Seaman
Nayminthu shared Opposite
Eye's photo.
ပြည်မြို့ န၀ဒေးတံတား အနီးတ...ွင် တပ်မတော်သား(၃) ဦးမှ လူသတ်မှုကျူးလွန်
ဆိုသည့် သတင်းကို The Voice တွင် ဖတ်လိုက်ရသည်။ သတင်းဖြစ်စဉ်မှာ
သမီးရည်းစား နှစ်ဦး န၀ဒေး တံတားအနီး သဲသောင်ပြင်တွင် ချိန်းတွေ့နေစဉ် လူ(၃)
ဦးမှ ရောက်လာပြီး မီးခြစ်ရှိလား မေးကာ နောက်မှ သိုင်းဖက်ပြီး ထိုးကြိတ်ကာ
လုယက် ခြင်း ဖြစ်သည်။ အဆိုပါ လုယက်မှုတွင် စုံတွဲမှ အမျိုးသား သေဆုံးပြီး
အမျိုးသမီးမှာ ဆေးရုံတက်ရောက် နေရ ကြောင်း ကျန်ရစ်သူ စုံတွဲမှ အမျိုးသမီး
အသက် ၂၇ နှစ် အရွယ် မအိဇင်မိုးကိုမှ ပြောပြခဲ့သည်။ လုယက်သူတွေ ကို
ဖမ်းမိပုံမှာ သေချင်ယောင်ဆောင်ခဲ့သည့် အမျိုးသမီး အကူအညီ တောင်းမှုကြောင့်
အနီးနားရှိ ပြည်သူများ ၀ိုင်းရှာရာမှ မသင်္ကာဖွယ် ကိုင်းတောထဲမှ တက်လာသည့်
လူ(၂)ဦးကို ဖမ်းမိသည်။ တပ်မတော်သားများ ဖြစ်နေ သည့်အတွက် သက်ဆိုင်ရာ
တပ်ရင်း အရာရှိထံ စနစ်တကျ လွှဲပြောင်း ပေးခဲ့သည်။
လူပြတ်သည့် နေရာ၊ မှောင်မိုက်သည့် နေရာများတွင် ချိန်းတွေ့ကြသည့် သမီးရည်းစား စုံတွဲများအား အုပ်စုဖွဲ့ လုယက်သူများ မုဒိန်းကျင့်၊ လူသတ် ၊ ပစ္စည်းလုယူမှုများ အကြိမ်ကြိမ် ဖြစ်ဖူးသည်။ ရန်ကုန် မြို့တော်တွင်ပင် ဖြစ်ခဲ့ဖူးသည်။ သို့သော် ယခု အမှုတွင် တပ်မတော်သားများ ပါဝင်ပတ်သက်နေသည့် အတွက် ထိုအမှုသည် သာမန်လူသတ်မှုမျိုး မဟုတ်တော့။ ကြွေးကြော်သံများ၊ ဆူပူမှုများ နှင့် တပ်မတော်၏ ဂုဏ်သိက္ခာကို ကျဆင်း စေမှုများ ဖြစ်ပေါ်လာသည်။
ထိုသို့သော အခြေအနေများ အတွက် တပ်မတော်မှ အရာရှိကြီးများ ဖြစ်သည့် ဒုတိယ ဗိုလ်မှူးကြီး နေဝင်း (ခုံရုံး ဥက္ကဌ)၊ ဒုတိယဗိုလ်မှူးကြီး ကျော်စွာမောင်တို့နှင့် အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်မောင်လေး တို့ အသတ်ခံရသည့် လူ၏ မိသားစုကို သွားရောက်တွေ့ဆုံခဲ့သည်။ အမှုမှန် ပေါ်ပေါက်ရေး၊ ထိရောက်သည့် အရေးယူမှုတို့အတွက် တိတိကျကျ လုပ် ဆောင်မည်ဟု ကတိလာပေးသည့် အလားပင် ဖြစ်သည်။
လွန်ခဲ့သည့် နှစ်များက ဖြစ်ပွားခဲ့သည့် တပည့်မကောင်း ဆရာ့ခေါင်း ပြစ်မှုများအတွက် တပ်မတော်မှ တာဝန်ရှိ သူများသည် ထိခိုက်နစ်နာသူများ ထံသို့ လိုက်လံဖြေရှင်း တောင်းပန်ခဲ့ဖူးသည်။ သို့သော် မီဒီယာထက် မရောက်။ အခြေအနေ အချိန်အခါ အရလည်း မရောက်စေချင်ကြ။ အဘယ်ကြောင့် ဆိုသော် အောက်ခြေ အဆင့် ရဲဘော်တစ်ဦး ဖြစ်သည့် ပြဿနာသည် ၄င်း တစ်ယောက်တည်း အရေးယူယုံဖြင့် မပြီး။ အပြစ်ကျူးလွန် သူအား အရပ်ဘက် ဥပဒေ၊ စစ်ဘက် ဥပဒေတို့ဖြင့် အရေးယူယုံမက အဆင့်ဆင့် တာဝန်ရှိသူများကို အရေးယူ သည်။ တပ်မတော်သား တစ်ဦး အမှုဖြစ်လျှင် စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့သည်။ အရာရှိကြီး အဆင့်ဆင့်ဖြင့် တိကျ သည့် အချက်များ စုဆောင်းရသည်။ ပြင်းထန်စွာ အရေးယူရသည်။ မည်သူမျှ တပ်မတော် အက်ဥပဒေ၏ အထက် တွင် မရှိခဲ့ပါ။
ယခု ဖြစ်စဉ်တွင်တော့ ထိုကဲ့သို့ လုပ်ဆောင်ချက်များ အား မီဒီယာမှ တစ်ဆင့် ပြည်သူ သိနိုင်ပြီ ဖြစ်သည်။ တပ်မတော်သားတိုင်းသည် ပြည်သူလူထုနှင့် ယဉ်ကျေးစွာ ဆက်ဆံရမည်မှာ စစ်သည်တော် ကျင့်ဝတ်တွင် ပါပြီး ဖြစ်သည်။ ခေတ်အဆက်ဆက်လည်း ကျင့်သုံးခဲ့သည်။ တပ်မတော်သား တစ်ဦးတစ်ယောက်၏ လုပ် ဆောင်ချက် မှားယွင်းမှုများ အတွက် ပြည်သူတို့ တိုင်ကြားနိုင်ပါသည်။ ထိရောက်စွာ အရေးယူပေးရန် တောင်း ဆိုနိုင်ပါသည်။ သို့သော် တပ်မတော်သားတိုင်းသည် ပြည်သူ့အင်အားသာ ဖြစ်သည်ကိုလည်း သတိပြုစေချင်ပါ သည်။
မီဒီယာသည် ဖွရန် မဟုတ်ပါ။ အစိုးရ၊ ပြည်သူ၊ တပ်မတော် ဆိုသည့် နိုင်ငံတစ်နိုင်ငံ၏ မရှိမဖြစ် လိုအပ်သည့် အင်အားစု (၃) ရပ်အကြား မဏ္ဍိုင်တစ်ရပ် အနေဖြင့် ထောက်ကူပေးရန်သာ လိုအပ်ပါသည်။ သို့မဟုတ်ပါက ကျွန်တော်တို့နိုင်ငံအတွက် စတုတ္တတိုင် မလိုပါဟု ပြောယုံမှ တစ်ပါး အခြားမရှိတော့ပါ။

စစ်တပ်ဆိုတာ နိုင်ငံတော်ကို ကာကွယ်ဖို့ပဲဖြစ်သင့်တယ်။ တစ်တိုင်းပြည်လုံးက စစ်တပ်က တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးမှာ ပါဝင်ပတ်သက်လာမှာကို အော့နှလုံးနာစွာနဲ့ စိုးရိမ်ကြောင့်ကြနေကြတယ်။ တိုင်းပြည်လည်း နာလှပီ။ အမှန်ကို မမြင်နိုင်တဲ့ အတ္တကြီးလွန်းသူတွေပါလား။ နိုင်ငံဝန်ထမ်းတိုင်းဟာ သူ့နေရာနဲ့သူ အသီးသီးတာဝန်ယူပြီး တိုင်းပြုပြည်ပြုအလုပ်တွေ လုပ်နေကြတယ်။ စစ်တပ်သာပဓါန၊ စစ်တပ်သာ အဓိက၊ ငါပဲသိ၊ ငါပဲတတ်ဝါဒီတွေ ရာစုနှစ်ဝက်လောက် လုပ်ချင်တာလုပ်ပြီးလို့ ဘာမှ ဖြစ်မလာပဲ ဖွတ်မွဲပြာကျဖြစ်ခဲ့ရတာတောင်မှ အခုထိ စစ်တပ်သာ အဓိကလို့ ပြောနေတာဟာ လူမိုက်စကားပြောနေတာလား၊ ဗလိုင်းကြီး မျက်စိမှိတ်ဇွတ် ကျား-ကျား မီးယပ် လုပ်ချင်တာလား၊ အသိဥာဏ် လုံးဝမရှိတာလား၊ အတ္တအမှောင်ဖုံးနေတာလား၊ လက်နက်အားကိုးနဲ့ တစ်တိုင်းပြည်လုံးကို ကြောက်လန့်သိမ်ငယ် လူတောမတိုးလူရာမ၀င်တာကို အရသာခံဗိုလ်ကျချင်တဲ့ ရင့်ကျက်မှုမရှိတဲ့ သောက်ကျင့်ကြောင့်လား၊ အားလုံးကြောင့်ပဲလား၊၊၊၊၊
ReplyDelete