်ဖို့မလွယ်ပါ။)
Establish flow from paragraph to paragraph
  • စာပိုဒ်တစ်ပိုဒ်မှတစ်ပိုဒ်ကူးပြောင်းရန်ချိတ်ဆက်သည့်ဝါကျများထည့်ပါ။
  • မိမိလေသံကို တက်ထာဝစဉ်တက်ကြွနေပါစေ။
  • မိမိ၏စာသြဇာရှိရန် အကိုးအကားများပြုလုပ်ပါ။
  • မိမိပန်းတိုင်မှလွဲမသွားအောင်အာရုံစိုက်ပါ။
  • မိမိငြင်းဆိုမှုသည် ယုတ္တိရှိပါစေ။
  • အချိန်မတန်ဘဲ နိဂုံးအဆုံးအဖြတ်ပေးခြင်းရှောင်ပါ။
  • နိဂုံးချုပ်လျှင် တင်ပြခဲ့သမျှကို အတိုချုံးပြောပါ။ ပြီးလျှင် ဆက်စပ်ကာ “ထို့ကြောင့် . . . ဤသို့ဖြစ်သင့်သည်” ဟုကိုယ့်အာဘော်ကိုတင်ပြပါ။ နိဂုံးချုပ်စာကြောင်းသည် နိဒါန်းရှိ ပဓာနအာဘော်ကို ပြန်ထင်ဟပ်ပါစေ။ မိမိတင်ပြခဲ့သမျှသည်ကျိုးကြောင်းဆီလျှော်မှု ရှိမရှိ ပြန်ဆန်းစစ်ပါ။
Edit/rewrite the first paragraph
တစ်ကြိမ်တည်းဖြင့် အကောင်းဆုံးသောစာကိုမရနိုင်ပါ။ အကြိမ်ကြိမ်ပြန်ဖတ်ရှုတည်းဖြတ်မှသာ တစ်ခါထက်တစ်ခါ တိုးတက်ကောင်းမွန်သောစာကိုရနိုင်ပါမည်။
Take a day or two off!
အရေးမကြီးသယောင်ထင်ရသော်လည်း လက်တွေ့စာရေးသားနေသူများအတွက်အလွန် အသုံးဝင်သည့်နည်းစံနစ်တစ်ခုဖြစ်ပါသည်။ စာရေးသူတစ်ဦးအတွက် တစ်ချိန်နှင့်တစ်ချိန် ဈာန်ဝင်စားမှုမတူညီသည့်အတွက် တစ်ရက်နှစ်ရက်ပစ်ထားပြီး မှပြန်ရေးခြင်းဖြင့် မတူညီသောရှုထောင့်များရနိုင်ပါသည်။
Re-read your paper
မိမိရေးထားသည်ကို ပြန်ဖတ်ရပါ။  “အဓိပ္ပါယ်ရှိရဲ့လား။ စာဖတ်သူကကော လက်ခံပါ့မလား။ သူတို့ မိမိဆိုလိုသည်ကို နားလည်ပါ့မလား” စသည်ဖြင့် မိမိကိုယ်ကိုမေးခွန်းထုတ်ပါ။
  • လိုအပ်သလို အကြိမ်ကြိမ်တည်းဖြတ်၊ ပြင်ဆင်ပါ။
  • သဒ္ဒါနှင့်စာလုံးပေါင်းစစ်ပါ။
  • မိတ်ဆွေတစ်ယောက်အားပေးဖတ်ကာ အကြံဥာဏ်ရယူပါ။

persuasive ဆိုသည့်အတိုင်း အငြင်းပွားဖွယ်ကိစ္စများကို ဆွဲဆောင်ရလေ့ရှိသဖြင့် မိမိရပ်တည်ချက်ကို ဝေဖန်မှုများနှင့်မလွဲမသွေရင်ဆိုင်ရပေလိမ့်မည်။ ၄င်းဝေဖန်မှုများသည် မိမိအားနည်းချက်ကို ထောက်ပြသည်ဟုသဘောထားပါ။ ကိုယ်ရေးကိုယ်တာနှိပ်ကွပ်မှုဟု ဘယ်တော့မှသဘောမထားပါနှင့်။
မိမိတင်ပြသည့်အချက်အလက်များအား ဝေဖန်ခံရပါက သေသေချာချာပြန်စစ်ကြည့်ပါ။ ကိုးကားစရာများကို ကိုးကားပါ။
တစ်ခါတစ်ရံမိမိတန်ဖိုးထားသည့်စံနှုန်းများအား ဝေဖန်ခံရပါက ခံနိုင်ရည်ရှိအောင်လေ့ကျင့်ပါ။ သူတပါးကိုဆွဲဆောင်မည့်သူသည် မိမိကလည်း သူတစ်ပါး၏အမြင်များမှသိမ်းသွင်းမှုကို လက်ခံကြောင်းပြသပါ။

ဇာနည်(MyWay!)

Read more: စည်းရုံးသိမ်းသွင်း စာစီစာကုံးရေးသားနည်း - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A857926&xgs=1&xg_source=msg_share_topic#ixzz2SrnjL51v

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...