Monday, December 3, 2012

အမိန့်ကြော်ငြာစာ (၉၅/၂ဝ၁၂) ထွက်လာတော့ အရင်နဲ့ ဘာတွေ ကွာခြားသွားသလဲ


by Lwin Aung Soe on Monday, December 3, 2012 at 3:43pm ·

 လွန်ခဲ့တဲ့ နာရီအတော်ကြာလောက်က (မနေ့က) “စုံစမ်းစစ်ဆေးရေး ကော်မရှင်ကိစ္စနှင့် ဆန္ဒပြပွဲ ထိန်းသိမ်းခြင်းကိစ္စ အပေါ် သုံးသပ်မိခြင်း ” ခေါင်းစဉ်နဲ့ ကျနော် စာတပုဒ် ရေးခဲ့ပါတယ်။ ၁-၁၂-၂ဝ၁၂ နေ့က ထုတ်ပြန်တဲ့ နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ် (၉၂/ ၂ဝ၁၂) ကို အခြေခံပြီး ရေးထားတဲ့စာပါ။
 တိုင်းကျိုးပြည်ပြု ဖြစ်စေဖို့ တကယ်ကိုပဲ အားထားမျှော်လင့်နိုင်စရာ ကောင်းလောက်တဲ့ အမိန့်ကြော်ငြာစာ ဖြစ်လေတော့… လက်ရှိ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ လမ်းစကောင်းတော့ တွေ့ပြီ… ဆိုပြီး အားပါးတရ မျှော်လင့်ခြင်းကြီးစွာနဲ့ သုံးသပ်ရေးချလိုက်ပါတော့တယ်။


ရေးပြီးတာနဲ့ ထုံးစံအတိုင်း ကျနော်တို့ မြန်မာတွေရဲ့ လူထုဟစ်တိုင်ကြီး ဖြစ်တဲ့ Facebook ပေါ်ကို တင်ပေးလိုက်ပါတယ်။ ဖြစ်ချင်တော့ ကျနော်ရဲ့ အဲဒီစာကို မရေးခင် နာရီ အတော်ကြာကြာကတည်းက နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာ အမှတ် (၉၅/၂ဝ၁၂) က ထုတ်ပြန်ခဲ့ပြီး ဖြစ်နေပါတယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင် ပြင်ဆင်ဖွဲ့စည်းတဲ့ အမိန့် ဖြစ်ပါတယ်။ ပြီးတော့ အမိန့်ကြော်ငြာစာ အမှတ် (၉၂/၂ဝ၁၂) ကို လွှမ်းမိုးပယ်ဖျက်တယ်လို့လည်း အမိန့်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။


အဓိကအချက်ကတော့ ပြင်ဆင်ချက် (၉၅/၂ဝ၁၂) မှာ တာဝန်တရပ် ပါမလာတာ ဖြစ်ပါတယ်။ အဲဒီတာဝန်ကတော့ “ဆန္ဒပြမှုဖြစ်စဉ်များ ထိန်းသိမ်းခြင်းအပေါ် အခြေအနေ အမှန်ဖော်ထုတ်နိုင်ရန်” တာဝန်ဖြစ်ပါတယ်။

တာဝန်တရပ် လျော့သွားသလို ကော်မရှင် အဖွဲ့ဝင်ဦးရေလည်း လျော့သွားပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေကို လိုအပ်သလို ထပ်မံအားဖြည့်ပေးဖို့ စီစဉ်ထားတာကို တွေ့ရပါတယ်။ တကယ်လက်တွေ့ လုပ်ကြည့်တဲ့အခါမှာ ကျန်းမာရေးကောင်းကောင်း၊ အရည်အချင်းပြည့်ပြည့်ဝဝ လုပ်နိုင်ဖို့ အရေးကြီးပါတယ်။ အခုလို Exception clause ထည့်ထားတာ ကောင်းပါတယ်။

အစီရင်ခံစာမှာ “ကြားဖြတ်” တင်နိုင်တဲ့ နောက်ဆုံးရက်ဟာ အရင်နဲ့ အတူတူပဲ ဖြစ်တာကြောင့် ကော်မရှင်အနေနဲ့ နောက်ထပ် အချိန်ထပ်ယူပြီး လုပ်နိုင်တယ်လို့ အဓိပ္ပာယ်ကောက်မိပါတယ်။ ပယ်ဖျက်လိုက်တဲ့ ကော်မရှင်ရဲ့ တာဝန်ကို သီးခြား လုပ်ဆောင်မှာလား မသိနိုင်သေးပါ။

လိုအပ်ချက် တခုခု (သို့) ရည်မှန်းချက် တခုခု ရှိနေလို့ ပြင်ဆင်လိုက်တာ ဖြစ်ပါလိမ့်မယ်။ ဘာကို လိုအပ်ပြီး ဘာကို ရည်မှန်းသလဲ ဆိုတာကတော့ နိုင်ငံတော် သမ္မတကသာ အသိဆုံး ဖြစ်မှာပါ။

တာဝန်တခု လျော့သွားတာကလွဲလို ပြင်ဆင်ချက် (၉၅/၂ဝ၁၂) ဟာလည်း တိုင်းကျိုးပြည်ပြု ဖြစ်စေဖို့ တကယ်ကိုပဲ အားထားမျှော်လင့်နိုင်စရာ ကောင်းလောက်တယ်လို့ ယူဆမိပါတယ်။ လက်ရှိ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ လမ်းစကောင်း တွေ့ရှိပြီး အောင်မြင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

တချိန်တည်းမှာပဲ ဆန္ဒပြမှုဖြစ်စဉ်များ ထိန်းသိမ်းခြင်းအပေါ် အခြေအနေ အမှန်ဖော်ထုတ်နိုင်ဖို့လည်း အစိုးရက အားတက်သရော ကြိုးစားပေးသင့်ပါတယ်။ လက်ရှိအစိုးရဟာ ပြည်သူလူထုနဲ့တကွ သပိတ်စခန်း ဖြိုခွဲခံရလို့ ဒဏ်ရာ ပြင်းထန်စွာ ရရှိသူတွေအတွက် နိုင်ငံသား ရပိုင်ခွင့်ကို လေးစားလိုက်နာပေးရပါမယ်။

လွင်အောင်စိုး
၎-၁၂-၂ဝ၁၂

Ref: စုံစမ်းစစ်ဆေးရေး ကော်မရှင် ပြင်ဆင်ဖွဲ့စည်းခြင်း


........

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...