သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၁၂)
သစ်ထူးလွင်
|
- ပိုပြင်းသောအရေးတော်ပုံကိုကိုယ်
တိုင်ဦးဆောင်မည်ဟုဦးဝီရသူမိန် ကြား - ငမိုးရိပ် ချောင်း အတွင်းသို့ ခုန်ချ သွားသည့် အမျိုးသမီး အလောင်း ပြန်တွေ့
- သတင်းစာကြော်ငြာသတင်း ဘက်လိုက်တည်းဖြတ်
- ဒေါ်အောင်ဆန်းစုကြည် ကျွန်းစုမြို့နယ်တွင် ပြောကြားသော မိန့်ခွန်း ကောက်နှုတ်ချက်
- အာဏာလို ချင်ရခြင်းနဲ့ ပါတ်သတ်၍ ကျွန်းစု ဒေသခံများကို ပြောတဲ့ မိန့်ခွန်းအတွင်း ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း (အသံဖိုင်)
- မြန်မာ့ နျူကလီးယား ငြိမ်းချမ်းတဲ့ နေရာမှာပဲ သုံးမယ်လို့ဆို
- ကြည့်မြင်တိုင်မြို့နယ် ပြည်ခိုင်ဖြိုး အမတ်အား ကန့်ကွက် ရှုံ့ချ ဆန္ဒပြ
- အာဏာလို ချင်ရခြင်းနဲ့ ပါတ်သတ်၍ ကျွန်းစု ဒေသခံများကို ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြား
- ရန်ကုန် ဈေးများ၌ ဆိုးဆေးပါသော စားသောက်ကုန်များ ရောင်းချခြင်း ရှိမရှိ စစ်ဆေးသွားမည်
- ဒဂုံရွှေအောင်လံလုပွဲ အထူးပွဲစဉ်တွင် လူပုလေးနှစ်ဦး၏ လက်ဝှေ့ပွဲစဉ် လူကြိုက်များ
- ဂီတပွဲတော်၊ ရန်ပုံငွေနှင့် ခရိုနီတို့ ကခုန်ခြင်း
- ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်၊ အစိုးရက ငြိမ်းချမ်းရေး ထပ်မံ ကမ်းလှမ်း
- ညဉ့်ငှက်ကချေသည့်တို့ရဲ့ လွန်ဆွဲပွဲ
- ကျွန်မတို့ကတော့ ကလေးတွေ လူစဉ်မမီတာ ကြေးနီ စီမံကိန်း ကြောင့်လိုပဲ ထင်ပါတယ်
- သမ္မတဦးသိန်းစိန် သီပေါမင်းနန်းတော်နဲ့ အုတ်ဂူဆီသွားရောက်
- ပုဂ္ဂလိကမှ ရရန်အကြွေး ကျပ်သန်းပေါင်းလေးသောင်းကျော်ရှ
ိ - ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးနှင့် ဒီမိုကရေစီကို မမျှော်လင့် သော်လည်း ရအောင် လုပ်ယူမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
- ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ၄ ရပ်ကွက် ရပ်ကပ် တွင် ယနေ့ 
- လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်
မရှင်တွင်အုပ်ချုပ်မှုအာဏာမရှိ - နှစ်သစ်ကူးချိန်နီးသောကြောင့်ြ
ပည်တွင်းရွှေဈေးနှုန်းအနည်းငယ်ကျ - တရားမျှတမှု့ မရှိ၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ပွဲ ပျက်ပြယ်
- ဟင်္သာတမြို့ မှာ အမျိုးသမီးငယ် တစ်ဦး သေကြောင်း ကြံစည်မှု ဖြစ်ပွား
- တရုတ် စစ်ဗိုလ်ချုပ်တွေ အတွက် စည်းကမ်းချက်ထုတ်
- လက်ပံတောင်းကော်မရှင် လျော်ကြေးကိစ္စ စစ်ဆေးမယ်
- လက်ပံတောင်းကော်မရှင် စစ်ဆေးတွေ့ရှိမှု မကြာခင် ထုတ်ပြန်မည်
Posted: 23 Dec 2012 06:31 AM PST
စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ စစ်ဆေး ချက်များနှင့် အစိုးရ၏ ဆုံးဖြတ် ဆောင်ရွက် မှုများသည် တရားမျှတမှု မရှိခဲ့လျှင် ပိုမိုပြင်းထန်သော အရေးတော်ပုံကို ကိုယ်တိုင် ဦးဆောင်၍ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန် ဆေးရုံကြီး အရေးပေါ်ဌာနမှ ဒဏ်ရာရ သံဃာတော်များအား လာရောက် ကြည့်ရှုစဉ် ဦးဝီရသူက မိန့်ကြားသွားခဲ့သည။်
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 23 Dec 2012 06:00 AM PST
မြောက်ဥက္ကလာပ ဆေးရုံကြီး တွင် ဆေး လူမှု ဆက်ဆံရေးမှူး အဖြစ် တာဝန် ထမ်းဆောင် နေသော အသက် ၄၀ အရွယ် အမျိုးသမီး တစ်ဦး ဒီဇင်ဘာ လ ၁၃ ရက်နေ့က မြောက်ဒဂုံ မြို့နယ် ၃၃ ရက်ကွက် အနီးရှိ ငမိုးရိပ် ချောင်း အတွင်းသို့ ခုန်ချ သေဆုံး ခဲ့ကြောင်း မြောက်ဥက္ကလာပ ရဲစခန်းမှ စုံးစမ်း သိရှိ ရသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 23 Dec 2012 05:46 AM PST
နိုင်ငံတော်၏ သတင်းစာ မူဝါဒများ သွားရောက် ရှင်းလင်းပြီး အပြန် ကြေးမုံ သတင်း စာတိုက် စာတည်းမှူးချုပ်နှင့် အဖွဲ့ လှေမှောက်၍ ရေထဲ မျောပါသည့် သတင်းကို ထည့်သွင်း ဖော်ပြ ထားသည့် ကြော်ငြာကို ကြေးမုံ သတင်းစာ ကြော်ငြာ ဌာနမှ ခွင့်ပြု၍ ငွေသွင်းပြီး အမှန်တကယ် ကြေးမုံ သတင်းစာတွင်မူ ၎င်းစာတည်း မှူးချုပ်နှင့် အဖွဲ့ ရေထဲမျောပါသည့် သတင်း စာကြောင်းကို ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 23 Dec 2012 05:26 AM PST
“ဒီနိုင်ငံဟာ ဒီလောက် တောင်မှ သဘာဝ သယံဇာတတွေ ပေါများ နေရက်နဲ့ ကျမတို့ ပြည်သူ ပြည်သားတွေက ၀၀လင်လင် မစားရဘူး ဆိုလို့ ရှိရင်တော့ ဒီစနစ်က မှားနေပြီလို့
ကျမတို့  ပြောရမှာပါပဲ။ တကယ်တော့ တစ်ခု မဟုတ်ဘူး အများကြီးမှား နေပြီလို့တောင် ပြောလို့ရပါတယ်။” --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 23 Dec 2012 05:19 AM PST
တနင်္သာရီတိုင်း ဒေသကြီးကို စည်းရုးံရေး ခရီးစဉ် ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည် ကောင်းအောင် လုပ်ဖို့ဆိုရင် အာဏာရှိ လိုကြောင်းကို မြိတ်ခရိုင် ကျွန်းစုမြို့မှာ ပြုလုပ်တဲ့ ဒေသခံတွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကျွန်းစု မိန့် ခွန်း အသံဖိုင် နားဆင်ရင် ဒီနေရာကို နှိပ်ပါ | ||
Posted: 23 Dec 2012 03:17 AM PST
မြန်မာ က နျူကလီးယား လက်နက် ထုတ်မှာ ကို နိုင်ငံတကာ က မလိုလား
မြန်မာ ကာကွယ်ရေးဦးစီးချုပ် က နိုင်ငံ ရဲ့ နျူကလီးယား စီမံကိန်းဟာ လက်နက်အတွက် မဟုတ်ပဲ ငြိမ်းချမ်းတဲ့ နေရာမှာသာ သုံးမယ် လို့ ပြောပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် က တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဆင်းပွဲမှာ နျူကလီးယား စီမံကိန်း ဟာ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 23 Dec 2012 02:56 AM PST
တရား ဥပဒေနှင့် အညီ ပြုလုပ်သော ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲအား ပျက်ပြားအောင် လုပ်သဖြင့် ကြည့်မြင်တိုင် မြို့နယ် ပြည်ခိုင်ဖြိုး ပြည်သူ့ လွှတ်တော် အမတ်အား ကန့်ကွက် ရှုံ့ချ ဆန္ဒပြပွဲအား ဒီဇင်ဘာ ၂၃ ရက် နေ့လယ် ၃ နာရီက ပြုလုပ် ခဲ့ကြသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 23 Dec 2012 02:44 AM PST
ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာလို ချင်ရခြင်းနဲ့ သမ္မတ လုပ်ရမယ်ဆိုလဲ လုပ်လိုသည့် ရွည်ရွယ် ချက်များကို ကျွန်းစု ဒေသခံများကို ပြောတဲ့ မိန့်ခွန်းအတွင်း ရှင်းလင်း ပြောကြား ခဲ့ပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 23 Dec 2012 02:26 AM PST
ရန်ကုန်-ဒီဇင်ဘာ၂၃
ရန်ကုန် ၄ မြို့နယ်ရှိ ဈေးများ၌ ဆိုးဆေးပါသော စားသောက်ကုန်များ ရောင်းချခြင်း ရှိမရှိ စတင် စစ်ဆေး သွားမည်ဟု မြန်မာနိင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းမှ သိရသည်။ ဟင်းသီးဟင်းရွက်၊ အသားငါး၊ ကုန်ခြောက်အစုံ ရောင်းချသော ဈေးများကို အဓိကထား စစ်ဆေးသွားမည် ဖြစ်ပြီး ဒဂုံ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ လှိုင်သာယာ မြို့နယ်တို့တွင် မြန်မာနိင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းသည် စည်ပင်(ကျန်းမာရေး)ဌာနနှင့် ပူးပေါင်း စစ်ဆေး သွားမည်ဟု သိရသည်။ မြတ်စုငြိမ်း - Popular Myanmar News Journal | ||
Posted: 23 Dec 2012 02:22 AM PST
ရန်ကုန်၊ ဒီဇင်ဘာ ၂၃
ယနေ့ အမျိုးသား အားကစားရုံ(၁)တွင် ကျင်းပ လျှက်ရှိသော ဒဂုံ ရွှေအောင်လံ လုပွဲတွင် အထူးပွဲစဉ် အဖြစ် အရပ်သုံးပေ ကျော်သာရှိသော လက်ဝှေ့သမား လူပုလေး နှစ်ဦး ဖြစ်သော တာပေါ(မြ၀တီ)နှင့် လာပေါ(ဖြူး)တို့၏ ပွဲစဉ်ကို ကြည့်ရှု သူများ အကြိုက် တွေ့နေ ကြောင်းသိရသည်။ ၄င်းတို့တွဲဆိုင်းသည် ဒဂုံရွှေအောင်လံ လုပွဲတွင် အထူးပွဲစဉ် အဖြစ် ပထမဆုံး ထိုးသတ်ခြင်း ဖြစ်ကြောင်း သိရသည်။ "လူပုလေးတွေပေမဲ့ လက်ဝှေ့ပညာက မခေဘူး။ ရိုးရိုးပွဲစဉ်တွေထက် ကြည့်ကောင်းတာ အမှန်ဗျ"ဟု လက်ဝှေ့ ပရိသတ်တစ်ဦးက ဆိုသည်။ sn-Popular Myanmar News Journal | ||
Posted: 23 Dec 2012 02:15 AM PST
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပညာရေးကွန်ရက်(၂)နှစ်ပြည့် ပညာဒါနကျောင်းများ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော်ကို ၂၀၁၂ ခုနှစ်၊ ဒီဇင် ဘာလ ၂၇ နှင့် ၂၈ ရက်တို့တွင် ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ်၌ ကျင်းပမည်ဖြစ်သည်။ ပညာရေးကွန်ရက်သည် အားကောင်းမောင်းသန် အလုပ်လုပ်နေသော အဖွဲ့တစ်ဖွဲ့ဖြစ်သည့်အတွက် ရန်ပုံငွေရရှိရေးသည် ပညာဒါနကျောင်းများ တိုးချဲ့ရေးနှင့် ကွန်ရက်များ ချဲ့ထွင်ရေးတို့အတွက် အလွန်လိုအပ်သည်ဟု သုံးသပ်မိသည်။ အများပြည်သူအကျိုးအတွက် အလုပ်လုပ်သော အဖွဲ့အစည်းတိုင်းအတွက် ရန်ပုံငွေအလုံအလောက် ရရှိဖို့ အရေးကြီးသည်ကို သဘောပေါက်ပါသည်။ ဂီတပွဲတော်အပြင် အခြားရွေးချယ်နိုင်မည့် ရန်ပုံငွေရှာဖွေသည့် နည်းလမ်းများ မရှိသဖြင့် ဂီတပွဲတော်လုပ်ပြီး၊ ရန်ပုံငွေရှာသည်ဟု မှတ်ယူပါသည်။ နှစ်ပွဲပေါင်းဂီတပွဲတော် လက်မှတ်နှုန်းထား ကျပ် ၇၅၀၀ နှင့် ကျပ် ၁၅၀၀၀ ကို ကျွန်တော့်အနေဖြင့် ကြည့်ဖို့ အဆင်မပြေနိုင်ပါ။ မိသားစုလေးယောက်အတွက် ဂီတပွဲတော် လက်မှတ်ခ၊ တက္ကစီငှားခ၊ အဆာပြေစားစရိတ် အားလုံးပေါင်းလိုက်လျင် ဒေါ်လာတစ်ရာခန့် ကုန်ကျနိုင်ပါသည်။ ဂီတပွဲတော် လက်မှတ်ရောင်းရငွေမှ ရာခိုင်နှုန်းမည်မျှ ပညာရေးကွန်ရက်အတွက် ရန်ပုံငွေစီးဝင်မည်ကို အတိအကျမသိပါ။ သို့သော် ဂီတပွဲတော်ဖြစ်သဖြင့် တီးဝိုင်းနှင့် အဆိုတော်များအားလုံး ကုသိုလ်ဖြစ် တီးခတ်၊ သီဆိုကြသည်ထားဦး၊ စရိတ်စက နည်းမည်မထင်ပါ။ တီးဝိုင်းပစ္စည်းပစ္စယ ငှားရမ်းစရိတ်၊ သွားရေးလာရေးစရိတ်၊ အကျွေးအမွေးစရိတ်၊ အခမ်းအနား ပြင်ဆင်စရိတ်၊ နေရာငှားရမ်းစရိတ်၊ အခွန်အခစရိတ်စသဖြင့် စရိတ်များစွာတို့၏ ၀န်ထုပ်ဝန်ပိုးကို ထမ်းရသည် ဖြစ်သဖြင့် အထွေထွေကုန်ကျစရိတ်များ မြင့်မားတတ်သည်မှာ ဖြစ်ရိုး ဖြစ်စဉ်ဖြစ်သည်။ ခရိုနီကြီး၊ ငယ်၊ လတ်တို့သည် အောက်ခြေ ပြည်သူလူထုကြီး၏ ဆင်းရဲမွဲတေမှုများကို လက်တွေ့ကျကျ လျော့ချလိုသည်ဆိုပါက သူတို့ကိုယ်တိုင် ဖောင်ဒေးရှင်းများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ ထူထောင်လုပ်ကိုင် နိုင်သည့်အပြင် မိမိတို့၏ ကုမ္ပဏီများ၊ လုပ်ငန်းများတွင်လည်း ပြည်သူ့ဆက်ဆံရေးဌာနများကို စနစ်တကျထူထောင်ပြီး၊ စနစ်တကျ အများပြည်သူနှင့် ထိတွေ့လျက် လိုအပ်ချက်များကို စနစ်တကျကူညီ၊ လှူဒါန်းပေးနိုင်သည်။သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့တို အောက်ခြေအများပြည်သူမှ ခရိုနီကြီးများအထိ ပါဝင်နိုင်ပြီး၊ လူမှုကူညီရေး လှုပ်ရှားမှုအသွင်အထိ ကျယ်ပြန့်အောင်မြင်နေသော နာမည်ကျော် တရုတ်လူမျိုး ရုပ်ရှင်မင်းသားဂျက်လီ၏ တစ်ဒေါ်လာဖောင်ဒေးရှင်းကို အမှတ်ရမိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပညာရေးကွန်ရက်သည်လည်း အောက်ခြေပြည်သူလူထုအထိ ပါဝင်နိုင်ပြီး၊စရိတ်စကနည်းနည်း ပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုဘ၀တိုးတက်ရေး လုပ်ငန်းများတွင် ခရိုနီများ၏ စနစ်တကျ ပူးပေါင်းပါဝင်မှုသည် လိုအပ်သည်။ ပြည်သူလူထုအကြား ဆင်းရဲမွဲတေမှု လျော့ချရေးအစီအစဉ်များတွင် ခရိုနီများကို စနစ်တကျ ပါဝင်စေသင့်သည်။ ခရိုနီများကို တိုင်းပြည်၏ နေ့စဉ်စီးပွားရေးဘ၀တွင် မှောင်ခိုမဟုတ်သော တရားဝင် ကုန်သွယ်ရောင်းဝယ်မှု၌ ပါဝင်စေခြင်းဖြင့် တိုင်းပြည်၏စီးပွားရေး အပြောင်းအလဲတွင် အထောက်အကူပြုနိုင်သည် . . . အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပညာရေး ကွန်ရက် (၂)နှစ်ပြည့် ပညာဒါနကျောင်းများ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော်နှင့် ပတ်သက်ပြီး၊ ဖေ့စ်ဘုတ်မှာသာမက ပြင်ပတွင်ပါ လူပြောများနေသည်မှာ Air Bagan နှင့် Sky Net တို့ကို အဓိကစပွန်ဆာများအဖြစ် ဖိတ်ခေါ် ကမ်းလှမ်းခဲ့သည့်အပြင် သတင်းစာရှင်းလင်းပွဲ၏ နောက်ခံပိတ်ကားတွင်လည်း Air Bagan နှင့် Sky Net တို့၏ လိုဂိုများကို ထည့်သွင်းကြော်ငြာသည်အထိ ခရီးပေါက်လာနေခြင်း ဖြစ်ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်၊ ပညာဒါနကျောင်းများ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော်ကို ကုမ္ပဏီများ၊ လုပ်ငန်းများက အဓိကစပွန်ဆာပေးရန် ပညာရေး ကွန်ရက်က အဆိုပြုရသည့် အကြောင်းကို မရှင်းမလင်းခံစားရပါသည်။ ရန်ပုံငွေများများ ရရှိလိုမှု သက်သက်ဆိုလျင် ခရိုနီအလတ်များ၊ ခရိုနီအငယ်များနှင့် အခြားစီးပွားရေး လုပ်ငန်းရှင်ကြီးများကိုလည်း ချဉ်းကပ် အဆိုပြုနိုင်ဖွယ်ရှိသည်ဟု သုံးသပ်မိသည်။ နံပါတ်တစ် ခရိုနီကြီးနှင့် ထိပ်တန်း ခရိုနီကြီးတို့ ပိုင်ဆိုင်သော လုပ်ငန်းများကို ချဉ်းကပ်၊ စပွန်ဆာတောင်းခဲ့ခြင်းသည် နည်းမှန်လမ်းမှန်ဟုတ်၊ မဟုတ် ပြန်လည်ဆန်းစစ်ကြည့်သင့်သည်ဟု ထင်မြင်မိပါသည်။ ၎င်းတို့မှ လွဲလျင် အဆိုပါဂီတပွဲတော်ကို စပွန်ဆာလုပ်နိုင်သောသူ မရှိတော့ပြီလားဟု စဉ်းစားမိရင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပညာရေးကွန်ရက်အပေါ် ဂရုဏာစိတ်ဝင်မိပါသည်။ Air Bagan နှင့် Sky Net တို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပညာရေးကွန်ရက်အတွက် အဓိကစပွန်ဆာများအဖြစ် ကျပ် သိန်းနှစ်ထောင်ကျော် (အမေရိကန် ဒေါ်လာ နှစ်သိန်းလေးသောင်းကျော်) လှူဒါန်းမည်ဟု သတင်းများက ဆိုသည်။ ရန်ပုံငွေ ဂီတပွဲတော်ဖွင့်ပွဲ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အဓိကစပွန်ဆာများ၏ လှူဒါန်းငွေကို လက်ခံယူဖွယ် ရှိသည်ဟုလည်း သတင်းရပ်ကွက်များက ဆိုသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ကိုယ်ပိုင်ပစ္စည်းနှစ်ခုကို ပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် လေလံတင်ရောင်းချမည် ဖြစ်ပြီး၊ လေလံတင်ရောင်းချရငွေကို ပညာရေးကွန်ရက်အတွက် လှူဒါန်းမည်ဖြစ်သည်။ အဆိုပါပစ္စည်း နှစ်ခုကို အပြိုင်အဆိုင် လေလံဆွဲရန် ခရိုနီကြီး၊ ငယ်၊ လတ်တို့သည် ဂီတ ပွဲတော်သို့ သုတ်ခြေတင်ကြဦးမည် ဖြစ်ပြီး၊အဆိုပါပစ္စည်းနှစ်ခုကို ခရိုနီများသည် တိုင်းပြည်တည်ဆောက်ရေး၊ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ရန်မှာလည်း မဖြစ်နိုင်သော အခြေအနေဖြစ်သည်။ အထက်ဖော်ပြပါ အချက်များသည် ခရိုနီကြီး၊ ငယ်၊ လတ်များနှင့် ပတ်သက်သော သီးခြားအမြင်သဘောထားပင်ဖြစ်သည်။ ထို့ကြောင့် ခရိုနီများကို မတွေ့၊ မထိ၊ မဆက်ဆံ၊ ဘေးဖယ်ထားရမည် ဆိုသော အယူအဆကိုလက်ခံခြင်း မဟုတ်၊ အချိန်ကာလကို လိုက်ပြီး၊ ဆင်ခြင်နိုင်ရန် စေတနာရှေ့ထား၍ ဆော်သြခြင်းသက်သက်သာဖြစ်သည်။ ခရိုနီများ ခြေသွက်လက်သွက် ရှိပုံနှင့်အတူ လွှတ်တော်ဝန်းကျင်အထိ စိတ်ကူးစိတ်သန်း ဖြန့်ကြက်နေသူများအထိ ရှိလာနေသည့်အလျောက် တိုင်းကျိုး ပြည်ကျိုးအတွက် ဘ၀ ရင်း၊ ပိုင်ဆိုင်မှုရင်း၊ ခေါင်းရင်းပြီး၊ အလုပ်လုပ်မည့် ခရိုနီကြီး၊ ငယ်၊ လတ်တို့ နေရာရခဲ့လျင် တော်သေးသည်ဟု ကောက်ချက်ပြုရမည်ဖြစ်သည်။ ထို့ကြောင့် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များအတွင်း ခရိုနီကြီး၊ ငယ်၊ လတ်တို့သည် ကိုယ်စားလှယ် လောင်းနေရာ သေချာဖို့အတွက် သူ့ထက်ငါ ဦးအောင် အစွမ်းပြကြမည်ကို မြင်ယောင်မိပါသေးသည်။ပြည်သူလူထု လက်ရှိ ပြည်တွင်းအခြေအနေများ အတန်အသင့်ရှုပ်ထွေးနေသော ကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်သည် ပညာဒါနကျောင်းများ၏ ရန်ပုံငွေဂီတပွဲတော်အတွက် ခရိုနီကြီးများထံမှ စပွန်ဆာကမ်းလှမ်းမည်ဆိုလျင်လည်း ချင့်ချင့်ချိန်ချိန် စဉ်းစားသင့်သည်ဟု သုံးသပ်မိသည်။ ၎င်းတို့က ပညာဒါနကျောင်းများ ရန်ပုံငွေဂီတပွဲတော်အတွက် အဓိကစပွန်ဆာကြီးများအဖြစ် ပါဝင်မည်ဆိုသောအခါ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ အပါအ၀င် ပြည်သူလူထု အများစုကြီးမှာ စိတ်မသက်မသာ ဖြစ်ကြရမည်မှာ မလွဲမသွေဖြစ်သည်။ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အောက်ခြေပြည်သူလူထု၏ ခရိုနီများအပေါ် သဘောထားကလည်း အကဲဆတ်နေဆဲဖြစ်သည်။ ထို့အတူ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ မျိုးဆက်သစ် လူငယ်များအကြားတွင်လည်း ခရိုနီများသည် ထိလွယ်ရှလွယ်သော အနေအထားတွင်ရှိနေဆဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးအတွက် ဆောင်ရွက်မည့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ခရိုနီကြီး၊ ငယ်၊ လတ်တို့ကို လက်တွဲခေါ်ရန် ဆန္ဒရှိသည့်အလျောက် ထိတွေ့မှုများ ရှိနေပုံရသည်ဟုလည်း သုံးသပ်ကြသည်။အောက်ခြေပြည်သူလူ အချုပ်အားဖြင့် ပြောလိုသည်မှာ၊ ဦးစီးဦးဆောင်လုပ်သူများက အဆိုပါ ဂီတပွဲတော်အတွက် အဓိကစပွန်ဆာများအဖြစ် တိုင်းသိပြည်သိ ကမ္ဘာကျော် ခရိုနီကြီးများ၏ လုပ်ငန်းများကို ရွေးချယ်သတ်မှတ်ခြင်းသည် ဖြစ်သင့်၊ မသင့် ပြန်လည်သုံးသပ် စဉ်းစားသင့်သည်ဟု အကြံပြုလိုပါသည်။ Written by ဒေါက်တာ ရန်မျိုးသိမ်း Eleven Media Group | ||
Posted: 23 Dec 2012 01:58 AM PST
မြန်မာ နိုင်ငံတွင် သဘာဝ အရင်းအမြစ်များ ပေါကြွယ်လှသော မြောက်ဖျားပိုင်း ဒေသ ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲ ဖြစ်ပွားမှုမှာ ပိုမို ပြင်းထန် လာနေပြီး အစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းမှုများ ထပ်မံ ပြုလုပ် ထားကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီထံမှ သိရသည်။
အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ရုံးပြည်ထောင်စု ဝန်ကြီးဦးအောင်မင်းက ကချင်လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို)နှင့် ဇန်နဝါရီလအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးရန် တွေ့ဆုံမည် ဟု ကမ်းလှမ်း ထားသော်လည်း တိုက်ပွဲ များ အရှိန်လျော့ကျမှသာ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များက ပြောကြားသည်။ "ခုအခြေအနေက တိုက်ပွဲအရှိန် မြင့်နေတော့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ရပ်ဆိုင်းထားတဲ့ သဘောဖြစ်နေတယ်" ဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော် ဆောင် ဦးခွန်အောင်က ဆိုသည်။ ယခုရက်ပိုင်းအတွင်း ကချင်ပြည် နယ်တွင် တပ်မတော်နှင့် ကေအိုင်အေ တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ယင်းတိုက်ပွဲများမှာ ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရွှေလီ မြို့၌ ပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး ဆက်တိုက် ဖြစ်ပေါ် နေခြင်းဖြစ် သည်။ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ)၊ ABSDF (မြောက်ပိုင်း) ပူးပေါင်းတပ်တို့ လိုင်ဇာ မြို့အနီး လဂျားယန် ကျေးရွာတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲတွင် တပ်မတော်မှ ၁၆ ဦး ကျဆုံးကာ သုံ့ပန်းအဖြစ် ခုနစ်ဦးကို ဖမ်းဆီးထားကြောင်း ABSDF မှ ပြန်ကြားရေး ဗိုလ်မှူးမင်းဌေးကThe Voice Weekly သို့ အတည်ပြု ပြောကြား သည်။ သို့သော် ကေအိုင်အေ ဘက်မှ အကျအဆုံး စာရင်းကို ထုတ်ဖော် ပြောဆိုခြင်း မရှိ ပေ။ "သုံ့ပန်း ခုနစ်ဦးကို ABSDF (မြောက်ပိုင်းတပ်)က ပြုစု စောင့်ရှောက် ထားပါတယ်"ဟုလည်း ဗိုလ်မှူးမင်းဌေး က ဆိုသည်။ ယင်းတိုက်ပွဲတွင် တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကေအိုင်အေဘက်မှ ၅၀ ဦးကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း လိုင်ဇာဒေသခံ တစ်ဦး၏ အဆိုအရ သိရ သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ တပ်မတော်ကို ဆက်သွယ် မေးမြန်းသော်လည်း အကျအဆုံးနှင့် သုံ့ပန်းကိစ္စကို လတ် တလော သတင်းထုတ်ပြန် နိုင်ဦးမည် မဟုတ် ကြောင်း ပြန်လည် ဖြေကြားသည်။ သို့သော် လေကြောင်းမှ ပစ်ခတ် မှုများမှာ မြန်မာ့တပ်မတော် ရိက္ခာ ပို့တပ် ကို ကေအိုင်အေက ပိတ်ဆို့ တိုက်ခိုက်မှု ကြောင့် ပိတ်မိနေသော တပ်ဖွဲ့ကို ကယ်ဆယ်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် မိုးကောင်း အခြေစိုက် တပ်မတော် အရာရှိတစ်ဦးက ရှင်းပြသည်။ ယင်းတပ်ပွဲအပြီး လေးရက်အကြာ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ဖားကန့် မြို့နယ် ကာမိုင်း ရဲစန်းကို ကေအိုင်အေ က ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ယင်းနေ့ နံနက် ၄ နာရီ ၂၅ မိနစ် ဝန်းကျင်တွင် အင်အား ၁၈ ဦးရှိသည့် ဖားကန့်မြို့နယ် ကာမိုင်း ရဲစခန်းကို ကေအိုင်အေ အင်အား ၇၀ ခန့်က လက် နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်းခဲ့ကြောင်း ယင်းရဲစခန်းမှ မိုးညှင်း ခရိုင်သို့ ပေးပို့သော ကနဦး သတင်းပေး ပို့ချက် အပါအဝင် ကေအိုင်အေနှင့် တပ် မတော်တို့၏ အတည်ပြု ပြောကြားချက် ရ သိရသည်။ ကေအိုင်အေက လက်နက်ကြီး များဖြင့် အချက် ၄၀ ခန့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ပြီး လက်နက်တိုက်ကို ဖျက်ဆီးကာ လက်နက် များ ယူဆောင်သွားကြောင်း ယင်းရဲစခန်း မှ မိုးညှင်းခရိုင်သို့ ပေးပို့သော ကနဦး သတင်း ပေးပို့ချက်တွင် ဖော်ပြထားသည်။ ယင်းတိုက်ခိုက်မှုကြောင့် ရဲတပ် ကြပ်စိုးမင်းသူ ကျဆုံးခဲ့ပြီး ဒေါ်မေမွှေးမွန် (ဒုရဲအုပ်အောင်ထွန်းဦး၏ မိခင်)၊ မတင်မေအောင် (ဒုရဲအုပ်အောင်ထွန်းဦး ၏ ညီမ)တို့ သေနတ်မှန်ကာ သေဆုံး ခဲ့ပြီး ရဲတပ်ကြပ်ထွန်းအေးမှာ ဝမ်းဗိုက် တွင် သေနတ်ဒဏ်ရာ (စိုးရိမ်ရ) ရရှိသူ နှင့် ဒုရဲအုပ်အောင်ထွန်းဦး၏ ဇနီးမှာ ဦးခေါင်း သေနတ်ဒဏ်ရာ (စိုးရိမ်ရ) သူတို့ကို ကာမိုင်းဆေးရုံတွင် ပို့ဆောင် ထားကြောင်း ကချင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ ယင်းကဲ့သို့ တိုက်ခိုက်ရခြင်းမှာ ကေအိုင်အေဌာနချုပ်ဖြစ်သော လိုင်ဇာ မြို့အနီးသို့ တပ်မတော်က ထိုးစစ်များ ဆင်လာခြင်းကြောင့် ဖြစ်နိုင်ကြောင်း ကေအိုင်အေမှ ဗိုလ်မှူးတစ်ဦးက မှတ် ချက်ပေးသည်။ သို့သော် ယင်းတိုက်ခိုက်မှုမှာ ကေအိုင်အေ ဌာနချုပ်မှ ညွှန်ကြားခြင်း မဟုတ်ဘဲ ဒေသခံပြည်သူ့စစ်များက ဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးယွပ်ဇော်ခေါင်က "တိုက်ပွဲတွေရပ်ပြီး နှစ်ဖက်အပြန်အလှန် ယုံကြည်မှုရှိရှိနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးစေချင်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ငြိမ်းချမ်းရေး ဆွေး နွေးနိုင်ဦးမှာ မဟုတ်ဘူး"ဟု မှတ်ချက် ပေးသည်။ ကချင်ပြည်နယ်တွင်း တိုက်ပွဲများ ကို လေ့လာသုံးသပ်နေသော ဦးအောင် ကျော်ဇောက "ဒီရက်ပိုင်းအတွင်း တိုက် ပွဲတွေ ပြင်းထန်လာတာဟာ ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေမှာ တပ်မတော်က စစ်ရေးအရ အပေါ်စီးရချင်လို့ တပ်အင် အား တိုးချဲ့လာလို့ပါ။ တပ်မတော်က ဘယ်တော့မှ အင်အားမထားတဲ့ ပန်ဝါ ဘက်တပ် အင်အားတွေ ပို့တယ်။ လိုင်ဇာ ဘက်ကိုလည်း တပ်တွေ တိုးလာပြီး ထိုး စစ်ဆင်လို့ တိုက်ပွဲဖြစ်တာပါ"ဟု မှတ် ချက်ပေးသည်။ ယင်းကဲ့သို့ တိုက်ပွဲများ ဖြစ်ပွား နေခြင်းသည် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်ရန်အတွက် အဟန့် အတားများ ဖြစ်စေပြီး နှစ်ဦးနှစ်ဖက် တပ်များ ဆုတ်ခွာကာ စစ်ရေး အရှိန်လျှော့ရန် လိုအပ်ကြောင်း ငြိမ်းချမ်းရေး အကျိုး တော်ဆောင်များက တူညီစွာပြောဆိုကြ သည်။ ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ လုပ် ဆောင်မည့် အခြေအနေကို သိရှိရန် သမ္မတရုံးသို့ ဆက်သွယ် မေးမြန်းရာ ယင်းကိစ္စကို သတင်း ထုတ်ပြန်ရန် မရှိ သေးကြောင်းသာ ပြန်လည်ဖြေကြား သည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရွှေလီမြို့၌ ပြုလုပ်သော ဆွေးနွေးပွဲတွင်လည်း တစ်လအတွင်း နှစ်ဦး နှစ်ဖက် နိုင်ငံရေး ဆွေးနွေးရန် သဘောတူ ခဲ့သော်လည်း ဆွေးနွေးနိုင် ခြင်းမရှိဘဲ ယင်းသို့တိုက်ပွဲများ ဆက် တိုက်ဖြစ်ပွားလာခြင်းဖြစ်သည်။ တပ်မတော်နှင့် ကေအိုင်ကေတို့ သည် တိုက်ပွဲများဖြစ်ပွားနေသည်မှာ တစ်နှစ်ခွဲ ပြည့်သွားပြီဖြစ်ပြီး ယင်းကာ လတွင် တိုက်ပွဲပေါင်း နှစ်ထောင်ခန့် ဖြစ်ပွားခဲ့သည်။ ကေအိုင်အိုမှာ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ များတွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲ ရန် ကျန်ရှိနေသည့် တစ်ခုတည်းသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရ ပြီးစကပင် ပြည်တွင်းစစ် စတင်ဖြစ်ပွား နေခြင်းဖြစ်ပြီး အစိုးရသစ်လက်ထက် တွင် အင်အားကြီး တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကေအန်ယူအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ဖြင့် အပစ် အခတ်ရပ်စဲရေး လက်မှတ် ရေးထိုး ထား နိုင်ခဲ့သည်။ သို့သော် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးမှာ အလှမ်းဝေးနေဆဲ ဖြစ်ပြီး တစ်ပြည်လုံးအတိုင်းအတာနှင့် အပစ်အခတ် ရပ်စဲနိုင်ရေးကိုပင် လုပ် ဆောင်နိုင်ရန် မလွယ်ကူကြောင်း၊ ပြည် တွင်းစစ်၏ အဓိကတရားခံမှာ သဘာဝ အရင်းအမြစ် ကြယ်ဝသော တောင်တန်း ဒေသများနှင့် ပြည်မတို့ အရင်းအမြစ် ခွဲဝေမှု မညီမျှမှု ပြဿနာဟု ထင်မြင်ပြီး ယင်းကိစ္စကို အကြေအလည်ဆွေးနွေး အဖြေရှာနိုင်မှာသာ ငြိမ်းချမ်းသည့် ပြည်ထောင်စု တစ်ရပ်ဖြစ်လာမည် ထင်ကြောင်း နိုင်ငံရေး လေ့လာသူ တစ်ဦးးက သုံးသပ် သည်။ Written by ကျော်ဆန်းမင်း၊ မင်းထက်စံ The Voice Weekly | ||
Posted: 23 Dec 2012 01:47 AM PST
“ကျွန်မတို့က မြေစာပင်တွေပါ"
ခန္ဓာကိုယ်ဖြင့် ရင်းတည်ကာ အသက်မွေး ဝမ်းကျောင်း ပြုနေရသည့် လိင်အလုပ်သမ ဖြစ်သူ အသက် ၃၃ နှစ်အရွယ် မနဒီ(အမည်လွှဲ)က ငိုသံ ဖြင့် မျက်ရည်ဝဲကာ ပြောပြသည်။ ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ရန်ကုန်မြို့တော်၏ လူ စည်ကားသည့် တစ်နေရာတွင် ပြည့်တန်ဆာ ကျော်ဇောမှု ၃(ဃ)ဖြင့် ဖမ်းဆီး ခံလိုက်ရသည့် လုပ်ဖော်ကိုင်ဖက် များနှင့် ပတ်သက်၍ သူမက အထက်ပါ အတိုင်း ပြောပြခြင်းဖြစ်သည်။ ရန်ကုန်မြို့ပြ၏ ဝါကြန့်ကြန့် မီးရောင်နှင့် ဝေးရာ တစ်နေရာ။ အမှောင်ထုကို အကာအကွယ် ပြုကာ ရပ်နေသည့် ဆံပင် ကျောလယ်လောက်ရှိ သည့် ယွန်းအိမ်စည် (အမည်လွှဲ) တစ်ယောက် တစ်စုံတစ်ရာကို စောင့်မျှော် နေသည်။ လူတစ်ယောက် သူမအနီးသို့ ကပ်လာသည်။ တိုးတိုး ပြောသည်။ မရှေးမနှောင်းပင် တက္ကစီတစ်စီး ဆိုက်လာသည်။ ထိုလူနှင့် သူမကားပေါ် တက်လိုက် သည်နှင့် ကားထွက်ခွာ သွားသည်။ နံနက် နေရောင်ခြည်သည် အားကောင်းနေ သော်လည်း နဒီအဖို့ အားအင် ကုန်ဆုံးနေသည်။ ထိုမနက်ခင်းတွင် အင်္ဂလိပ် သီချင်းသံ ဖုန်းသံလေး မြည်လာသည်။ ဟဲလို ထူးလိုက်ပြီးနောက် သူမတုန် လှုပ်သွားသည်။ မနေ့ညက ယွန်းအိမ်စည် အဖမ်းခံ လိုက်ရပြီဆိုသော သတင်းကို ကြားသိ လိုက်ရသည့် အတွက် သူတုန်လှုပ်သွားသည်။ နောက်နေ့ ပြန်သိလိုက်ရသည်မှာ ယွန်းအိမ် စည်၏ ခန္ဓာ တစ်ညတာ နေ့တွက်ကြေးဖြင့် ယစ်မူးရန် ငှားရမ်းခဲ့သူမှာ ရဲဖြစ်နေပြီး တည်းခိုခန်း ရောက်သည့် အချိန်တွင် ဖုန်းဆက်လိုက်ပြီးနောက် ဖမ်းဆီး ရဲတပ်ဖွဲ့များ ရောက်လာပြီး ဖမ်းဆီးသွားခြင်းဖြစ် ကြောင်း နဒီ ပြန်သိလိုက်ရသည်။ သို့သော် အခြား အခန်းတွင် ညဥ့်ငှက် ကချေသည် လေးများ ယိမ်းထိုး နေသော်လည်း သူတို့ကို မဖမ်းသွားဟု သိလိုက်ရ သည့်အခါ နဒီသည် ဒေါသများ တရိပ်ရိပ် တက်လာသည်။ "ခုဟာက ပြည့်တန်ဆာကို နှိပ်ကွပ်တဲ့ ဥပဒေပဲ ရှိတယ်။ ကာကွယ်ပေးတဲ့ ဥပဒေ မရှိဘူး။ ဖမ်းချင် သလို ဖမ်းနေတာတွေက မင်းမဲ့ စရိုက်ဆန်တယ်"ဟု နဒီက ဆိုသည်။ လတ်တလော အခြေအနေတွင် ရန်ကုန်မြို့ တော်ကြီးတွင်သာမက နယ်မြို့များတွင်လည်း ခန္ဓာကိုယ်ကို အရင်းတည်ကာ အသက်မွေး ဝမ်းကျောင်း ပြုနေသော လိင်အလုပ်သမတို့ကို နှိမ်နင်း ဖမ်းဆီးမှု များ ပြုလုပ်လျက် ရှိသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က ပခုက္ကူမြို့စွန်ရှိ ပြည့်တန်ဆာ လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်း ပြုနေသော ကျေးရွာ တစ်ရွာကို ရဲတပ်ဖွဲ့အင်အား ၂၀ ကျော်ဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့သည်။ "ဂျာနယ်မှာ အဲဒီရွာ အကြောင်း ပါလာတော့ နောက်နေ့ အဲဒီရွာကို ဝင်ဖမ်းတယ်။ ငါးယောက်ပါ သွားတယ်။ ထောင်တစ်နှစ် ချလိုက်တယ်" ဟု ပခုက္ကူဒေသခံတစ်ဦးကဆိုသည်။ ယင်းကဲ့သို့ ပြည့်တန်ဆာများကို ဖမ်းဆီး နှိမ်နင်းခြင်းဖြင့် အမှန်တကယ် ပြည့်တန်ဆာလုပ် နေသူတို့ ပျောက်ကွယ် သွားနိုင်မည်လော။ သို့ တည်းမဟုတ် ထိုသို့ နှိမ်နင်းခြင်းကြောင့် လိင်လုပ် သမအဖြစ် လုပ်နေသူတို့၏ မိသားစုများထဲမှ ကျန်ရှိ သမီးပျိုတို့ ခန္ဓာရင်းရသည့် ဘဝသို့ လက်ယပ်ဆွဲ ခေါ်လိုက်ခြင်းပေလော။ sex-worker-by-news.coom ရန်ကုန်တိုင်း ဒေသကြီး လေးခရိုင်အတွင်း ညပိုင်းတွင် လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများနှင့် ဧည့်စာရင်းများ စစ်ဆေးခြင်းများကို ရဲတပ်ဖွဲ့ဝင် များသည် အရန်ရဲ၊ စွမ်းအားရှင်များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာတွင် ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်နေ့အထိ ပြည့်တန်ဆာ အမှုပေါင်း ၅၉ မှု ဖမ်းဆီးခဲ့ကြောင်း ရဲအရာရှိကြီးများ ဦးစီး ထုတ်ဝေ သော မှုခင်းဂျာနယ်တွင် ဖော်ပြထားသည်။ လိင်အလုပ်သမလေး နဒီက "ဒီအလုပ်မှာ လုပ်နေတဲ့သူတွေက အိမ်ရဲ့ စားဝတ်နေရေးကို တာဝန် ယူထားရတဲ့ သူတွေ များတယ်။ သူတို့ကို ဖမ်းသွားရင် ညီမတွေ၊ အစ်မတွေ ဒီအလုပ်ထဲ ဝင်လုပ်ရမှာပဲ။ ဘာကြောင့်လဲ ဆိုတော့ ဒီအလုပ်လုပ်မှ ကျွန်မတို့ တွေရဲ့ မိသားစု ပြေလည်မှာ"ဟု ရှင်းပြသည်။ နဒီတို့ နေထိုင်သော ရပ်ကွက်တွင်းရှိ မိန်းကလေး အချို့တို့ လုပ်ကိုင်နေသည်မှာ အထည်ချုပ် စက်ရုံ များတွင်ဖြစ်ပြီး ရရှိသည့် လခမှာ ခြောက်သောင်း နီးပါးပင်ဖြစ်သည်။ ယခင်က ဆိုလျှင် သုံးသောင်း ဝန်းကျင်သာ ရရှိခဲ့သည်။ ထိုဝင်ငွေနှင့် မိသားစုဘဝ စားဝတ်နေရေး မလုံလောက် နိုင်သည့်အတွက် မြို့စွန် အထည်ချုပ် စက်ရုံများမှ အလုပ်သမများသည် တစ်ရက်တွင် သောင်းချီငွေဝင်သော လိင်အလုပ်သမ လိုင်းသို့ ကူးပြောင်းလာသူများပြားကြောင်း ယင်းအသိုင်း အဝိုင်းအတွင်းမှ စုံစမ်း သိရှိရသည်။ လွန်ခဲ့သည့် တစ်လကျော် ဝန်းကျင်ကပင် အသက် ၁၄ နှစ်သာရှိသေးသည့် အပျိုစင် စစ်စစ် မိန်းကလေးတစ်ဦးကို မိခင်ဖြစ်သူကိုယ်တိုင် လိင် အလုပ်သမအဖြစ် သွတ်သွင်းရန် အတွက် ဈေးညှိ နှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း အန်ဂျီအိုအဖွဲ့ အစည်း တစ်ခုက သိရှိပြီး ထိုမိခင်အား ယင်းကဲ့သို့ လုပ်ဆောင်ခြင်းတွင် သမီးသည် အသက်မပြည့် သေးသည့်အတွက် မိခင်ကို သာမက ငွေကြေးပေး ခေါ်ယူသည့် လိင်ယစ်မူးသူ ကိုပါ အရေးယူနိုင် ကြောင်းတို့ကို ရှင်းပြခဲ့ရသည့် ဖြစ်ရပ် တစ်ခုဖြစ်ပွား ခဲ့သည်။ ထိုအန်ဂျီအို အဖွဲ့အစည်းမှ အမျိုးသမီးက မှတ်ချက်ပေးသည်မှာ "ရှင်းပြလိုက်လို့ ပြန်သွား ပေမယ့် ကျွန်မတို့ မမြင်နိုင်တော့တဲ့ အခြေအနေမှာ ပြန်ဖြစ် သွားနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ အရေးတကြီး လိုနေတာက ငွေပဲ" ဟုဖြစ်သည်။ ကုလသမဂ္ဂ၏ ထောင်စုနှစ် ပန်းတိုင် ရည်မှန်းချက်အရ ၂၀၁၅ တွင် ဆင်းရဲနွမ်းပါးမှု ထက်ဝက် လျှော့ချရမည် ဖြစ်သည်။ ထို့အတွက် မြန်မာနိုင်ငံ အစိုးရသည် ဆင်းရဲမှုနှုန်းကို ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်း လျှော့ချရမည် ဖြစ်ရာ ယင်းလုပ်ငန်း ဆောင်ရွက်ချက်များ ထိထိ ရောက်ရောက် လုပ်ဆောင်ရာတွင်လည်း စားဝတ် နေရေး မပြေလည်၍ လိင်အလုပ်သမ ဖြစ်သွားရ သည့် လူမှုဘဝများကိုပါ ထည့်သွင်း ရလိမ့်မည်။ လတ်တလောတွင် လိင်အလုပ်သမများကို တရားဝင် လိုင်စင်ပေးရေး၊ မပေးရေးသည် လူထု အကြားငြင်းခုံမှု ကျယ်ကျယ်လောင်လောင် ထွက်လာသည်။ "ပြည့်တန်ဆာတွေကို လိုင်စင် ထုတ်ပေးပြီး တော့ စနစ်တကျနဲ့ လုပ်ဆောင် စေချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လိုင်စင် ထုတ်ပေးရင် စနစ် တကျနဲ့ အခွန်ကောက်လို့ရပါတယ်။ စနစ်တကျ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ပေးလို့ ရတယ်" ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ်စန္ဒာမင်း၏ ပြောဆိုထား ချက်ကို ပြည်တွင်းထုတ် ဂျာနယ် တစ်စောင်တွင် ဖော်ပြထားသည်။ အသက် ၃၀ ကျော်အရွယ် အလွတ်တန်း သတင်းထောက် တစ်ဦးကမူ "ပြည့်တန်ဆာတွေ ကို ခုချိန်မှာ တရားဝင် လိုင်စင် မပေးသင့်ဘူး။ Rule and Regulation မရှိဘဲနဲ့ သူ့တို့ကို လိုင်စင် ပေးလိုက်လို့ မဖြစ်ဘူး" ဟု မှတ်ချက် ပေးသည်။ စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင်မူ ပြောင်းလဲလာသော ခေတ်ရေစီးကြောင်း အရ ညအချိန် လမ်းပေါ်ထွက်သည့် ညဥ့်ငှက်လို ထွက်လည်နေခြင်းမျိုး သာမက အင်တာနက်၊ ဖုန်းများ ဖြင့် ချိတ်ဆက် ခေါ်ယူနေသည့် ပြည့်တန်ဆာမယ် များလည်း ထွက်ပေါ်နေပြီဖြစ်သည်။ လိင်အလုပ်သမလေး နဒီကမူ "စီးပွားဖြစ် လုပ်နေတာ မဟုတ်ဘူး။ ဝမ်းစာ အတွက် လုပ်နေ တာ။ ဝမ်းစာ အတွက်လောက်တော့ တရားဝင်ရတဲ့ အခြေအနေ ဖြစ်ချင်တယ်" ဟု ရင်ဖွင့် ပြောဆိုသည်။ နိုင်ငံတကာတွင် ပြည့်တန်ဆာလုပ်ငန်းကို မုဒိန်းမှု ကဲ့သို့သော ရာဇဝတ်မှုများ လျော့နည်းစေ ရန်အတွက် တရားဝင် လိုင်စင်များ ချပေးသည်။ သို့သော် မြန်မာနိုင်ငံတွင်မူ တရားဝင် လိုင်စင် ချထားရန် စဉ်းစား ဆွေးနွေးသည့် အဆင့်တွင်ပင် မရောက်သေးပေ။ မြန်မာ့ယဉ်ကျေးမှုနှင့် သွေဖည် သည့် လုပ်ငန်းဖြစ်နေခြင်းဟူသော အကြောင်း ပြချက်ဖြင့် ဖမ်းဆီး အရေးယူနေခြင်း ဖြစ်သည်။ ပြည့်တန်ဆာ လုပ်ကိုင်သူများကို ဖမ်းဆီး အရေးယူသည့်အတွက် ခိုးလုပ်ကြသည်။ အဖမ်းခံ ရမည်ကို စိုးရိမ်ပြီး ကျန်းမာရေး ဆေးစစ်ရန်ပင် မသွားရဲကြ။ အမည်မဖော်လိုတော့ ဒုရဲအုပ် တစ်ဦးကမူ "ကျွန်တော်တို့လည်း မဖမ်းချင်ပါဘူး။ အထက်က ဘယ်နေရာ စီမံချက်လုပ်ဆို ဝင်ဖမ်းရတာပဲ" ဟု မှတ်ချက်ပေးသည်။ ပြည်လမ်းမကြီးသည် ညမီးရောင်များဖြင့် ဝါကြန့်ကြန့် ဖြစ်နေသည်။ အလွှာစုံ ဖြူနီဝါ လိမ်း ခြယ်ထားသည့် တိုတိုရှည်ရှည် ဝတ်ဆင်ထားသော လှပျိုဖြူများ၊ ချစ်သူ ရည်းစားလက်ကို ချိတ်ကာ ဟန်ပါပါ လျှောက်နေသည့် စုံတွဲများ ဥဒဟိုသွား လာနေကြသည်မှာ ည ၈ နာရီ အချိန် ဖြစ်သည်။ နဒီတစ်ယောက်လည်း သာမန် အမျိုးသမီး ကဲ့သို့ပင် စကတ်တိုတို မိတ်ကပ် လိမ်းခြယ်ကာ ကော့ကော့ရွရွ ထွက်လာခဲ့သည်။ တစ်နေရာတည်း တွင် ကြာကြာ ရပ်မနေရဲ။ လမ်းလျှောက်ရင်းနှင့်ပင် သူ၏ ခန္ဓာကိုယ်အပေါ် ယစ်မူး လိုသူများကို ရှာဖွေကာ သွားလာနေရသည်။ ဤသည်မှာ လက်ရှိညဥ့်ငှက် တို့၏ ကြောက်ရွံ့မှုနှင့် ဝမ်းရေးကြားက ရုန်းကန် နေရသည့် ဘဝပင်ဖြစ်သည်။ နဒီက အဝေးကို ကြည့်ရင်း အောက်ပါအတိုင်း ညည်းဆိုလိုက်သည်။ "လှပတဲ့ အချိန်မှာ ငွေလျှံ သူတွေက Welcome ပေါ့၊ ရောဂါဖြစ်ပြီဆိုရင် အားလုံးကပစ်ထားကြမှာပါ" Written by မင်းထက်စံ၊ ဉာဏ်မျိုးအောင် The Voice Weekly | ||
Posted: 23 Dec 2012 01:37 AM PST
“ကျွန်မတို့က ပြောခွင့် မရလို့ မပြောပဲ နေခဲ့ ရတာပါ။ ကျွန်မတို့ ရဲ့ကလေးတွေ ဒီလိုမျိုး လူစဉ်မမီ ဖြစ်ရတာဟာ ဦးပိုင် ဆာလဖြူရစ် အက်စစ်စက်ရုံနဲ့ ကြေးနီ စီမံကိန်း ကြောင့်လို့ပဲ ထင်ပါတယ်။ ကျွန်မတို့ မှာ ဒီလိုမျိုး ဆွံအတဲ့ ကလေးတွေ မွေးတဲ့ မျိုးရိုးလည်း မရှိပါဘူး။ ကျွန်မ ကိုယ်ဝန် ဆောင်စဉ်ကာလ တုန်းကတော့----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
[Message clipped] View entire message
0 comments:
Post a Comment