* တစ်ဘ၀မှာ တစ်ခါဘဲတော်ရတဲ့ သမီးကို သမီးတော်ခွင့်ရတုန်းမှာ ရအောင်ဆုံးမမယ်..ပစ်ထားလို့ ကုန်သွားမဲ့ အချိန်တွေကို ကျွန်မက နှမြောတယ်... အလကားသက်သက် အချိန်တွေကို အကုန်မခံနိုင်ဘူး..........ကျွန်မ ၀တ္တရားရှိတဲ့အတိုင်း ကျွန်မကတော့ ဆုံးမ ပဲ့ပြင်ရမှာဘဲ။ကောင်းမွန်လိမ်မာတဲ့ သမီးလေးဖြစ်ဖို့ ကျွန်မ မသေမချင်းတော့ ဆုံးမနေရမှာဘဲ့*
ဒီနေ့ အရင်နေ့တွေထက် စောစောထမိပါတယ် ။ ခုဆို မလေးစံတော်ချိန် ၅နာရီ
ထိုးပါပြီ ။ ညထဲက facebookမှာ အမေများနေ့အတွက် ကဗျာတွေ စာတွေ
အများကြီးဖတ်ရတယ်။ အမေပုံလေးတွေကိုလည်း ဦးထိပ်ထား တင်ထားတာတွေကိုလည်း
တွေ့ရမြင်ရတဲ့ အတွက် ကျေးနူးပီတိ ဖြစ်မိပါတယ် ။ ခိုင်လေးလည်း မေမေကို
အရမ်းလွမ်းနေမိပါတယ် ။
မလေးရှားရောက်ထဲက မကြားရတဲ့ မေမေ ဆူသံလေးတွေကိုလည်း
အရမ်းလွမ်းမိပါတယ် ။ ခိုင်လေး ဘယ်လောက်ဆိုးဆိုး နားလည်မှု ချစ်ခြင်းတွေ ၊
အနှိုင်းဆမဲ့ မေတ္တာတရားတွေနဲ့ ခွင့်လွတ်ပေးခဲ့သူက ခိုင်လေးမေမေပါ။
မိဘ၀တ္တရားဆိုတဲ့ အရာကို လိုအပ်တာထက်ကို တာဝန်အကျေလွန်ခဲ့သူတွေထဲမှာ
ခိုင်လေးဖေဖေနဲ့ မေမေက တလောကလုံးက မိဘတွေကို စိန်ခေါ်ရဲလောက်အောင်
ခိုင်လေးတို့အပေါ်မှာ တာဝန်ကျေလွန်းလှပါတယ် ။ ချစ်နိုင်တယ်ဆိုတာထက်
အစပေါင်းများစွာ သာလွန်တဲ့ ချစ်ခြင်းများစွာ ခိုင်လေး မေမေရင်ထဲမှာ
စီးဆင်းနေပါတယ်။ ခိုင်လေး မလေးရှားကနေ ပြန်လာဖို့ အတန်တန် ပြန်ခေါ်ခဲ့တယ်။
လိုချင်တာတွေ အကုန်ဝယ်ပေးမယ် ပြန်လာခဲ့ပါနော် သမီးဆိုတဲ့ မေမေရဲ့ ခေါ်သံကို
ခိုင်လေး နောက်ဆုံးကြားရပြီးထဲက ခုချိန်ထိ မေမေအသံကို
ခိုင်လေးမကြားရတာကြာပါပြီ ။ မေမေက စိတ်ဆိုးနေတယ်ဆိုပေမယ့် ခိုင်လေးနဲ့
ထပ်တူ မေမေ ခိုင်ေးလကို စိတ်ပူသတိရနေမယ်ဆိုတာ ခိုင်လေး အသေချာသိနေပါတယ် ။
စိတ်ဆိုးလို့ စကားမပြောပေမယ့် ခိုင်လေးညီမတွေနဲ့ ချက်တင်ထိုင်ဖြစ်တိုင်း
မေမေဆီက တဆင့်မှာကြားတဲ့ ဆုံးမစကားလေးတွေ ၊ စိုးရိမ်ပူပန်မှုတွေကို
ခိုင်လေး အမြဲကြားခဲ့ရပါတယ် ။ မေမေဆီ လူကြုံရှိလို့ လက်ဆောင်ပစ္စည်းလေးတွေ
ပို့ပေးတဲ့အခါတိုင်း
*သမီးတို့ လင်မယားကို အသိမှတ်ပြုပါတယ်။ နောက်ကို ဘာမှ
မပို့ပေးပါနဲ့နော်။ ကိုယ်ပိုင်ဘ၀တစ်ခုကို အကောင်းဆုံး တည်ဆောက်နိုင်အောင်သာ
ပိုက်ဆံကို ဆုပါ ။ မေမေတို့အတွက် ဘာမှ ပို့ဖို့မလိုဘူး *
ဆိုတဲ့တဆင့်စကားကို ညီမတွေက တဆင့်ကြားရတဲ့အခါတိုင်း
မေမေရဲ့မေတ္တာတရားကြီးမားမှုအတွက် ကြက်သီးထအောင် ခံစားရပါတယ်မေမေ။ ခိုင်လေး
မိဘနှစ်ပါးလုံး ခိုင်လေးတို့ အပေါ်မှာ ဘယ်တုန်းကမှ အယူဆိုတာ
မရှိခဲ့ဘူးပါဘူး။ အပေးဆိုတာဘဲ ရှိခဲ့ပါတယ် ။ ခိုင်လေး တင်မကဘဲ ခိုင်လေး
ရင်နှစ်သည်းချာ သားလေးနဲ့ သမီးလေးကို သားသမီးအရင်းပမာ
ပြုစုစောက်ရှောက်ထားတာကိုက ခိုင်လေးအပေါ် မေမေထားတဲ့ မေတ္တာတရားကို
ဖွင့်လှစ်ပြသလိုက်တာပါဘဲ ။ စင်္ကာပူ နဲ့ မလေးကို အလည်ဆို လွတ်လိုက်တာကနေ
ခိုင်လေးက မလေးမှာ အမျိုးသားဆီမှာ မပြန်တော့ဘဲ ဆက်နေဖြစ်လိုက်တာကို မေမေ
စိတ်ဆိုးခဲ့ပေမယ့် ခိုင်လေး အပေါ်ထားတဲ့ မေမေ မေတ္တာတရားကတော့
မပျက်ပြယ်ခဲ့ပါဘူး ။ ဒီနေ့ အမေများနေ့မှာ မေမေကို ခိုင်လေး
ပိုလို့သတိရနေမိပါတယ် ။ မေမေ နဲ့ ဖုန်းပြောရရင် သိပ်ကောင်းမှာဘဲရှင် ။
မေမေဆီက သမီးဆိုတဲ့ ခေါ်သံလေးကို ကြားချင်နေမိတယ်။ မေမေ အသံကို
လုံးဝမကြားရတာ 5လတိတိရှိပြီ ။ မှားခဲ့တဲ့ အမှားတွေကို ပြင်ဆင်လို့
လမ်းမှန်တစ်ခုပေါ်မှာ လျှောက်တတ်နေပါပြီမေမေ ။ မေမေနှလုံးက စီးဆင်းနေတဲ့
မေတ္တာစမ်းရေကြည်တွေရဲ့ အေးမြမှုက သမီးအတွက် ဘ၀သစ်တစ်ခုကို
အကောင်းဆုံးဆောက်တည်တတ်ခဲ့ပါပြီ
မေမေ။ အမေရင်ခွင်ကို သမီး တမ်းတမ်းတတ
လွမ်းနေမိပါတယ် မေမေ။ သမီး မေမေရင်ခွင်ဆီ ပြန်လာတဲ့နေ့ကြရင်
မေမေမြင်ချင်တဲ့ သမီးတစ်ယောက်အဖြစ် အမေဂုဏ်ယူဝမ်းမြောက်စေရပါ့မယ်ေ
မမေ။
ခိုင်လေး မေမေကို သတိရတဲ့ အမှတ်တရ အဖြစ်ကော ၊ ဒီနေ့ အမေများနေ့ အမှတ်တရ
အဖြစ်ကော မေမေအတွက် ရေးထားခဲ့ဘူးတဲ့ ဆောင်းပါးဟောင်းလေး ၂ခုကိုပါ ပူးတွဲ
တင်ပြလိုက်ပါတယ်ရှင် ။
တမ်းတမိတဲ့ မေမေဆူသံလေး
Women's World Journalပါဆောင်းပါးလေးပါ
ကျွန်မ အရမ်းလွမ်းနေတယ် ။ လူတစ်ယောက်ကို တမ်းတမ်းတတ ကို သတိရနေမိတယ်။ ဘ၀ဆိုတဲ့
လမ်းပေါ် ခုမှလမ်းလျှောက်တတ်တဲ့ ကလေးတစ်ယောက်လို စူးစမ်းခြင်းပေါင်းများစွာ
နဲ့ စတင် လျှောက်လှမ်းနေရတဲ့ ခုလိုချိန်မှာ အဲဒ်ီလူကို ပိုလွမ်းတယ် ။
လွမ်းလို့ ပြန်ရအောင် ကျွန်မကလေးတစ်ယောက် မဟုတ်တော့ဘူးလေ ။
ကိုယ်ရွေးချယ်ထားတဲ့ ပန်းတိုင်ကို မရောက်ရောက်အောင် လျှောက်ရမယ် ။အခက်တွေ
ဒုက္ခတွေ
တွေ့လို့ နောက်ဆုတ်လှည့်ပြန်မယ်ဆို လိုရာပန်းတိုင်ဆိုတာ ထာဝရ
ဝေးနေတော့မှာဘဲလေ ။ ကျွန်မခံယူဆုံးဖြတ်ထားတယ် ။ ကျွန်မ ခန္ဓာကိုယ် နဲ့
ရင်းပြီး ကျရှုံးမှုမျိုးကိုတော့ ဘယ်တော့မှ အဖြစ်မခံပါ ။
မှန်ကန်သောလမ်းနည်းတစ်ခုနဲ့ လိုရာကို မရောက်ရောက်အောင် ကျွန်မလျှောက်မယ် ။
ကျွန်မသွားမယ့် လမ်းမှာ အခက်ခဲတွေ ၊ အတားဆီးတွေ များစွာကို
ရင်ဆိုင်တွေ့ရမယ် ။ လဲကျသွားမယ်ဆိုလည်း
ချက်ချင်းပြန်ထနိုင်အောင်အင်အား
တွေကို ပြင်ဆင်ထားပါတယ် ။ကျွန်မ
အချိန်တိုင်း လူတစ်ယောက်ကို တမ်းတမ်းတတ ကို သတိရ
မိနေတာတော့
အားငယ်ခြင်းမဟုတ်ပါဘူး ။ အဲဒီလူရဲ့ ရင်ခွင်ငွေ့ငွေ့လေးကိုပါ ။ သူက
ကျွန်မအတွက် ပေးဆပ်မှုတွေကိုဘဲ ပေးစေတယ် ။ ကျွန်မဆီက သူဘယ်တုန်း
ရယူလိုမှုဆိုတဲ့ သတ်မှတ်ချက်တွေ မရှိခဲ့ဘူး ။သူကဘဲကျွန်မကို
ပေးဆပ်ခဲ့တာချည်းပါဘဲ ။ အချိန်တိုင်း ဘယ်တုန်းကမှ သူနဲ့ ကျွန်မ
မတည့်ကြပါဘူး ။ နှစ်နဲ့ချီ စကားမပြောဘဲလဲ နေဖြစ်ခဲ့ကြပါတယ် ။ ဒါပေမယ့်
ကျွန်မ ကွယ်ရာမှာ ကျွန်မမသိအောင် ကျွန်မအောင်မြင်မှုတွေကိုဂုဏ်ယူ
နေတတ်သူ
ကလည်း အဲဒီလူဘဲဖြစ်နေပြန်တယ် ။ မျက်နှာချင်းဆိုင်တာနဲ့ နှစ်ပြားမတန်အောင်
ပြောဆို
ဆူပူကြိမ်းမောင်းတတ်သူ ကလည်း သူပါဘဲ ။ ခုတော့ အဝေးတစ်နေရာကနေ
သူကို အရမ်းသတိရနေတယ်ဆိုသူက လူတွေ မသိအောင်ကြိတ်ပြုံးနေမှာလား ။ ခိုးပြီး
မျက်ရည်ကျနေမလား ။သူကဘယ်သူလဲ ဆိုတော့ ကျွန်မနဲ့ ဘယ်တုန်းကမှ
မျက်နှာချင်းဆိုင်လို့ကို မရတဲ့ ကျွန်မ ရဲ့ တစ်ဦးတည်းသော ကျွန်မ
မသိစိတ်ကအရမ်းချစ်ရတဲ့ ကျွန်မ မေမေ ပါပဲ ။ မေမေ နဲ့ ကျွန်မ တစ်စက်မှ ကို
မတည့်ပါ ။ ကျွန်မ နိုင်ငံခြားထွက်လာတော့ မေမေက လေယာဉ်ကွင်းကိုတောင်
လိုက်မပို့ရကောင်းလားဆိုပြီး ကျွန်မရင်ထဲ အစိုင်ခဲတစ်ခု ခိုဝင်
လာခဲ့ပါတယ် ။ သို့သော် ယနေ့ ဒီချိန်မှာတော့ ကျွန်မကို လေယာဉ်ကွင်း
လိုက်မပို့ပေမယ့် ညနေမှ လေဆိပ်ဆင်းမယ့် ကျွန်မကို မနက်မိုးသည်းထဲ
ဗိုလ်ချုပ်ဈေးထဲမှာ ကျွန်မလိုချင်တာတွေကို ထီတစ်ချောင်းဆောင်းထားပေမယ့်
တစ်ကိုယ်လုံး မိုးရေတွေ စိုနေခဲ့တာကို နေသာနေသလို တချက်မညိုညင်စွာ
လိုက်ဝယ်ပေးရှာတဲ့မေမေကို ပိုချစ်လာမိတယ် ။ လိုက်မပို့တာ သူရင်ထဲ
ဘယ်အတိုင်းတာထိ ခံစားနေရမယ်ဆိုတာတွေးတတ်မြင်တတ်
လာပါတယ် ။ ခုချိန်မှာ
မေမေဆူသံကိုလည်း သာယာတဲ့ ဂီတသံတစ်ခုအဖြစ် တင်စားချင်မိတယ် ။
မေမေ
ဆူပူသံတွေမှာ အတ္တတွေကင်းတယ် ၊ လိုချင်မှုဆိုတာတွေ ပါမလာဘူး ။
ပေးဆပ်ခြင်းဆိုတဲ့ ချစ်ခြင်းတရားတွေ ပျော်ဝင်စီးဆင်းနေပါတယ် ။မနက်
အိပ်ယာထနောက်ကျတိုင်း အခန်းပြင်ကနေ ရစရာမရှိအောင်ပြောဆိုနေတတ်ပေမယ်
့
အိပ်ယာထဲက တကယ်ဆွဲမချခဲ့ပါဘူး ။ ခုချိန်မှာတော့ နိုးသူမဲ့နေတဲ့ နေရာမှာ
ကိုယ်အသိနဲ့ကို ရအောင်ထတတ်နေပြီ မေမေ ။ အ၀တ်တွေ တစ်နေ့ ၃ခါလောက်လဲလို့
နတ်ထဘီလဲနေသလိုဘဲနော် လျှော်ရတဲ့သူကိုလည်း အားနားပါအုံးဆိုပေမယ့်
အ၀တ်ခြင်းထဲ ထည့်လာသမျှကို လျှော်ပေးနေတဲ့ အိမ်အကူလုပ်သူတွေကို
မလျှော်ပေးရဘူးဆိုတဲ့ အမိန့်တစ်ချက်မထုတ် မနိုင်လျှင်
နောက်ထပ်လူအငှားခေါ်လျှော်ပေးခဲ့
တဲ့ မေမေ ။ ခုတော့
အမေသမီး
လက်သည်းတွေညှပ် ကိုယ်အ၀တ်ကို လျှော်တတ်နေပါပြီ။ ပိုက်ဆံလိုရင် မေမေ ပိုက်ဆံ
အံဆွဲထဲကလိုသလောက် ယူသုံးခဲ့တဲ့ လက်တွေက ကိုယ်ပိုက်ဆံကို ရှာတတ်နေပါပြီ
မေမေ ။ ခုချိန်မှာ သိပ်လွမ်းနေတယ်။မေမေ ရဲ့ မေတ္တာ မေမေရဲ့ စေတနာတွေ
မြောက်မြားစွာ ပါဝင်နေတဲ့ မေမေဆူသံလေးကို လွမ်းတယ် မေမေ။တစ်အိမ်ထဲနေပြီး
စကားမပြောဖြစ်ခဲ့ကြပေမယ့် မျက်ခြေမပျက်သမီးကို စောင့်ကြည့်နေခဲ့တဲ့ သမီး
မေမေ
ခုကော သမီးအတွက် ပူပန်နေတုန်းဘဲမလား ။ ဘယ်အချိန်မှာဘဲ ဖြစ်ဖြစ်
အဆိုးဆုံးသမီးကို မေမေ စိုးရိမ်နေမယ်ဆိုတာ သေချာတဲ့ အဖြေတစ်ခုပါပဲ နော်
။သမီး အတွက် စိုးရိမ်ခြင်းတွေနဲ့ မေမေ ညတွေကော အိပ်ပျော်လားမေမေ ။ နောင်တ
ရနေတာမဟုတ်ပါ ။ တမ်းတခြင်းမျိုးတာ ဖြစ်ပါတယ် ။ နွေးထွေးတဲ့
ရင်ခွင်တစ်ခုကိုတမ်းတခြင်းတာ ဖြစ်ပါတယ် ။ ဒီဆောင်းပါးလေးကို ဖတ်မိတဲ့
မောင်ငယ် ၊ ညီမငယ်တို့ အားလုံး မိဘရင်ခွင်မှာရှိတုန်း မိဘတန်ဖိုးကို
သိနားလည်နိုင်ကြပါစေလို့ ဒီဆောင်းပါးလေးကနေ လေးနက်စွာ
ဆုတောင်းပေးလိုက်ပါတယ်ရှင်။
*ကျွန်မရဲ့ သူရဲကောင်း မေမေ*
2010ခုနှစ်က ရေးသားခဲ့သော ဆောင်းပါးအဟောင်းလေးပါ
ကျွန်မမေမေ နာမည်က သီရိသုဓမ္မသီင်္ဒေါ်ရင်ကြွေလို့
ခေါ်ပါတယ်......................
ခုဆို ခိုင်လေး မေမေက အသက်
57နှစ်ရှိပါပြီ.......မေမေ က ခိုင်လေးတို့ ညီမသုံယောက်အတွက်ကတော့
သူရဲကောင်းပါဘဲ............မေမေ က အလှူတန်းကို
သဒ္ဒါထက်သန်သူတစ်ယောက်ပါ........
...ခိုင်လေးတို့ ငယ်စဉ်ကဆို ဖေဖေနဲ့ မေမေက
ဝန်ထမ်းတွေပါ..........မေမေက ပြောပြတယ် အိမ်ထောင်ကျခါစက ဆို ဘဲဥတစ်လုံးကို
4ခြမ်းစိတ်ပြီး ထမင်းရည်ကို ဆားခတ်ပြီး ဟင်းရည်သောက်ရတယ်တဲ့
...........ဒီလိုနဲ့ ခိုင်လေးတို့ မမအကြီးဆုံး မယဉ်အောင် ကို
မိထ္ထီလာရက်ကန်းကျောင်းမှာ မွေးခဲ့တယ်...........ဒါပေမယ့် မမကြီးက 3လနဲ့
ဆုံးသွားခဲ့တယ်....ဒုတိယ မစုသက်အောင် ရွှေတောင် ရက်ကန်းကျောင်း
မှာမွေးတယ်.........မေမေက လက်ရက်ကန်းကို ကိုယ်တိုင်ခတ်ပြီး ခိုင်လေးတို့
အတွက် အပိုဝင်ငွေရှာခဲ့တယ်......တတိယ ခိုင်လေးကို မွေးတယ်.......နောက်ဆုံး
ညီမငယ်လေး မိုးသီတာကျော် ကို မွေးခဲ့တယ်.........ဒီချိန်မှာ ၀န်ထမ်းဖြစ်တဲ့
ဖေဖေနဲ့ မေမေ မှာ မလောက်ငှခဲ့ပါဘူး.........ဖေဖေက အစိုးရရက်ကန်းကျောင်းမှာ
ဒုကျောင်းအုပ်.....မေမေက
ဆရာမတစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ေ
နချိန်ပေါ့။...........မေမေက လက်ရက်ကန်းနဲ့
လွယ်အိတ်တွေ ရက်ပါတယ်.... ကလေး ခြေအိတ်တွေ အကျီင်္တွေ
သိုးမွှေးထိုးတယ်........ဖေဖေကလဲ အချိန်ပိုမှာ အပြင် ရက်ကန်းရုံတွေမှာ
စက်ဘီးလေးတစ်စီးနဲ့ ပုဆိုးဒီဇိုင်းတွေ လည်ဆွဲခဲ့ရတယ်.......မေမေရဲ့
သဒ္ဒါတရားက ဒီလို ဘာမှ မရှိတဲ့အချိန်ထဲက သူတတ်နိုင်တာကို လှူနေခဲ့တာရှင့်
........သူများလို နာမည်ကြီးချင်လို့ ပေါ်ပြူလာဖြစ်ချင်လို့ဆိုတာတွေ သူမှာ
မရှိဘူး.........သူများက 1သိန်းရှိလို့ 1သောင်းလှူတာလေ........မေမေက
1သိန်းရှိရင် 9သောင်းလှူချင်နေခဲ့တာ.........
.ဒီလို အချိန်ထဲက ခိုင်လေးတို့
နေတဲ့ ရက်ကန်ကျောင်းဝန်းလေးက အပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ အရမ်းကို
အေးချမ်းသာယာတယ်....သီလရှင်တွေ ဆွမ်းခံကြွလာရင် ခိုင်လေးတို့
ခြံဝန်းလေးရောက်ရင် နားကြတယ်....ဆွမ်းစားကြတယ်.....
...မေမေက
သစ်ပင်အရိပ်ကောင်းကောင်းမှာကွပ်
ပြစ်လေးကိုသေချာရိုက်ပေးထားတယ်.
.....ရေနွေးကြမ်း
နဲ့ အချိပွဲ စားဖို့ မုန့်တွေကို လဲ သူတတ်နိုင်သလို
ပြင်ဆင်ပေးတတ်တယ်............ ခုချိန်ထိ လာသမျှအလှူခံကို မေမေနှုတ်က
ပြောတဲ့ ကန်တော့ပါစေ ဆိုတဲ့ အသံကို မကြားခဲ့ဘူးဘူး................
..မေမေ
ရဲ့ အစု ဆောင်းကောင်းမှုနဲ့ ဖေဖေ ကြိုးစား အားထုတ်မှုကြောင့်
ခိုင်လေးခြောက်တန်းနှစ်မှာ အိမ်ရဲ့စီးပွားရေးအခြေနေ တော်တော်
တိုးတက်လာခဲ့တယ်.............ခိ
ုင်လေးတို့ကို လိုတယ်ဆိုတာကို မရှိအောင်
ဖြည့်စီးပေးနိုင်လွန်းပါတယ်....
.......ဒီလိုဘဲ တစ်ဖက်ကလဲ အလှူတန်းမှာ
လက်မနှေးကို လှူခဲ့တယ်........ဖေဖေကလဲ မေမေအတွက်ဆို သဘောထားပြည့်ဝတဲ့
ခင်ပွန်းသည်တစ်ယောက်ပီသစွာ တွန့်တို ငြီးငြူခြင်းကင်းစွာ ပါရမီ
ဖြည့်ပေးခဲ့တယ်........ပထမ အကြိမ် သုဓမ္မသိဂီ် ဆိုတဲ့ ဘွဲ့တံဆိပ်တော်ကို
ချီးမြှင့်ခြင်းခံရပါတယ်.......
.....ဒုတိယ သီဟသုဓမ္မသိဂီင်္ဆိုတဲ့
ဘွဲ့တံဆိပ်တော်ကို ထပ်ရခဲ့တယ်.....ခုနောက်ဆုံး
သီရိသုဓမ္မသိဂီင်္ဘွဲ့တံဆိပ်တော်ကိ
ု ရရှိခဲ့ပါသည်.............ခိုင်
လေး
တို့အတွက် မေမေက ဂုဏ်ယူစရာ မိခင်တစ်ယောက်ပေါ့ရှင်.........
.........ဒီလိုဘဲ
သူရဲကောင်းတစ်ဦးဆိုလဲ မမှားပါဘူး.................ခို
င်လေး မေမေ က
ခိုင်လေး အတွက်တော့ ထာဝရ hero တစ်ယောက်ပါဘဲရှင်........ခိုင်ေ
လး
ဆိုးသမျှကို မရရအောင် ပြုပြင်နိုင်တဲ့ အရည်ချင်းအပြည့်ဝရှိတဲ့ ထက်မြက်တဲ့
မိခင်ကောင်းတယောက်ပါဘဲ.........
ခိုင်လေး အသက်18နှစ်မှာ
အိမ်ထောင်ကျခဲ့တယ်........မေမေ ဆုံးမသွန်သင်မှု ညံ့ဖျင်းလို့
မဟုတ်ဘူးနော်.........လူတိုင်း
လူတိုင်းမှာ
သူကံတရားနဲ့သူလာကြတာလေ........ေ
မမေ ကလေ ခိုင်လေးချစ်သူကို
သဘောမတူနိုင်ပင်မဲ့ ခိုင်လေးကို ချစ်တဲ့ စိတ်တစ်ခုနဲ့
လိုက်ချစ်ပေးခဲ့ပါတယ်.........
ရအောင်မြေတောင်မြှောက်ပေးခဲ့တယ်
.........အကောင်းဆုံး
လမ်းညွှန်မှူတွေနဲ့ ထိန်းသိမ်းပေးပါတယ်.........ပတ်
ဝန်းကျင်က ပြောကြတယ်လေ
မေမေကို သဘောမတူတာကို ဘာလို့များ ခေါ်ထားရတာလဲ လို့ ပြောတိုင်းမေမေ
ပြန်ပြောခဲ့တဲ့ စကားလေးတစ်ခွန်း ရှိတယ်.....ဘာလဲဆိုတော့
* တစ်ဘ၀မှာ တစ်ခါဘဲတော်ရတဲ့ သမီးကို သမီးတော်ခွင့်ရတုန်းမှာ ရအောင်ဆုံးမမယ်..ပစ်ထားလို့ ကုန်သွားမဲ့ အချိန်တွေကို ကျွန်မက နှမြောတယ်...အလကားသက်သက် အချိန်တွေကို အကုန်မခံနိုင်ဘူး..........ကျွန်မ၀တ္တရားရှိတဲ့အတိုင်းကျွန်မကတော့ ဆုံးမ ပဲ့ပြင်ရမှာဘဲ
..........ကောင်းမွန်လိမ်မာတဲ့ သမီးလေးဖြစ်ဖို့ ကျွန်မ မသေမချင်းတော့ ဆုံးမနေရမှာဘဲ့*
မေမေက ဘယ်သူတွေ ဘာပြောပြော ဒီအတိုင်းပြန်ဖြေတတ်တယ်လေ။ ခိုင်လေး
ခင်ပွန်းကို သားတစ်ယောက်လို မေတ္တာမျိုးထားပေးခဲ့တယ်........
.ဒါပင်မဲ့ရှင်
ခိုင်လေး အမျိုးးသားက ပြုပြင် လို့ရတဲ့ အထဲမှာ
မပါဘူး........နောက်ဆုံးမှာတော့ ခိုင်လေးတို့ လင်မယားကွဲပြီး မေမေ တို့
အိမ်ကို ပြန်ရောက်ခဲ့တယ်......ခိုင်လေး မှာ သားလေးနဲ့ သမီးလေး
2ယောက်နဲ့ပေါ့........မေမေက အပြုံးမပျက်လက်ခံစောက်ရှောက်ပေး
ပါတယ်။ ခိုင်လေး
ကလေး လေးတွေကို ပြောမရတဲ့အခါတွေမှာ ခိုင်လေး အခန်းထဲမှာ လူမသိအောင်
အကြိမ်ကြိမ် ငိုကျွေးခဲ့ရတယ်...........ဒီလိ
ု အချိန်တိုင်း ခိုင်လေး
အတွေးထဲကို မေမေ ပုံတွေ အမြဲမြင်ယောင်ထင်ဟပ်လာခဲ့တယ်...
.....မေမေ တုန်းကကော
ခိုင်လေး လို ဘယ်နှစ်ကြိမ်မှန်းမသိအောင် အကြိမ်ကြိမ် ကျခဲ့ရတဲ့ မျက်ရည်တွေ
ဘယ်လောက်တောင် များခဲ့မလဲ...........အမေဆိုတာ *အမြဲခွင့်လွတ်အပြုံးနဲ့
နာလည်ပေးတဲ့တယောက်ပါဘဲ* အဖေကို မပြောရဲတာတွေ အသိမပေးရတာတွေကိုလဲ မေမေကဘဲ
ဖြေရှင်းပေးခဲ့ရတယ်........မေမေ တယောက်ထဲ ကြိတ်ခံစားခဲ့ရတာတွေ
တွေးမိတတ်လာပါတယ်...........ခို
င်လေးလဲ ခိုင်လေးသမီးလေးကို သိပ်ချစ်သလို
မေမေလဲ ခိုင်လေးကို သိပ်ချစ်မှာဘဲဆိုတာလဲ
ပိုတွေးမိ........မြင်မိလာတယ်..
............မိခင် ဖြစ်ခွင့်ရတဲ့ ခိုင်လေး
တို့ မိန်းမသား ဘ၀ကိုလဲ ကျေနပ်တတ်လာတယ်..........ကျန်တဲ
့ ည်ီမတွေ
ခိုင်လေးလို မဆိုးကြတော့ မေမေ စိတ်မညစ်ရပေမဲ့ .........တစ်ခုခု
ဖြေရှင်းစရာဆို အကောင်းဆုံးအကြံဥာဏ်တွေကို မေမေက အမြဲ
လမ်းညွှန်ပေးနိုင်သူ......... ခိုင်လေးတို့ ညီမတွေရဲ့
ထာဝရ သူရဲကောင်းမေမေ
ပါဘဲ.......ခုဆို ချစ်ခင်ပွန်း ဖေဖေနဲ့ သမီး 3ယောက်...သမက်2ယောက်...
မြေး5ယောက်နဲ့အတူ ဘာသာ သာသနာ့အကျိုးကို သယ်ပိုးရင်း မိသားစုတာဝန်တွေကို
ပျော်၇ွင်စွာ ထမ်းဆောင်နေတုန်းပါဘဲရှင်......
.....။
ခိုင်လေး ကတော့ ကိုယ်ကို မိန်းကလေး ဖြစ်ရတာ အလွန်တရာ ကျေနပ်ဝမ်းသာမိပါတယ်။
ဒီလိုပြောလို
ခိုင်လေးကို အံသြ ကြမယ်လို့ ထင်တယ်။ ဘာလို်လဲဆိုတော့ မြင်မြတ်တဲ့ မိခင်
ဆိုတဲ့ ဘ၀ကို ပိုင်ဆိုင်ခွင့်ရလို့ပါပဲရှင်။ကျွန်မသိပ်ကို နှစ်သက်တဲ့
ကဗျာလေးတစ်ပုဒ်ရှိတယ်ရှင့်
" အနန္တ ဂိုဏ်းဝင် ၊ မွေးမိခင်ကို "
" ချစ်ခင်လေးစား ၊ တန်းဖိုးထားပါ"
" လှုပ်ရှားးသွားလာ၊ ဟန်မူရာသည်"
" အိမ်မှာပပျောက် ၊ ထိုချိန်ရောက်မှ"
" ဆောက်တည်မရ ၊ နောင်တရလျှင်"
" ဘ၀တစ်လျှောက်လုံး ၊ ယူကြုံးမရ"
" ဖြစ်ရလိမ့်မည်...."
ဒီကဗျာလေးက်ုခိုင်လေးအရမ်းနှစ်သက်မြတ်နိုးပါတယ်
။ခိုင်လေးက ခိုင်လေး မိဘတွေ အပေါ်မှာ အရမ်းကို ဆိုးခဲ့ပေမယ့် ခိုင်လေး မေမေ
က ခိုင်လေး အတွက်တော့ ထာဝရ hero တစ်ယောက်ပါ ။ ခိုင်လေး ဆိုးသမျှကို
မရရအောင် ပြုပြင်နိုင်တဲ့ အရည်ချင်းအပြည့်ဝရှိတဲ့ ထက်မြက်တဲ့
မိခင်ကောင်းတယောက်ပါ။ ကျေးဇူးတရားတွေ ဆပ်မကုန်နိုင်အောင် ကြီးမားတဲ့
မေမေရဲ့ မေတ္တာတရားတွေကို အထူးသတိရ လွမ်းဆွတ်လျှက် အမေများနေ့လေးမှာ မေမေကို
ရှိခိုးဦးခိုက် ကန်တော့ပါတယ်မေမေ ။ မေမေ ဓာတ်ပုံလေးကို နေ့စဉ်နေ့တိုင်း
ရှိခိုးကန်တော့ ခဲ့သလို ဒီနေ့လို အမေများနေ့လေးမှာ မေမေကျေးဇူး နဲ့ မေမေ့
မေတ္တာတရားတွေကို အထူးပင် လေးစား ရှိခိုးပူဇော်မိပါတယ် မေမေ။
ခိုင်လေး ( ရွှေတောင် )
0 comments:
Post a Comment