တရုတ်လေ့လာရေး အမေရိကခရီး
ပေါင်းရှစ်ယောက် ကောက်စိုက်သူ ကဗျာထဲက လိုပင် ကျွန်တော်တို့
လေ့လာရေးအဖွဲ့က ရှစ်ယောက်။ အမေရိက အရှေ့ဘက်ကမ်းရိုးတန်းသို့ စတင်ဆိုက်
ရောက်ပြီး အနောက်ဘက် ကမ်းရိုးတန်းမှ ပြန်ထွက်၊ အမေရိကန်အနှံ့ သွားသည့်
သုံးပတ်ကြာခရီးစဉ် ဖြစ်သောကြောင့် အားလုံးနှင့် ရင်းနှီးသွားကြသော်လည်း
ကျွန်တော်က တရုတ်တွေနှင့် ပိုတွဲဖြစ်သည်။
တရုတ်တွေဆိုတာက ပြည်မကြီးမှ တရုတ် နှစ်ယောက်၊ ထိုင်ဝမ်မှ တရုတ်ဆိုတော့ ပေါင်း သုံးယောက်။ ပြည်မတရုတ်၊ ထိုင်ဝမ်တရုတ် နိုင်ငံရေး စနစ်ကွဲသော်လည်း ဘယ်လိုကွဲကွဲ တို့မကွဲ တရုတ်စာကို မခွဲနိုင်မခွာရက် ဖြစ်တာကတော့ တူကြသည်။ အမေရိကရောက်သော်လည်း သူငယ်ချင်းတရုတ်တို့ အမေရိကန်လို မကျင့်နိုင်ကြဘဲ ခရီးစဉ်အစ မြို့တော် ဝါရှင်တန်ဒီစီမှစကာ တရုတ်ဆိုင်ရှာပြီး စားလိုက်ကြရာ နောက်မြို့တွေ ရောက်တော့လည်း မြို့သေးသေး၊ ကြီးကြီး တရုတ်စားသောက်ဆိုင်သာ လိုက်ရှာကြသည်။ ရောက်သည့်မြို့များတွင် ကြိုဆိုဧည့်ခံရေး မြို့ခံများကို မေးစမ်းပြီး လိပ်စာယူကာ တရုတ်ဆိုင်သို့ မရောက်ရောက်အောင် သွားသည်။ တစ်ခါတစ်ခါ ခြေတိုအောင် လျှောက်လိုက် ကြရသည်မှာ ဗိုက်လည်းဆာ၊ မောလည်းမော၊ အပြန် လမ်းတောင် တွေ့ပါမလားဟု စိုးလည်းစိုးရိမ်သည့် အချိန်လောက်မှ တရုတ်စားသောက်ဆိုင်ကို တွေ့ရသည်။ သူတို့နှင့် သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့နေသော ကျွန်တော်လည်း အမေရိက တရုတ်လက်ရာများ အကြောင်း ကောင်းကောင်းကြီး မြည်းစမ်းခွင့် ရလိုက်သည်။ မက်ဒေါ်နယ်စတိုင် တရုတ် အမြန်စားသောက်ဆိုင်မျိုးနှင့် ကြုံရသလို တကယ့် သပ်သပ်ရပ်ရပ် ခမ်းခမ်းနားနား ဆိုင်သို့လည်း ရောက်ခဲ့သည်။
တရုတ်သူငယ်ချင်းများထဲတွင် ထိုင်ဝမ်သား သူငယ်ချင်းက အစာအရွေးဆုံး။ ရောက်ရာပေါက်ရာတွင် တရုတ်ဆိုင်လိပ်စာကို မရအရ ရှာကြံသည့်နေရာတွင် သူကခေါင်းဆောင်။ တော်ရုံတန်ရုံ ဟင်းချက်ကောင်း လျှင်လည်း သူကအမှတ်မပေးတတ်။ သူအစားရွေးရခြင်း ဝါ အစားကောင်းကြိုက်ရခြင်း အကြောင်း စပ်စုကြည့် သည့်အခါ သူ့အလုပ်က ထမင်းစားသည့် အလုပ်ဟု ထိုင်ဝမ်သူငယ်ချင်းက ခပ်ပြုံးပြုံးဖြင့် ဆိုသည်။ ထိုင်ဝမ် ပါတီကြီးတစ်ခုမှ ထိပ်တန်း လူငယ်ခေါင်းဆောင် ဖြစ်သောသူသည် မိတ်ဖက်များနှင့် နေ့လယ်စာ၊ ညနေစာများကို အလုပ်သဘော စားသုံးနေရခြင်း ကြောင့်ကိုး။ ထမင်းစားခြင်းသည် သူ၏ ပင်မအလုပ်ဟု ဆိုသည့် ထိုသူငယ်ချင်းသည် ကိုယ်ပိုင်စီးပွားရေးအဖြစ် စားသောက်ဆိုင်လည်း ဖွင့်ထားသေးရာ စားသည့် တရုတ်ဆိုင်တိုင်းမှ တရုတ်အစားအသောက်များကို သူက အကဲဖြတ်တတ်သည်မှာ မဆန်း။
အမေရိကန်ပြည်ထောင်စု Mid West တွင် လူ သုံးသောင်းခန့်ရှိ မြို့လေးတွင်ပင် တရုတ်စားသောက်ဆိုင် ရှိသည်။ ဆိုင်ကလည်းဘူဖေး ကိုယ်တိုင်ယူ စားသောက်ဆိုင်။ ထိုမြို့တွင် အကြီးဆုံး စားသောက်ဆိုင်ပင် ဖြစ်နိုင်သည်။ စားသုံးသူက အာရှသားတင်မက အဖြူတွေလည်း များသည်။ တရုတ်အစားအစာသည် ဂလိုဘယ်လိုက်ဇေးရှင်း ၏ အမှတ်လက္ခဏာသဖွယ် ဖြစ်ပြီး တရုတ်တို့ ကမ္ဘာ အနှံ့အပြား ပျံ့နှံ့ခြေချခြင်း တွင်လည်း တိုက်ရိုက်ပါဝင် ပတ်သက်နေသည်။ Sinonization ခေါ် တရုတ် ယဉ်ကျေးမှုပျံ့နှံ့ခြင်း၏ တွန်းအားလည်း ဟုတ်၊ အမှတ် လက္ခဏာလည်း ဟုတ်သည်။
တရုတ်ဆိုင်တွေမှာ တရုတ်အလုပ်သမားက မျိုးစုံသည်။ ထိုင်ဝမ်ကလာသော အလုပ်သမားများ ရှိသလို ပြည်ကြီး တရုတ်များလည်း ရှိသည်။ ကျွန်တော့် သူငယ်ချင်း တရုတ်တွေက ဆိုင်မှာထိုင်မိသည် ဆိုလျှင် တရုတ်လိုပြောပြီး ဟင်းမှာသည်။ ဘယ်ကလာသလဲ အမျိုးစပ်သည်။ ကျွန်တော့် သူငယ်ချင်းတွေနှင့် စားပွဲထိုး တစ်မြို့တည်းသားတွေ ဖြစ်နေတာမျိုးလည်း ကြုံရသည်။ ထိုစားပွဲထိုးတို့သည် အမေရိက ရောက်လာရခြင်းကို ဘဝအိပ်မက် အောင်မြင်သလို ဂုဏ်ယူဝမ်းမြောက် နေကြသည်ကို သတိပြုမိသည်။ ထိုနည်းနှင့် အမေရိက တရုတ် စားသောက်ဆိုင်များ အကြောင်း၊ တရုတ်တွေ အမေရိကသို့ မည်သို့မည်ပုံ ရောက်လာကြောင်း အမေရိကခရီးစဉ် အပိုဆုအဖြစ် ကျွန်တော်သိခဲ့ရသည်။
တရုတ်တွေက အမေရိက အနှံ့အပြားမှာ ရှိသည်။ တရုတ်နွယ်ဖွား အမေရိကန်နိုင်ငံသား များသည် အရာရောက်နေကြပြီး အိုဘားမား ပထမသက်တမ်းတွင် တာဝန်ယူခဲ့သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး၊ လက်ရှိတွင် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးသည် တရုတ်နွယ်ဖွား အမေရိကန် ဖြစ်သည်။
အမေရိကခရီးစဉ်တွင် တရုတ်တန်း တို့ကိုလည်း ဖိတ်ကြားစီစဉ်သည့် စာရွက်ပါ အစီအစဉ်အရရော ကျွန်တော့် တရုတ်သူငယ်ချင်းများ၏ တရုတ်စာရှာဖွေရေး အစီအစဉ်အရရော ရောက်ဖြစ်သည်။ ဆန်ဖရန်စစ္စကို တရုတ်တန်းက ပထမအမျိုးအစားတွင် ပါဝင်သည်။ အမွှေးတိုင်၊ တရုတ်စာလုံးကြီးများ၊ တရုတ်လိုပြောသံ ဆိုသံများ၊ သွားလာလှုပ်ရှားသည့် တရုတ်အမျိုးမျိုးဖြင့် အနား ရောက်သွားသည်နှင့် တရုတ်နိုင်ငံသို့ ရောက်သွားသည့်အတိုင်း ခံစားရသည်။ ဆန်ဖရန်စစ္စကို တရုတ်တန်း က အာရှအပြင်ဘက်တွင် အကြီးဆုံး တရုတ်တန်း၊ အနောက်ကမ္ဘာခြမ်းတွင် ရှေးအကျဆုံး တရုတ်တန်း။ အမေရိကရောက်သည် ဆိုပြီး အင်္ဂလိပ်စကား ပြောတတ် ရန်မလို။ အလုပ်လည်းဒီမှာ၊ ဆေးကုသလည်း ဒီမှာ၊ နေထိုင်စရာလည်း ဒီမှာ၊ အားလုံးအားလုံး တရုတ်လို အဆင်ပြေနိုင်သည်။ အချို့ဆိုလျှင် အမေရိကရောက်ပြီး တရုတ်တန်းထဲမှ တစ်ဖဝါးမှ မခွာ၊ တစ်သက်လုံး အင်္ဂလိပ်လို မတတ်လိုက်ဘဲ သေသွားသူများပင် ရှိသည်ဟု ဆိုကြသည်။ ဆန်ဖရန်စစ္စကို တရုတ်တန်းတွင် စီစဉ်သူများက ချပေးထားခဲ့ပြီး ကိုယ့်အစီအစဉ်နှင့်ကိုယ် စုရပ်သို့ အချိန်မီ ပြန်လာစေသောကြောင့် အချိန်နီး သည့်အခါ လမ်းပျောက်သည်ကို မှတ်မိသေးသည်။ နဂိုကတည်းက တရုတ်သူငယ်ချင်း တစ်ယောက်နှင့် နေခဲ့သောကြောင့် တရုတ်စကားဖြင့် လမ်းမေးလို့ လွယ်သည်ဆိုပြီး ကျွန်တော်စိတ်မပူ။ သို့သော် အချိန်နီးလေ လမ်းရှာမတွေ့လေ ဖြစ်သောကြောင့် စိတ်ပူနေသည်က ကျွန်တော့်သူငယ်ချင်း တရုတ်။ သူလမ်းမေးသည့် တရုတ်တိုင်းက သူနှင့် စကားမပေါက်။ သူက ပြည်ကြီးတရုတ်၊ အခြားတွေ့သည့် တရုတ်တွေက တရုတ်ဘာသာစကားကွဲ အမျိုးမျိုးနှင့် တရုတ်တွေ။ နောက်ဆုံး သူ့စကားကိုပြောသည့် တရုတ်ကို ရှားရှား ပါးပါးတွေ့ပြီး လမ်းပြလိုက်မှ ဆုံရပ်သို့ အချိန်မီ ပြန်ရောက်သည်။
နယူးယောက် တရုတ်တန်းသို့ ရောက်ခဲ့ရတာ ကတော့ တရုတ်စာ စားချင်သူများ၏ ဦးဆောင်မှုနှင့်ပင်။ ထိုတရုတ်တန်းတွင် စားခဲ့ရသည့် ခေါက်ဆွဲက အတော် အရသာရှိသည်။ စားသောက်ဆိုင်ရှင် နိုင်ငံရေးသမား သူငယ်ချင်းကပင် သူတို့ထိုင်ဝမ်ရှိ အစားအသောက် များကို မီသည်ဆိုတော့ ကျွန်တော့် အကဲဖြတ်ချက် မညံ့ဟုဆိုရမည်။ တရုတ်တန်း ရှစ်ခု၊ ကိုးခုလောက် နယူးယောက်တွင် ရှိပြီး တရုတ်နွယ် ကိုးသိန်းလောက် နေကြသောကြောင့် အာရှအပြင်ဘက်တွင် တရုတ် အများဆုံးမြို့ဟု ဆိုကြသည်။ နယူးယောက်က ဘယ်တရုတ်တန်းကို ကျွန်တော်တို့ ရောက်ခဲ့ကြသလဲ တော့ မမှတ်မိ။
ကမ္ဘာအနှံ့ မြို့ကြီးတိုင်းတွင် တရုတ်တန်း ရှိသည်ဟု ဆိုကြသည်မှာ မှန်ပုံရသည်။ ကျွန်တော် ရောက်ဖူးသမျှ အရှေ့၊ အနောက်နိုင်ငံတွေ၏ မြို့ကြီး များတွင် တရုတ်တန်းရှိသည်။ တရုတ်တန်း မရှိသည့် မြို့ကြီးဆိုလို့ ကျွန်တော်ရောက်ဖူးသည့် အထဲတွင် တရုတ်နိုင်ငံမြို့တော် ဘေဂျင်း (ပီကင်း) သာရှိသည်။ တရုတ်အများစု နေသော စင်ကာပူပင်လျှင် နိုင်ငံစုံ၊ လူမျိုးစုံနိုင်ငံ Metropolitan ပုံဖမ်းလို၍လား မသိ၊ တရုတ်တန်း ရှိလိုက်သေးသည်။
တရုတ်နိုင်ငံမှ လူတွေအများအပြား အမေရိက ရောက်နေသလို တရုတ်ပစ္စည်း တွေလည်း အမေရိကသို့ ထိုးဖောက် ဝင်ရောက်နေသည်။ တစ်ကမ္ဘာလုံး လိုအပ်သည့် ကုန်ပစ္စည်း မှန်သမျှကို တရုတ်က ထုတ်လုပ် တင်ပို့နေသည့်အတိုင်း အမေရိကကရော ဘာသားနဲ့ ထုထားတာမို့လဲ။ ဈေးသက်သာသည့် ပစ္စည်းများ ဆိုလျှင် တရုတ်လုပ်တွေချည်း။
ဥရောပသားများ အမေရိကသို့ ရောက်မလာမီ ကတည်းက အမေရိကတွင် ရှိခဲ့သည့် ရက်အင်ဒီးယန်း တိုင်းရင်းသားများ နေထိုင်ရာ မြို့လေးကို လှည့်ပတ် ကြည့်ရှုအပြီး အိမ်ပြန်လက်ဆောင် ဝယ်ကြသည့်အခါ တရုတ်ပါမောက္ခ သူငယ်ချင်းက သူဝယ်ဖို့ ရွေးထားသည့် ဒိုင်နိုဆောရုပ် ကျွန်တော့်ကို ဝမ်းသာအားရ လာပြသည်။ "လက်ရာအရမ်းမြောက်တယ်၊ ငါ့မိတ်ဆွေ တစ်ယောက်ဖို့ ဝယ်သွားမယ်၊ ပိုက်ဆံရှင်းလိုက်ဦးမယ်" ဟု ကောင်တာ ဘက် ပျော်ပျော်ပါးပါး ထွက်သွားသည်။ မကြာလိုက် သရဲတစ္ဆေတွေ့သည့် မျက်နှာမျိုးဖြင့် ကျွန်တော့်ထံသို့ ဒိုင်နိုဆောရုပ်ကိုင်ပြီး ပြန်ပြေးလာသည်။ "ဘာဖြစ်တာလဲ" မေးတော့ “Made in China” ဆိုပြီး ရှုံ့ရှုံ့မဲ့မဲ့ဖြင့် အရုပ်အောက်ခြေကို လက်ညိုးထိုးပြသည်။ တရုတ်လုပ် ကို တရုတ်က တရုတ်သို့ အမေရိကန်ပြန်လက်ဆောင် အဖြစ် ပြန်ဝယ်သွားမိမည့် အဖြစ်မျိုး။ အမေရိကန် လွတ်လပ်ရေးနေ့တွင် ဝေသော အမေရိကန်အလံများ၏ နောက်ကျောတွင် Made in China ဟူသော စာတမ်း လေးကို မြင်ရသည်ဟု ပြောပြသည့် မိတ်ဆွေတစ်ဦးကို သတိရမိသည်။
တရုတ်နိုင်ငံကို ကမ္ဘာ့စက်ရုံကြီး (World’s Factory) ဟု တင်စားကြသည့်အတိုင်း တစ်ကမ္ဘာလုံး အတွက် ကုန်ပစ္စည်းမျိုးစုံကို တရုတ်က ထုတ်လုပ်ပေး နေသည်။ တရုတ်၏ အဓိကဈေးကွက်ကြီးမှာ အမေရိက ဖြစ်သည်။ အမေရိကနှင့် တရုတ်ကို စီးပွားရေးက သံယောဇဉ် တွယ်ငြိစေသည်။ အမေရိက စီးပွားရေး တုံ့ဆိုင်းလျှင် တရုတ် ပို့ကုန်ထိုးကျပြီး တရုတ်စီးပွားရေး ပါထိသည်။ ကာလရှည်လျှင် ရှည်သလို တရုတ်နိုင်ငံတွင် စက်ရုံများ ပိတ်ရ၊ အလုပ်သမားများ လျှော့ချရသောကြောင့် အလုပ်ပြုတ်ကြရနှင့် ထိခိုက်ကြသည်။ အမေရိကန်နှင့် တရုတ်ကို ပြိုင်ဘက်များအဖြစ် ပုံဖော်ကြ၊ နှစ်ဖက် လုံးကလည်း တစ်ဖက်နှင့် တစ်ဖက် မျက်ခြည်မပြတ် စောင့်ကြည့် ကြသော်လည်း တကယ်တမ်းတွင် တရုတ် နှင့် အမေရိကန်တို့က ရင်ချင်းဆက်အမြွာသဖွယ် အကျိုးစီးပွားချင်း တွဲဆက်နေကြသည်။ ထိုသို့ သူ့အကျိုး စီးပွား၊ ကိုယ့်အကျိုးစီးပွား ချိတ်ဆက်နေခြင်းသည်ပင် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းမည့် အချက်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်မီးကို မွှေးခဲ့သည့် ဗြိတိန်နှင့် ဂျာမနီ ပြိုင်ဆိုင်မှုတွင် ဂျာမနီနှင့် ဗြိတိန် ထိုသို့ အကျိုးစီးပွားတူ မဖြစ်ခဲ့စဖူး။ ထို့ကြောင့်လည်း တစ်ဖက်နှင့် တစ်ဖက် ရန်ဘက်ဖြစ်ရန် လွယ်ကူခဲ့ကြသည်။
တရုတ် သူငယ်ချင်းများနှင့် ရင်းရင်းချာချာ ဖြစ်ခဲ့သလို အမေရိကတရုတ်စာ အမျိုးမျိုးကို တဝစား၊ တရုတ်တန်းများသို့ လေ့လာ၊ တရုတ်လုပ် ပစ္စည်းများကို အမေရိကမှ အိမ်ပြန်လက်ဆောင် အဖြစ် ဝယ်ယူခဲ့သည့် ကျွန်တော် အမေရိကသို့ သွားသည်ဆိုပြီး တရုတ်ကိုပါ လေ့လာခဲ့ရပေသည်။
တရုတ်တွေဆိုတာက ပြည်မကြီးမှ တရုတ် နှစ်ယောက်၊ ထိုင်ဝမ်မှ တရုတ်ဆိုတော့ ပေါင်း သုံးယောက်။ ပြည်မတရုတ်၊ ထိုင်ဝမ်တရုတ် နိုင်ငံရေး စနစ်ကွဲသော်လည်း ဘယ်လိုကွဲကွဲ တို့မကွဲ တရုတ်စာကို မခွဲနိုင်မခွာရက် ဖြစ်တာကတော့ တူကြသည်။ အမေရိကရောက်သော်လည်း သူငယ်ချင်းတရုတ်တို့ အမေရိကန်လို မကျင့်နိုင်ကြဘဲ ခရီးစဉ်အစ မြို့တော် ဝါရှင်တန်ဒီစီမှစကာ တရုတ်ဆိုင်ရှာပြီး စားလိုက်ကြရာ နောက်မြို့တွေ ရောက်တော့လည်း မြို့သေးသေး၊ ကြီးကြီး တရုတ်စားသောက်ဆိုင်သာ လိုက်ရှာကြသည်။ ရောက်သည့်မြို့များတွင် ကြိုဆိုဧည့်ခံရေး မြို့ခံများကို မေးစမ်းပြီး လိပ်စာယူကာ တရုတ်ဆိုင်သို့ မရောက်ရောက်အောင် သွားသည်။ တစ်ခါတစ်ခါ ခြေတိုအောင် လျှောက်လိုက် ကြရသည်မှာ ဗိုက်လည်းဆာ၊ မောလည်းမော၊ အပြန် လမ်းတောင် တွေ့ပါမလားဟု စိုးလည်းစိုးရိမ်သည့် အချိန်လောက်မှ တရုတ်စားသောက်ဆိုင်ကို တွေ့ရသည်။ သူတို့နှင့် သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့နေသော ကျွန်တော်လည်း အမေရိက တရုတ်လက်ရာများ အကြောင်း ကောင်းကောင်းကြီး မြည်းစမ်းခွင့် ရလိုက်သည်။ မက်ဒေါ်နယ်စတိုင် တရုတ် အမြန်စားသောက်ဆိုင်မျိုးနှင
တရုတ်သူငယ်ချင်းများထဲတွင် ထိုင်ဝမ်သား သူငယ်ချင်းက အစာအရွေးဆုံး။ ရောက်ရာပေါက်ရာတွင် တရုတ်ဆိုင်လိပ်စာကို မရအရ ရှာကြံသည့်နေရာတွင် သူကခေါင်းဆောင်။ တော်ရုံတန်ရုံ ဟင်းချက်ကောင်း လျှင်လည်း သူကအမှတ်မပေးတတ်။ သူအစားရွေးရခြင်း ဝါ အစားကောင်းကြိုက်ရခြင်း အကြောင်း စပ်စုကြည့် သည့်အခါ သူ့အလုပ်က ထမင်းစားသည့် အလုပ်ဟု ထိုင်ဝမ်သူငယ်ချင်းက ခပ်ပြုံးပြုံးဖြင့် ဆိုသည်။ ထိုင်ဝမ် ပါတီကြီးတစ်ခုမှ ထိပ်တန်း လူငယ်ခေါင်းဆောင် ဖြစ်သောသူသည် မိတ်ဖက်များနှင့် နေ့လယ်စာ၊ ညနေစာများကို အလုပ်သဘော စားသုံးနေရခြင်း ကြောင့်ကိုး။ ထမင်းစားခြင်းသည် သူ၏ ပင်မအလုပ်ဟု ဆိုသည့် ထိုသူငယ်ချင်းသည် ကိုယ်ပိုင်စီးပွားရေးအဖြစ် စားသောက်ဆိုင်လည်း ဖွင့်ထားသေးရာ စားသည့် တရုတ်ဆိုင်တိုင်းမှ တရုတ်အစားအသောက်များကို သူက အကဲဖြတ်တတ်သည်မှာ မဆန်း။
အမေရိကန်ပြည်ထောင်စု Mid West တွင် လူ သုံးသောင်းခန့်ရှိ မြို့လေးတွင်ပင် တရုတ်စားသောက်ဆိုင် ရှိသည်။ ဆိုင်ကလည်းဘူဖေး ကိုယ်တိုင်ယူ စားသောက်ဆိုင်။ ထိုမြို့တွင် အကြီးဆုံး စားသောက်ဆိုင်ပင် ဖြစ်နိုင်သည်။ စားသုံးသူက အာရှသားတင်မက အဖြူတွေလည်း များသည်။ တရုတ်အစားအစာသည် ဂလိုဘယ်လိုက်ဇေးရှင်း ၏ အမှတ်လက္ခဏာသဖွယ် ဖြစ်ပြီး တရုတ်တို့ ကမ္ဘာ အနှံ့အပြား ပျံ့နှံ့ခြေချခြင်း တွင်လည်း တိုက်ရိုက်ပါဝင် ပတ်သက်နေသည်။ Sinonization ခေါ် တရုတ် ယဉ်ကျေးမှုပျံ့နှံ့ခြင်း၏ တွန်းအားလည်း ဟုတ်၊ အမှတ် လက္ခဏာလည်း ဟုတ်သည်။
တရုတ်ဆိုင်တွေမှာ တရုတ်အလုပ်သမားက မျိုးစုံသည်။ ထိုင်ဝမ်ကလာသော အလုပ်သမားများ ရှိသလို ပြည်ကြီး တရုတ်များလည်း ရှိသည်။ ကျွန်တော့် သူငယ်ချင်း တရုတ်တွေက ဆိုင်မှာထိုင်မိသည် ဆိုလျှင် တရုတ်လိုပြောပြီး ဟင်းမှာသည်။ ဘယ်ကလာသလဲ အမျိုးစပ်သည်။ ကျွန်တော့် သူငယ်ချင်းတွေနှင့် စားပွဲထိုး တစ်မြို့တည်းသားတွေ ဖြစ်နေတာမျိုးလည်း ကြုံရသည်။ ထိုစားပွဲထိုးတို့သည် အမေရိက ရောက်လာရခြင်းကို ဘဝအိပ်မက် အောင်မြင်သလို ဂုဏ်ယူဝမ်းမြောက် နေကြသည်ကို သတိပြုမိသည်။ ထိုနည်းနှင့် အမေရိက တရုတ် စားသောက်ဆိုင်များ အကြောင်း၊ တရုတ်တွေ အမေရိကသို့ မည်သို့မည်ပုံ ရောက်လာကြောင်း အမေရိကခရီးစဉ် အပိုဆုအဖြစ် ကျွန်တော်သိခဲ့ရသည်။
တရုတ်တွေက အမေရိက အနှံ့အပြားမှာ ရှိသည်။ တရုတ်နွယ်ဖွား အမေရိကန်နိုင်ငံသား များသည် အရာရောက်နေကြပြီး အိုဘားမား ပထမသက်တမ်းတွင် တာဝန်ယူခဲ့သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး၊ လက်ရှိတွင် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးသည် တရုတ်နွယ်ဖွား အမေရိကန် ဖြစ်သည်။
အမေရိကခရီးစဉ်တွင် တရုတ်တန်း တို့ကိုလည်း ဖိတ်ကြားစီစဉ်သည့် စာရွက်ပါ အစီအစဉ်အရရော ကျွန်တော့် တရုတ်သူငယ်ချင်းများ၏ တရုတ်စာရှာဖွေရေး အစီအစဉ်အရရော ရောက်ဖြစ်သည်။ ဆန်ဖရန်စစ္စကို တရုတ်တန်းက ပထမအမျိုးအစားတွင် ပါဝင်သည်။ အမွှေးတိုင်၊ တရုတ်စာလုံးကြီးများ၊ တရုတ်လိုပြောသံ ဆိုသံများ၊ သွားလာလှုပ်ရှားသည့် တရုတ်အမျိုးမျိုးဖြင့် အနား ရောက်သွားသည်နှင့် တရုတ်နိုင်ငံသို့ ရောက်သွားသည့်အတိုင်း ခံစားရသည်။ ဆန်ဖရန်စစ္စကို တရုတ်တန်း က အာရှအပြင်ဘက်တွင် အကြီးဆုံး တရုတ်တန်း၊ အနောက်ကမ္ဘာခြမ်းတွင် ရှေးအကျဆုံး တရုတ်တန်း။ အမေရိကရောက်သည် ဆိုပြီး အင်္ဂလိပ်စကား ပြောတတ် ရန်မလို။ အလုပ်လည်းဒီမှာ၊ ဆေးကုသလည်း ဒီမှာ၊ နေထိုင်စရာလည်း ဒီမှာ၊ အားလုံးအားလုံး တရုတ်လို အဆင်ပြေနိုင်သည်။ အချို့ဆိုလျှင် အမေရိကရောက်ပြီး တရုတ်တန်းထဲမှ တစ်ဖဝါးမှ မခွာ၊ တစ်သက်လုံး အင်္ဂလိပ်လို မတတ်လိုက်ဘဲ သေသွားသူများပင် ရှိသည်ဟု ဆိုကြသည်။ ဆန်ဖရန်စစ္စကို တရုတ်တန်းတွင် စီစဉ်သူများက ချပေးထားခဲ့ပြီး ကိုယ့်အစီအစဉ်နှင့်ကိုယ် စုရပ်သို့ အချိန်မီ ပြန်လာစေသောကြောင့် အချိန်နီး သည့်အခါ လမ်းပျောက်သည်ကို မှတ်မိသေးသည်။ နဂိုကတည်းက တရုတ်သူငယ်ချင်း တစ်ယောက်နှင့် နေခဲ့သောကြောင့် တရုတ်စကားဖြင့် လမ်းမေးလို့ လွယ်သည်ဆိုပြီး ကျွန်တော်စိတ်မပူ။ သို့သော် အချိန်နီးလေ လမ်းရှာမတွေ့လေ ဖြစ်သောကြောင့် စိတ်ပူနေသည်က ကျွန်တော့်သူငယ်ချင်း တရုတ်။ သူလမ်းမေးသည့် တရုတ်တိုင်းက သူနှင့် စကားမပေါက်။ သူက ပြည်ကြီးတရုတ်၊ အခြားတွေ့သည့် တရုတ်တွေက တရုတ်ဘာသာစကားကွဲ အမျိုးမျိုးနှင့် တရုတ်တွေ။ နောက်ဆုံး သူ့စကားကိုပြောသည့် တရုတ်ကို ရှားရှား ပါးပါးတွေ့ပြီး လမ်းပြလိုက်မှ ဆုံရပ်သို့ အချိန်မီ ပြန်ရောက်သည်။
နယူးယောက် တရုတ်တန်းသို့ ရောက်ခဲ့ရတာ ကတော့ တရုတ်စာ စားချင်သူများ၏ ဦးဆောင်မှုနှင့်ပင်။ ထိုတရုတ်တန်းတွင် စားခဲ့ရသည့် ခေါက်ဆွဲက အတော် အရသာရှိသည်။ စားသောက်ဆိုင်ရှင် နိုင်ငံရေးသမား သူငယ်ချင်းကပင် သူတို့ထိုင်ဝမ်ရှိ အစားအသောက် များကို မီသည်ဆိုတော့ ကျွန်တော့် အကဲဖြတ်ချက် မညံ့ဟုဆိုရမည်။ တရုတ်တန်း ရှစ်ခု၊ ကိုးခုလောက် နယူးယောက်တွင် ရှိပြီး တရုတ်နွယ် ကိုးသိန်းလောက် နေကြသောကြောင့် အာရှအပြင်ဘက်တွင် တရုတ် အများဆုံးမြို့ဟု ဆိုကြသည်။ နယူးယောက်က ဘယ်တရုတ်တန်းကို ကျွန်တော်တို့ ရောက်ခဲ့ကြသလဲ တော့ မမှတ်မိ။
ကမ္ဘာအနှံ့ မြို့ကြီးတိုင်းတွင် တရုတ်တန်း ရှိသည်ဟု ဆိုကြသည်မှာ မှန်ပုံရသည်။ ကျွန်တော် ရောက်ဖူးသမျှ အရှေ့၊ အနောက်နိုင်ငံတွေ၏ မြို့ကြီး များတွင် တရုတ်တန်းရှိသည်။ တရုတ်တန်း မရှိသည့် မြို့ကြီးဆိုလို့ ကျွန်တော်ရောက်ဖူးသည့် အထဲတွင် တရုတ်နိုင်ငံမြို့တော် ဘေဂျင်း (ပီကင်း) သာရှိသည်။ တရုတ်အများစု နေသော စင်ကာပူပင်လျှင် နိုင်ငံစုံ၊ လူမျိုးစုံနိုင်ငံ Metropolitan ပုံဖမ်းလို၍လား မသိ၊ တရုတ်တန်း ရှိလိုက်သေးသည်။
တရုတ်နိုင်ငံမှ လူတွေအများအပြား အမေရိက ရောက်နေသလို တရုတ်ပစ္စည်း တွေလည်း အမေရိကသို့ ထိုးဖောက် ဝင်ရောက်နေသည်။ တစ်ကမ္ဘာလုံး လိုအပ်သည့် ကုန်ပစ္စည်း မှန်သမျှကို တရုတ်က ထုတ်လုပ် တင်ပို့နေသည့်အတိုင်း အမေရိကကရော ဘာသားနဲ့ ထုထားတာမို့လဲ။ ဈေးသက်သာသည့် ပစ္စည်းများ ဆိုလျှင် တရုတ်လုပ်တွေချည်း။
ဥရောပသားများ အမေရိကသို့ ရောက်မလာမီ ကတည်းက အမေရိကတွင် ရှိခဲ့သည့် ရက်အင်ဒီးယန်း တိုင်းရင်းသားများ နေထိုင်ရာ မြို့လေးကို လှည့်ပတ် ကြည့်ရှုအပြီး အိမ်ပြန်လက်ဆောင် ဝယ်ကြသည့်အခါ တရုတ်ပါမောက္ခ သူငယ်ချင်းက သူဝယ်ဖို့ ရွေးထားသည့် ဒိုင်နိုဆောရုပ် ကျွန်တော့်ကို ဝမ်းသာအားရ လာပြသည်။ "လက်ရာအရမ်းမြောက်တယ်၊ ငါ့မိတ်ဆွေ တစ်ယောက်ဖို့ ဝယ်သွားမယ်၊ ပိုက်ဆံရှင်းလိုက်ဦးမယ်" ဟု ကောင်တာ ဘက် ပျော်ပျော်ပါးပါး ထွက်သွားသည်။ မကြာလိုက် သရဲတစ္ဆေတွေ့သည့် မျက်နှာမျိုးဖြင့် ကျွန်တော့်ထံသို့ ဒိုင်နိုဆောရုပ်ကိုင်ပြီး ပြန်ပြေးလာသည်။ "ဘာဖြစ်တာလဲ" မေးတော့ “Made in China” ဆိုပြီး ရှုံ့ရှုံ့မဲ့မဲ့ဖြင့် အရုပ်အောက်ခြေကို လက်ညိုးထိုးပြသည်။ တရုတ်လုပ် ကို တရုတ်က တရုတ်သို့ အမေရိကန်ပြန်လက်ဆောင် အဖြစ် ပြန်ဝယ်သွားမိမည့် အဖြစ်မျိုး။ အမေရိကန် လွတ်လပ်ရေးနေ့တွင် ဝေသော အမေရိကန်အလံများ၏ နောက်ကျောတွင် Made in China ဟူသော စာတမ်း လေးကို မြင်ရသည်ဟု ပြောပြသည့် မိတ်ဆွေတစ်ဦးကို သတိရမိသည်။
တရုတ်နိုင်ငံကို ကမ္ဘာ့စက်ရုံကြီး (World’s Factory) ဟု တင်စားကြသည့်အတိုင်း တစ်ကမ္ဘာလုံး အတွက် ကုန်ပစ္စည်းမျိုးစုံကို တရုတ်က ထုတ်လုပ်ပေး နေသည်။ တရုတ်၏ အဓိကဈေးကွက်ကြီးမှာ အမေရိက ဖြစ်သည်။ အမေရိကနှင့် တရုတ်ကို စီးပွားရေးက သံယောဇဉ် တွယ်ငြိစေသည်။ အမေရိက စီးပွားရေး တုံ့ဆိုင်းလျှင် တရုတ် ပို့ကုန်ထိုးကျပြီး တရုတ်စီးပွားရေး ပါထိသည်။ ကာလရှည်လျှင် ရှည်သလို တရုတ်နိုင်ငံတွင် စက်ရုံများ ပိတ်ရ၊ အလုပ်သမားများ လျှော့ချရသောကြောင့် အလုပ်ပြုတ်ကြရနှင့် ထိခိုက်ကြသည်။ အမေရိကန်နှင့် တရုတ်ကို ပြိုင်ဘက်များအဖြစ် ပုံဖော်ကြ၊ နှစ်ဖက် လုံးကလည်း တစ်ဖက်နှင့် တစ်ဖက် မျက်ခြည်မပြတ် စောင့်ကြည့် ကြသော်လည်း တကယ်တမ်းတွင် တရုတ် နှင့် အမေရိကန်တို့က ရင်ချင်းဆက်အမြွာသဖွယ် အကျိုးစီးပွားချင်း တွဲဆက်နေကြသည်။ ထိုသို့ သူ့အကျိုး စီးပွား၊ ကိုယ့်အကျိုးစီးပွား ချိတ်ဆက်နေခြင်းသည်ပင် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းမည့် အချက်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်မီးကို မွှေးခဲ့သည့် ဗြိတိန်နှင့် ဂျာမနီ ပြိုင်ဆိုင်မှုတွင် ဂျာမနီနှင့် ဗြိတိန် ထိုသို့ အကျိုးစီးပွားတူ မဖြစ်ခဲ့စဖူး။ ထို့ကြောင့်လည်း တစ်ဖက်နှင့် တစ်ဖက် ရန်ဘက်ဖြစ်ရန် လွယ်ကူခဲ့ကြသည်။
တရုတ် သူငယ်ချင်းများနှင့် ရင်းရင်းချာချာ ဖြစ်ခဲ့သလို အမေရိကတရုတ်စာ အမျိုးမျိုးကို တဝစား၊ တရုတ်တန်းများသို့ လေ့လာ၊ တရုတ်လုပ် ပစ္စည်းများကို အမေရိကမှ အိမ်ပြန်လက်ဆောင် အဖြစ် ဝယ်ယူခဲ့သည့် ကျွန်တော် အမေရိကသို့ သွားသည်ဆိုပြီး တရုတ်ကိုပါ လေ့လာခဲ့ရပေသည်။
(ဘုန်းဝေညွန့်လူ)
0 comments:
Post a Comment