အထက်လူကြီး ဆိုသူများသည်ပင် ဥပဒေနှင့် မငြိစွန်းသော လုပ်ငန်းများ
လုပ်ကိုင်နေသလား၊ သန့်ရှင်းနေသလား၊ သမာဓိရှိရှိ နေထိုင် ကျင့်ကြံနေသ
လားဟု
စဉ်းစားမိသည်။ မထင်ပါ။ န၀တမှ ပထမဦးဆုံးအကြိမ် ဖယ်ရှားခံရသော
ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ၊ ထွန်းကြည်၊ မြင့်အောင် ၊ မောင်သင့်
စသည်တို့သည် တစုံတရာ အရေးယူခံရခြင်း မရှိဘဲ လွတ်မြောက်နယ်မြေမှာ ပျော်ရွှင်
မြူးတူးနေကြ ပါတယ်။
(နိုင်ငံပိုင်ငွေတွေကို ထုတ်ယူအလွဲသုံးစားပြုလုပ်ရာတွင် ပါဝင်မှု အမှတ် ၆/၁၃၊ ပြစ်မှုပုဒ်မ ၄၀၉)
ဆက်သွယ်ရေးဝါယာကြိုးများရောင်းချခဲ့ရာကမ္ဘာ့ပေါက်ဈေးထက်၁၀ဆဈေးကြီးပြီးရောင်းခဲ့သည်
http://www.facebook.com/photo.php?fbid=437942676297271&set=a.329330483825158.78075.322396224518584&type=1&theater
ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း (ဗိုလ်မှုးချုပ်ဟောင်း)
နေအိမ်မှာကန်ဒေါ်လာ၂သန်းပါသော လက်ဆွဲအိတ်တခု သူ၏နေအိမ်တွင်
သိမ်းဆည်းရမိခဲ့ပါတယ်။ဒေါ်လာသန်းချီ အလွဲသုံးစားလုပ်ခဲ့တဲ့ ဆက်သွယ်ရေးဝန်ကြီးဟောင်း သိန်းထွန်း ဘာကြောင့် အရေးယူ မခံရတာလဲ။
အရင် စက်မှု (၁) ဝန်ကြီးဟောင်း ဦးစိုးသိန်း(အခု သမ္မတရုံး ဝန်ကြီး)
မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဆိုတဲ့ ဥက္ကဌထိုင်ခုံမှာ
အမြိုင့်သားထိုင်ရင်း တိုင်းပြည်ကို ရောင်းစားနေသူတစ်ဦးလည်းဖြစ်ပါတယ်။ ၂၀၀၉-၂၀၁၀ လောက်တုန်းက မြန်မာ့မော်တော်ယာဉ်နဲ့ ဒီဇယ်အင်ဂျင်ထုတ်လုပ်မှုလုပ်ငန်းကနေ အမြတ်ငွေကို ၂ဆကျော်လောက်စာရင်းလိမ်ပြခိုင်းတဲ့ကိစ္စတစ်ခုလည်းဖြစ်ခဲ့ပါတယ်။
တာတာကုမ္ပဏီနဲ့ ပူးပေါင်းပြီးတော့ ၁၀ ဘီးကားတွေ တစ်နှစ်ကို အစီးရေ
(၁၀၀)ထုတ်ဖို့အကြောင်းကို လွန်ခဲ့တဲ့ နှစ်တွေမှာ ဂျာနယ်တွေ မီဒီယာတွေထဲမှာ
ပါခဲ့ဖူးတာကို မှတ်မိကောင်း မှတ်မိနိုင်မယ့်သူတွေ ရှိပါတယ်။ မကွေးမှာ
စက်ရုံတည်တော့ ကားပစ္စည်းအစိတ်အပိုင်းတွေကို ဆေးစိမ်တဲ့စက်ဝယ်ဖို့ပြင်ပါတယ်။
အဲဒီစက်တန်ဘိုးက အမေရိကန်ဒေါ်လာ (၇)သန်းလောက် တန်ပါတယ်။
ကာလတန်ဘိုးနဲ့သင့်ရင် မြန်မာငွေကျပ်သိန်းပေါင်း
ခြောက်သောင်းသုံးထောင်ကျော်ရှိပါတယ်။ ဒီငွေတွေဟာ စက်ရုံနေ့စားအလုပ်သမားပေါင်း ၁၀၀၀ အတွက် (၇)နှစ်စာ ရှိပါတယ်။ သေးသေးလေးမဟုတ်ပါဘူး။
စက်မှု ၀န်ကြီးဌာန ယခင် စက်မှု(၁) ၀န်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်ဟာဆိုရင် သူ့လစာနဲ့မတန်လောက်အောင်ကိုချမ်းသာနေပါတယ် နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ သိန်း ၄၀၀၀ ကျော်တန်မြေကွက်နဲ့အိမ်တစ်လုံးချက်ချင်းဆောက်ခဲ့ပါတယ်
။ ပုဂံ(၁)လမ်း၊ ခြံအမှတ် ( ၃၂၁၅ ) ဖြစ်ပါတယ် .. လက်ရှိခေတ်ကာလ ပေါက်ဈေး
သိန်း ၄၀၀၀ ကျော်တန်ပါတယ်။ ဒါတောင် နေပြည်တော်ကအိမ်ပဲရှိပါသေးတယ်။
ရန်ကုန်မှာတင် အိမ် ၃ လုံးရှိပါသေးတယ်။ DG တယောက်ရဲ့တရားဝင်လစာက ၂၀၀၀၀၀/-ဖြစ်ပါတယ်။
(၁)နှစ်မှ (၂၄)သိန်းပဲ ရှိတယ်။ စားသောက်စရိတ်(၄)သိန်းနုတ်ရင်
သိန်း(၂၀)အသားတင်ကျန်ပါတယ်။ ဒါဆိုဘယ်လိုလုပ်ဒီလိုသိန်း ၄၀၀၀
ကျော်တန်အိမ်ကို ဆောက်နိုင်ပါသလဲစဉ်းစားကြည့်ပေးပါ။
ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃ဝ၂ (လူသတ်မှု)
၂၀၀၅ ခုနှစ် နှစ်ဆန်းပိုင်းလောက်က အမှတ်(၁) စက်မှုဝန်ကြီးဌာန၊ မြန်မာ့
ကြွေထည်မြေထည်လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး စိုးရီရဲ့
နေအိမ်မှာ အိမ်ဖော်ကလေးမလေး တစ်ယောက်ကို ဂေါက်တံနဲ့ ခေါင်းကို
ရိုက်သတ်ခဲ့ပြီး သူမရဲ့  အလောင်းကို ဖျောက်ဖျက်ခဲ့တဲ့ ပြစ်မှုကြီးတစ်ခု
ပေါ်ပေါက်ခဲ့ပါတယ်။ ရိုက်သတ်ခဲ့ပြီးတဲ့နောက် အင်းစိန်မြို့နယ်ရှိ
ဒညင်းကုန်းရွာသို့ သေဆုံးသူ ကလေးမရဲ့  အလောင်းအား သွားရောက်
မြှပ်နှံပေးဖို့နဲ့ အလောင်း ဖျောက်ဖျက်ပေးဖို့ ဦးပြုံးချို ကို အမိန့်ပေး
ခိုင်းစေခဲ့ပါတယ်။ ဦးပြုံးချိုဟာ ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်စိုးရီရဲ့
ခိုင်းစေချက်ကြောင့် ဌာနဆိုင်ရာ အိမ်သုံးကားပေါ်မှာ ကလေးမရဲ့ အလောင်းကို
တင်ဆောင်ကာ ဒညင်းကုန်းရွာ သင်္ချိုင်းကုန်း ရှိရာသို့ ညတွင်းချင်း သွားရောက်
မြှပ်နှံဖို့ ကြိုးစားခဲ့ပါတယ်။ ရွာမှာ ရှိတဲ့ လူငယ် တချို့ဟာ မသင်္ကာဖွယ်ရာ
ကားတစ်စီး ရွာပတ်လည်မှာ ဝေ့လည်လည် မောင်းနှင်နေကြောင်း တွေ့ရှိသွားကာ
ကျေးရွာ ယရက မှ တဆင့် ရဲစခန်းသို့ အကြောင်းကြား ခဲ့ကြပါတယ်။ ရဲစခန်းက
မသင်္ကာဖွယ်ရာ ကားကို သွားရောက်ခေါ်ယူ စစ်ဆေးရာက အလောင်း ဖျောက်ဖျက်မှုကြီး
ဟာလည်း “ဗူး” ပေါ်သလို ပေါ်ခဲ့ရပါတယ်။ ဦးပြုံးချို ကိုလည်း ဖမ်းဆီးအရေးယူ
ချုပ်နှောင်ထားလိုက်ပါတယ်။ ဗိုလ်မှူးကြီး စိုးရီဟာ အခုအငြိမ်းစား
အပေးခံလိုက်ရတဲ့ ကာကွယ်ရေးစစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး
ရဲမြင့်နဲ့ ညီအကိုအရင်း တော်စပ်တာကြောင့် ပြည်ထဲရေး ၀န်ကြီးဌာနကို
သူတို့ရဲ့ အာဏာပါဝါ အစွမ်းကုန်သုံးပြီး လူအင်အား ငွေအင်အားနဲ့ အမှုမှန်
မပေါ်ပေါက်အောင် မှေးမှိန်ဖျောက်ဖျက်ဖို့ ကြိုးစားကြပါတယ်။သေဆုံးသူ
အိမ်ဖော်မလေးရဲ့ မိဘ ဆွေမျိုးတွေကို ပစ္စည်းခိုးယူလေဟန် အပြစ်ပုံချကာ
ရိုက်လိုက်မိရာမှ မတော်တဆ လှေကားမှ ချော်လဲကျပြီး လိမ့်ကျသေဆုံးသွားကြောင်း
မဟုတ်မမှန် လိမ်ညာပြောဆိုပြီး ငွေအနည်းငယ်ပေးကာ နှုတ်ပိတ်လိုက်ကြပါတယ်။
သေဆုံးသူ မိန်းကလေးရဲ့ မိဘဆွေမျိုးတွေဟာ ရိုးသားဖြူစင်ကြပြီး
လူ့အသက်တစ်ချောင်းကို ငွေနဲ့ မလဲနိုင်ကြပေမဲ့ စစ်အရာရှိကြီးတွေရဲ့
နိုင်ထက်စီးနင်း လုပ်ခြင်း ခံရကာ အားမတန်လို့ မာန်လျော့ခဲ့ရပါတယ်။
ဒီလူသတ်မှုနဲ့ အလောင်းဖျောက်ဖျက်မှုကို စုံစမ်းဖော်ထုတ်ခြင်း အရေးယူခြင်း
တစုံတရာ မရှိတော့လို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း သတင်းစာ
ရှင်းလင်းပွဲတခုမှာ ပြောကြားခဲ့တဲ့ “တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူး”
ဆိုတဲ့ စကားဟာ ပြည်သူတွေကြားမှာ ရယ်စရာ ဟာသတခု ဖြစ်နေရပါတယ်။မူးယစ်ဆေးဝါး
ဖြန့်ချီရောင်းဝယ်ရေး ပြုလုပ်နေတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်ရဲ့ သား
အောင်ဇော်ရဲမြင့်ကိုတောင် ထိထိရောက်ရောက် အပြစ်မပေးဘဲ ပြောင်ပြောင်တင်းတင်း
ကာကွယ်ပေးနေကြပါတယ်။
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၃ဝ၂(လူသတ်မှု)ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၃၉၂(လုယက်မှု)
မိုးကုတ်ဦးမြမောင်ဆိုလျှင် ရှေ့မီနောက်မီ ပုဂ္ဂိုလ်တို့ သိကြပါတယ်။
ဆွေမျိုးစဉ်ဆက်မည်မျှ ချမ်းသာကြောင်း ယခုတိုင် သားသမီးမြေးတို့ကိုပင်
ဘဏ်အကောင့်ဖွင့်၍ငွေကြေးသုံးစွဲရန်ထားရှိခဲ့ကြောင်းအများသိပင်ဖြစ်ပါတယ်။ထိုဦးမြမောင် ဆွေမျိုး - အသတ်ခံရသူတို့ဟာ လုပ်ငန်းဆောင်တာ ဆက်သွယ်မှုအရ
မပခတိုင်းမှူး ဗိုလ်ချုပ်မောင်မောင်ဆွေက ဒုတိယ
ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ ယောက်ဖဖြစ်ပါတယ်။ သူကလည်း အေးတိအေးစက်နဲ့
ဆိုပေမဲ့ ခေသူတော့ မဟုတ်ပါဘူး။ သစ်တစ်တန်ကို ကျပ်၂၀၀၀၀ိ/နှုန်းကောက်ခံတာဖြစ်ပါတယ်။ကျွန်းသစ်ကိုတော့
စာဖြင့် တရားဝင် ခွင့်ပြုခြင်း မရှိပါဘူး။ သစ်မာကိုသာ ခွင့်ပြုပါတယ်။
အဲဒီအခါ ကချင်ပြည်နယ်မှာ ပိတောက်ပွဲတော်/တမလန်း ပွဲတော်ကြီးကို
ဒေသခံများရော တရုတ်များရော ကချင်ငြိမ်းချမ်းရေးများပါ သူ့ထက်ငါ ဦးအောင်
အလုအယက် ပါဝင်ဆင်နွဲပါတော့တယ်။ မိုးမိတ်ဗျူဟာအောက်မှာပါတဲ့ မံစီနယ်ထဲက
မံဝိန်း၊ ပါခမ်း၊ ဘလောင်ဒင်ဆာနယ်မြေမှာ သစ်ခုတ်ခွင့်ရဖို့ ဗျူဟာမှူးကို
တစ်လသိန်းတစ်ထောင် ပေးရတယ်လို့ သိရပါတယ်။ ရှမ်းမြောက်က
ကွတ်ခိုင်ဗျူဟာအပိုင် နမ့်ခမ်းဒေသမှာလည်း ဒီဈေးနှုန်းပေါက်တယ်လို့
ကြားသိရပါတယ်။ ကချင်ပြည်နယ်ဟာ သစ်အပါအ၀င် ကျောက်စိမ်း/ရွှေ
စတဲ့ သဘာဝ အရင်းအမြစ်တွေ ပေါများလှတဲ့ ဒေသဖြစ်ပေမဲ့ ဒေသခံ ကချင်လူထု
အများစုကတော့ မည်သည့် အကျိုးကျေးဇူးမျှ မခံစားရပဲ ဆင်းရဲတွင်းနက်လျှက်
ရှိနေပါတယ်။ အမှတ် (၃၇) ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူးဟာ ဂိတ်ထိုင်ရင်
ပိုက်ဆံများများ ရပြီးတော့ မှောင်ခိုကားများ ဖြတ်သန်းသွားလျှင်
ကားတစ်စီးလျှင် ငွေကျပ် (၅) သိန်းနှုန်းဖြင့် သူ့ကို လာဘ်ထိုးရကြောင်း
သိရှိရပါတယ်။ ကုန်သည်များက တရားမ၀င်သစ်များ ခိုးထုတ်တဲ့အခါမှာလည်း
တပ်ရင်းမှူးနှင့် အရာရှိ လက်အောက်ငယ်သားများအား ခိုးထုတ်သည့် သစ်များအား
(၁) တန်လျှင် ကျပ် (၂) သိန်းနှုန်းဖြင့် လာဘ်ထိုးရကြောင်း သိရပါတယ်။
ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦးဆိုလျှင် ကျပ်သိန်း (၂၀၀) ခန့် ၀င်ငွေ
ရသွားခဲ့ပါတယ်။ နောက်ပြီး ဗလမင်းထင်တံတားတွင်လည်း ထိုနည်းအတိုင်း
အရာရှိများက တံတားဂိတ်ကြေးအဖြစ် ကားများကို ကောက်ခံ လုပ်စားရပါတယ်။
ဒီလိုနဲ့ ရှေ့တန်းစခန်းထိုင် ထွက်ရတဲ့အခါမှာဆိုရင် တပ်ရင်းမှူးက တရားမ၀င်
အကြံအဖန် ကျပ်သိန်း (၅၀၀) ခန့် ရပါတယ်။ တခါတလေဆို တပ်ရင်းမှူးက
နောက်ဆုံးပေါ်ကား ၀ယ်နိုင်လောက်တဲ့အထိ ၀င်ငွေရပါတယ်။ ဦးတေဇရဲ့ Air Bagan
လေကြောင်းပို့ဆောင်ရေး ရဲ့ လေယာဉ် တဝက်ကျော်ကျော်လောက်ကို ဦးသန်းရွှေသမီးက
ပိုင်ဆိုင်တယ်။ သူဌေးတိုင်းရဲ့ လုပ်ငန်းတိုင်းမှာ မြန်မာပြည်ရဲ့
စစ်ဗိုလ်ချုပ်သမီးတွေ ရှယ်ယာ ပါပြီးသား။ ပုဂ္ဂလိက ခေါင်းစဉ်တပ်လိုက်၊
သူတို့က ယူလိုက်နဲ့ မြန်မာပြည်ကို အိမ်တိုင်ပါ ချွတ်ရောင်းတဲ့ပုံ
ပေါက်နေကြတယ်။ ပြည်သူတွေနဲ့ဆိုင်တဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ
မရှိတော့တဲ့ အခြေအနေပင်။ ပြောရလျှင် ပုဂ္ဂလိက အမည်ခံကာ အစိုးရပိုင်အဖြစ်မှ
ကိုယ်ပိုင်အဖြစ်သို့ ပြောင်းလဲနေခြင်းပင်။ ယခင် (လယ်ဆည်) ၀န်ကြီးဟောင်း
ဦးမြင့်အောင်တို့အိမ်တွေမှာ ရွှေချောင်းများ သိမ်းထားသလို
နိုင်ငံခြားဘဏ်တွေမှာ အပ်နှံထားတဲ့ ဒေါ်လာငွေစာရင်းတွေလည်း ရှိတယ်လို့
သတင်းတွေရှိခဲ့ပါတယ်။ ဒါတွေဟာ နိုင်ငံတော်ရဲ့ သယံဇာတပစ္စည်းများကို
ဈေးပေါပေါနဲ့ ရောင်းချလို့ရတဲ့ငွေတွေအပေါ် အဂတိလိုက်စားမှုနဲ့
ရယူထားတာတွေပါ။ မန္တလေးမြို့တော်ဝန် ဦးဖုန်းဇော်ဟန်ဆိုရင်လည်း
မြို့နေလူထုထံမှ လာဘ်စားခြင်း၊ တပည့်မွေးခြင်း ကိစ္စရပ်များ ဟာ်
လူတကာသိသောကိစ္စရပ်များဖြစ်ပါတယ်။ မြို့တော်ဝန်၏ တဖက်စောင်းနင်း
အရေးယူမှုကြောင့် ၀န်ထမ်းပေါင်း (၇၀)ဖြုတ်၊ ထုတ်၊ သတ်လုပ်ခဲ့သော်လည်း
ဝင်ငွေရရှိနိုင်သောနေရာများတွင် သူ့တပည့် စစ်ဗိုလ်ဟောင်းများကို တာဝန်ပေးပြီး ကိုယ်ကျိုးစီးပွားရှာနေခြင်းမှာ
အောက်ခြေ၀န်ထမ်းများအနေဖြင့် အလွန်အင်မတန် ဒုက္ခရောက် ကြရပါတယ်။
ဦးဖုန်းဇော်ဟန်သည် ၂၀၀၅ ခုနှစ်တွင် ဈေးချို ဟိုတယ် ပိုင်ရှင်တစ်ဦးဖြစ်သူ
ဦးသိန်းသန်းကို ကတ္တရာသွင်းရန်တွက် ကြိုတင်ငွေ သိန်း(၄၀၀၀)
ထုတ်ပေးခဲ့ပါတယ်။ ဦးသိန်းသန်းသည် ဗိုလ်မှူးဟောင်း တစ်ယောက် ဖြစ်ပါတယ်။
ပထမပိုင်းတွင် ဦးသိန်းသန်းကို ထုတ်ပေးခဲ့ပြီး နောက်ပိုင်းတွင် ကတ္တရာသွင်း
သည့်လုပ်ငန်းကို မြို့တော်ဝန်၏ ယောက်ဖဖြစ်သူ ကိုဖြိုးနှင့်သာ
လုပ်ကိုင်ခဲ့ပြီး ကြိုတင်ငွေ သိန်းပေါင်း(၃၅၀၀၀) ထုတ်ပေးခဲ့ပါတယ်။
လုပ်ထုံးလုပ်နည်း အရဆိုပါက တင်ဒါခေါ်ရပါမယ်။ တင်ဒါရသော ကုမ္ပဏီမှ
ကုမ္ပဏီပိုင်ငွေဖြင့် နိုင်ငံခြားမှ ကတ္တရာတင်သွင်းရပါမမယ်။
မန္တလေးစည်ပင်ရောက်မှသာ ဖွင့်ဖောက်စစ်ဆေးရေးဘုတ်အဖွဲ့ဖြင့်
စစ်ဆေးလက်ခံပြီးမှသာ ငွေပေးချေရသည့် စနစ်ဖြစ်ပါတယ်။သို့ရာတွင်
တင်ဒါမခေါ်ဘဲ စည်ပင်ပိုင်ငွေကို ယောက်ဖအား ကြိုတင်ပေးပြီး ထိုငွေဖြင့်
ဝယ်သောကတ္တရာများကို အမြတ်တင်၍ စည်ပင်သို့ပြန်သွင်းခဲ့ပါတယ်။ သို့ဖြစ်၍
ကိုဖြိုးသည် အရင်းအနှီးမရှိ သော်လည်း သိန်းထောင်ပေါင်းများစွာ အမြတ်
ရရှိခဲ့ပါတယ်။ မန္တလေးမြို့ပေါ်ရှိ လမ်းခင်းခြင်းလုပ်ငန်းများဟာ
မြို့တော်ဝန်ရဲ့ အဓိက စီးပွားရေး လုပ်ငန်းတစ်ရပ်သဖွယ် ဖြစ်နေပါတယ်။
လမ်းအတွက်လိုအပ်သည့် ကတ္တရာများကို စည်ပင်ငွေဖြင့် ၀ယ်ယူပြီး အသားတင်
အမြတ်တင်ဝယ်ယူသည့် နည်းလမ်းမှာ အလွန်ရိုးရှင်းလှပါတယ်။ လမ်းအားလုံးအတွက်
လိုအပ်သည့် ကျောက်သွင်းခြင်းများကိုလည်း ကော်မတီမှ ချုပ်ကိုင်ထားသော်လည်း
နောက်ကွယ်က ကော်မတီကို ထပ်မံချုပ်ကိုင် ထားသူဟာ် မြို့တော်ဝန်သာ
ဖြစ်တဲ့အတွက် ကျောက်ကျင်းများကို ပေးချေရသော ငွေများအားလုံးသည်
ချုပ်ကိုင်ထားသူ မြို့တော်ဝန်အတွက်သာ ဖြစ်နေပါတယ်။ ကားကြီးဝင်းပွဲရုံတန်း
၆၇ လမ်းနှင့် ၆၈ လမ်းကြားတွင် ဦးဖုန်းဇော်ဟန်ပိုင် မြေကွက် ၂၁
ကွက်ရှိပါတယ်။ ကာလပေါက်ဈေးမှာ တစ်ကွက်လျှင်
သိန်း(၂၅၀၀)ကျော်တန်ဖိုးရှိပါတယ်။
မန္တလေးစည်ပင်မှ ရောင်းချသည့် မြေကွက်၊ တိုက်ခန်းများတွင် သူ့အတွက်
ရာခိုင်နှုံးတင်ပြီး ရောင်းချသလို တခြားက၀ယ်လျင် ဈေးကြီးပြ ၀ယ်လေ့ရှိသော
ဦးဖုန်းဇော်ဟန်ဟာ မန္တလေးမြို့နေပြည်သူများ၏ အခွန်အခများပေါ်မှလည်း
ဂုတ်သွေးစုပ် နေကြောင်းကို ထင်ထင်ရှားရှားကြီး မြင်တွေ့နေရပါတယ်။
အပိုင်း(၃) ဆက်ဖတ်ရန်
https://www.facebook.com/photo.php?fbid=429148257181364&set=a.146684578761068.30712.100002585813149&type=1
ဇော်ဝမ်းမောင်
0 comments:
Post a Comment