ညီလေးနဲ့ ညီမငယ် သို့ ...
Nay Ko Ko and Win Yu Maung shared Phay Sit Gyi's photo.
ကိုယ့်မှာ ရှိတဲ့ တန်ဖိုးကြီးတဲ့ အရာမှန်သမျှကိုယ်က တန်ဖိုးထားမှ ကျန်သူများလည်း တန်ဖိုးထားတယ် ညီမငယ် ။ ခုချိန် ညီမငယ် ဖော်နိုင်တယ် ပြနိုင်တယ် ယောင်္ကျားလေးတွေကြာ ရေပန်းစားမယ် ။
ညီမငယ် ပြနိုင်လွန်းလို့ ရေပန်းစားပါစေဦး ညီမငယ်နောက်ကို တကောက်ကောက်နဲ့ လိုက်နေပါစေဦး။
သေချာတာကတော့ ဘယ်ယောင်္ကျားမှ အိမ်ထောင် ဖက်အဖြစ် မရွေးချယ်ဘူး ညီမငယ် ။
ခါးပတ်လည်မှာ တက်တူးပြည့်လို့ ရင်ဟိုက်လိုက်မှ ခောတ်မှီတယ်လို့ ညီမငယ်ထင်နေတာလား ။
တဒင်္ဂ ပဲလူတောတိုးမယ် ညီမငယ် ။ နောင် ၁ ချိန်ကိုယ့်မှာ သားသမီးများရလာရင် ။ ညီမငယ် ဘယ်လို ဆိုဆုံးမ မလဲ ?
ထိုင်မသိမ်း နဲ့ ရင်ဖုံးနဲ့ ပါးကွပ်လေးနဲ့ မှ လို့ မဆိုလိုပါဘူး ညီမငယ် ။
ဒါပေမဲ့ .....
အရှက်တော့လုံစေ ၊ လှမျက် အမွေကို ထိန်းသိမ်းပါလေ ညီမငယ် ။
ကိုယ့် ဘ၀ ကြီးကိုစောင့်ရှောက်မဲ့ လင်ယောင်္ကျားကို တန်ဖိုးထားရင် ။ သူတန်ဖိုးထားတဲ့ ကိုယ့်အလှတွေကို ကိုယ်ကိုတိုင်လည်း တန်ဖိုးထားတက်ပါစေ ။
တို့ မြန်မာလူမျိုးတွေ ရက်ရောတက်တယ် ။ ဒါမေဲ့ သိက္ခာနဲ့ အရှက်ကိုတော့ အသက်ထက် တန်ဖိုးထားတက်ကြတယ်နော် ..... ။
ညီငယ်လေး .....
ယောင်္ကျားဖြစ်လျှက် ယောင်္ကျားဂုဏ်ဒြပ်ကို ဘယ်အရာနဲ့ မှ မလဲလှယ်လိုက်ပါနဲ့ ညီငယ် ။
မျက်နှာပေါ် ဆေးတွေတင် ၊ နှုတ်ခမ်းနီရဲမှ ဆော်ကြည်တာမဟုတ်ပါဘူး ။
တခြားသူတွေ အားမကျလိုက်ပါနဲ့ သူတို့ က ဒါတွေတင်ပြီး အလုပ်လုပ်တာပါ ။ သူတို့ က အနုပညာသည်လေ ညီငယ်လေးနဲ့ ဘယ်တူမှာလဲ ။
ဖြူဖြူနွဲနွဲလေးနဲ့ မိတ်ကပ်တွေတင် နှုတ်ခမ်းနီတွေဆိုး ၊ ဒါတို့ အမျိုးမဟုတ်ဘူး ။
မိန်းကလေးတွေကြား ရေပန်းစား ၀ိုင်းဝိုင်းလည်နေလဲ ခဏတာပါပဲ ။
ဘယ်မိန်းကလေးမှ နွဲတိနွဲ့ တောင်း ယောင်္ကျား ၁ ယောက်ကို ဘ၀ ကြီး ပုံအပ်ဖို့ သတ္တိ မရှိဘူး ညီငယ် ။
ဘာတွေ ဘယ်လိုပဲ ဖြစ်ဖြစ်ပါကွာ .....
ညီငယ်လေးတို့ ညီမငယ်လေးတို့ ကိုယ့်နိုင်ငံ ယဉ်ကျေးမူ့ ကို တိုင်းတပါး ယဉ်ကျေးမူ့ နဲ့ မလဲလှယ်လိုက်ပါနဲ့ ။ ရှေးအခါက ကိုယ့်နိုင်ငံ ၊ ကိုယ့်လူမျိုး ၊ ကိုယ့်ယဉ်ကျေးမူ့ ကို သူတို့ အသက်နဲ့ ကာကွယ်ခဲ့တဲ့ ရှေးလူကြီးများရဲ့ စိတ်ဓါတ်နဲ့ စွန့် လွှတ်နစ်နာခံမူ့ ကို အသိအမှတ်ပြုတယ်ဆိုရင်ပေါ့ ။
သူတို့ ကအသက်နဲ့ ကာကွယ်တယ် ၊ ညီလေးညီမလေးတို့ က လဲပလိုက်တယ်ဆိုရင် သူတို့ တွေ ရဲ့ အနစ်နာခံမူ့ ယဉ်ကျေးမူ့ ကို စောင့်ထိန်းတဲ့ စိတ်ထား ၊ ဒါတွေကို မင်းတို့ စော်ကားလိုက်တယ်ဆိုတာ မမေ့ ပါနဲ့  ။
စစ်ကြီး
0 comments:
Post a Comment