မရေချင်တော့ပါဘူး ဒီတပတ် ခနလေးနားမယ် စနိုးခမ်းသွားတဲ့ရာသီအစမှာ ပြင်ဆင်စရာလေးတွေနဲ့ အလုပ်လေးတွေ တန်းစီထားကာမှ ကျားသစ်နားမကြား ပါဘူးလို့ပြောထားတာ နားကြားနေသယောင် ကွန်မန့်ထောင်ပေါင်းများစွာနဲ့ လာကလိနေတာနဲ့ ကဲ ရေးပြီ....
(၁) ပြောင်းလဲနေပါပြီဆိုတဲ့ ဒို့တိုင်းပြည်မှာ စစ်တပ်က တပ်မတော်နေ့လို့ပဲ ဆက်ခေါ်နေတာ တရားလား? အဲဒီတပ်မတော်ကလူတွေကပဲ လွတ်လပ်ရေးယူခဲ့သလိုလို ဆက်လုပ်ပြနေတာ တရားလား?၊ ပြည်သူတွေက လွတ်လပ်ရေးနဲ့ မဆိုင်သလို ပြည်သူတွေက မပူးပေါင်းပဲ မတထောင်သားတွေရဲ့ တပ်မတော်ကြီးဖြစ်လာရောလား?၊ တပ်မတော်ကို ယူနီဖေါင်းဝတ်တွေကပဲ ဖွဲ့စည်းခဲ့တာလား? ၊ တပ်မတော်နေ့ဆိုတာ သမိုင်းအဆက်ဆက်မှာ မရှိတာကြီးကို အရှိလုပ်ပြီး ခေါ်တွင်နေတာတရားလား၊? ဘယ်လွတ်တော် ဘယ်ညီလာခံက ဆုံးဖြတ်ချက်တွေချမှတ် ဥပဒေတရပ်ပြဌာန်းတာမရှိပဲ ခေါ်တွင်ခဲ့တဲ့ တပ်မတော်နေ့ဆိုတာ အမှန်တရားလား၊? နေရာတိုင်း တပ်မတော်ပန်းခြံ၊ တပ်မတော်ပိုင်၊ တပ်မတော်က မောင်ပိုင်စီးထားတာ မမြင်ကြရောလား၊? တပ်မတော်နေ့ ကျင်းပသလို ပြည်သူပြည်သားများနေ့ ကျင်းပဖို့ မမြင်မိဘူးလား?၊ လား လား လား?
(၂) တပ်မတော်ကို သွားပူးပေါင်းနေရတာ ဒီမိုကရေစီ အစတဲ့၊ တပ်မတော် စိတ်ကောက်မှာ ကြောက်နေရတာ ဒီမိုကရေစီ ခရီးမရောက်မှာ ကြောက်လို့တဲ့၊ တပ်မတော်သားတွေကို အသဲတခြမ်း ခွဲတမ်းပေးပြီး ချစ်ပြမှ ဒီမိုကရေစီရကြတော့မယ်တဲ့……ဟောတတ
ဘုရား ဘုရား ဘုရား ……..
နိဂုံးချုပ်ပြမယ်
(၃) ဒီမိုကရေစီလို့ပြောပြီး ညီလာခံထဲမှာ တယောက်က ဥက္ကဌ အဖြစ်နဲ့ ယူနီဖေါင်းချွတ်ပြီး တရားဟောတယ်။ ဒီမိုကရေစီလို့ပြောပြီး နောက်တယောက်က အရေခွံချွတ်ပြီး သမ္မတလုပ်တယ်။ ဒီမိုကရေစီကိုသွားနေတယ်ပြောပြီး
ဘယ်နိုင်ငံကမှ တပ်မတော်ဆိုတာ ပြည်သူတင်မြောက်တာ အစစ်မှန်ခံရတဲ့ သမ္မတ အထက်မှာ မရှိကြဘူး၊ သမ္မတ အောက်မှပဲရှိကြတာ။ သူတို့ တပ်မတော်နေ့ဆိုပြီးကျင်းပ ကာကွယ်ရေးဦးစီးချုပ်က လက်နက်ခဲယမ်းထုတ်ပြပြီး ရွှေပြည်အေးတရား ဟောချသလိုနဲ့ ငါတို့သာ ဒမြအကြီးစားတွေကွ လို့ပြောသွားတာ အသေချာ မကြားလိုက်ကြပါရောလားပဲ။
တပ်မတော်နေ့ကျင်းပရင်တောင် သမ္မတ အုပ်ချုပ်တဲ့ တိုင်းပြည်မှာ သမ္မတ မိန့်ခွန်းပြောရမှာလေ၊ အဘယ်ကြောင့် သူတို့တပ်ကို သူတို့ပဲ ပြန်ပြီးမိန့်ခွန်းချွေနေတာလဲ? စဉ်းစဉ်းစားစားလဲလုပ်ကြပါအုံး၊ တပ်မတော်က တနေရာ ပြည်သူတင်မြောက်တဲ့ လွတ်တော်ကတနေရာ နှစ်နေရာ ရှိမြဲရှိနေတဲ့တိုင်းပြည်က ဒီမိုကရေစီကို ချီတက်ကြမှာတဲ့……..
ဒေ၀ဒ္ဒ်ရဲ့ အဆိပ်ကို နားနဲ့သောက်တဲ့ အဇာရသတ် ဦးဏှောက်သေသွားပြီး ဖခင်ကို ခြေဖ၀ါးခွဲပြီး သတ်ခဲ့တာ မြန်မာပြည်မှာ နှစ် ၅၀ ကျော်သွားပြီလေ၊ ပြည်သူသာအမိအဖဆိုရင် ပြည်သူတင်မြောက်တဲ့ အမတ်မင်းတွေ၇ဲ့ အုပ်ချုပ်ရေးအောက်မှရှိရမှာလေ ဘာကြောင့် သီးသန့်ဖြစ်ပြနေရတယ်ဆိုတာ တွေးကြပေါ့။
အဆိပ်ကို နားနဲ့ မသောက်နိုင်တဲ့ ဆိုကရေးတီးကတော့ နောက်ဆုံး အဆိပ်ခွက်ကို ပါစပ်နဲ့သောက်ပြီး မသေခင် စက္ကန့်ပိုင်းလေးမှာ သူ့တပည့်ကိုမှာခဲ့တယ် “တရားသူကြီးကို ကြက်ဖတကောင် ပေးလိုက်ပါ”တဲ့…..မှတ်ကရောလား တရားသူကြီးက အာဏာပိုင်တွေရဲ့ အဆိပ်ကို နားနဲ့သောက်ပြီး ဆိုကရေးတီးကို သေဒဏ်ချတာလေ၊ ဒါပေမဲ့ ဆိုကရေးတီးပြောခဲ့ချင်တာက လူမပြောနဲ တိရိစ္ဆာန်ဖြစ်တဲ့ ကြက်ဖကတောင် မင်းတို့လို ဦးဏှောက်မသေဘူး၊ ကြက်ဖက ဘယ်အရပ်ရောက်ရောက် သူတွန်နေကြအချိန်ကိုသူသိပြီးတွန
အခုဟာက ကြက်မဖြစ်ကုန်သလားပဲ မတွန်ရဲတော့ပဲ မှိန်းနေတော့တယ်။ ခက်ရပါလား နိုင်ငံရေးနဲ့ အဲဒီ ရေးစီးကြောင်းထဲက ပုရိသရယ်
အချုပ် အချာ ပိုင်တဲ့ ဒို့နိုင်ငံတော် ( အချုပ်ဆိုတာ တရုတ်နာမည်၊ အချာဆိုတာ ကုလားနာမည် ဆိုတော့ တရုတ်ကုလားပိုင်တဲ့ ဒို့ နိုင်ငံတော် ဖြစ်စေသတည်း။
မှတ်ချက် မည်သူ့ကိုမှ မရည်ရွယ်ပါ
ကျေးဇူးတင်ပါတယ်
ဂိုလ်ရှယ်လေး
အလွန်ပြောင်မြောက်ပါသည်။ဒီထက်မကထုခြေပေးထိုက်သည်။
ReplyDelete