Monday, December 10, 2012

အီစွတ်ကို သတိရတယ်ဗျာ.. တကယ်ပြောတာ။


ခုတလော မြန်မာသတင်းစာဖတ်မိရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ခန့်က သက်ရှိထင်ရှားရှိခဲ့တယ်လို့ ပြောနေကြတဲ့ အီစွတ် (AESOP)ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ ပုံပြင်တစ်ပုဒ်ကို သွား သွား သတိရမိတယ်...
အီစွတ်က လူအမျိုးမျိုးကိုဆုံးမရာမှာအခြေအနေအမျိုးမျိုးအတွက် ပုံပြင်လေးတွေနဲ့ဥပမာပေးရင်း ကွက်ကွက်ကွင်းကွင်းမြင်လာအောင် ဆုံးမပြောဆိုခဲ့တာလေ ။ ကျနော်ခု ပြန်သတိရမိတဲ့ပုံပြင်က ဆိတ်ကျောင်းသားနဲ့
 ဆိတ်မလေး ပုံပြင်ကိုပါ။ ကလေးဘ၀တုန်းက ကြားဖူးတဲ့ပုံပြင်ကို ပြန်သတိရစရာ ဖြစ်လာအောင်လည်း အဘတို့က အမျိုးမျိုး လုပ်ပြနေတာကိုး.. ပုံပြင်က ဒီလိုပါ။

တညနေမှာ ဆိတ်ကျောင်းသားက ဆိတ်တွေကိုအိမ်ပြန်သိမ်းဖို့ ခေါ်တော့ ဆိတ်မတစ်ကောင်က ပေကပ်ကပ်နဲ့ ခေါ်တာမလာဘဲ မြက်တွေကို ဖြည်းဖြည်းချင်းစားနေတယ်။ ခဏကြာတော့ ဆိတ်ကျောင်းသားလူငယ်က စိတ်တိုလာပြီး ကျောက်ခဲ့ကြီးတစ်ခဲနဲ့ ဆိတ်မကို အားကုန် ပေါက်ထည့်
လိုက်တယ်။ ကျောက်ခဲက ဆိတ်မရဲ့ဦးချိုကို သွားမှန်ပြီး ချိုတစ်ချောင်းက အလယ်တည့်တည့်ကနေ ကျိုးသွားတယ်။ လူငယ်လေးက သူ့လုပ်ရပ်အတွက် ကြောက်လန့်သွားပြီး သူ့သခင်ရဲ့ ဒေါသကိုလည်း
တွေးမိပြီး တော်တော်ကြောက်သွားတယ်။

ဒါကြောင့် သူက ဆိတ်မရှေ့မှာ ဒူးထောက်ပြီး ခုလိုဒေါသအလျောက် လက်လွန်ခြေလွန် ဖြစ်ရမှုနဲ့ ပက်သက်ပြီး သူ့သခင်ကို ဘာမှပြန်မတိုင်ဖို့ တောင်းပန်တယ်။ ဦးချိုကျိုးသွားပါစေဆိုတဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ သူ ပေါက်လိုက်တာ လုံးဝမဟုတ်ပါဘူး .. လို့ အမျိုးမျိုး ကျိန်ဆိုပြောတဲ့အခါမှာတော့ ဆိတ်မက

“ကျွန်မက ဘာမှ မပြောဘူးဆိုရင်တောင်မှ ကျွန်မရဲ့ ဦးချိုက ဖြစ်စဉ်အမှန်တွေကို ပြောပြမှာ သေချာပါတယ်”

လို့ ပြန်ပြောလိုက်ပါတယ် ။

ကဲ .. ခုလည်းပဲ ချိုတဖက်ကျိုးနေတဲ့ ဆိတ်လေးတွေ ကျနော်တွေ့နေရတယ်။ ပတ်ဝန်းကျင်က ၀ိုင်းအော်ကြတော့မှ လူမြင်ကောင်းအောင် ဟန်ဆောင်မေတ္တာ ထားပြရင်း ... သူတို့မှာတာဝန်မရှိကြောင်း
ဘေးလူတွေကို ရှင်းပြနေပုံကတော့ ထုံးစံအတိုင်း ကလေးကွက်တွေ...
မြန်မာပြည်က အမေက ရေခဲချောင်းစားမိလို့ ဂျပန်ရောက်နေတဲ့
သားဖြစ်သူ ချောင်းဆိုးနေသလိုမျိုး ဘာမှလည်း မဆိုင်..

" င်္Facts speak plainer than words." ပါဗျာ ..
ဒီတော့- အီစွတ်ကို သတိရမိတာ ကျနော်မလွန်ပါဘူးနော် ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...