Monday, May 13, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၃-၅)

သစ်ထူးလွင်



Posted: 13 May 2013 06:29 AM PDT
စီအန်ပီစီ တရုတ်ကုမ္ပဏီကို ဧပြီလက ခွင့်ပြုချက်မရဘဲ ဆန္ဒပြခဲ့တဲ့ ဦးဆောင်သူ မဒေးကျွန်းရွာသား ၁၀ ဦးကို ကျောက်ဖြူမြို့နယ်တရားရုံးက  ဒီနေ့ ခေါ်ယူ စစ်ဆေးခဲ့တယ်လို့ ရခိုင်လူမှုကွန်ရက်အဖွဲ့ဝင် ဦးထွန်းလွင်က ဒီဗွီဘီကို ပြောပါတယ်။
မေလ ၁၆ ရက်နေ့ အမှုစစ်ဖို့ ချိန်းဆိုထားပေမယ့် ဒီနေ့ခေါ်ယူခဲ့တာဖြစ်ပြီး ဘာကြောင့် ရက်ပြောင်းတယ်ဆိုတာ မသိဘူးလို့ တရားခွင်မှာ တက်ရောက်နားထောင်တဲ့  ဦးထွန်းလွင်က ပြောပါတယ်။

ဆန္ဒပြခေါင်းဆောင် ဦးထွန်းကြည်၊ ဦးအောင်သန်းထွန်း၊ ဦးထွန်းခင်နုတို့ အပါအ၀င် ၁၀ ဦးစလုံး တရားရုံးကို တက်ရောက်ခဲ့ကြောင်း၊ တရားသူကြီး ဦးဌေးဝင်းက တရားလိုဖြစ်သူ  မြို့နယ်ရဲစခန်းမှူးကို စစ်ဆေးပြီး ဆန္ဒပြခေါင်းဆောင်တွေဘက်က ရှေ့နေကွန်ရက်အဖွဲ့ဝင် ဦးအောင်သိန်းက စခန်းမှူးကို ပြန်လည်မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ တရားခွင်မှာ တရားစွဲရခြင်းအကြောင်းနဲ့ သူတို့တောင်းဆိုချက်နဲ့ ဆန္ဒပြပုံတွေ၊ အကြမ်းဖက်မယ့်ပုံ ရှိ မရှိ၊ ဥပဒေနဲ့ လျော်ညီမှု ရှိ မရှိ မေးမြန်းခဲ့ပြီး လာမယ့် မေ ၂၇ ရက်နေ့မှာ အမှုစစ်ဖို့ ထပ်မံချိန်းဆိုလိုက်ပါတယ်။

ဒီမတိုင်ခင် မေ ၆ ရက်နေ့က ရုံးတင်စစ်ဆေးဖို့ ရှိပေမယ့်လည်း မဒေးကျွန်းရွာသား ၄၀၀ ကျော် တရားရုံးကို ရောက်ရှိလာပြီး ဆန္ဒပြတာချင်းအတူတူ အားလုံးကို ရုံးတင်အရေးယူဖို့ တောင်းဆိုခဲ့တဲ့အတွက် အမှုမစစ်ဖြစ်ဘဲ မေ ၁၆ ရက်နေ့ကို ရက်ချိန်းထားတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြု့မြို့နယ်ထဲ စီအန်ပီစီ တရုတ်ကုမ္ပဏီက လက်ရှိဆောင်ရွက်နေတဲ့ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းဟာ လူနေမှုဘ၀နဲ့ အကျိုးစီးပွားကို ထိခိုက်နေတဲ့အတွက် မဒေးကျွန်းဒေသခံ ၄၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။

အသိမ်းခံရတဲ့ မြေတွေကို နိုင်ငံတကာ စံနှုန်းအတိုင်း ပေးလျော်ဖို့၊ စီမံကိန်းကြောင့် ပျက်စီးသွားတဲ့ ကျောက်တန်း၊ ပြိန်၊ ရွာမနဲ့ ပန်းတိမ်ဆည် ဆက်သွယ်ရေးလမ်းကို ပြန်ပြင်ပေးဖို့၊ ဒေသခံတွေကို အလုပ်ခန့်ပြီး လုပ်အားခကို နိုင်ငံတကာ စံနှုန်းအတိုင်းပေးဖို့၊ မဒေးကျွန်းမှာ လျှပ်စစ်မီးရရေး၊ ကျွန်းပတ်လည်မှာ ငါးဖမ်းခွင့်ရရေးနဲ့ ကျွန်းပေါ်မှာရှိတဲ့ မြေလွတ်မြေရိုင်းတွေကို ဒေသခံကို အသိမပေးဘဲ သိမ်းယူလုပ်ကိုင်တာတွေ မလုပ်ဖို့ စတာတွေအပါအ၀င် အချက် ၉ ချက်ကို ဒေသခံတွေက တောင်းဆိုခဲ့ကြတာပါ။

 by နန်းမြနဒီ (ဒီဗွီဘီ)

ဧပြီလ ၁၈ ရက်နေ့က စီအန်ပီစီကုမ္ပဏီကို ဒေသခံများ ဆန္ဒပြခဲ့စဉ်

Posted: 13 May 2013 06:23 AM PDT
မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဘက်ကို မဟာစင်ဆိုင်ကလုန်းမုန်တိုင်း ခုရက်ပိုင်းအတွင်း ၀င်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေတာကြောင့်  ကုလသမဂ္ဂနဲ့ အန်ဂျီအိုတွေက မုန်တိုင်းဘေးဒဏ်ခံရရင် အကူအညီပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်နေကြပါတယ်။

မဟာစင်မုန်တိုင်းဟာ မြန်မာနိုင်ငံ ဘယ်မြို့တွေကို ၀င်ရောက်တိုက်ခတ်မယ်ဆိုတာ အတိအကျ မသိရသေးပေမယ့် ရန်ကုန်အခြေစိုက် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေ၊ အိုင်အန်ဂျီအိုတွေနဲ့ အန်ဂျီအိုတွေကတော့ မုန်တိုင်းဝင်ရောက်လာပါက ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်လုပ်ဆောင်နိုင်အောင် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေကြတာပါ။

ကုလသမဂ္ဂဆိုင်ရာ ရန်ကုန်ရုံးရဲ့ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက မြန်မာနိုင်ငံမှာရှိတဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေအနေနဲ့ မုန်တိုင်းအတွက် ကြိုတင်ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်နေပြီဖြစ်ကြောင်း ပြောပါတယ်။

“ကုလသမဂ္ဂရော၊ အိုင်အန်ဂျီအိုအဖွဲ့အစည်းတွေေ
ရာ၊ လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာ အဖွဲ့တွေနဲ့ရော တွေ့ဖို့ရှိပါတယ်။ ကြိုတင်ပြင်ဆင်ချက်တွေရှိတယ်ဆိုတာလည်း သတင်းရသလို ဒီကနေ ပံ့ပိုးလို့ရတာတွေလည်း ညှိနှိုင်းနေကြပါတယ်။ လုပ်နိုင်တဲ့ပမာဏတွေလည်း တွက်ချက်နေကြပါတယ်။ မုန်တိုင်းအခြေအနေလည်း တချိန်လုံးစောင့်ကြည့်နေကြပါတယ်။”

မုန်တိုင်းဟာ ရခိုင်ပြည်နယ်ကို ၀င်ရောက်တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေတဲ့အတွက် မုန်တိုင်းလမ်းကြောင်းမှာ ရှိနေတဲ့ဒေသခံတွေ၊ ရွက်ဖျင်တဲတွေမှာ နေထိုင်နေရတဲ့ ပဋိပက္ခဘေးဒုက္ခသည်တွေကို မြေနိမ့်ပိုင်းကနေ ဘေးကင်းလုံခြုံရာ   ကုန်းမြင့်နေရာတွေကို အာဏာပိုင်တွေက အပူတပြင်း စတင်ပြောင်းရွှေ့ပေးနေပြီဖြစ်
တဲ့ အကြောင်းနဲ့ ဒီလုပ်ငန်းတွေမှာ ကုလသမဂ္ဂအမှုထမ်းတွေကို ပို့ပြီး ပါဝင်ကူညီဆောင်ရွက် ပေးနေတယ်လို့ ပြောပါတယ်။

အလားတူ ယခင် မြန်မာနိုင်ငံကို ၀င်ရောက်တိုက်ခတ်ခဲ့ဖူးတဲ့  နာဂစ်နဲ့ ဂီရိ မုန်တိုင်းတွေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ မုန်တိုင်းကာလအလွန်မှာ  သဘာဝဘေးအန္တရာယ်ရင်ဆိုင်ရေးဆိုင်
ရာ ပညာပေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ဖူးတဲ့ မင်္ဂလာမြန်မာ အန်ဂျီအိုအဖွဲ့ မန်နေဂျာတဦးဖြစ်တဲ့ ဦးသန့်ဇော်ကလည်း မုန်တိုင်းဒဏ်ခံရရင် ဒေသခံတွေကို အကူအညီပေးဖို့ အန်ဂျီအိုတွေအကြား နိုးနိုးကြားကြား ရှိနေတယ်လို့ ပြောပါတယ်။

“အဖွဲ့လိုက်လုပ်နေတာတွေလည်း ရှိတယ်။ မင်္ဂလာမြန်မာအနေနဲ့လည်း နယ်ရော ရန်ကုန်က ၀န်ထမ်းတွေ၊ ယခင် အတွေ့အကြုံရှိဖူးတဲ့ ၀န်ထမ်းတွေနဲ့ အတွေ့အကြုံမရှိသေးတဲ့ ၀န်ထမ်းတွေရော ဘယ်လိုဖြစ်ရင် ဘယ်လိုလုပ်ကြမယ်ဆိုတဲ့ အတိုင်းအတာလေး ဆွေးနွေးထားကြတယ်။ လိုအပ်တဲ့ပစ္စည်းတွေဘာတွေက ယခင်တုန်းက ကျနော်တို့ဆီမှာ အရန်သင့်နည်းနည်းရှိတယ်။ ဖြစ်ပြီးသွားရင် အမိုးအကာလိုမယ်၊ ရွက်ဖျင်တဲတွေပေါ့၊ ဒါမျိုးလုပ်ထားတယ်။ အရင်ကထက်စာရင် နိုးနိုးကြားကြားရှိလာတယ်။ အရင်ကဆို အားလုံးက ကိုယ်နဲ့မဆိုင်သလိုလေ။ အခုက အဖွဲ့အစည်းတော်တော်များများလည်း ဒါဖြစ်လာရင် ဘယ်လိုလုပ်မယ်ဆိုတာ ကြိုတင်ပြင်ဆင်တာတွေ ရှိတယ်။”

ဒေသခံတွေအနေနဲ့ မုန်တိုင်းမ၀င်ခင် ရေနဲ့ စားနပ်ရိက္ခာတွေ သီတင်းတပတ်စာ စုဆောင်းထားဖို့၊ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း စတဲ့ အရေးကြီး စာရွက် စာတမ်းတွေကို ရေစိုခံ ပလတ်စတစ်နဲ့ ထည့်ထားဖို့၊ စိတ်ချရတဲ့ ဘုန်းကြီးကျောင်း၊ ခိုင်ခံ့တဲ့ အဆောက်အဦနဲ့ လူနေအိမ်တွေမှာ ခိုလှုံနေကြဖို့ အန်ဂျီအိုတွေကရော၊ မီဒီယာတွေကပါ သတိပေးဆော်ဩမှုတွေ လုပ်နေပါတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ်အပါအ၀င် မြန်မာနိုင်ငံတ၀န်းမှာ လူတွေ ဘေးကင်းလုံခြုံစွာ ခိုလှုံနိုင်မယ့်၊ ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံနိုင်လောက်တဲ့ အဆောက်အဦတွေတော့ လုံလောက်မှု မရှိသေးဘူးလို့ အန်ဂျီအိုအဖွဲ့တွေက ပြောပါတယ်။

by ပီတာအောင်  (ဒီဗွီဘီ)


Posted: 13 May 2013 06:10 AM PDT
ကမ္ဘာပေါ်မှာ အစာရေစာ ငတ်မွတ်မှု တိုက်ဖျက်ရေး အတွက် စားလို့ရတဲ့ အင်းဆက် ပိုးကောင်တွေ ဟာ အရေးပါတဲ့ ကဏ္ဍမှာ ရှိနိုင်မယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာ တခုက မီးမောင်းထိုး ဖေါ်ပြလိုက်ပါတယ်။ လူပေါင်း သန်း ၂ ထောင် လောက်ကို အစားအစာ အဖြစ် ပုရွက်ဆိတ်၊ ဓားခုတ်ကောင်နဲ့ ပိုးတောင်မာလို စတဲ့ အင်းဆက် ပိုးကောင် တွေနဲ့ ဖြည့်စွက် ပေးထားခဲ့ပြီ ဖြစ်တယ်လို့ ကုလသမဂ္ဂ အစား အစာ နဲ့ စိုက်ပျိုးမွေးမြူရေး အဖွဲ့က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 13 May 2013 05:06 AM PDT
စစ်တွေမြို့ပေါ်က လူတချို့က တောင်တွေရှိတဲ့ ပုဏ္ဏားကျွန်း ဘက်ပြောင်းဖို့ လုပ်နေကြတယ်။ လက်ရှိအချိန်ထိ တစ်မြို့ကနေ တစ်မြို့ရွှေ့တာမျိုး သိပ်မရှိသေးပါဘူး။ ကိုယ့်မြို့မှာပဲ လုံခြုံတဲ့ နေရာတွေကိုရွှေ့ပြောင်း နေကြတယ်။ အဲသည်ကျွန်းက စစ်တွေမြို့နဲ့မိုင်၂၀ခန့် အကွာမှာ ရှိတယ်။ တောင်အကာရံတွေ ရှိတာကြောင့် အကာ ကွယ်ယူနိုင်အောင် ပြောင်းရွှေ့  ကြတာ ဖြစ်တယ်။ မြို့ကြီးတစ်မြို့ကနေတစ်မြို့ပြောင်းရွှေ့တာမျိုး မကြားရသေးဘူးလို့ သိရတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 13 May 2013 04:33 AM PDT

၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်  ကျရောက်မည့်  အပြည်ပြည်ဆိုင်ရာ  မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့်  တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်  ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲများ  အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက်  ရန်ကုန်တိုင်း ဒေသကြီး ကြီးကြပ်မှုကော်မတီ  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့  မွန်းလွဲ (၁)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ
့မျူးရုံး၊ အစည်းအဝေးခန်းမ(၁)တွင်  ကျင်းပပြုလုပ်ခဲ့ ကြောင်း  ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
အခမ်းအနားတွင်  ရန်ကုန်တိုင်း ဒေသကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော  ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့ဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့  အတွင်းရေးမှူး ဦးခင်မာင်သိန်း နှင့် ဒုတိယဥက္ကဌ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး  ရဲမှူးကြီး ၀င်းနိုင်တို့က  အဖွင့်အမှာစကား  ပြောကြား၍  ရဲမှူး မြင့်ထွေးက  ပြိုင်ပွဲကျင်းပရေး နှင့်စပ်လျဉ်း၍  ရှင်းလင်းတင်ပြရာ  အစည်းအဝေးတက်ရောက်သူများမှ  အကြံပြုဆွေးနွေးကာ  အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီး အနေဖြင့်  ဇွန် ၈ ရက်နေ့  နံနက် (၉)နာရီမှ  (၁၁)နာရီအထိ  ကာတွန်းပြိုင်ပွဲကိုလည်း ကောင်း၊ မွန်းလွဲ (၁)နာရီမှ  ညနေ (၄)နာရီအထိ  ပန်းချီပြိုင်ပွဲကိုလည်းကောင်း၊ လသာမြို့နယ်၊ အထက(၂) မြညီလာ ခန်းမတွင်  ကျင်းပပြုလုပ်မည်ဖြစ်သည်။ ဇွန် ၉ ရက်နေ့  နံနက် (၉)နာရီမှ  မွန်းတည့် (၁၂)နာရီထိ  ကွန်ပျူတာ ပန်းချီ ပြိုင်ပွဲကို  ကွန်ပျူတာတက္ကသိုလ်(ရွှေပြည်သာမြိ
ု့နယ်)တွင်လည်းကောင်း၊ မွန်းလွဲ (၁)နာရီမှ  ညနေ (၄)နာရီအထိ  ပိုစတာပြိုင်ပွဲကို  အထက(၂)လသာ၊ မြညီလာခန်းမတွင်လည်းကောင်း  ကျင်းပသွားမည်ဖြစ်ကြောင်း နှင့်  ပြိုင်ပွဲဝင်ပုံစံ များကို  မေ ၁၄ ရက်နေ့မှစတင်ကာ  အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး (၄၇ လမ်း၊ ဗိုလ်တထောင်မြို့နယ်) နှင့် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး (ပဒုမ္မာလမ်း၊ ဒဂုံမြို့နယ်)တို့တွင်  အခမဲ့ထုတ်ယူနိုင်ပြီး  ဖြည့်စွပ်ပုံစံများအား  ဖွန်လ(၇) ရက်နေ့  နောက်ဆုံးထား  ပြန်လည်ပေးပို့ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှသတင်းရရှိသည်။
သစ်ထူးလွင်





Posted: 13 May 2013 04:06 AM PDT
ရန်ကုန်တိုင်း အတွင်း အမျိုးသမီးများ အဓမ္မ ပြုကျင့် ခံရမှုနှုန်းမှာ သုံးရက်လျှင် တကြိမ်ခန့် ဖြစ်ပွားနေပြီး အသက်မပြည့်သေးသူ မိန်းခလေးငယ်များအား ကျူးလွန်ခံရမှုပေါင်းမှာ လေးလအတွင်း ၃၀ နီးပါးခန့်အထိ ရှိလာကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စခန်း၏ မှုခင်း သတင်းမှတ်တမ်းများအရ သိရသည်။ “ပထမ လေးလ အတွင်းမှာတင် မုဒိမ်းမှုပေါင်း ၄၇ မှု ဖြစ်တယ်။ အဲဒီမှာ အသက် ၁၆ နှစ်အောက် မိန်းခလေးတွေ အဓမ္မ ပြုကျင့် ခံရမှုပေါင်းက ၂၆ မှုထိ ရှိတယ်။ အဲဒီထဲမှာပဲ ၁၀ နှစ်အောက်က ၆ မှုပါတယ်” ဟု ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 13 May 2013 03:58 AM PDT
ဆိုင်ကလုန်းမုန်တိုင်း မဟာစင်ကြောင့် ရခိုင်ပြည်နယ်နဲ့ မြစ်ဝကျွန်းပေါ်ဒေသ အစိုးရ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ခရီးစဉ်တွေကို မေ ၁၄၊ ၁၅နဲ့ ၁၆ ရက်နေ့တွေမှာ ရပ်နားထားမယ်လို့ ပြည်တွင်းရေကြောင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ပြည်တွင်းရေကြောင်း အထွေထွေ မန်နေဂျာက “အဓိက မုန်တိုင်းကြောင့်ပါ။ ရခိုင်နဲ့ မြစ်ဝကျွန်းပေါ်ပါ။ ဒီခရီးစဉ်တွေကို မုန်တိုင်းဖြတ်မယ့် ၁၄၊ ၁၅၊ ၁၆ ရက်ခရီးစဉ်တွေကို ရပ်ဆိုင်းထားတယ်။”

မဟာစင်မုန်တိုင်း လာမယ့်သတင်းတွေကြောင့် ခရီးသည်တွေ မရှိလို့ ဒီနေ့လည်း ရခိုင်နဲ့ မြစ်ဝကျွန်းပေါ် ခရီးစဉ်တွေကို ရပ်နားထားတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ ပန်းဆိုးတန်း-ဒလ ရေကြောင်းခရီးစဉ်တွေကိုလည်း မနက်ပိုင်း ၈ နာရီလောက်မှာ လေပြင်းတွေတိုက်ပြီး မိုးရွာတဲ့အတွက် နားထားတယ်လို့ ရေကြောင်း အထွေထွေမန်နေဂျာက ပြောပါတယ်။

Mahasen မဟာစင် အမည်ရှိတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ လက်ရှိအခြေအနေမှာ အ၀ါရောင်အဆင့်ရှိပေမယ့် နောက်ဆုံးတိုင်းထွာရရှိတဲ့ ခန့်မှန်းချက်အရ မေ ၁၆ ရက်နေ့ ညပိုင်းခန့်မှာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းကမ်းခြေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေဒေသေ
တွကို ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးဇလက မြန်မာစံတော်ချိန် ၁၃း၀၀ မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဗွီဘီ - ၁၃ မေလ ၂၀၁၃


Posted: 13 May 2013 03:52 AM PDT
ယနေ့ မြန်မာ စံတော်ချိန်(၁၂း၃၀)နာရီ အချိန်တိုင်းထွာ ချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျှက်ရှိသော ဘင်္ဂလား ပင်လယ်အော် အနောက် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်းမဟာစင်(MAHASEN)သည် မြန်မာနိုင်ငံ(ကိုကိုးကျွန်း)၏ အနောက်တောင်ဘက် မိုင်(၄၁၀)ခန့်၊ ပုသိမ်မြို့၏ အနောက် တောင်ဘက်မိုင်(၅၄၀)ခန့် ၊ကျောက်ဖြူမြို့၏ အနောက်တောင် ဘက်မိုင်(၅၉၀)ခန့် အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

မုန်တိုင်းသည်မြောက်ဘက်သို့ဆက်
လက်ရွေ့လျားနိုင်ပြီး၊မုန်တိုင်း ဗဟိုချက်အနီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာမိုင်(၆၀)အထိရှိနိုင်ပါသည်။ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများ ကျရောက် ပြီးလှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ(၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ အ၀ါရောင် အဆင့်သာ ရှိသော်လည်း နောက်ဆုံးတိုင်းထွာရရှိသော ခန်မှန်းချက်အရ မေလ(၁၆)ရက်နေ့ညပိုင်းခန့်တွင်
မြန်မာနိုင်ငံ(ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း) ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများဆီသို့ဖြတ်ကျော်
ဝင်ရောက် နိုင်ကြောင်းခန့်မှန်းရပါသည်။ြ
မန်မာ့ကမ်းရီုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊သင်္ဘောများအနေဖြင့် မုန်တိုင်းအန္တရာယ် ရှောင်ရှားရန် လိုအပ် ကြောင်းအကြံပြုအပ်ပါသည်။

မိုးလေဝသနှင့်ဇလ‌ဗေဒညွှန်ကြားမှု
ဦးစီးဌာန



Posted: 13 May 2013 03:41 AM PDT
ဘင်္ဂလား ပင်လယ်အော်ကနေ မြောက်ဘက်ကို ရှေးရှုလာတဲ့ မဟာစင် အမည်ရှိတဲ့ ဆိုင်ကလုန်း မုန်တိုင်းဟာ လာမယ့် ရက်ပိုင်း အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ မြန်မာနိုင်ငံ ရခိုင် ကမ်းရိုးတန်းကို ၀င်ရောက် တိုက်ခိုက် နိုင်ဖွယ်ရှိတာကြောင့် ပြည်နယ် အတွင်းမှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင် ထားတယ်လို့ ရခိုင်ပြည်နယ် အစိုးရက ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးဝင်းမြိုင်ကို ကိုအေးနိုင်က နေ့ခင်း ၃ နာရီမှာ ဆက်သွယ်မေးမြန်းထားပါတယ်။

မုန်တိုင်းအကြိုကာလ ပြင်ဆင်မှုအခြေအနေ ပြောပြပေးပါ။

“ကျေးရွာကမ်းစပ်အတော်များများကု
ိ ကျနော်တို့ ကြေညာထားပြီးဖြစ်တယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကလည်း အကုန်လုံး သတင်းပို့ပြီး အသင့်ဖြစ်နေပါပြီ။”

ဖိဖိစီးစီး မုန်တိုင်းအန္တရာယ် သတိပေးချက်ထုတ်ထားတာက ဘယ်မြို့နယ်တွေလဲ။

“အဓိက စစ်တွေနဲ့ မောင်တောပါ။ ဘူးသီးတောင်ကတော့ နည်းနည်းအလှမ်းဝေးတယ်။ ကျန်တဲ့မြို့နယ်တွေမှာပါ သတိပေးချက် ထုတ်ထားပါတယ်။ ကျောက်ဖြူတို့၊ မြေပုံတို့၊ ပေါက်တောတို့။”

စားရေရိက္ခာပြင်ဆင်မှုအခြေအနေ ပြောပြပေးပါ။

“အဲဒါက အရင်ကတည်းက ရှိပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) တို့၊ ကြက်ခြေနီအဖွဲ့တွေက ကြိုတင်စုဆောင်းထးတာတွေ ရှိပါတယ်။ ခေါက်ဆွဲခြောက်တို့၊ ရေသန့်တို့ ကြိုတင်စုဆောင်းထားတာ ရှိပါတယ်။”

အကယ်လို့ မုန်တိုင်းဝင်လာမယ်ဆိုရင် ရေပါပါပြီး တချို့နေရာတွေမှာ ၁၀ ပေလောက် ရေတက်မယ်ဆိုတော့ အဲဒီလူတွေကို အမြင့်ပိုင်းတွေရောက်အောင် ဘယ်လို စီစဉ်ထားပါသလဲ။

“တချို့ရွာတွေမှာ နှစ်တိုင်း လေ့ကျင့်မှုတွေ လုပ်ထားတော့ သိပ်ပြီးတော့ အခက်အခဲ မရှိပါဘူး။ အခု စစ်တွေမှာရှိတဲ့ ကယ်ဆယ်ရေးစခန်းကိုပဲ ရေနဲ့မလွတ်တဲ့ နေရာတွေကို လွတ်တဲ့နေရာတွေကို ပြောင်းရွှေ့ပေးပါတယ်။”

အခု အုပ်စု ၂ စုကြား အစ္စလာမ်ဘာသာဝင်တွေနဲ့ ရခိုင် ဗုဒ္ဓဘာသာဝင်တွေ ကယ်ဆယ်ရေးနေရာချထားတယ်လို့ သိရတယ်။ သူတို့ကိုရော ဘယ်လိုမျိုးနေရာစီစဉ်ထားလဲ။ ဘယ်နေရာတွေ ပို့ထားလဲ။

“မွတ်စလင်ဒုက္ခသည်တွေကိုတော့ စလုပ်ပေးကတည်းက ကားလမ်းဘေး လုပ်ပေးတာများတယ်။ အခုရွှေ့တာက ဒီပြင် မြို့နယ်တွေကနေ စစ်တွေမြို့နယ်ကို ပြောင်းလာတဲ့အဖွဲ့တွေအတွက် စီစဉ်ပေးတာပါ။”

ဦးဝင်းမြိုင်တို့စီစဉ်ထားပုံအတု
ိင်းဆိုရင် တကယ်လို့ မမျှော်လင့်ဘဲ မုန်တိုင်းက စစ်တွေဘက်ရိုက်ခတ်မယ်ဆိုရင် ဒီမှာရှိနေသူတွေရဲ့ အသက်အန္တရာယ် အတော်လေး လုံခြုံစိတ်ချရအောင် ပြင်ဆင်ထားပြီးပါပြီလား။

“အဲလောက်ဖြစ်အောင် အားလုံးက ကြိုးစားပြင်ဆင်နေပါတယ်။ ဒါပေမယ့် တခုရှိတာက မုန်တိုင်းကို ဒီဘက်ဝင်လာမယ်ဆိုရင်လည်း ဆောက်ထားတဲ့ အိမ်အခြေအနေပေါ်မူတည်ပြီး လုပ်ထားပါတယ်။ စဆောက်ကတည်းကလည်း ခိုင်ခံ့မှုရှိအောင် ဆောက်ထားပါတယ်။ ရေတက်နိုင်မယ့်နေရာတွေကိုလည်း ကုန်းမြင့်မှာရှိတဲ့စခန်းတွေကို အကုန်လုံး ရွှေ့ထားပြီးပါပြီ။”

အလွန်အမင်းမဟုတ်ဘဲ သာမန်ရေတက်တာဆိုရင် သိပ်စိုးရိမ်စရာမရှိဘူးဆိုတဲ့ သဘောပေါ့။ နောက် ကုန်ဈေးနှုန်းနဲ့ လမ်းပန်းဆက်သွယ်ရေးတွေနဲ့ ပတ်သက်လို့ရော ရခိုင်ပြည်နယ်မှာ ဘယ်လိုရှိပါလဲ။

“ဟုတ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးက အခုထိတော့ မိုးသိပ်ရွာတာ၊ လေတိုက်တာမရှိတော့ ကားတွေကတော့ သွားလာတုန်းပါပဲ။”

ကမ္ဘာ့သတင်းတွေမှာဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ မောင်တောမှာဆိုရင်၊ စစ်တွေကတောင် နည်းနည်းလှမ်းသေးတယ်၊ ဆိုတော့ မောင်တောဘက်ပြင်ဆင်မှုအခြေအနေ နည်းနည်းပြောပြပေးပါ။

“မောင်တောဘက်ကို ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ကျနော်တို့ ပြောထားတာရှိတယ်။ အဲဘက်တွေက နှစ်တိုင်းကြုံနေတော့ ဘယ်လိုကာကွယ်ရမယ် ဘယ်လိုလုပ်ရမယ် ဆိုတာ သူတို့လည်းသိနေကြပါတယ်။”

 by ​အေး​နိုင် (ဒီဗွီဘီ)

JTWC သတိပေးချက်ပါ မုန်တိုင်း လေပြင်းတိုက်ခတ်ခံရနိုင်ဖွယ် ရှိနေတဲ့ ဧရိယာများ

Posted: 13 May 2013 03:36 AM PDT
မေလ ၁၃ ရက် မြန်မာစံတော်ချိန် ညနေ ၁၅၃ဝ နာရီတွင် ရရှိသည့် JTWC မှ လမ်းကြောင်း ပုံဖေါ်ခန့်မှန်းချက်များအရ ဆိုင်ကလုန်း မုန်တိုင်း MAHASEN ၏ လမ်းကြောင်းမှာ မြောက် ဘက်သို့ ပြန်လည် ရောက်ရှိသွားပြီး မုန်တိုင်းဗဟိုသည် မေလ ၁၆ ရက် ည မြန်မာစံတော်ချိန် ၂၄ဝဝ နာရီခန့်တွင် စစ်တကောင်းမြို့ မြောက်ဘက် ၈.၇၅ မိုင်ခန့် ကွာဝေးသည့် ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 13 May 2013 12:22 AM PDT
ရခိုင်ပြည်နယ်သို့ ဖြတ်သန်း တိုက်ခတ်မည့် မဟာဆန် ဆိုင်ကလုန်း မုန်တိုင်း ကျရောက်မည့်နေ့ နီးလာသည်နှင့် အမျှ ရခိုင် တပြည်နယ်လုံးရှိ ဒေသခံများ စိုးရိမ်ထိတ်လန့်လျက် ရှိကြောင်း သိရသည်။ မုန်တိုင်း ဝင်ရောက်မည့် နေ့ကို မိုးလေဝသ ပညာရှင်များက မေလ ၁၅၊ ၁၆ ရက်များဟု ခန့်မှန်းထားကြသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 13 May 2013 12:15 AM PDT
နိုင်ငံအတွင်း ၂၀၁၁ ခုနှစ်မှ ယခုနှစ် မေလဆန်းပိုင်း အထိ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံ မှု ငါးဆ တိုးတက်ခဲ့ကြောင်း သမ္မတ ဦးသိန်းစိန် က မန္တလေးမြို့သို့ မေလ ၁၂ ရက်နေ့က ရောက်ရှိစဉ် ပြောကြား လိုက်သည်။ အမျိုးသား ကဇာတ်ရုံ၌ ပြုလုပ်သော ကျေးလက်နေ ပြည်သူများနှင့် မြို့ပြနေ အခြေခံ ပြည်သူများ အတွက် ငွေကြေး အရင်းအနှီး ပံ့ပိုးပေးနိုင်ရေး အသေးစား ငွေကြေး ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 May 2013 11:39 PM PDT
မေလ ၁၃ ရက် မြန်မာ စံတော်ချိန် နံနက် ဝ၆၃ဝ နာရီတွင် ရရှီသည့် အချက်အလက်များ အရ ဆိုင်ကလုန်း မုန်တိုင်း MAHASEN(01B)သည် မြောက်ဘက်သို့ တစ်နာရီ ၁ဝ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားနေပြီး၊ မြန်မာနိုင်ငံ ပုသိမ်မြို့၏ အနောက်-အနောက် တောင်ဘက် ၆၅ဝ မိုင်ခန့်၊ စစ်တွေမြို့ အနောက်တောင်ဘက် ၇၁၅ မိုင်ခန့်၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 12 May 2013 11:29 PM PDT
ရန်ကုန်မြို့မှာရှိတဲ့ ရုံးခန်းငှားခတွေ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း သုံးလေးဆ တက်သွားတာကြောင့် နိုင်ငံခြား ကုမ္ဗဏီတွေနဲ့ ပြည်တွင်း ကုမ္ဗဏီတွေ ရုံးခန်း အဆောက်အဦးတွေ ကနေ ပြောင်းရွှေ့မှု ပိုများလာနေပါတယ်။ တင်ဆက်- ရဲဝင့်သူ။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 12 May 2013 11:01 PM PDT
(လဲ့ရည်မြင့်) The Voice Weekly

အနှစ် ၃၀ စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ပညာရေး ဝန်ကြီးဌာန၏ ပညာရေး ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ချက်များကို ၂၀၁၂ ပညာသင်နှစ် အစပိုင်းကတည်းက သိသိသာသာ တွေ့မြင်ရလျက် ရှိသည်။ အခြေခံပိုင်းနှင့် အဆင့်မြင့်ပိုင်း နှစ်ခုလုံးတွင် ဆက်တိုက်ဆိုသလို ပြောင်းလဲလုပ်ဆောင်သည် များကို တွေ့ရှိနေရပြီး မြန်မာ့ပညာရေး အမှန်တကယ် ပြောင်းလဲနေပြီလော ဟူသော မေးခွန်းကမူ ပညာရှင်များအတွက် စဉ်းစားစရာဖြစ်ခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး လုပ်ငန်းများ စတင်ခဲ့ပြီး နောက်ပိုင်း အဆင့်မြင့်ကဏ္ဍတွင် နိုင်ငံ တကာအစိုးရများ၏ အကူအညီများ၊ ပြည်တွင်းမှပညာရေး အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ နည်းပညာ၊ ငွေကြေးပိုင်း အထောက်အပံ့များ ပိုမိုရရှိလာသည်။

ယခုပညာသင်နှစ် တွင်လည်း ပညာရေး ဝန်ကြီးဌာနက ပညာရေး ပြုပြင်ပြောင်းလဲ မှုများ တိုးမြှင့်ဆောင်ရွက်နေကြောင်း အဆိုပါ အသိုင်းအဝိုင်းထံမှ သိရသည်။ ဝန်ကြီးဌာနဘက်က ပြုပြင်ရေးများကို ရေတိုရေလတ် စီမံကိန်းများ ချမှတ်ဆောင်ရွက် နေသော်လည်း ပြည်သူလူထုနှင့် ပြင်ပ ပညာရေး လေ့လာသုံးသပ်သူများ ကြိုတင် သိရှိနိုင်မှု နည်းပါးခြင်းကြောင့် ပညာရေး မြှင့်တင်ရေးတွင် လိုအပ်ချက် များစွာ ထွက်ပေါ်ခဲ့သည် များလည်း ရှိသည်။

"စစ်အစိုးရက မူဝါဒသဘောထား တွေပဲ ထားခဲ့တာ။ ပညာရေးကို ထောက်ပံ့ခဲ့တာ မရှိဘူး" ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဆိုထားသည်။

ပညာရေး ပြုပြင်ပြောင်းလဲမှုများ အမှန် တကယ်ဖြစ်လာနိုင်မည်လော၊ နိုင်ငံတကာ နှင့် ယှဉ်ပြိုင်နိုင်မည်လော ဟူသော မေးခွန်းများကို လူငယ်တိုင်း၊ မိဘတိုင်းနှင့် ပညာရှင်တိုင်းက မေးကာ သံသယမျက်လုံးနှင့် စစ်ဆေးကြည့်ရှု နေကြသည်။ နိုင်ငံတကာကဲ့သို့ ပညာသင်ကြားနည်း စနစ်နှင့် ပညာရေး စနစ်များ ရရှိနိုင်မှုရှိမရှိ၊ ပြည်ပတက္ကသိုလ် များကို ချိတ်ဆက်ကာ ကိုယ့်နိုင်ငံတွင်းမှ သင်ကြားနိုင်မှု ရှိမရှိ၊ မြန်မာ့ပညာရေးကို နိုင်ငံတကာကျောင်းများက လက်ခံမှုရှိမရှိ တို့ကို အားကိုးတကြီး မျှော်လင့်နေကြသည်။

နိုင်ငံတကာအဆင့်မီ တက္ကသိုလ်များ ဖြစ်ပေါ်လာစေရန် တက္ကသိုလ်တိုင်းကို မပြုလုပ်နိုင်သောကြောင့် အဓိက ရွေးချယ်ထားသောကျောင်း သုံး လေး ကျောင်း ကိုသာ အရည်အသွေးပိုင်းဆိုင်ရာ မြှင့်တင် ပေးမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။ တက္ကသိုလ်တိုင်းတွင် ကျွမ်းကျင်ပညာရှင်များ ထွက်ပေါ်လာစေရေး အတွက် ဆောင်ရွက်ခြင်း ဖြစ်သော်လည်း တစ်ဖက်တွင် အကြောင်းကြောင်းကြောင့် ပညာဆက်လက် မသင်ကြားနိုင်သူများ အတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားနိုင်ရန် အခွင့်အလမ်းများ ထုတ်ဖော်ပေးရန် လိုအပ်လာသည်။

ထိုနည်းတူ အခြေခံပညာရေး မြှင့်တင်မှုကို တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးတွင် တစ်ပြိုင်နက် စတင်မည် ဆိုသော ပညာရေးဝန်ကြီးဌာန၏ စီမံကိန်းများ အတွက်လည်း ဝေဖန်အကြံပြုသူများ ပေါ်ထွက်လာသည်။ မူလတန်းအဆင့် ကျောင်းသားအားလုံးကို ပြဋ္ဌာန်းစာအုပ်နှင့် လေ့ကျင့်ခန်းစာအုပ် ခြောက်အုပ်အပြင် ငွေသားတစ်ထောင် ပေးမည်ဆိုသော ပညာရေးစီမံကိန်းက လက်တွေ့တွင် ထိထိရောက်ရောက် မဖြစ်နိုင်ပါ။ မြို့နေ ငွေကြေးသုံးစွဲနိုင်သော လူတန်းစားများ အတွက် ငွေ ကျပ်တစ်ထောင်သည် တစ်ရက်မုန့်ဖိုးမျှသာ ရှိသော်လည်း ကျေးလက်ဒေသ ငွေကြေးချို့တဲ့သူများ အတွက် အလွန် အသုံးဝင်လှသဖြင့် လူတိုင်းအတွက် ပြည့်ပြည့်ဝဝ မပေးနိုင်ချိန် လိုအပ်သူများ အတွက် ဂရုပြု ဆောင်ရွက်မည်ဆိုလျှင် ပို၍အကျိုးရှိနိုင်သည်။

ပညာရေးပြုပြင်ရေးကို အစိုးရသစ်များ တက်လာတိုင်း ပြင်ဆင်ရေးဆွဲလျက် ရှိပြီး နှစ်ကြာရှည်လာသည် နှင့်အမျှ နိုင်ငံတကာ ပညာရေးနှင့် တဖြည်းဖြည်း အလှမ်း ဝေးခဲ့သည်။ ဥပမာ-အခြေခံပညာရေးတွင် ဆယ့်နှစ်တန်းပညာရေး စနစ်ကို လာမည့် ပညာသင်နှစ် များတွင် အကောင်အထည်ဖော်ရန် စီစဉ်နေချိန် အာဆီယံနိုင်ငံ များတွင် ယင်းကို လွန်ခဲ့သော ဆယ်စုနှစ်ကျော် ကတည်းက ပြဋ္ဌာန်းခဲ့ပြီး ဖြစ်သည်။ အဆင့်မြင့် ပိုင်းတွင်လည်း လွန်ခဲ့သောငါးနှစ်ကျော် ကာလအတွင်းက နိုင်ငံခြား တက္ကသိုလ်များ နှင့် ပူးပေါင်းမှု အားနည်းခဲ့ချိန်၌ နိုင်ငံတကာတွင် အပြန်အလှန် ဆက်သွယ်မှု မြန်မြန်ဆန်ဆန်နှင့် ပညာရပ်ပိုင်းများ ဖလှယ်ခဲ့ကြသည်။

"လူတွေအစမ်းခံရပေါင်း များလာပြီ။ အရင်အစမ်းခံရတဲ့ သူတွေ အခု အသက် ၅၀ ထိရှိနေပြီ။ ဆက်ပြီးတော့ သူတို့သားတွေ၊ မြေးတွေထိ ထပ်အစမ်း ခံရတော့မလား မသိဘူး" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ပြောဆိုသည်။
"အတန်းတစ်နှစ် တိုးတာနဲ့ အရည်အချင်းတိုးတာ တခြားစီပါ။ ကျောင်းသားတွေ၊ ဆရာ၊ ဆရာမ တွေ အရည်အချင်းတွေ ပြည့်ဖို့လိုတယ်" ဟုလည်း ၄င်းကဆိုသည်။

မည်သို့ပင်ဆိုစေ အစစအရာရာ နောက်ကျမှု များကို ပြန်လည် ပြင်ဆင်နေသည့် အတွက် များမကြာမီကာလတွင် အတန်သင့် မီနိုင်မည်ဟု ထင်ပါသည်။ ထိုသို့မီနိုင်ရန် လွန်ခဲ့သည့် ၂ နှစ်တာကာလ အတွင်း ပညာရေး ဝန်ကြီးဌာနနှင့် ပြင်ပ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများ၏ ပညာရေး ပြုပြင်ပြောင်းလဲမှုများကို အောက်ပါအတိုင်း သုံးသပ် ဝေဖန်နိုင်သည်။

အခြေခံပညာရေး

ယခင်အစိုးရလက်ထက်က ပညာရေးမြှင့်တင်မှုများ ဆောင်ရွက်ရန် အတွက် နှစ် ၃၀ ကြာသော ရေရှည်စီမံကိန်းကို ငါးနှစ်စီခွဲကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ယခု အချိန်ကာလသည် ပထမနှစ်တို ငါးနှစ်စီမံကိန်း၏ တတိယနှစ် ကာလဖြစ်သည်။ ပညာရေးဝန်ကြီးဌာန၏ ပထမနှစ်တို စီမံကိန်း အကောင်အထည် များသည် ၂ နှစ်တာကာလ အတွင်း သိသိသာသာ ရုပ်လုံးပေါ်လာသည်။

ရုပ်လုံးကြွလာမှုတွင် ၁၉၈၈ မတိုင်မီ ရပ်နားထားသော ကင်းထောက်လူငယ်၊ လူရည်ချွန်၊ ပညာသင်ဆုနှင့် ပညာသင် ထောက်ပံ့ကြေး အစီအစဉ်တို့ ပြန်လည် အကောင်အထည်ဖော်ခြင်း ပါဝင်ပြီး ကျောင်းသားများ အတွက်သာမက ဆရာ ဆရာမ ကဏ္ဍတွင်လည်း မူလတန်းပြ ဆရာ ဆရာမများကို သက်ဆိုင်ရာ မြို့နယ် ကျေးရွာအလိုက် ဘွဲ့ရလူငယ်များကို နေ့စား၊ လစား ဆရာများအဖြစ် ယခု ပညာသင်နှစ်တွင် စတင်ခန့်ထားရန် စီစဉ်ထားသည်။

အလားတူ ဆရာများအတွက် အရာရှိ အဆင့်တစ်ဆင့်စီ တိုးမြှင့်ခြင်း၊ မူလတန်း၊ မူလတန်းလွန်၊ အလယ်တန်း စသည်တို့ကို ကျောင်းအဆင့်များ တိုးခဲ့သည်။ မသင်မနေ ရမူလတန်း ပညာရေး အတွက်လည်း မြို့နယ်လေးမြို့နယ်တွင် သီးသန့်စီမံချက်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

တိုင်းရင်းသားဒေသများရှိ မူလတန်း ကျောင်းသားများအတွက် ထပ်ဆောင်း တိုင်းရင်းသား ဘာသာစကားများကို ကျောင်းချိန်ပြင်ပတွင် သင်ကြားခွင့်ပြုခဲ့ပြီး လက်ရှိသင်ရိုးညွှန်တမ်း များကိုလည်း အဆင့်မြှင့်သွားရန် စီစဉ်နေသည်။ အခြား ကျောင်းချိန်ပြင်ပ ပညာရေးနှင့် ပညာရေး
စီမံခန့်ခွဲမှုဆိုင်ရာ တို့အတွက် စီမံကိန်း မြောက်မြားစွာလည်း ကျန်ရှိနေသေးသည်။

ယင်းကဲ့သို့ ပညာရေးဝန်ကြီးဌာန၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ လုပ်ဆောင်နေသော်လည်း ပြည်သူများ အတွက် လက်ရှိပညာရေးကို သံသယများစွာဖြင့် ကြည့်နေဆဲပင် ရှိသေးသည်။ ကာလကြာရှည် ဗဟိုချုပ်ကိုင်မှု များစွာ၏ ပညာရေးစနစ် လက်အောက်တွင် နေထိုင်ခဲ့ရသောကြောင့်၊ အပြောင်းအလဲများတွင် ကိုယ်တိုင်ပါဝင်ခွင့် မရှိသောကြောင့်၊ ယခင်ပညာရေး အပြောင်းအလဲများ အတိုင်း ပြန်လည်ပျောက်ကွယ် သွားမည် စိုးသောကြောင့် အစရှိသည့် စိုးရိမ် မှုတို့ပေါ် မူတည်ကာ စောင့်ကြည့်နေခြင်း ဖြစ်သည်။

ပုဂ္ဂလိက ကျောင်းများအတွက် ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းပေးခဲ့သော်လည်း လက်တွေ့ လုပ်ငန်းပိုင်းတွင် ဗဟိုချုပ်ကိုင်မှု များရှိနေပြီး လုပ်ငန်းအဆင့်ဆင့် ကြန့်ကြာမှုများ ရှိနေသေးသည်၊ အဓိကလွတ်လပ်သော ပညာရေးစနစ် အသက်မဝင်သရွေ့၊ စည်းမျဉ်းစည်းကမ်း အတိုင်း ဆောင်ရွက်သော ပညာရေး စောင့်ကြည့်ရေး အဖွဲ့အစည်းများ မရှိသရွေ့ ပုဂ္ဂလိကကျောင်းများ၏ ပညာရေးစနစ်သည် အသက်ဝင်နိုင်မည် မဟုတ်ပါ။

ကျောင်းပြင်ပ ပညာရေးတွင် အကြောင်း အမျိုးမျိုးကြောင့် စာသင်ကျောင်းနှင့် ဝေးကွာ ခဲ့သူများ အတွက် ပညာဆက်လက် သင်ယူနိုင်ရေး စီမံချက်များ၊ အသက်မွေးဝမ်းကျောင်း ကောလိပ်နှင့် သင်တန်းကျောင်းများ ပေါ်ပေါက်လာရန် အမြန်ဆုံး ဆောင်ရွက်ရပါမည်။ မြန်မာနိုင်ငံတွင် စာတတ်မြောက်သူဦးရေ ရာခိုင်နှုန်း မြင့်မားသော်လည်း လုပ်ငန်းခွင် ပညာရေး၊ ကျွမ်းကျင်လုပ်သား ရှားပါးမှု သည် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးမှုများ ရှိခဲ့သည်။

သြစတြေးလျနှင့် ဗြိတိန်နိုင်ငံတို့ အပြင် နိုင်ငံတကာ အဖွဲ့အစည်းများစွာမှ ငွေကြေးနှင့် နည်းပညာဆိုင်ရာ အကူအညီဖြင့် ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေး လေ့လာသုံးသပ်ရေး လုပ်ငန်းကို ပညာရေး ဝန်ကြီးဌာနက ၂၀၁၂ ခုနှစ်တွင် စတင် လုပ်ဆောင်နေပြီး ၂၀၁၄ ခုနှစ်တွင် ပညာရေး ဝန်ကြီးဌာနသို့ အပြီးသတ်တင်သွင်းရန် စီစဉ်ခဲ့သည်။ ပြင်ပပညာရေး အဖွဲ့များ၏ အကြံပြုချက် ပူးပေါင်းပါဝင်မှုများ မရှိခဲ့ သောကြောင့် အခြားပညာရေး အဖွဲ့အစည်းများက မူဝါဒပိုင်းဆိုင်ရာ သီးသန့်တင်သွင်းရန် စီစဉ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ဝန်ကြီးဌာနများ၏ စီမံကိန်းများသည် ပြင်ပပညာရှင်များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်မှုများ အားနည်းလျက် ရှိသောကြောင့် လုပ်ငန်းတွင်ကျယ်မှုတွင် အခက်အခဲများ ရှိခဲ့ဖူးသည်။

ပညာရေးပြောင်းလဲမှုများ အမှန်တကယ် ဆောင်ရွက်နေသည်ကို ပြည်သူများ သိစေလိုလျှင် ပညာရေးဝန်ကြီးဌာန၏ ရေရှည်ရေတို စီမံကိန်းများနှင့် ပတ်သက်သော သတင်းအချက်အလက် များကို ပွင့်လင်းမြင်သာစွာ ချပြပေးရန် လိုအပ်သကဲ့သို့ ပြည်သူများ၏ လက်ရှိပညာရေးပေါ် အမြင်များ ကိုလည်း သက်ဆိုင်ရာဌာန များက နားထောင်ပေးရန် လိုအပ်သည်။

အဆင့်မြင့်ပညာရေး

မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေး အတွက် သိသာထင်ရှားသော အပြောင်းအလဲသည် တက္ကသိုလ် ဥပဒေကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး အဆိုပင် ဖြစ်သည်။ ပြီးခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့ပြီး နောက်ပိုင်း ရန်ကုန်တက္ကသိုလ် ပြုပြင်ရေး နှင့် အဆင့်မြှင့်တင်ရေး အတွက် ကော်မတီ တစ်ရပ် ဖွဲ့စည်းခွင့်ပြုခဲ့သည်။

ယင်းနောက်ပိုင်းမှ စတင်ကာ ဗြိတိန် နှင့် အမေရိကန် နိုင်ငံတို့မှ ပညာရေး လေ့လာရေး အဖွဲ့များ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှ မတ်လအတွင်း လာရောက် ခဲ့ကြသည်။ အမေရိကန်ပညာရေး အဖွဲ့ကြီး Institute of International Education (IIE) ခေါင်းဆောင်မှုနှင့် အမေရိကန် ပြည်ထောင်စုရှိ တက္ကသိုလ် ၁၀ ခုပါဝင်သော လေ့လာရေးအဖွဲ့က မြန်မာတက္ကသိုလ်များ အတွက် သင်ကြားရေးနှင့် စာကြည့်တိုက် နည်းပညာဆိုင်ရာ ထောက်ပံ့မှုများ ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ယခုနှစ်ပိုင်းအတွင်း နိုင်ငံတကာ တက္ကသိုလ်များနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးမှု တို့လည်း များပြားခဲ့ပြီး ဧည့်ပါမောက္ခ များစွာလည်း လာရောက် သင်ကြားပေးကြသည်။ သို့သော် သင်ကြားရေး သင်ထောက်ကူပစ္စည်းများ အားနည်းခြင်း၊ သင်ကြားချိန် နည်းပါးခြင်းနှင့် ကျောင်းသားများ၏ သင်ယူမှုစွမ်းရည် အမျိုးမျိုး ကွာခြားခြင်း တို့ကြောင့် ရသင့်ရထိုက်တာထက် နည်းပါးသော ပညာရပ်ပိုင်းသာ ရရှိခဲ့ကြသည်။

ထို့အပြင် လာမည့်ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ် တို့၌ အထူးပြုဘာသာရပ် အလိုက် ထူးချွန်ကျောင်းသား ၁၅ ဦးစီ လက်ခံသင်ကြားပေးမည်ဟု ပညာရေးဝန်ကြီးက ဆိုသည်။ နှစ်ပေါင်း ၂၀ ကျော်ကြာ ပထမနှစ် ဘွဲ့ကြိုတန်းများ ရပ်နားထားခဲ့သော အဆိုပါတက္ကသိုလ်များ ဖွင့်လှစ်ရန် စီစဉ်နေသော်လည်း နိုင်ငံရေး ဆူပူမှုများနှင့် ဆက်စပ်မှုများ ရှိလာမည် စိုးသောကြောင့် ကျောင်းသားဦးရေကို အနည်းငယ်သာ လက်ခံပြီး တဖြည်းဖြည်း တိုးသွားရန် စီမံခြင်းဖြစ်နိုင်ကြောင်း ပညာရှင်များက သုံးသပ်ကြသည်။

ကျောင်းသားများအတွက် ကျောင်းနေပျော်မှ ပညာသင်ကြားချင်စိတ် ထွက်ပေါ်နိုင်ပြီး ရရှိသောပညာရေး ဘွဲ့၊ ဒီဂရီများ ကိုလည်း လုပ်ငန်းခွင်နှင့် ကိုက်ညီစွာ အသုံးချ နိုင်ရန် လိုအပ်ရာ မိမိအသုံးချလိုသည့် စိတ်ဝင်စားစရာ ဘာသာရပ်ကို သင်ယူခွင့်ရရန် အရေးကြီးပါသည်။ သို့သော်လည်း တက္ကသိုလ်ဝင်ခွင့်စနစ် အမှားကြောင့် အထူးပြုဘာသာရပ် များကို ကိုယ်တိုင် ရွေးချယ်သင်ယူခွင့်မရှိ ဖြစ်ခဲ့သည်။ တက္ကသိုလ် ပညာရေးစနစ်သည် လွတ်လပ်သော အုပ်ချုပ်မှု၊ လွတ်လပ်သော ပညာရေးကိုသာ ဦးတည်သ
...

[Message clipped]  View entire message

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...