ဒူးနာခြင်းအကြောင်း
ဒူးခေါင်းရှိတဲ့နေရာ အဆစ်ကို အင်္ဂလိပ်လိုဆိုရင် Knee Joint လို့ခေါ်ပါတယ် ။ ဒူးခေါင်းကို ယေဘူယျ အပိုင်းလိုက်ကြည့်မယ်ဆိုရင် Medial , lateral နဲ့ Patellofemoral ဆိုပြီး ခွဲလို့ရပါတယ် ။ တကယ်တော့ ဒူးနာခြင်းကိုဖြစ်စေတဲ့အချက်တွေထဲမှာ
ထိခိုက်ဒါဏ်ရာရခြင်း ၊ ဒူးခေါင်း ပျက်ဆီးခြင်း ၊ ဒူးဆစ်ယောင်ခြင်း ၊
ပိုးဝင်ခြင်းနဲ့ ရှားပါးတဲ့အရိုးကင်ဆာ စတာတွေကြောင့်ဖြစ်နိုင်ပါတယ် ။
ဒူးခေါင်းအတွင်းတွယ်ဆက်ထားတဲ့အရွတ်တွေ ( Cruciate ligaments ) နဲ့ဒူးခေါင်းအတွင်းအပြင်ဖက် မှာရှိတဲ့အရွတ်တွေ ( Collateral ligaments ) တွေက ဒူးခေါင်းကို ငြိမ်အောင်ထိမ်းပေးပါတယ် ။ အရွတ်တွေကို ခွဲစိတ်ပြီးပြန်လည်ပြုပြင်တဲ့နေရာမှာ ချုပ်ခြင်း ၊ အစားထိုးခြင်းတို့ပါဝင်ပါတယ် ။ အချို့လူနာတွေက တော့ဒူးဆစ်တစ်ခုလုံးလဲလိုက် ရတာမျိုးလည်းရှိပါတယ် ။ ဓါတ်မှန်ပုံမှန်ရိုက်စစ်ဆေး ခြင်းက
တခြားပြဿနာတွေရှိမရှိကို ဖယ်ထုတ် Exclude လုပ်ပေးနိုင်ပါတယ် ။
ဒူးပြဿနာတွေကို Arthroscopy ၊ MRI စတာတွေနဲ့စစ်ဆေးနိုင်သလို
ဒူးဆစ်ထဲမှာရှိတဲ့ အရည်ကို အပ်နဲ့စုပ်ခြင်း ( Needle aspiration )
လုပ်ပြီးလည်းစစ်ဆေးနိုင်ပါတ ယ်
။ တကယ်တော့ ဒူးဆစ်ရာ လေးဖက်နာလို ရောဂါမျိုးနဲ့လည်း ပတ်သတ်လေ့ရှိတဲ့ Joint
ဖြစ်ပါတယ် ။ လေးဖက်နာရောဂါတွေဟာ တကယ်တော့ Immune disease တွေဖြစ်ပြီး
တစ်ကိုယ်လုံးမှာရှိတဲ့တစ်ရှုးတွေ ၊ အဆစ်တွေအပါအ၀င် အရိုးတွေယောင်ရမ်းခြင်းကြို ဖစ်စေတယ် အဆစ်တွေကွေးမမရအောင် နာကျင်အောင် ဖြစ်စေတဲ့ရောဂါပဲဖြစ်တယ် ။
ဒူးနာခြင်းကိုအဖြစ်များစေတဲ့ အချက်တွေကဘာတွေလဲ
တကယ်တော့ဒူးနာခြင်းကို အဖြစ်များစေတဲ့အချက်တွေထဲမှာ အသက်အရွယ်ကြီးရင့်လာခြင်း ၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ထိခိုက်ဒါဏ်ရာရခြင်းတွေပဲဖြ စ်ပါတယ် ။
ဘယ်လို ထိခိုက်ဒါဏ်ရာရခြင်းတွေက ဒူးနာခြင်းကိုဖြစ်စေသလဲ ၊ လက္ခဏာတွေကဘာတွေလဲ
ထိခိုက်ဒါဏ်ရာရပြီဆိုရင် မည်သည့် အရွတ်ကို မဆို သွားပြီး သက်ရောက်စေမှုရှိနိုင်ပါတယ် ။ အထူးသဖြင့် ဒူးကို ၀န်းရုံထားတဲ့ အရိုးနုတွေ အရွတ်တွေနဲ့ ကြွက်သားတွေဖြစ်ပါတယ် ။ ဒါတွေသာမက ဒူးဆစ်ကိုဖြစ်ပေါ်စေတဲ့အရိုး တွေကိုသာ ထိခိုက်နိုင်ပါတယ် ။ ရှုပ်ထွေးစွာ တည်ဆောက်ထားတဲ့ဒူးဆစ်ရဲ့ပုံ သဏ္ဍာန်နဲ့ အလေးအပင်တွေမတဲ့အခါ အကွေးအဆန့်ကို ဒူးကပဲလုပ်ရတာဖြစ်တဲ့အချက်ေ တွကပဲ ဒူးကို ဒါဏ်ရာရစေတဲ့အဓိကအကြောင်းအရ င်းတွေပဲဖြစ်ပါတယ် ။
အရွတ်ဒါဏ်ရာများ
မတော်တဆထိခိုက်မှုတွေက ဒူးရဲ့အတွင်းအစိတ်အပိုင်းဖြ စ်တဲ့
Medial Collateral Ligament , ဒူးအတွင်းပိုင်းက Cruciate ligaments ကို
သွားပြီး ဒါဏ်ရာရစေနိုင်ပါတယ် ။ အဲဒီနေရာတွေမှာဖြစ်တဲ့ ဒါဏ်ရာတွေက
ချက်ချင်းဆိုသလို နာကျင်မှုကိုဖြစ်စေပြီး နေရာအတိအကျကို
သိရှိဖို့တော့ခက်ခဲလေ့ရှိတယ်
။ အထူးသဖြင့် Collateral ligament injury ဟာ ဒူးရဲ့အတွင်းပိုင်း သို့မဟုတ်
အပြင်အစိတ်အပိုင်းကို ထိခိုက်စေလေ့ရှိပြီး တခါတရံ
အဲဒီအရွတ်ရှိနေတဲ့နေရာအပေါ်ဖ က်ကို နာကျင်စေတာမျိုးလည်းရှိပါတယ် ။ Cruciate Ligament ဒါဏ်ရာရတာကတော့ဒူးအတွင်းပို င်းက နာတာဖြစ်ပါတယ် ။ အတွင်းပိုင်းက စူးပြီးနာလေ့ရှိပါတယ် ။ ဒူးခေါင်းမှာ ဖြစ်တဲ့အရွတ်ဒါဏ်ရာရခြင်းတွေက
နားနေတဲ့အချိန်နဲ့ အလေးအပင်တစ်ခုခုမတဲ့အခါ လမ်းလျှောက်တဲ့အခါ
နာနေလေ့ရှိပါတယ် ။ ဒါဏ်ရာတစ်ခုရဲ့ ပြင်းထန်မှုဆိုတာ အနိမ့်ဆုံးနာကျင်မှု (
ဥပမာ ဒူးရွတ်ပြဲသွားခြင်း အရွတ်အမျှင်များ စုတ်ပြဲခြင်း ) စတာတွေက
ပြင်းထန်စွာနာကျင်ခြင်း ( အရွတ်တစ်ခုလုံးစုတ်ပြတ်သွား ခြင်း ) ဆိုပြီး ခွဲခြားနိုင်ပါတယ် ။ သာမန်အရွတ်ယောင်တာမျိုးလောက်ကိုတော့ ရေခဲအုံခြင်း ပတ်တီးစီးခြင်း ၊ အနားယူခြင်းနဲ့ ခြေထောက်ကို အပေါ်မြှောက်ထားခြင်းစတာတွေနဲ့သက်သာအောင်ပြုလုပ်နိုင်ပါ တယ် ။ အထူးသဖြင့် ဒူးဒါဏ်ရာရနေတဲ့အချိန်တွေမှာ အလေးအပင်မတာကိုတော့ရှောင်ရမှာဖြစ်ပါတယ် ။ လမ်းလျှော်ကတဲ့အခါလည်းချော် မလဲအောင်သတိထားရပါမယ် ။
တချို့လူတွေကတော့ ဒူးနာခြင်းကို သက်သာစေဖို့အတွက် ပတ်တီးကိုတင်းကြပ်စွာ စီးခြင်း နဲ့ ဒူးခေါင်းကို ငြိမ်နေအောင်ပြုလုပ်လေ့ရှိတ ယ် ။ တချို့သောပြင်းထန်တဲ့ဒါဏ်ရာ ရမှုတွေမှာတော့ Arthroscopic သို့မဟုတ် ဒူးခေါင်းကိုဖွင့်ပြီးခွဲစိ တ်ပြုပြင်ခြင်းလုပ်ဖို့လိုပါတယ်
။ အရွတ်တွေကို ခွဲစိတ်ပြုပြင်တဲ့နေရာမှာ ပြဲသွားတဲ့အရွတ်တွေကို
ပြန်ချုပ်ခြင်း ၊ အစားထိုးခြင်း တွေ ပါဝင်ပြီး အဲဒီလို
ခွဲစိတ်လုပ်ဆောင်မှုမျိုးတွေကိုလည်း ဒူးခေါင်းကိုဖွင့်ပြီးဖြစ်ေ စ arthroscopic surgery နဲ့ဖြစ်စေ ပြုလုပ်နိုင်တယ် ။ ဘယ်လို ခွဲတ်စိတ်မှုမျိုးပြုလုပ်သင့် သလဲ ဆိုတာကတော့ ဒါဏ်ရာအမျိုးအစားအပေါ်မူတည်ြ ပီး လူနာ ဘယ်လောက်ထိ ပြန်ကောင်းလာနိုင်မလဲဆိုတဲ့ အပေါ်မူတည်ပါတယ် ။ အချို့သော အရမ်းပြင်းထန်တဲ့ ဒါဏ်ရာရမှုတွေကတော့ ဒူးခေါင်းတစ်ခုလုံးဖွင့်ပြီး ခွဲစိတ်မှသာရနိုင်မှာပါ ။ ယခု လတ်တလော အသုံးပြုနေတဲ့နောက်ဆုံးပေါ်ခွဲစိတ်နည်းပညာတွေနဲ့
cruciate ligaments အတွက်ကို ပြန်လည်ပြုပြင်ခြင်း Reconstruction
procedure က သိသိသာသာ တိုးတက်အောင်မြင်နေပြီဖြစ်ပါတယ်
။ တခြား ဒါဏ်ရာရမှုတွေထဲမှာတော့ Meniscus tears , အရွတ်ယောင်ခြင်း (
Tendinitis ) အရိုးကျိုးခြင်း ( Fructure ) စတာတွေလည်းပါဝင်ပါတယ်။
ဒူးနာခြင်းကိုဖြစ်စေတဲ့ ရောဂါတွေကဘာတွေလဲ
ဒူးဆစ် ၊ တစ်ရှုးတွေနဲ့ ဒူးကိုဖြစ်ပေါ်စေတဲ့အရိုးတွေ နဲ့ဆက်နွယ်နေတဲ့ရောဂါ တွေကနေတဆင့်လည်း ဒူးနာခြင်းကို ခံစားရနိုင်ပါတယ် ။ ဒူးခေါင်းတ၀ှိုက်မှာရှိတဲ့အာရုံကြောတွေ ကနေတဆင့် နာကျင်ခြင်းကိုကြုံတွေ့ရတြာ ဖစ်ပါတယ် ။ တကယ်တော့ဒူးနာခြင်းကို အများဆုံးကြုံတွေ့စေတဲ့ရောဂါကတော့
Rheumatic ရောဂါတွေဖြစ်ပြီး အဲဒီလေးဖက်နာဆိုတာ Immune
ရောဂါတစ်မျိုးဖြစ်ပြီး တစ်ကိုယ်လုံးက အဆစ်အမြစ်တွေကို
အဆစ်ယောင်ခြင်းတွေဖြစ်စေတြာ ဖစ်ပါတယ်
။ Joint တစ်ခုရောင်ယမ်းခြင်းကို Arthritis လို့ခေါ်ပြီး
ဒူးဆစ်ရောင်ယမ်းခြင်းကို noninflammatory နဲ့ inflammatory
လို့ခွဲထားနိုင်ပါတယ်။ Non inflammatory ဆိုတာကတော့ Osteoarthritis
လိုမျိုး အရိုးနဲ့အဆစ်ရောင်ခြင်းပုံစံမျိုးဖြစ်ပြီး Inflammatory ဆိုတာကတော့ လေးဖက်နာသို့မဟုတ် Gout လိုမျိုးရောဂါမျိုးကြောင့်ြ ဖစ်တဲ့ ရောင်ရမ်းမှုမျိုးကိုခေါ်ပါတယ် ။ အဆစ်ရောင်တာကိုကုသတဲ့အခါ ဘယ်လိုပုံစံရောင်သလဲဆိုတဲ့အ ပေါ်မူတည်ပါတယ် ။ လူအများစုက အဆစ်ရောင်ခြင်းကြုံတဲ့အခါ နာတာရယ် မသက်မသာဖြစ်တာရယ်လောက်ပဲ ဖြစ်ပြီးတချို့ကတော့ဒူးဆစ်တ စ်ခုလုံးလဲပစ်ရတဲ့အခြေအနေအထိလည်းကြုံရပါတယ် ။ တကယ်တော့ ဒူးဆစ်ရောင်တာကနေစပြီး ဒူးခေါင်းနောက်မှာရှိတဲ့အရေ အိတ်ထဲက
အရေတွေ ထဲမှာ inflammatory materials တွေ စုလာခြင်းကိုဖြစ်စေတယ် ။
အဲဒီအရေအိတ်ကို Baker cyst လို့ခေါ်ပြီး ဒူးအနောက်ပိုင်းနာကျင်ခြင်း ကိုဖြစ်စေတဲ့အဓိကအချက်လည်ြး ဖစ်ပါတယ် ။
အရိုးနဲ့အဆစ်တွေကို ရောဂါပိုးဝင်တာကတော့ရှားပါတ ယ် ။ ဒါပေမယ့်ဝင်ပြီဆိုရင်လည်း အရမ်းပြင်းထန်လေ့ရှိပြီး အဖျားတက်ခြင်း ၊ အလွန်အမင်းပူခြင်း ၊ ဖြစ်တဲ့ အဆစ်ပူနွေးခြင်းစတာတွေကြုံရ တတ်ပါတယ် ။ တစ်ကိုယ်လုံးချမ်းတုန်လေ့ရှိပြီး အထူးသဖြင့်ဒူးခေါင်းတ၀ှိုက် မှာဖြစ်တဲ့ပြည်တည်နာတွေကြော င့်ဖြစ်တတ်ပါတယ် ။ ဘယ်လိုရောဂါပိုးအမျိုးအစားလဲဆိုတာကတော့ အပ်လေးနဲ့ အဲဒီဒူးဆစ်ထဲကအရည်ကိုစုပ်ယူ ခြင်း Joint aspiration လုပ်ပြီး မိုက်ကရိုစကုပ်နဲ့စစ်နိုင်ပါတယ် ။ ဒါ့အပြင် Microbial culture နည်းပညာတွေနဲ့လည်းစမ်းသပ်စစ်ဆေးနိုင်ပါတယ် ။ ကုသမှုတွေကတော့ ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း နဲ့ တခါတရံ အဆစ်ခွဲစိတ်ခြင်းများပြုလုပ်ခြင်းတို့ဖြစ်ပါတယ်
။ အဆစ်နဲ့ပတ်သတ်တဲ့ Tumor တွေကတော့ရှားပါတယ် ဥပမာ Synovial sarcomas ,
giant cell tumors တို့ဖြစ်ပါတယ် ။ ကုသမှုတွေကတော့ခွဲစိတ်ခြင်း
ဒူးဆစ်ကိုဖြတ်ပစ်ခြင်းစတာတွေလည်းရှိတတ်ပါတယ် ။ ဘယ်လိုကျူမာအမျိုးအစားလဲဆို တဲ့အပေါ်မူတည်ပြီး ကုသမှုနဲ့ခွဲစိတ်မှုတို့ကိုလု ပ်ဆောင်လေ့ရှိပါတယ် ။ ဒူးကိုဖုံးထားတဲ့ ဂုံညင်းဒိုးလို့ခေါ်တဲ့ Patella အောက်က အရိုးနုပျော့ပြောင်းခြင်းကို Chondromalacia လို့ခေါ်ပါတယ် ။ ဒါကလည်း ငယ်ရွ့ယ်တဲ့အမျိုးသမီးတွေမှာ ဒူးနာခြင်းကိုအဖြစ်များစေတဲ့  အကြောင်းတစ်ခုဖြစ်ပြီး အကြာကြီး ထိုင်ပြီး ရုတ်တရက်ပြန်ထမရတာ လှေကားတို့တောင်ကုန်းတို့တက်တဲ့အခါဒူးနာတာတွေဟာ ဒီလိုပြဿနာမျိုးကြောင့်ဖြစ် ပါတယ်
။ Bursitis လိုမျိုးကိုတော့ ရေခဲကပ်ပေးခြင်း ၊ ပတ်တီးစီးခြင်းနဲ့
အကိုက်အခဲပျောက်ဆေးတွေ ဥပမာ ibuprofen , aspirin လိုဆေးတွေပေးပြီးလည်း
ကုကြပါတယ် ။ ဒါ့အပြင် ဖြစ်တဲ့နေရာကို corticosteroid တွေပေးပြီး
လည်းကုသတာတွေ ၊ လေ့ကျင့်ခန်းလုပ်ရတာတွေလည်း ပါရှိပါတယ် ။
ဒူးနာခြင်းကို ကာကွယ်ဖို့ကတော့ ဒါဏ်ရာမရအောင်နေဖို့နဲ့ လမ်းလျောက်တဲ့အခါအလေးအပင်မတဲ့အခါ
သတိထားဖို့ဖြစ်ပါတယ် ။ ဒါ့အပြင် အမြင့်တွေတက်တဲ့အခါ လှေကားတွေတက်တဲ့အခါ
အလောတကြီးမဖြစ်ကြဖို့နဲ့ မိမိဒူးခေါင်းဟာ တစ်ကိုယ်လုံး ကို သယ်ထားရတဲ့
အကွေးအညွတ်လုပ်တဲ့အဆစ်တစ်ခု ဖြစ်တာကြောင့်သတိကြီးစွာ ထားသင့်ပါကြောင်း တင်ပြရင်းအဆုံးသတ်လိုက်ပါတယ် ။
သက်တန့်ချို
REFERENCES:
Koopman, William, et al., eds. Clinical Primer of Rheumatology. Philadelphia: Lippincott Williams & Wilkins, 2003.
Ruddy, Shaun, et al., eds. Kelley's Textbook of Rheumatology, 6th ed. Philadelphia: Saunders, 2001.
Shiel Jr., William C. "Total Knee Replacement." MedicineNet.com. Apr. 28, 2008. <http:// www.medicinenet.com/ total_knee_replacement/ article.htm>.
Additional resources from WebMD Boots UK on Knee Pain
ဒူးခေါင်းအတွင်းတွယ်ဆက်ထားတဲ့အရွတ်တွေ ( Cruciate ligaments ) နဲ့ဒူးခေါင်းအတွင်းအပြင်ဖက်
ဒူးနာခြင်းကိုအဖြစ်များစေတဲ
တကယ်တော့ဒူးနာခြင်းကို အဖြစ်များစေတဲ့အချက်တွေထဲမှ
ဘယ်လို ထိခိုက်ဒါဏ်ရာရခြင်းတွေက ဒူးနာခြင်းကိုဖြစ်စေသလဲ ၊ လက္ခဏာတွေကဘာတွေလဲ
ထိခိုက်ဒါဏ်ရာရပြီဆိုရင် မည်သည့် အရွတ်ကို မဆို သွားပြီး သက်ရောက်စေမှုရှိနိုင်ပါတယ် ။ အထူးသဖြင့် ဒူးကို ၀န်းရုံထားတဲ့ အရိုးနုတွေ အရွတ်တွေနဲ့ ကြွက်သားတွေဖြစ်ပါတယ် ။ ဒါတွေသာမက ဒူးဆစ်ကိုဖြစ်ပေါ်စေတဲ့အရိုး
အရွတ်ဒါဏ်ရာများ
မတော်တဆထိခိုက်မှုတွေက ဒူးရဲ့အတွင်းအစိတ်အပိုင်းဖြ
တချို့လူတွေကတော့ ဒူးနာခြင်းကို သက်သာစေဖို့အတွက် ပတ်တီးကိုတင်းကြပ်စွာ စီးခြင်း နဲ့ ဒူးခေါင်းကို ငြိမ်နေအောင်ပြုလုပ်လေ့ရှိတ
ဒူးနာခြင်းကိုဖြစ်စေတဲ့ ရောဂါတွေကဘာတွေလဲ
ဒူးဆစ် ၊ တစ်ရှုးတွေနဲ့ ဒူးကိုဖြစ်ပေါ်စေတဲ့အရိုးတွေ
အရိုးနဲ့အဆစ်တွေကို ရောဂါပိုးဝင်တာကတော့ရှားပါတ
ဒူးနာခြင်းကို ကာကွယ်ဖို့ကတော့ ဒါဏ်ရာမရအောင်နေဖို့နဲ့ လမ်းလျောက်တဲ့အခါအလေးအပင်မတ
သက်တန့်ချို
REFERENCES:
Koopman, William, et al., eds. Clinical Primer of Rheumatology. Philadelphia: Lippincott Williams & Wilkins, 2003.
Ruddy, Shaun, et al., eds. Kelley's Textbook of Rheumatology, 6th ed. Philadelphia: Saunders, 2001.
Shiel Jr., William C. "Total Knee Replacement." MedicineNet.com. Apr. 28, 2008. <http://
Additional resources from WebMD Boots UK on Knee Pain
0 comments:
Post a Comment