Wednesday, December 5, 2012

ဒေါ်စု ရပ်တည်ချက် စာရေးဆရာ ကျော်ဝင်း ထောက်ခံအကြံပြု


အီးမေးလ်ပို့ရန်ပရင့်ထုတ်ရန်PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။        ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စနှင့် ပတ်သက်၍ ကြားဝင် ဆောင်ရွက်ပေး မည်ဟု ကတိပြုထားသည့် စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ ရပ်တည်ချက်အား ထောက်ခံကြောင်း မုံရွာမြို့ခံ စာရေးဆရာ ကျော်ဝင်း က ပြောဆိုလိုက်သည်။
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ခေတ္တရောက်ရှိနေသည့် ဆရာကျော်ဝင်း အား မဇ္ဈိမက တွေ့ဆုံမေးမြန်းစဉ်
ပြောဆိုသွားခြင်း ဖြစ်သည်။
“အခုလောလောဆယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်ကို သဘောကျပါတယ်” ဟုဆိုကာ ကြေးနီစီမံကိန်း ကိစ္စ စိတ်ဝင်စားသူတိုင်း ထည့်သွင်းစဉ်းစားသင့်သည့် အချက် ၃ ချက်ကို စာရေးဆရာကျော်ဝင်းက အကြံပြုလိုက် သည်။ 

တိုင်းပြည် စီးပွားရေး အကျိုးစီးပွား၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်နစ်နာနိုင်ခြေနှင့် တရုတ်ပြည်နဲ့ ဆက်ဆံရေးဖြစ်သွားနိုင်ခြေ အလားအလာများကို ထည့်သွင်း စဉ်းစားသင့်သည်ဟု ဆိုသည်။

“ဘာ့ကြောင့်လဲဆိုတော့ တိုင်းပြည်ဖွံ့ဖြိုးရေးကလည်း ကြည့်ရသေးတာကိုး။ ကျနော်တို့တိုင်းပြည်က သိပ်နောက်ကျနေတာ။ ဒါပေမယ့် ဖွံ့ဖြိုးရေးတခုတည်းကို ကြည့်ပြီးတော့ Enviromental (သဘာဝပတ်ဝန်းကျင်) ကို ပစ်စလက်ခက် လုပ်ရင်လည်း ရေရှည် အန္တရာယ်ရှိနိုင်တာကိုး” ဟုဆိုသည်။

ထို့ပြင် အိမ်နီးချင်းတိုင်းပြည်နှင့် သင့်မြတ်စွာနေထိုင်ရေးမှာလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်သလို အထူးသဖြင့် တရုတ်ပြည်ကြီးနှင့် ပြေပြစ်ရန်လိုကြောင်း ပြောဆိုသွားသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် တရုတ်တွေနဲ့ အိမ်နီးချင်းဆိုတာက ပြဋ္ဌာန်းချက်ပဲ။ နေရာပြောင်းနေလို့မှ မရတာ။ အဆင်ပြေအောင် နေရမှာပဲ။ အဆင်မပြေရင် ဘာတွေဖြစ်နိုင်မလဲဆိုတာ ပြောစရာတွေ အများကြီးရှိတယ်။ ဖဲစကားနဲ့ပြောရရင် တရုတ်မှာ နိုင်ဖဲတွေ အများကြီး ကိုင်ထားတာ ရှိတယ်။ ဒါတွေကို ကျနော်တို့ ထည့်စဉ်းစားကြရမယ်” ဟု ပြောသည်။

ဆရာကျော်ဝင်း မှာ ဂလိုဘယ်လိုက်ဇေးရှင်း၊ လှိုင်းများ၊ ကမ္ဘာပြားသွားခြင်း အကြောင်းများကို ဘာသာပြန်သည့် စာရေးဆရာအဖြစ် လူသိများပြီး လက်ရှိတွင် သန့်မြင့်ဦး၏ Where China Meets India စာအုပ်ကို ဘာသာပြန်ဆိုနေကြောင်း သိရှိရသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...