သမီးလေးများ သိစေချင်
Author: lubo601 | 10:12 PM | No မှတ်ချက် |
(၁)
သမီးလေးများသိဖို့ ကြီးမေ ပြောချင်တယ်။
“မိန်းမ”ကို အားနည်းတဲ့လိင် (Weaker Sex) လို့ ခေါ်ကြတယ်။ ဒါပေမဲ့ နေရာတကာမှာတော့ အားမနည်းပါဘူး။ ယနေ့ ကမ္ဘာမှာပဲကြည့်။ မိန်းမတွေဟာ ယောက်ျားတွေနဲ့ ရင်ပေါင်တန်းနိုင်ပြီး တချို့များ ယောက်ျားတွေထက်တောင် ထူးချွန်ထက်မြက်ပါတယ်လို့ဆိုရင် ဘယ်သူငြင်းမလဲ။ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ဘူး။
ကမ္ဘာမှာရှိတဲ့ အမျိုးသမီး နိုင်ငံ့ခေါင်းဆောင်တွေ၊ အမျိုးသမီး
ဝိဇ္ဇာပညာရှင်တွေ၊ အမျိုးသမီး သိပ္ပံပညာရှင်တွေ၊ အမျိုးသမီး စွန့်ဦးတီထွင်သူတွေ၊ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှ င်တွေ၊ ဘ၀တစ်ခုလုံး ရင်းပြီး ပရဟိတလုပ်ငန်းကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်တဲ့ အမျိုးသမီး သူတော်စင်တွေ၊ အံ့သြဘနန်းစွမ်းဆောင်နိုင်တဲ့ အမျိုးသမီး အနုပညာရှင်တွေ၊ ထူးခြားတဲ့စွမ်းရည်တစ်ရပ်ရပ်ကြောင့် တစ်ကမ္ဘာလုံးက လေးစားရတဲ့ အမျိုးသမီးကမ္ဘာကျော်တွေရဲ့ အရေအတွက်ဟာ နည်းမှမနည်းဘဲ။ ဥာဏ်ပညာထက်မြက်မှု၊ ပညာ ဗဟုသုတကြွယ်ဝမှု၊ ရဲစွမ်းသတ်္တိရှိမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ တည်ငြိမ် ရင့်ကျက်မှု၊ မေတ္တာကရုဏာကြီးမားမှု၊ စွန့်လွှတ်အနစ်နာခံနိုင်မှု၊ အဆုံးစွန် သည်းခံနိုင်မှု စတဲ့အရည်အချင်းတွေဟာ တချို့လူတွေမှာ တချို့နေရာတွေ မှာ မိန်းမတွေက ယောက်ျားတွေထက် အများကြီးသာပါတယ်လို့ ကြီးမေကတော့ ရဲရဲဝံ့ဝံ့ ဆိုချင်ပါတယ်။
ဥာဏပိုင်းမှာတော့ မိန်းမနဲ့ယောက်ျား အရည်အချင်းမကွာပါဘူး။ တန်းတူပါပဲ။ အဲ .. ဒါပေမဲ့ ကာယပိုင်းကြည့်ရင်တော့ မတူတော့ဘူး။ ယောက်ျားက မိန်းမထက် ခွန်အားဗလမှာသာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သဘာဝတရားကြီးက ယောက်ျားကို မိန်းမထက် ခန္ဓာကိုယ်ကြီးထွားအောင်၊ ခွန်အားဗလပိုရှိအောင် ဖွဲ့စည်းတည်ဆောက်ပေး ထားလို့ပါပဲ။ မိန်းမတွေဟာ ယောက်ျားတွေလုပ်တဲ့ ကာယပိုင်းဆိုင်ရာဖြစ် တဲ့ ပြေးတာ၊ ခုန်တာ၊ မြင်းစီးတာ၊ ရေကူးတာ၊ ကားမောင်းတာ၊ သေနတ် ပစ်တာ၊ ဘောလုံးကန်တာ၊ အလေးမတာ၊ လက်ဝှေ့ထိုးတာ၊ နပန်းသတ်တာ အကုန်လုပ်နိုင်ပါတယ်။ အကုန်လည်း လုပ်တတ်တယ်။ နည်းပညာတွေလည်း အကုန်သိတယ်။ ဒါပေမဲ့ မိန်းမနဲ့ယောက်ျား ပြိုင်ပြေးခိုင်းရင်၊ ပြိုင်ခုန်ခိုင်းရင်၊ ပြိုင်ဘောလုံးကန်ခိုင်းရင်၊ ပြိုင်နပန်းသတ်ခိုင်းရင်တော့ မိန်းမက ဘယ်နိုင် နိုင်မလဲ။ ရှုံးမှာပေါ့။ ကာယချင်း၊ ဗလချင်း၊ ခွန်အားချင်းမှ မမျှတာကိုး။ ဒါကြောင့်လည်း မိန်းမတွေကို “အားနည်းတဲ့လိင်” လို့ သူတို့က ခေါ်ဝေါ်သုံးစွဲတာပဲ ဖြစ်ပါ လိမ့်မယ်။ အဲဒီအားနည်းချက်ဟာ ကာယပိုင်းပဲ ဖြစ်ပါတယ်။ ဥာဏပိုင်း မဟုတ်ပါဘူး။
မိန်းကလေးတွေကို ကြီးမေ သတိပေးချင်တာက ယောက်ျားတွေက မိန်းမတွေထက် ခွန်အားဗလမှာသာတယ်။ တစ်နည်းအားဖြင့် ပြောရရင် သူတို့က ခွန်အားဗလသုံးပြီး ကိုယ့်ကိုအနိုင်ယူလို့ရတယ်။ အနိုင်ကျင့်လို့ရတယ်။ အဲဒါ မြဲမြဲမှတ်ထားရမယ်။
ဒီတော့ မိန်းကလေးတွေအနေနဲ့ ကိုယ့်အားနည်းချက် ကိုယ်သိပြီး ယောက်ျားတွေ ကိုယ့်ကိုအနိုင်မကျင့်နိုင်အောင်၊ မထိပါးဝံ့အောင်၊ မစော်ကားရဲအောင် အမြဲသတိရှိရမယ်။ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားရမယ်။ အရံအတားတွေနဲ့ ကာကွယ်ထားရလိမ့်မယ်။ ဘယ်လိုသတိ၊ ဘယ်လိုပြင်ဆင်မှု၊ ဘယ်လို အရံအတားတွေလည်းဆိုရင်တော့ `ဣနြေ္ဒ´ရယ်၊ `သိက္ခာ´ရယ်၊ `လုံခြုံတဲ့ဝတ်စားဆင်ယင်မှု´ရယ်၊ `အန္တရာယ်ရှိတတ်တဲ့ နေရာ၊ အချိန်၊ အခြေအနေကို ရှောင်ရှားခြင်း´ဆိုတဲ့ လက်နက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းစောင့်ရှောက်ထားဖို့ပါပဲ။
ဒါဆိုရင်တော့ ဗလအားကိုးနဲ့ အနိုင်ကျင့်သူတွေအတွက် အခွင့်အရေး မရတော့ဘူးပေါ့။ အခွင့်အလမ်းနည်းသွားပြီပေါ့။ မချဉ်းကပ်နိုင်တော့ဘူးပေါ့။
မနှင်းဖွေး
External Light
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment