Thursday, May 16, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၆-၅)

သစ်ထူးလွင်



Posted: 16 May 2013 06:16 AM PDT
လွန်ခဲ့တဲ့ ၁၅ နှစ်က ပုံတူ မျိုးပွား နည်းပညာနဲ့ သိုးမလေး ဒေါ်လီကို မွေးထုတ် ခဲ့ပြီးနောက် ဒီနည်းပညာနဲ့ပဲ ပထမဆုံး လူ သန္ဓေသားကို ဖန်တီး နိုင်ခဲ့ပြီလို့ အမေရိကန် သိပ္ပံ ပညာရှင် တစုက ပြောကြား လိုက်ပါတယ်။ သန္ဓသားလောင်းက အနုဆုံး အဆင့်မှာပဲ ရှိပါသေးတယ်။ ဒီသန္ဓေသားကို ကလေး တယောက် ဖြစ်ဖို့ထိ ဖန်တီးဖို့ မရည်ရွယ်ဘူးလို့ သိပ္ပံ ပညာရှင်တွေက သတိထား ပြောနေကြပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သန္ဓေသားကို ကလေး ဖြစ်ဖို့ထိ ဖန်တီးဖို့ မရည်ရွယ်

Posted: 16 May 2013 06:08 AM PDT
လေတိုက်နှုန်း တနာရီ ကီလို ၁၀၀ လောက် အထိ ရှိပြီး၊ ဘင်္ဂလားဒေ့ရှ် ဘက်မှာ သစ်ပင်တွေ ပိလို့ အနည်း ဆုံး လူ ၁၂ ဦး သေဆုံး သွားခဲ့ ပါတယ်။ လူပေါင်း ၁ သန်း ကျော် ဟာလည်း အရေးပေါ် ကယ်ဆယ်ရေး နေရာတွေမှာ ခိုလှုံနေ ကြပါတယ်။ ကော့ဇ်ဘဇား နဲ့ စစ်တကောင်း ဒေသ တို့ကတော့ မုန်တိုင်း ဒဏ် အဆိုးဆုံး ခံရမယ့် နေရာတွေ ဖြစ်ပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မုန်တိုင်း ကြောင့် မောင်တော မြို့နယ် ကမ်းခြေမှာ ရေလှိုင်းဟာ (၆)ပေ ကနေ(၈)ပေခန့် အထိ မြင့်တက် နိုင်

Posted: 16 May 2013 05:30 AM PDT
ယနေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်အချိန်တွင် မြန်မာ့လေကြောင်းမှ ခရီးသည်တင် လေယာဉ် ဖော်ကာ အမှတ် XY-AIQ သည် ဟဲဟိုးမှ ထွက်ခွာလာပြီး မိုင်းဆက် လေယာဉ်ကွင်းသို့ဆင်းသက်ရာတွင် ဘရိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် အရှိန်လွန်၍ လေယာဉ် ပြေးလမ်းကိုကျော်ပြီး ကိုက် ၂၀၀ အကွာရှိ ခြံစည်းရိုးတွင် ရပ်တန့်သွားခဲ့ကြောင်း၊ လေယာဉ်၏ ဝဲဘက်တောင်ပံနှင့် ဝဲဘက်ဘီးများ ပျက်စီး သွားခဲ့ကြောင်း ခရီးသည် ၅၅ ဦးပါရှိပြီး အမျိုးသမီး ၂ ဦး လက်ကျိုးပြီး ထိခိုက် ဒဏ်ရာ ရခဲ့ကြောင်း၊ မစိုးရိမ်ရကြောင်း၊ ဒဏ်ရာရသူများအား မိုင်းဆက် ကုတင် ၁၀၀ တပ်မတော် ဆေးရုံးသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း ခရီးစဉ်အား ဆက်လက်ပို့ဆောင်နိုင်ရေး လေယာဉ် အစားထိုး ပြေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ယနေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် ဖြစ်ပွားခဲ့သည့် မြန်မာ့လေကြောင်း ခရီးသည်တင်လေယာဉ် မတော်တဆမှုနှင့် ပတ်သက်၍ မြန်မာ့လေကြောင်းမှ အထွေထွေမန်နေဂျာနှင့် ဆက်သွယ်မေးမြန်းချက် --

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


MRTV


Posted: 16 May 2013 05:13 AM PDT
ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီ ခရိုင်ထဲမှာ လှေလုပ်သား အဖြစ် ရောင်းစားခံရတဲ့ မြန်မာရွှေ့ပြောင်း အလုပ် သမားတွေကို ထိုင်းအန်ဂျီအိုနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့က သွားရောက် ကယ်ထုတ်နိုင် ခဲ့ပါတယ်။ လှေပေါ်မှာ ရောက်ရှိနေတဲ့ မြန်မာ အလုပ်သမား တဦးရဲ့ ဖုန်းဆက် အကူအညီ တောင်းဆို ချက်အရ သက်ဆိုင်ရာ ရေတပ်နဲ့ ဆတဟိပ် မြို့မရဲစခန်း တာဝန်ရှိသူတွေ မေ ၁၅ ရက်နေ့ နေ့လယ်ပိုင်းမှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရေလုပ်သားများ (ဓာတ်ပုံ - dailynews)

Posted: 16 May 2013 05:07 AM PDT
မဟာစင်ဆိုင်ကလုန်း မုန်တိုင်းရဲ့ အရှိန်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ အခုအချိန် ကစလို့ နေရာကွက်ပြီး မိုးကြီးမယ်၊ လျှပ်တပြက် ရေကြီးတာတို့  မြေကျွံကျပြီး မြေပြိုတာတို့၊ တောင်ပေါ်ကားလမ်းတွေ မြေပြိုကျပြီး ပိတ်ဆို့တာတို့ ဖြစ်ပေါ် နိုင်တယ်လို့ မိုးလေ၀သဌာနက ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မဟာစင်နဲ့ ပတ်သက်ပြီး မိုးလေ၀သဌာန ညွှန်ကြားရေးမှူး ဦးချစ်ကျော်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဆိုင်ကလုန်းမဟာစင် ကုန်းတွင်းဖြတ်ကျော်သွားပြီလို့ သိရပါတယ်။ နောက်ဆုံးအခြေအနေ ပြောပြပေးပါ။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို စစ်တကောင်းမြို့အနီးကနေ ဖြတ်ကျော်သွားပါတယ်။ ၃ နာရီ ၄၀ လောက်ဖြတ်တယ်။ ကျနော်တို့က ၃ နာရီ မိနစ် ၃၀ တိုင်းထွာချက်တွေကို အခြေခံပြီး ၄ နာရီမှာ သတင်းထုတ်ပါတယ်။ လက်ရှိ ကမ်းခြေကိုဖြတ်ကျော်နေတဲ့ အခြေအနေဖြစ်လို့ အညိုရောင်အဆင့်ပါ။ ”

ရခိုင်ဘက်က မုန်တိုင်းဒဏ်နဲ့ ကင်းလွတ်သွားပြီလို့ ပြောရင်ရမလား။

“မရပါဘူး။ မုန်တိုင်းကမ်းဖြတ်သွားချိန်မှာ ရခိုင်ကမ်းရိုးတန်းဘက်မှာ မောင်တော၊ စစ်တွေခရိုင်တို့မှာ လေဒဏ်၊ မိုးဒဏ်ခံနေရတယ်။ ဘယ်လောက်ထိခိုက်တယ်ဆိုတာ မသိသေးဘူး။ ခန့်မှန်းထားတာတော့ မောင်တောကမ်းခြေမှာ ပထမ ရေလှိုင်းအမြင့် ခန့်မှန်းတာ ၈ ပေ ကနေ ၁၀ ပေအထိ။ ဒါပေမယ့် မုန်တိုင်းက ပထမကမ်းဖြတ်ခါနီးမှာ အင်အားနည်းနည်းလျော့သွားတယ်။ လေတိုက်နှုန်းကလည်း ၁ နာရီ မိုင် ၅၀-၆၀ ပြန်ကျသွားတယ်။ ဒါကြောင့် လေတိုက်နှုန်းခန့်မှန်းချက်ကို ၁ နာရီ မိုင် ၅၀၊ ၆၀ တိုက်နိုင်တယ်။ မုန်တိုင်းကြောင့် မြင့်တက်နိုင်တဲ့ ရေလှိုင်းကလည်း မောင်တောကမ်းခြေမှာ ၆ ပေ ကနေ ၈ ပေကလောက်ပဲ တက်တော့မယ်။ စစ်တွေခရိုင်မှာဆို ၄ ပေမှ ၆ ပေ။ အရင် ထုတ်ထားတဲ့ ကျောက်ဖြူခရိုင်မှာဆိုတာကို မထည့်တော့ဘူး။ ကျောက်ဖြူမှာ မတက်နိုင်တော့ဘူးလို့ ခန့်မှန်းလို့ပါ။ မုန်တိုင်းနဲ့အတူ မိုးသည်းထန်စွာရွာသွန်းနိုင်လို
့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တွေမှာ နေရာကွက် မိုးကြီးမယ်လို့ ထည့်ထားတယ်။ ဘာလို့လဲဆိုတော့ နေရာကွက်မိုးကြီးရင် လျှပ်တပြက် ရေကြီးတာ၊ မိုးများလို့ မြေကျွံပြီး ပြိုတာ၊ တောင်ပေါ်ကားလမ်းတွေဘေးက မြေကမ်းပါးယံတွေဟာ ပြိုပြီး ကားလမ်းပေါ်ကျလို့ ကားလမ်းတွေသွားလို့မရအောင် ဖြစ်ပြီး အဆက်အသွယ်ပြတ်တောက်တာတို့ ဖြစ်မယ်ဆိုတဲ့ သဘောတရားကို ရည်ညွှန်းပြီး ထည့်ပါတယ်။ မိဘပြည်သူတွေသိအောင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားကို တိုက်ရိုက်အင်တာဗျူးလုပ်ပြီး အခု ထုတ်ပြန်ချက်ကို ရှင်းပြထားတာကို တင်ပြထားပါတယ်။”

၁၆ ရက်ညနဲ့ ၁၇ မှဖြစ်မှာလား။ ဘယ်ရက်တွေ၊ ဘယ်အချိန်တွေဖြစ်နိုင်ပါလဲ။

“အခုကစ ကမ်းဖြတ်တာနဲ့၊ ၃ နာရီခွဲက စဖြစ်မှာပါ။ ဘယ်လောက်အထိ သတိထားနေရမလဲဆိုတော့ ကျနော်တို့ မုန်တိုင်း အားလျော့ပျက်ပြယ်သွားပြီဆိုတဲ့ သတင်းကြေညာတဲ့အထိပါပဲ။”

မုန်တိုင်းနဲ့ ပတ်သက်လို့ ဖြည့်စွက်ပြောချင်တာ ရှိရင် ပြောပေးပါ။

“တချို့ အညိုရောင်ဆိုတာ သဘောမပေါက်တော့၊ အညိုရောင်ဆိုတာ မုန်တိုင်းကမ်းဖြတ်နေတယ်၊ မုန်တိုင်းဗဟိုချက်ဖြတ်တယ်လို့ အဓိပ္ပာယ်ရတယ်။ ဗဟိုချက်ဖြတ်တယ်ဆိုတာ တခြမ်းကျန်ပါသေးတယ်။ ဥပမာ ရွှေတံဆိပ်ကြည့်ရင် ဟိုဘက်ခြမ်း၊ ဒီဘက်ခြမ်း၊ အလယ်မှာ အပေါက်ရှိတယ်။ အခုအရှေ့ဘက်ခြမ်းအရင် ဖြတ်တယ်။ ဗဟိုချက် ကမ်းပေါ်ရောက်တယ်။ နောက်တခြမ်းကျန်ပါသေးတယ်။ နောက်တခြမ်းက ၃-၄ နာရီ ကြာအောင် ကမ်းကိုဖြတ်ပါတယ်။ အဲအတွက်နောက်ထပ် ၃-၄ နာရီ ကြာ၊ ည ၇ နာရီလောက်မှ ဒီဘက်အခြမ်းပြီးပါမယ်။ ပြီးရင်တော့ ဒီမုန်တိုင်းက တခါတလေမှာ ကုန်းတွင်းမုန်တိုင်းအဖြစ်နဲ့ ဆက်နေတတ်တယ်။ အခုကတော့ မုန်တိုင်းငယ်အဖြစ်နဲ့ ဆက်နေနိုင်တဲ့အခြေအနေ မဟုတ်ဘူး။ သို့သော်လည်း နောက် ၃ နာရီလောက်ဆို ဘာဖြစ်နိုင်တယ်ဆိုတဲ့ဟာကို ကျနော်တို့ သတင်းထပ်ထုတ်မှာပါ။ ဒါကြောင့် ရေဒီယိုတို့၊ တီဗွီတို့ကို ကြည့်ဖို့လိုပါတယ်။ ဒါမှ နောက်ဆုံးအခြေအနေကို ကြည်ပြီးတော့ ပြီးသွားတယ်ဆိုရင် ကျနော်တို့က အစိမ်းရောင်ကို ကြေညာပါတယ်။ အစိမ်းရောင်ရဲ့ အဓိပ္ပာယ်က ဘာလဲဆိုရင် မုန်တိုင်းအန္တရာယ် လုံးဝကင်းသွားပြီ။ သူတို့ ခိုအောင်းနေတဲ့နေရာ၊ ရွှေ့ပြောင်းနေတဲ့ နေရာ၊ ပုန်းခိုနေတဲ့နေရာ၊ မုန်တိုင်းကင်းလွတ်တဲ့နေရာကနေ သူတို့ထွက်လာပြီး သူတို့မြို့၊ သူတို့ရွာ၊ သူတို့အိမ်ကို ပြန်လာနိုင်တဲ့ အခြေအနေကို အစိမ်းရောင်လို့ ပြောတာပါ။

“ဒါပေမယ့် အဲဒီအချိန်မှာ တချို့နေရာတွေမှာ ဓာတ်ကြိုးတွေ ပြတ်တာ၊ မှန်တွေဘာတွေ ကွဲပြီးကျတာတို့ ရှိတဲ့နေရာကို ဒေသအာဏာပိုင်နဲ့ သဘာဝဘေးဒဏ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေက အညွှန်းတွေပေးထားပါတယ်။ ဒီနေရာကို မသွားရတို့၊ ကြိုးတွေဝိုင်းပြီးတော့ တားမြစ်တဲ့နေရာ သတ်မှတ်ထားတယ်။ အဲဒီနောကို စူးစမ်းတဲ့သဘောနဲ့ မသွားဖို့ လိုပါတယ်။ သွားရင် ဘေးအန္တရာယ်ရှိမှာစိုးလို့ တားမြစ်ထားတာ ဖြစ်ပါတယ်။ အဲဒီနေရာမှာ ရွှေတုံး၊ ငွေတုံး ရှိတာမဟုတ်ပါဘူး။ ဘေးအန္တရာယ် ကျရောက်မှာစိုးလို့ ပြောတပါ။ အဲဒါကြောင့် ဒေသအာဏာပိုင်ရဲ့ လမ်းညွှန်ချက်ကို သေချာလိုက်နာပြီး တုံ့ပြန်ရင်ဆိုင်မယ်ဆိုရင် ဘေးအန္တရယ်ကျရောက်မှုက လျော့ပါးသွားမယ်လို့ ကျနော်ပြောချင်ပါတယ်။”

by ရွှေအောင် (ဒီဗွီဘီ)

စစ်တွေမြို့ရှိ ရခိုင်ဒုက္ခသည်စခန်းအချို့၏မြင်ကွင်းများ(မေလ ၁၆ရက်)  ဓာတ်ပုံ - ကျော်ဇေယျာဝင်း (ဒီဗွီဘီ)

Posted: 16 May 2013 04:48 AM PDT
နိုင်ငံခြားငွေ လဲလှယ်နှုန်းထားတွေ သိသိသာသာ မြင့်နေတာနဲ့ အတူ ပြည်တွင်း ရွှေဈေးနှုန်းပါ ဆက်တိုက် မြင့်တက်နေတယ်လို့ ရန်ကုန်မြို့ အောင်သမာဓိ ရွှေဆိုင် မန်နေဂျာ ကိုဝင်းငယ်က ဒီဗွီဘီကို ပြောပါတယ်။ ပြည်တွင်း ရွှေဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ ဈေးတက်ခဲ့တဲ့ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်စပြီး ၁ ရက်ကို မြန်မာငွေကျပ် ၅၀၀ ကနေ ၁၀၀၀ ကြား နေ့စဉ်တက်နေတာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 16 May 2013 04:36 AM PDT
လူသူအရောက်အပေါက် နည်းသော တောနက်များတွင်သာ ကျက်စားသည့် ပတူကောင် ရာနှင့်ချီ ဝိုင်းဝန်းကိုက်ခဲ သောကြောင့် အသက် ၄၆ အရွယ် အမျိုးသား တစ်ဦးသေဆုံးမှု ရန်ကုန်မြို့လယ်တွင် မေလ ၁၃ ရက်နေ့ ညနေက ဖြစ်ပွားခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ပြောကြားသည်။ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာ လမ်းရှိ မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းချုပ် ဝင်းအတွင်း လမ်းလျှောက်နေသူ အသက် ၄၆ နှစ်အရွယ် ဦးစောဘတင့်သည် ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 16 May 2013 04:28 AM PDT
အများပြည်သူများ အပန်းဖြေရာ နေရာတစ်ခုဖြစ်သည့် ပြည်သူ့ရင်ပြင်ဝင်း အတွင်းရှိ ဦးဝိစာရ ရှော့ပင်းမောလ် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲသုံး ထန်းလုံး အမြောက်တစ်ခုကို မေလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်က တွေ့ရှိခဲ့ကြောင်း သွားရောက် စစ်ဆေးသည့် ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းဝင်းက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 May 2013 03:43 AM PDT
ပဋိပက္ခများနှင့် ဆန္ဒထုတ်ဖော်မှု များကို ကိုင်တွယ်တတ်စေရေး အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အဓိကရုဏ်းနှိမ်နင်းရေး သင်တန်းများ ပို့ချရန် မြန်မာအစိုးရက အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂတို့နှင့် ညှိနှိုင်းလျက် ရှိကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 16 May 2013 03:48 AM PDT
မဟာစင်ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်နိုင်သော ရခိုင်ပြည်နယ် အတွင်းရှိ ဒုက္ခသည်များကို ထောက်ပံ့ရန် အဆိုပါ ပြည်နယ်ရှိ တပ်ရင်း တပ်ခွဲများမှ တစ်နှစ်စာ ရိက္ခာကို ထုတ်ယူ သုံးစွဲသွား မည်ဖြစ် ကြောင်း နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း က ပြောကြားသည်။ မေလ ၁၅ ရက်နေ့က ကမာရွတ် မြို့နယ် ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေး စင်တာတွင် ပြုလုပ်သည့် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 May 2013 03:55 AM PDT
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ပအိုဝ်းအမျိုးသား တပ်မတော်အသွင်ပြောင်း ပြည်သူ့စစ်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နန်းဟောင်းကျေးရွာအုပ်စု မောက်စံကျေးရွာရုံးကို လက်နက်နဲ့ ၀ိုင်းထားတယ်လို့ အန်အယ်လ်ဒီတောင်ကြီးခရိုင်ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ဒီဗွီဘီကို ပြောပါတယ်။
“ဒီနေ့မနက် ပြည်သူ့စစ် ၃၀ လောက်က လက်နက်နဲ့ ၀ိုင်းထားပြီး ရုံးထဲမှာ  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပအိုဝ်းအမျိုးသား တပ်မတော်

Posted: 16 May 2013 03:14 AM PDT
ရန်ကုန်မြို့လယ်ခေါင် ကျောက်တံတားမြို့ နယ်၏ ည ၉ နာရီ။ လမ်းဘေး ဈေးသည်များပင် မရှိတော့။

နွမ်းဖတ်ညိုညစ် နေသော စွပ်ကျယ်နှင့် ရှော့ ပင်အတိုကို ဝတ်ဆင်ထားသည့် အသက် ၄ဝ ဝန်း ကျင်ခန့် အမျိုးသားတစ်ဦး ဖော့ဘူးများအပြည့် တင်ထားသော အမှိုက်သိမ်းလှည်းကို တွန်းလျက် ၃၉ လမ်းအလယ်ဘလောက်သို့ ဝင်သွားသည်။ ၎င်း၏ ခြေလှမ်းများက ပင်ပန်းနွမ်းလျ၍ နှေး ကွေးတုံ့ဆိုင်းနေသည့် အိမ်ပြန်ချိန်ခြေလှမ်းများ တော့ မဟုတ်။ သူ၏ အမည်က ဦးဇော်ဝင်း။ ပဲခူးတိုင်းဒေသ ကြီး သနပ်ပင်မြို့နယ် ကမာစန်းကျေးရွာသား။ ရန် ကုန်သို့ လွန်ခဲ့သော သုံးလခန့်က ပြောင်းရွှေ့လာ ခြင်းဖြစ်ပြီး ရန်ကုန်စည်ပင်၌ ညပိုင်းသန့်ရှင်းရေး လုပ်သားဝင်ရောက်လုပ်ကိုင်နေသူ ဖြစ်သည်။

နယ်တွင် လယ်ကွက်များ ရေကြီး ရေလျှံသည့် ဒုက္ခရှိ၍ ရန်ကုန်သို့ ပြောင်းရွှေ့လာသည့် အချိန်က ကျောတစ်ခင်းစာနေရာအတွက် သန့်ရှင်းရေးလုပ် သားအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ သည်။ ဌာနမှ လုပ်သားများအား ချထားပေးသည့် ဗိုလ်တထောင် မြို့နယ်ရှိ ၈ ပေပတ်လည်ဝန်ထမ်းခန်းတွင် သူ၏ မိသားစုဝင် ၅ ယောက်နေထိုင်ခွင့်ရခဲ့သည်။”၈ ပေပတ်လည်ဆိုတော့ မိသားစု အားလုံး နေလို့မရဘူး။ အဝတ်အစားလေး၊ အိုးခွက်ပန်း ကန်လေး ထားရုံပေါ့။ ကျွန်တော်က ညနေကနေ မိုးလင်းအထိ အလုပ်ထွက်လုပ်တာ မိန်းမက လိုက် ကူတာဆိုတော့ သားသမီးသုံးယောက်က အိပ်ပြီး ကျန်ခဲ့လို့တော့ ရတာပေါ့”ဟု မိသားစုအလှည့်ကျ နေထိုင်အိပ်စက်ရပုံကို ပြောပြသည်။

မိသားစုဝင်အားလုံး နေထိုင်ရန် အခက်အခဲ ရှိသော်လည်း ရန်ကုန်မြို့၌ နေစရာပေးသည့် အလုပ်ရသည်ကိုပင် ၎င်းအတွက် ကံကောင်းသည် ဟု ဆိုသည်။”ရန်ကုန်မြို့မှာက နေရေးထိုင်ရေးခက်ခဲတယ် လေ”ဟု ဦးဇော်ဝင်းက တွေးတွေးဆဆ ပြောသည်။ရန်ကုန်မြို့၌ နှစ်စဉ်လူဦးရေတိုးနှုန်းအရ အိမ် ထောင်စု နှစ်သောင်းခြောက်ထောင် တိုးတက်လာ သော်လည်း အိမ်ခန်း ၇၂ဝဝ သာ ဖော်ဆောင်ပေး နိုင်သဖြင့် တိုးပွားလာသည့် အိမ်ထောင်စု၏ သုံး ပုံနှစ်ပုံမှာ အခက်အခဲရှိနိုင်သည်ဟု မြို့တော်ဝန် ဦးလှ မြင့်က ရန်ကုန်တိုင်းဒေသကြီး စတုတ္ထပုံမှန် အစည်းအဝေး၌ ပြောခဲ့သည်။

အလုပ်အကိုင် အခွင့်အရေးကြောင့် မြို့ပေါ် တက်ကာ ကြုံရာလုပ်ကိုင်ရင်း ကျောတစ်ခင်းစာ အတွက် တွေးပူနေရသည့် ရွှေ့ပြောင်းလုပ်သားများ ကဲ့သို့ပင် နေထိုင်ရေးအတွက် အခက်တွေ့နေသည့် ရန်ကုန်မြို့ခံများလည်း တပုံတပင်။ဦးဇော်ဝင်းကဲ့သို့ သန့်ရှင်းရေးအလုပ်ကို လစာ ငွေကျပ်သုံးရာခေတ်ကတည်းကပင် ဝင်ရောက်လုပ် ကိုင်ခဲ့သူ လုပ်သက် ၁၂ နှစ်ရှိ အသက် ၅ဝ အရွယ် ရန်ကုန်သူ ဒေါ်ပေါက်စီက ”အရင်က အိမ်ငှားနေ တယ်။ အိမ်လခမတတ်နိုင်တော့လို့ လိုင်းခန်းတောင်း နေတာတော့ မကြာသေးပါဘူး။ နေရေး၊ ထိုင်ရေး အခက်အခဲရှိတယ်လေ။ ဒီနေ့ ပြုတ်ရင် ဒီနေ့ လိုင်း ခန်းပေါ်က ပြောင်းပေးရမှာ”ဟု ဆိုသည်။

ငယ်ရွယ်စဉ်က ပန်းရံ အလုပ်ဝင်ရောက်လုပ် ကိုင်ခဲ့ဖူး၍ တာဝန်ကျရာလမ်းများ၌ ခေါက်တုံ့ ခေါက်ပြန် အမှိုက်လှည်းခြင်း၊ အမှိုက်ပုံးများ အတွင်းမှ အမှိုက်များသိမ်းဆည်းယူရခြင်းက သူမ အတွက် ပင်ပန်းသည်ဟု မဆိုသာ။”ဒီအလုပ်က အရင်းမစိုက်ရဘူး။ သူများက အလိုမကျရင် ပြောခံထိတာပဲ ရှိတာပါ”ဟု စားဝတ် နေရေးအတွက် လက်ရှိအလုပ်ကို ဆက်လက်အခြေ တကျ လုပ်ကိုင်သွားမည်ဟု ဆုံးဖြတ်ထားပုံကို သူမက ပြောပြသည်။

လစာ တစ်သိန်းမပြည့် ရှစ်သောင်းခန့်သာရ သည့် ဒေါ်ပေါက်စီနှင့် ဦးဇော်ဝင်းတို့အတွက် အမှိုက်များထဲမှ ဘူးခွံများကောက်ခြင်းဖြင့် မိသားစု စားစရိတ်ရှာကြသည်။ ကျန်းမာရေး အာမခံချက် အားနည်းပြီး လမ်းမပေါ်တွင် သန့်ရှင်းရေး ဆောင် ရွက်သည့်အခါ ဝန်ထမ်းအင်္ကျီကို ယာဉ်အန္တရာယ် အပြင် ပတ်ဝန်းကျင်၌ ကြုံတွေ့ရနိုင်သည့် မှုခင်း အန္တရာယ်များကြောင့်ပါ မဖြစ် မနေ ဝတ်ဆင်ကြ ရသေးသည်။မိသားစု စားဝတ်နေရေးအတွက် လောက်ငမှု မရှိ။ အန္တရာယ်များသည့် ၎င်းတို့၏ အောက်ခြေ သိမ်းအလုပ်မှ နောက်အလုပ်တစ်ခုသို့ ရွှေ့ရန် စဉ်း စားသည်။ သို့သော် နေရေးကြောင့် တွေးရုံသာ တွေးနိုင်ခဲ့သည်။ အစိုးရက ဖော်ဆောင်ရောင်းချမည့် တန်ဖိုး နည်း အိမ်ရာဆိုသည်မှာ လည်း ကျပ်သိန်းနှစ်ရာအောက်ဆို၍ ၎င်းတို့နှင့် မဆိုင်။ မြို့တွင်းရထားဝင်းအတွင်း ဝန် ထမ်းအိမ်ရာများ၌ ငွေကျပ် တစ်သောင်း၊ နှစ်သောင်းခွဲပင် ရှိသည့်  ၈ ပေ ၁ဝ ပေ အခန်းတွဲတစ်ခု ငှားရန်ပင် သူတို့မတတ် နိုင်ခဲ့။အိမ်ခြံမြေလုပ်ငန်းရှ
င်များအသင်းမှ ဒေါ်မိုမိုအောင်က ”အောက်ခြေ လူတန်း စားတွေ အိမ်ပိုင်ရဖို့က သူတို့ ဝင်ငွေနဲ့ ဖဲ့ပြီး လစဉ်ပေးသွင်း နိုင် မယ့်နှုန်းထားနဲ့ အိမ်ရာတွေကို ရောင်းချပေးဖို့ပါပဲ”ဟု သူ့အမြင်ကို ပြောသည်။

လူဦးရေ ၆ သန်းခန့်ရှိသည့် ရန်ကုန် မြို့တွင် အမှိုက်သိမ်းဆည်းရေးလုပ်ငန်း ကို ဆောင်ရွက်နေသော သန့်ရှင်းရေး လုပ်သား ၃ဝဝဝ ကျော်သာ ရှိသည်။ ဝန်ထမ်းဦးရေနှင့် အမှိုက်ပစ် ပြည်သူဦးရေ အချိုးအစား မမျှတ၍ ခေတ်မီ စက်ကိရိယာများ အသုံးပြုနိုင်မှု မရှိခြင်းကြောင့် လူအင်အားကိုသာ အဓိကအား ထားအသုံးပြုနေရ သေးသည်ဟု ရန်ကုန်စည်ပင် ပတ်ဝန်းကျင် ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်ဌာန မှူး ဦးရဲကျော်မိုးက ပြောသည်။

ခေတ်မီ အမှိုက်သိမ်းကားများ အသုံးပြုနိုင်မှု မရှိ၍ ဝန်ထမ်းအင်အား နေ့၊ ည ခွဲကာ ၂၄ နာရီ ရန်ကုန်၏ ထွက်ရှိအမှိုက်ကို သိမ်းဆည်းနေရပြီး လူ့စွမ်းအားအသုံးချမှုကပင် စားဝတ် နေထိုင်ရေး အခက်အခဲရှိသူများအတွက် သူအရပ်နှင့် သူ့ဇာတ် က အကိုက်။သန့်ရှင်းရေးဝန်ထမ်းအြ
ဖစ် မိသားစုဝင် တစ်ဦး ဝင်ရောက်လုပ်ကိုင်ပါက မိသားစု၏ အခြား သူများလည်း ဝန်ထမ်းတန်းလျား၌ နေထိုင်နိုင်သည့် အပြင် အလုပ်လျှောက်ရာတွင် ပညာအရည်အ ချင်း အကန့်အသတ်မရှိ၊ အသက်အရွယ်က အကန့် အသတ်မရှိ၍ နေရေးထိုင်ရေးအခက်အခဲရှိသူ များအတွက် မှီခိုအားထားနိုင်သော အလုပ်ကောင်း တစ်ခု ဖြစ်နေသည်။

နယ်မြို့များမှ ပြောင်းရွှေ့လာသော လူဦးရေ နှင့် အခြားသော လူဦးရေ တိုးနှုန်းများအရ  စီးပွား ရေးမြို့တော် ရန်ကုန်တွင် ၂ဝ၄ဝ ၌ လူဦးရေ ၁ဝ သန်းခန့် ဖြစ်ပေါ်လာမည်ဟု ပညာရှင်များက ခန့်မှန်းထားသည်။ရန်ကုန်တွင် အမိုးအကာနှင့် ကျောတစ်နေရာ စာ ခဏနားနိုင်ရန် ဦးဇော်ဝင်းနှင့် ဒေါ်ပေါက်စီ ကဲ့သို့ အောက်ခြေဝန်ထမ်းများ နေ့၊ ညမရွေး ရုန်း ကန်နေကြသည်။  မည်သို့ပင်ဆိုစေ လက်ရှိအချိန်တွင်မူ ရန်ကုန် ၌ ကျောတစ်ခင်းစာ နေရာရရေးအတွက် လိမ္မော် ရောင် အင်္ကျီနှင့် နက်ပြာရှောပင်တို ဝတ်ဆင်ထား သော ထိုသူများ နံသည်၊ စော်သည်ဟု အကြောင်း ပြခွင့်မရှိဘဲ ထားဝယ်ချောင်နှင့် ထိန်ပင်သုသာန်သို့ သွားမည့် အမှိုက်ကားများပေါ်သို့ အမှိုက်ထုပ်ျား ကို ထမ်းပိုး၍ တွန်းတင်ရပေဦးမည်။ထိုအမှိုက်ထု
ပ်များထဲမှ ပုလင်းခွံလေးများ သည်လည်း ၎င်းတို့ ဝမ်းရေးကို စိုပြေစေမည့် ဟင်း တစ်မယ်ပင်။

မေဇင်ဝင်း၊ ဝေမာထွန်း - Popular Myanmar News Journal


Posted: 16 May 2013 04:04 AM PDT
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မုန်တိုင်းဒဏ် ခံရနိုင်သော ဒုက္ခသည် စခန်းများမှ ဒုက္ခသည်များကို လုံခြုံ စိတ်ချရသော နေရာပြောင်းရွှေ့မည့် အစီအစဉ်ကို ဘင်္ဂါလီဒုက္ခသည် အချို့က ငြင်းဆန် နေမှု
 နောက်ကွယ်တွင် ရန်ကုန်မြို့ အခြေစိုက် ကြိုးကိုင် လှုံ့ဆော်နေသူများ ရှိနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်း ပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဥပဒေချုပ် ဦးဦးလှသိန်းက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 16 May 2013 04:11 AM PDT
၂၀၁၃ခုနှစ်၊ မေလ(၁၆) ရက်နေ့  မြန်မာ စံတော်ချိန်(၁၆း၀၀)နာရီ အချိန် ထုတ်ပြန်ချက်
ယနေ့  မြန်မာ စံတော်ချိန် (၁၅း၃၀)နာရီ အချိန် တိုင်းထွာ ချက်များ အရ ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း မဟာစင်(MAHASEN)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်လျှက်ရှိ ပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဘင်္ဂလာဒေရှ့် ကမ်းခြေ ကို မဟာစင် ၀င်ရောက်နေစဉ်

Posted: 16 May 2013 04:21 AM PDT
မဟာစင်ဆိုင်ကလုန်းနဲ့ ပတ်သက်ပြီး အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီ ဂူဂဲလ်က အကူအညီပေးမယ်လို့ ပြောလာတဲ့အတွက် ဆိုင်ကလုန်းအတွက် လုပ်ဆောင်နေတဲ့ မြန်မာပြည်က အစိုးရဌာနတွေနဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဌာန (OCHA) တို့ကို ချိတ်ဆက် လုပ်ဆောင်နေပါတယ်။ မဟာစင် ဆိုင်ကလုန်း အတွက် ဂူဂဲလ်က  ---
 သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 May 2013 02:34 AM PDT
ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်ပိုင်းက ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်ကို သွားရောက်ပြီး ဒေသဖွံ့ဖြိုးရေးနဲ့ စာကြည့်တိုက် ဖွင့်လှစ်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ ရွေ့လျား မော်တော်ကား စာကြည့်တိုက် ထားရှိဖွင့်လှစ်နိုင်ဖို့ သက်ဆိုင်ရာ ပြန်ဆက်ဦးစီးဌာနနဲ့ ဆက်သွယ်ညှိနှိုင်း ဆွေးနွေးခဲ့တယ်လို့ ကော့မှူးမြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စည်းရုံးရေးမှူး ဦးအေးသိန်းက ပြောပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကွမ်းခြံကုန်းမြို့မှာ နေထိုင်တဲ့ သက်ရွယ်ကြီးမြင့်ပြီး နာ မကျန်းဖြစ်နေသူ စာရေးဆရာကြီး မြောင်းမြဘဆွေထံ ၀င်ရောက်ပြီး ဂါရ၀ပြု အားပေးစကား ပြောကြားခဲ့ပါတယ်။

DVB TV News







Posted: 16 May 2013 02:27 AM PDT
မဟာဆန် မုန်တိုင်းမှာ တဖြည်းဖြည်း အားပျော့သွားပြီး မြန်မာ နယ်စပ်အနီးရှိ ကော့စ်ဘဇား ခရိုင်တွင် စိုးရိမ်လောက်သည့် အနေအထားတွင် မရှိတော့ကြောင်း ဘင်္ဂလာဒေခ်ျ့ မိုးဇလ ဗေဒက ယနေ့ နေ့လည် ၁ နာရီ ၃၀ တွင် သတင်း ထုတ်ပြန်သည်။

မုန်တိုင်းသည် မိုးအကြီးအကျယ် ရွာသွန်းမူကြောင့် အားပျော့သွားခဲ့ကြောင်း၊ ယနေ့နံနက်က အင်အား အကောင်းဆုံး အဆင့်သို့ ရောက်ရှိခဲ့ကြောင်း၊ ယခုအခါ န၀ါခါလီမြို့နှင့် စစ်တကောင်းးမြို့ကို ဦးတည်နေကြောင်း ပြောဆိုသည်။

သို့သော်လည်း ကော့စ်ဘဇားဒေသနှင့် နီးကပ်စွာ တည်ရှိသော မြန်မာဘက်ခြမ်း ဒေသများတွင် မုန်တိုင်းဝင်ရောက်နိုင်သည့် အခြေအနေမျိုး ဖြစ်နေကြောင်း မောင်တော ဒေသခံ တစ်ဦးက ပြောသည်။

“ အခုက မုန်တိုင်းဝင်မယ့် ပုံစံမျိုး လေသွယ်နေတယ်။ အနောက်ဘက်မှာ မိုးတိမ်တွေ အုံမိုင်းနေတယ်။ မုန်တိုင်းဝင်မယ့် လက္ခဏာမျိုးပါ” ဟု ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ မိုးဇလ အဖွဲ့ ခန့်မှန်းချက်အရ မုန်တိုင်းသည် ယနေ့ ညနေ (၆) နာရီခန့်တွင် စစ်တကောင်းမြို့နှင့် ကော့စ်ဘဇားမြို့အကြားမှ ဖြတ်ကျော်ကာ ကုန်းတွင်းပိုင်းသို့ ၀င်ရောက်ရန် ခန့်မှန်းထားသည်။

ယနေ့နံနက်မှ နေ့လည် အချိန်ထိ ဘင်္ဂလာဒေခ်ျ့ အနောက်တောင်ပိုင်းမှ ဘောလာခရိုင်၊ ပေါတ၀ါခါလီ ခရိုင်နှင့် ဘောရိုဂုန ခရိုင်များကို မုန်တိုင်း ဖြတ်သန်း တိုက်ခတ်ခဲ့သည်။ မုန်တိုင်းပြင်းအားသည် တစ်နာရီ ကီလိုမီတာ ၁၀၀ ထိ ရှိခဲ့သည်ဟု ဆိုသည်။

ယခုအချိန်ထိ ဘင်္ဂလာဒေခ်ျ့တွင် သေဆုံးသူ ၇ ယောက်ရှိပြီး ပေါတ၀ါခါလီမှ ၂ ယောက်၊ ဘောလာမှ တစ်ဦးနှင့် ဘောရိုဂုနတွင် မိုးကြိုးပစ်၍ သေဆုံးသူ ၄ ဦးဖြစ်ကြောင်း သိရသည်။

နိရဉ္စရာ သတင်း ဌာန


Posted: 16 May 2013 02:23 AM PDT
ယနေ့  မေလ (၁၆)ရက်နေ့  မြန်မာ စံတော်ချိန် ၁၁း၂၀ မှာ မြန်မာ့လေကြောင်းမှ တရုတ်နိုင်ငံထုတ် MA 60 လေယာဉ်  ဟဲဟိုး-မိုင်းဆက် ခရီးစဉ် ပျံသန်းစဉ် မိုင်းဆက်လေယဉ် ကွင်းသို့ အရောက် တွင် ပြေးလမ်း တိမ်းချော် ကာ ဘယ်ဘက်တောင်ပန်နှင့် အင်ဂျင် ကျိုးပဲ့ ပျက်စီးသွားကြောင်းနှင့် လိုက်ပါလာသူ ခရီးသည် (၅၀) ဦး အပါအ၀င် လေယဉ် ၀န်ထမ်း များမှာ ပွန်းပဲ ဒဏ်ရာ အနည်း ငယ်သာ ရရှိ ခဲ့ကြောင်း Myanmar News Now သတင်း ရရှိပါသည်။

Posted: 16 May 2013 01:43 AM PDT
ဆိုင်ကလုန်း မဟာစင်ဟာ ဒီနေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ မြေနိမ့် ကမ်းရိုးတန်းကို စတင်ဖြတ်ကျော်ပြီး စစ်တကောင်းနဲ့ ကောက်ခ်စ်ဘဇား ဆိပ်ကမ်းတွေဆီကို တည့်တည့် ၀င်ရောက်လာပါတယ်။

လေဟာ တနာရီမိုင် ၆၀ ကျော်နှုန်းလောက် တိုက်ခတ်နေပြီး လှိုင်းလေတွေ ပြင်းလာပြီ ဖြစ်ပါတယ်။ မုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ် တောင်ဘက်ကမ်းရိုးတန်းက ခဲပူပါရာကို အရင်ဆုံး တိုက်ခတ်သွားပြီး မြန်မာနိုင်ငံအနီး အရှေ့ဘက် ကမ်းရိုးတန်းဆီ ဦးတည်ပြီး အရှေ့မြောက်ဘက် လမ်းကြောင်းကို ရောက်ရှိနေပါတယ်။

မုန်တိုင်းဝင်ရောက်ချိန်မှာ လူ ၂ ဦး သေဆုံးသွားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ တဦးက သစ်ပင်လဲကျလို့ သေဆုံးသွားတာဖြစ်ပြီး နောက်တဦးကတော့ မုန်တိုင်းကာကွယ် အဆောက်အဦဆီ သွားရာလမ်းမှာ သေဆုံးခဲ့တာပါ။ သစ်ပင်တွေ အမြစ်ကျွတ်ထွက်တာ၊ အိမ်တွေ ပျက်စီးတာတွေလည်း ရှိတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ မဟာစင်မုန်တိုင်း နီးကပ်လာချိန်မှာ မုန်တိုင်းသတိပေးချက်ကို အဆင့် ၇ မှ ၁၀ ထိ တိုးမြှင့် ထုတ်ပြန်ခဲ့ပါတယ်။ မဟာစင်မုန်တိုင်းဟာ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို လမ်းကြောင်းပြောင်းလာချိန်မှာ မုန်တိုင်းကြောင့် သီရိလင်္ကာမှာ အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး ၃၉၉၁ ယောက် ဘေးလွတ်ရာ ရှောင်ပြေးခဲ့ရပါတယ်။

by ဒီဗွီဘီ 


Posted: 16 May 2013 01:41 AM PDT
မုန်တိုင်း MAHASEN သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ဘက် ကမ်းခြေအား  Barisal Division – Barisal မြို့ တောင်ဘက် ၆၂ မိုင်ခန့်အကွာ ကမ်းခြေအား ဖြတ်ကျော်၍ ကုန်းတွင်းသို့ ဝင်ရောက်ခဲ့ပြီ ဖြစ်ကြောင်း JTWC နှင့် NRL data update များအရ သိရပါသည်။

ယနေ့ နံနက် ၉ နာရီနောက်ပိုင်းက မူလခန့်မှန်းလမ်းကြောင်းမှ မြောက်ဘက် ၆၈ မိုင်ခန့်သို့ ပြောင်းလဲရွေ့လျားပြီး ကုန်းတွင်းသို့ ဝင်ရောက်သွားခဲ့ကာ ကုန်းတွင်းမုန်တိုင်းအဖြစ် ဆက်လက်တည်ရှိနေပါသည်။ နောက်ဆုံးရရှိသည့် အချက်အလက်များအရ ကုန်းတွင်းမုန်တိုင်း MAHASEN သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ အရှေ့တောင်ဘက် မိုင် ၆ဝ ခန့် ကုန်းတွင်း၌ တည်ရှိနေပြီး မကြာမီ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိကာ အားပျော့ပျက်ပြယ်သွားတော့မည်ဟု သိရပါသည်။

By mmweather.ygn,


Posted: 16 May 2013 01:37 AM PDT
၂၀၁၃ခုနှစ်၊ မေလ(၁၆)ရက်နေ့ မြန်မာစံတော်ချိန်(၁၂း၀၀)နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့ မြန်မာစံတော်ချိန် (၁၁း၃၀)နာရီ အချိန်  တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်းမဟာစင်(MAHASEN)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ မောင်တောမြို့၏ အနောက်- အနောက်မြောက်ဘက် မိုင်(၁၁၀)ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ (စစ်တကောင်းမြို့ )၏ အနောက်တောင်ဘက် မိုင်(၁၁၀)ခန့် အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ တစ်နာရီလျှင်(၁၀)မိုင်မှ (၁၅)မိုင်နှုန်းဖြင့်ရွေ့လျားလျ
ှက်ရှိပြီး၊ မုန်တိုင်း ဗဟိုချက်သည် နောက်(၆)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ (စစ်တကောင်းမြို့ )အနီးမှ ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော် ၀င်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိ အခြေအနေမှာ အနီရောင်အရေးပေါ် အခြေအနေဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်သို့   ဦးတည်ရွေ့လျား လျက်ရှိသည့် အခြေအနေ ဖြစ်ပါသည်။

ဆိုင်ကလုန်း မုန်တိုင်းမဟာစင်(MAHASEN)သည် ကမ်းခြေသို့ ဖြတ်ကျော်စဉ် လေတိုက်နှုန်းမှာတစ်နာရီလျှင်မို
င်(၆၀)မှ မိုင်(၇၀)အထိ တိုက်ခတ်နိုင်ပြီး၊ မုန်တိုင်းကြောင့် မြင့်တက်နိုင်သော ရေလှိုင်းအမြင့်မှာ မောင်တောမြို့နယ်ကမ်းခြေတွင် (၈)ပေမှ(၁၀)ပေခန့်၊ စစ်တွေခရိုင် ကမ်းခြေတွင် (၆)ပေမှ (၈)ပေခန့်နှင့် ကျောက်ဖြူခရိုင် ကမ်းခြေတွင်(၄)ပေမှ (၆)ပေ ခန့် မြင့်တက်နိုင်ပါသည်။

 မုန်တိုင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊
မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ပြီးမိုးကြီး နိုင်ပါသည်။

မြန်မာစံတော်ချိန်(၁၁း၃၀)နာရီ အချိန် တိုင်းထွာချက်များအရ မောင်တောမြို့တွင် အရှေ့တောင်အရပ်မှ တစ်နာရီ လျှင်(၂၅)မိုင်နှုန်းဖြင့် လည်းကောင်း၊ စစ်တွေမြို့တွင် တောင်အရပ်မှ တစ်နာရီလျှင်မိုင်(၄၀)နှုန်း
ဖြင့် လည်းကောင်း၊ ကျောက်ဖြူမြို့တွင် အနောက်တောင်အရပ်မှ တစ်နာရီလျှင်(၂၅)မိုင်နှုန်းဖြင့် လည်းကောင်း၊ သံတွဲမြို့တွင်အရှေ့ တောင်အရပ်မှ တ
...

[Message clipped]  View entire message

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...