ပြည်သူလူထုရေရှည်အကျိုးစီးပွားလား၊ နိုင်ငံတော်ပွဲစားကြီးလား
စစ်အစိုးရလက်ထက်ကတည်းက အာဏာကိုဗဟိုပြု၊သေနတ်ပြယူ၊ သိမ်းယူ၊ ဥပဒေပညာရှင်များကို ခိုင်းယူ၊
ထားခဲ့တဲ့အိမ်ခြံမြေ၊ လယ်မြေ၊ ယာမြေ၊ တောမြေ၊ တောင်မြေ။ မြေလွတ်မြေရိုင်း၊ သစ်တောကြိုးဝိုင်းများ သည်
ယခုအချိန်အခါသမယ သို့မဟုတ်ဆက်ထုံးဖြေကာလ အရောက်မှာတော့ ပြဿနာပေါင်း သောင်းခြောက်ထောင်၊ အမယ်ဘုတ် ချည်ခင်လို ရှင်းလို့ မကုန်၊ တောင်ပုံယာပုံ၊ အဖြစ်သို့ပေါ်ပေါက်လျှက်ရှိနေပြီး ၊နိုင်ငံတ၀ှမ်း
ပြဿနာလွှမ်းလျှက် ရှိနေပါတော့သည်။
လက်ရှိအစိုးရ၊လက်ထက်တွင်လည်းခွေးအမြီးကောက်၊ သံပြောင်းစွပ်ဆိုတဲ့အတိုင်းစစ်အစိုးရရဲ့
မင်းသား မျက်နှာဖုံး ကျွတ်စပြုလာပုံကတော့ ရှမ်းပြည်နယ်တောင်ပိုင်း အင်းဒေသဟော်တယ် ဇုံပြဿနာမှာ အင်းခြံတွေမှာအင်းသားတွေ ဓါးမဦးချသားစဉ်
မြေးဆက်လုပ်ကိုင်စားသောက်လာခဲ့လို့ ပညာတတ်တွေ မနည်းမွေးထုတ်နိုင်ခဲ့ပါတယ်။ နိုင်ငံအကျိုး၊ ဘာသာသာသနာအကျိုးထမ်းပိုးနိုင်ခဲ့ကြပါတယ်။
နိုင်ငံတော်လက်မှတ်ကိုင်ဆောင်ပြီးတော့ အစိုးရအဖွဲ့ လူလည်ကျပုံများကတော့ဖြင့်
နိုင်ငံတော်လို့ပြောလိုပြော၊ အစိုးရဆိုပြီးတော့ လုပ်လို့လုပ်၊ပြည်သူကို အရှိန်အာဝါသနဲ့ဟောက်စား၊
ငေါက်စားလုပ်ပြီး။ ဥပဒေပြ၊အာဏာနဲ့သိမ်းယူပြီး၊ ဆန္ဒပြမှုတွေဖြစ်ပေါ်လာမှ စစ်ဗျူရိုကရက် အရင်းရှင်ကြီးများ၏
သားသမီး တွေရဲ့ဘိနပ်ဖိုး၊ မုန့်ဖိုးသာသာရှိတဲ့လျှော်ကြေးနဲ့ ကမ်းလှမ်းလာကြတယ်။
ဘာတဲ့မြေတစ်ဧက (၅) သိန်းတဲ့။
ခေတ်သစ်အစိုးရကသိမ်းယူထားတဲ့မြေယာတွေကိုခရိုနီများကိုလေလံပေးရောင်းချတဲ့ဈေးကြတော့
သိန်း(၇၅၀)၊သိန်း(၈၅၀)၊သိန်း(၉၅၀)ဆိုပြီးရောင်းချခဲ့တယ်။ဒါဟာဖြစ်သင့်၊လုပ်သင့်၊ပါသလား၊ဒါဟာပြည်သူလူထုရေရှည်အကျိုးစီးပွားတဲ့လား၊စစ်ခရိုနီ၊စစ်ဗျူရိုကရက်တွေရဲ့ရေရှည်အကျိုးစီးပွားလားဆိုတာကို
တော့စာနာစိတ်ရှိတဲ့လူတိုင်း၊ဥပဒေကိုနားလည်တဲ့လူတိုင်း၊ဟာ
ဒါဟာမတရားမှုလား၊တရားမှုလား
ဆိုတာကိုတော့မေးနေစရာလိုမည်မထင်တော့ပါ။
ဒဲ့ဒိုးပြောရရင်တော့နိုင်ငံတော်ဆိုတဲ့စကားလုံးနဲ့ပြည်သူကိုချိန်းခြောက်ပြီးပြည်သူထံမှ(၅)သိန်းနဲ့ဥပဒေပြ
တိုက်ယူ၊လုယူပြီးတော့ခရိုနီတွေကိုတော့သိန်း(၇၅၀/၈၅၀/၉၅၀)နဲ့ရောင်းစားတာဟာခေတ်သစ်အစိုးရရဲ့
ဥပဒေပြ၊ အမြတ်ကြီးစား၊ခေါင်းပုံဖြတ်လိုက်တဲ့ ကမ္ဘာ့အကြီးဆုံးနိုင်ငံတော်ပွဲစားကြီးပါဘဲ။
ဒါအပြင်သူတို့ကပြောလိုက်သေးတယ်။ဘာတဲ့
ဒီမှာဟောတယ်ဇုံကြီးဖြစ်လာရင်၊နိုင်ငံတကာကရင်နှီးမြှုပ်နှံ့မှုတွေလာကြမယ်၊အဲဒီအခါမှာခင်ဗျားတို့တွေအတွက်အလုပ်အကိုင်အခွင့်အလမ်းတွေအများကြီးပေါ်ပေါက်လာမယ်။ဒါဟာနိုင်င့တော်အစိုးရကပြည်သူလူထုရေရှည်အကျိုးစီးပွားကိုရှေးရူပြီးအစိုးရကစိတ်ကောင်းစေတနာအပြည့်နဲ့လုပ်ဆောင်ပေးနေတာဖြစ်တယ်တဲ့။
အပြောကတော့ရွှေမန်း၊ကတော့ချိုမိုင်မိုင်ပါဘဲ။
သြော်ချလောက်ပါရဲ့ခင်ဗျာ………ဓါးနဲ့ကျောချခံခဲ့ရတဲ့နှစ်ပေါင်းလည်းမနည်းတော့ပါဘူး။
စဉ်းစားကြည့်ကြပါဦးခင်ဗျာ…….
ဟော်တယ်ဇုံတွေကြောင့်အလုပ်အကိုင်အခွင့်အလမ်းတွေဆိုတာဒီလူတန်းစားတွေဆိုတာသေစာရှင်စာ
လောက်သာဖတ်တတ်ရေးတတ်တဲ့လူတွေ၊အတွက်ဒီဝန်ဆောင်မှုလုပ်ငန်းတွေအတွက်အိမ်သာဆေး၊ပန်း ကန်ဆေး၊ညစောင့်၊အလုပ်အကိုင်အခွင့်လမ်းများသာပေါ်ပေါက်လာနိုင်ပါတယ်။ကိုယ့်ထီး၊ကိုယ်နန်းနဲ့သား
စဉ်မြေးဆက်လုပ်ကိုင်စားသောက်လာတဲ့ဘ၀ကနေကျွန်ဘ၀ကိုမသေခင်အရှင်လတ်လတ်ဘ၀ကူးရမည့် ကိန်းပါ။ကြံ့ဖွံ့အစိုးရကတော့ပြည်သူလူထုကိုပထမအနုနည်းနဲ့ချောမော့စည်းရုံးပါတယ်။စည်းရုံးလို့ရတဲ့လူတချို့က
တော့
“ အဘတို့ကတော့စာလည်းမတတ်၊ထောင်ထဲလည်းမနေရဲတော့၊ရတာလေးဘဲယူလိုက်မယ်”
ဆိုပြီးရတာယူတဲ့လူတချို့လည်းရှိပါတယ်။
စည်းရုံးလို့မရတဲ့လျှော်ကြေးမယူတဲ့လူတွေကိုတော့
မတရားတဲ့ဥပဒေတွေတစ်ခုပြီး တစ်ခုထုတ်၊တရားစွဲ၊ အမှုချိန်းပါတယ်။ ဆင်းရဲပြီးရိုးသားတဲ့အင်းသူ၊ အင်းသား
တွေအလုပ်အကိုင်ပျက်အောင်၊ တစ်စုတစ်စည်းထဲ မဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့
နိုင်ငံတော်လုံခြုံရေးကို ဗန်းပြပြောဆိုပြီး၊ အမှုရင်ဆိုင်ရတဲ့ တရားရုံးများကို ပထမညောင်ရွှေတရာရုံး၊
ဒုတိယတောင်ကြီးတရားရုံး၊ နောက်ကလောတရာရုံးဆိုပြီး ဟိုရွေ့ဒီပြောင်းလုပ်ကာ တရားစွဲဆိုနေတာဟာ
Rule of law (တရားဥပဒေစိုးမိုရေးလား)၊ တရားသူကြီးတွေကလည်းအထက်မှ ညွှန်ကြားလာမည့် စာအိပ်ကို
မျှော်ပြီးတော့အလုပ်လုပ်နေကြတုန်းပါဘဲ။ ဒါမျိုးတွေသည်၊မီးကုန်ရမ်းကုန်မိုက်ရိုင်းခဲ့တဲ့ စစ်အစိုးရလက်ထက်တုန်း အချိန်အခါတုန်းကနဲ့ ထပ်တူထပ်မျှလိုပါဘဲ။
ပွင့်လင်းစွာပြောရရင်တော့
“ အုပ်ချုပ်ရေးကတရားစီရင်ရေးကို လွှမ်းမိုချုပ်ကိုင်နေတုန်းပါဘဲ”
တနည်းပြောရရင်တော့ စစ်အစိုးရအတွက်တော့ ပိုနေမြဲ၊ကျားနေမြဲပါ။
Master Po and The
Tiger. ပါဘဲ။
ပြည်သူလူထုအနေနဲ့ကတော့ ဖွတ်ကျောပြာစု၊ ဖွတ်မင်းနောင်တော်၊ ဖွတ်တကာ့ထိပ်ခေါင်၊ ကမ္ဘာ့စံချိန်ဆောင်ပါဘဲခင်ဗျာ။
အင်းသူ/အင်းသားအများစုအနေနဲ့ကတော့
“မကျေလည်မပြေလည်မချင်း၊ ဆန္ဒပြတောင်းဆိုမယ်၊ မိုးမကျခင်ထွန်းတုံးတိုက်ပွဲဆင်နွဲမယ်ဆိုပြီး တိုက်ပွဲဝင်
နေကြပါတယ်။ အဲဒီလိုတိုက်ပွဲဆောင်နေကြတဲ့သူများကို၊ ပုဒ်မ၁၈၈/ပုဒ်မ၃၅၃ဆိုပြီး အုပ်ချုပ်ရေးကအမိန့်ပေး
၊တရားရေးကဆောင်ရွက်ပေးဆိုတဲ့ မှုအတိုင်းအနိုင်ပြု၊ ဗိုလ်ကျစိုးမိုးနေကြတာကိုတော့ ဘယ်သူတွေကိုအားကိုးလို့ အားကိုးရမည်မှန်းမသိတော့ပါ။
တရားဥပဒေစိုးမိုးရေး၊ခေါင်းဆောင်ကြီးလည်း ဘယ်သဝေထိုးနေတုန်းမသိပါ။
အဲဒီသပိတ်ဆောင် အုပ်စုရဲ့တောင်းဆိုချက်များကတော့
(၁) ယာမြေသိမ်းခံအင်းသူ၊အင်းသားတွေကို စွဲဆိုထား
တဲ့မတရားတဲ့ ပုဒ်မဖြစ်တဲ့ပုဒ်မ (၁၈၈) နဲ့ ပုဒ်မ (၃၅၃) တိုကိုချက်ချင်းရုတ်သိမ်းပေးရန်။
(၂) ကလောတရားရုံးသို့ ရွေ့ပြောင်းအမှုရင်ဆိုင်ရခြင်းကို ဖျက်သိမ်းပေးရန်
(၃) ခေတ်သစ်အစိုးရကသိမ်းယူထားတဲ့
မြေယာများကို ကာလတန်ကြေးနဲ့လျှော်ကြေးပေးရန်။ဖြစ်တယ်။
ဒီတော့အင်းသူ၊အင်းသားတွေအနေနဲ့ဒီတောင်းဆိုချက်တွေမရရင်ဘာဆက်လုပ်ကြမလဲလို့မေးကြည့်
လိုက်တော့
““ ငတ်ပြီးတော့မသေ၊တိုက်ပြီးတော့သေမယ်၊”
တဲ့။
မောင်သာမြား
0 comments:
Post a Comment