Thursday, November 22, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၁၁)

သစ်ထူးလွင်



Posted: 22 Nov 2012 01:38 AM PST
 ရန်ကုန်-အင်းစိန် လမ်းမကြီးတွင် ပြေးဆွဲ နေသော မထသ(၄၈) ယာဉ်လိုင်း မီနီဘတ်စ် တစ်စီးမှာ အင်းစိန် လမ်းမပေါ်၌ စက်ဘီးကို   ရှောင်ရာမှ ဘရိတ်ပေါက်၍ အရှိန်လွန်ကာ လမ်းဘေး ပလက်ဖောင်း ပေါ်သို့  တိမ်းမှောက်ခဲ့ခြင်းကြောင့် ခရီးသည်များ ဒဏ်ရာ ရရှိခဲ့သည်။ ဖြစ်ပွားပုံမှာ အင်းစိန်မှ သိမ်ဖြူသို့ ပြေးဆွဲသော မထသ (၄၈) မီနီဘတ်စ်မှာ နိုဝင်ဘာလ(၂၂)ရက် မနက် ၉ နာရီခန့်က ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 22 Nov 2012 01:31 AM PST
၂၀၁၃-၂၀၁၄ ခုနှစ် ပညာသင်နှစ်မှ စတင်၍ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ အင်ဂျင်နီယာဘွဲ့ (B.E) တက်ရောက် နိုင်သော နည်းပညာ တက္ကသိုလ် တစ်ခုစီသာ ထားရှိတော့မည် ဖြစ်သည်။ အဆိုပါ ပညာသင် နှစ်မှစ၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ နည်းပညာ တက္ကသိုလ် အားလုံး၌ အင်ဂျင်နီယာဘွဲ့ (B.E)တန်းများ မတက်ရောက် နိုင်တော့ပဲ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 22 Nov 2012 01:22 AM PST
တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ဖွင့်ပွဲနေ့ည မီးပုံးပျံ လွှတ်တင်ရာ၌ ရာသီဥတု အခြေအနေကြောင့် မီးပုံပျံနှစ်လုံး မီးလောင် ပျက်စီးခဲ့ပြီး တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ကြောင်း မီးပုံးပျံ အမှတ်ပေး ဒိုင်လူကြီးများထံက သိရသည်။ "မနေ့က ဖွင့်ပွဲလုပ်တာပါ၊ အဲ့ဒီမှာ လွှတ်တဲ့ မီးပုံးပျံတွေထဲက နှစ်လုံးက ရာသီဥတုကြောင့် မီးလောင်ပြီး ပျက်ကျခဲ့တာပါ။ ထိခိုက်မှုတော့ မရှိခဲ့ပါဘူး" ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 22 Nov 2012 01:12 AM PST
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (သတင်း အချက်အလက်နှင့် နည်းပညာဌာန) မှ UMTS/3G လိုင်းတစ်သန်း တပ်ဆင် တိုးချဲ့မည် ဖြစ်ကြောင်းသိရသည်။

ယင်းကြောင့် လာမည့် ဒီဇင်ဘာနှင့် ဇန်န၀ါရီလများတွင် မိုဘိုင်းဖုန်းဈေးများ ကျပ် တစ်သိန်းခွဲဝန်းကျင်အထိ ကျဆင်းနိုင် ဖွယ်ရှိကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (သတင်းအချက်အလက်နှင့် နည်းပညာဌာန) မှ UMTS/3G လိုင်းတစ်သန်း တပ်ဆင်တိုးချဲ့မည် ဖြစ်ရာ ယင်းကဲ့သို့ မိုဘိုင်း ဖုန်းဈေးနှုန်းများ ကျဆင်းနိုင်ဖွယ်ရှိကြောင်း မိုဘိုင်း အင်ဂျင်နီယာချုပ် က ပြောကြားသည်။

ဖူးပွင့်သော် - Yangon Media Group

Posted: 22 Nov 2012 12:59 AM PST
ဝါဝါဝင်း ကုမ္ပဏီရှေ့ ၂၂ရက် ကြာ ဆန္ဒထုတ်ဖော် တောင်းဆို ခဲ့သော်လည်း ထူးခြားမှု တစုံတရာ မရှိ၍ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သူ လယ် သမားများက ၎င်းတို့ လယ်ယာမြေများ ပြန်လည် မရမချင်း အဖမ်းဆီးခံ၊ အသက်အသေခံပြီး ဆက်လက် ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သိမ်းဆည်းခံ လယ်သမားများ ဝါဝါဝင်း ကုမ္ပဏီရှေ့ (၂၃) ရက်ကြာ ဆန္ဒထုတ်ဖော် တောင်းဆို ခဲ့သော်လည်း ထူးခြားမှု တစုံတရာ မရှိ၍ ယနေ့ နံနက် ကိုးနာရီခွဲ ခန့်မှစ၍ လမ်းလျှောက် ဆန္ဒထုတ်ဖော်။  ။ ဓါတ်ပုံ - The Myanma Age



Posted: 22 Nov 2012 12:48 AM PST

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် ဖြစ်ပေါ်နေသော သစ်ခိုးထုတ်မှုများတွင် အောက်ခြေ ဝန်ထမ်းများ ပါဝင်ကြောင်း ဌာနဆိုင်ရာများသို့ တိုင်ကြားခဲ့သော်လည်း ထိထိရောက်ရောက် အရေးယူမှု မရှိသောကြောင့် ရန်ကုန်မြို့ မြို့တော်ခန်းမအနီးတွင် တစ်ကိုယ်တော်ဆန္ဒပြသူ ကိုအောင်ကြည်မြင့်ကို ကျောက်တံတားရဲစခန်းမှ မွန်းလွဲ တစ်နာရီခွဲခန့်တွင် ဖမ်းဆီး သွားကြောင်း သတင်းရရှိသည် ။

သတင်း - ဓါတ်ပုံ ။  ။ မြန်မာ့ခေတ်

Posted: 22 Nov 2012 12:38 AM PST
ရန်ကုန်-နိဝင်ဘာ၂၂

လှည်းတန်း ဆင်ရေတွင်း မှတ်တိုင်အနီးတွင် ယနေ့နံနက် ၉ နာရီ ခန့်တွင် ၄၈ မီနီဘတ်စ် တစ်စီးတိမ်းမှောက်ပြီး ကားပေါ်ပါလူ ၂၀ ကျော် ဒဏ်ရာရရှိ သွားကြောင်း သိရသည်။
'' ဒဏ်ရရတဲ့သူတွေ ဒီမှာရောက်နေတယ်။ ၁၅ ဦးအထက်ပဲ။ ထပ်လာနေသေးတယ်'' ဟု ရန်ကုန်ဆေးရုံကြီးမှ အရေးပေါ်ဌာနမှာ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Popular Myanmar News Journal

Posted: 22 Nov 2012 12:28 AM PST
ဒုတိယ ကာကွယ်ရေး ဝန်ကြီးချုပ် ဗိုလ်မှူးချုပ် အောင်သော်
၁၉၆၂ ခုနှစ်တွင် နိုင်ငံ့အာဏာကို သိမ်းပိုက်ခဲ့သော မြန်မာစစ်တပ်သို့ ဆယ်ကျော်သက် အရွယ်ကပင် စတင် ဝင်ရောက် တာဝန် ထမ်းဆောင်ခဲ့သူ အသက် ၅၉ နှစ်အရွယ်ရှိ ဒုတိယ ကာကွယ်ရေးဝန်ကြီး၊ ဗိုလ်မှူးချုပ် အောင်သော်က Reuters သတင်းဌာနနှင့် နှစ်နာရီကြာ ဆုံတွေ့ခဲ့သော တွေ့ဆုံခန်းတစ်ရပ်၌ အခြေမခိုင် သေးသော ဒီမိုကရက်တစ် ပြုပြင်ပြောင်း လဲမှု ခေတ်သစ်တွင် မြန်မာစစ်တပ်က သြဇာကြီးမားသော အခန်း ကဏ္ဍကို ဆက်လက် ထိန်းသိမ်းကိုင်စွဲ ထားရသည့် အကြောင်းရင်းကို ရှင်းလင်းပြောကြားသွားခဲ့သည်။

ဗိုလ်မှူးချုပ် အောင်သော်၏ Reuters သတင်းဌာနနှင့် တွေ့ဆုံခန်းသည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲများ စတင် ခဲ့သည့် နောက်ပိုင်း၊ မြန်မာစစ်တပ် အကြီးအကဲ တစ်ဦးနှင့် နိုင်ငံတကာမီဒီယာတို့ ပထမဆုံး အကြိမ် ဆုံတွေ့ခဲ့သော တွေ့ ဆုံခန်းလည်း ဖြစ်ခဲ့သည်။ အဆိုပါ တွေ့ဆုံခန်းတွင် ဗိုလ်မှူးချုပ် အောင်သော်က မြန်မာ စစ်တပ်ကို မြန်မာဒီမိုကရေစီ သန္ဓေ၏ ဗိသုကာအဖြစ် လည်းကောင်း၊ စောင့်ရှောက်သူ အဖြစ်လည်းကောင်း ပုံဖော် ပြောကြားသွားခဲ့သည်။
ဒုတိယ ကာကွယ်ရေး ဝန်ကြီးချုပ် ဗိုလ်မှူးချုပ် အောင်သော်

ထိုအချက်ကြောင့်ပင် တပ်မတော်က ပါလီမန်တွင် ရပ်တည်ခွင့်ကို စွန့်လွတ်ရန် အစီအစဉ် မရှိခဲ့ခြင်း ဖြစ်သည် ဟု ဗိုလ်မှူးချုပ် အောင်သော်က ပြောကြား ခဲ့သည်။ မြန်မာ စစ်တပ်သည် ပါလီမန်၏ ၂၅ ရာခိုင်နှုန်းသော အမတ် နေရာများကို စစ်တပ်က တိုက်ရိုက် အဆိုပြုခန့်အပ်သော ရွေးကောက်ခံ မဟုတ်သည့် ကိုယ်စားလှယ် များဖြင့် နေရာယူထားခဲ့သည်။

“ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို အစိုးရက ဦးဆောင်နေတာပါ” ဟု ဗိုလ်မှူးချုပ် အောင်သော်က ဆိုသည်။ “ကာကွယ်ရေး တပ်ဖွဲ့တွေကလည်း ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ တကယ့်ကို တက်တက်ကြွကြွ ပါဝင် ဆောင် ရွက်နေကြပါတယ်”

ဗိုလ်မှူးချုပ် အောင်သော်၏ မှတ်ချက်စကားများသည် နိုဝင်ဘာ ၁၉ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည့် ပထမဆုံးသော အမေရိကန် သမ္မတ Barrck Obama ၏ ခရီးစဉ် မတိုင်မီ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

Reuters သတင်းဌာနနှင့် တွေ့ ဆုံခန်းတွင် ဒုတိယ ကာကွယ်ရေးဝန်ကြီး၊ ဗိုလ်မှူးချုပ် အောင်သော်က မြန်မာ နိုင်ငံ၏ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုဖြစ်စဉ်ကို “အလွန့်အလွန် ဝမ်းနည်းဖွယ် အမှတ်ရစရာများ” အဖြစ် ပြောကြား ခဲ့သည်။ မြန်မာ နယ်နိမိတ် များကို ထာဝရ ပြောင်းသွားစေ လောက်အောင် ခြိမ်းခြောက်နေ သည့် နိုင်ငံအဝှမ်း မင်းမဲ့စရိုက် လွှမ်း မိုးနေခြင်းကြောင့် စစ်တပ်က မလွှဲမရှောင်သာ ဝင်ရောက် ထိန်းသိမ်းခဲ့ရခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ်အောင်သော် က ပြောကြားခဲ့သည်။

“၁၉၈၈ ခုနှစ်မှာ တစ်နိုင်ငံလုံးဟာ ကစဥ့်ကလျား အခြေအနေ ရောက်နေတာ အမှန်ပါပဲ။ ဒါကို အားလုံးခံစား ခဲ့ကြရတာပါ။ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့တွေလည်း အပါအဝင်ပေါ့” ဟု သူကဆိုသည်။

“အဲဒီလို ကစဥ့်ကလျား ဖြစ်နေတာကို ငြိမ်ဝပ်ပိပြားအောင် ထိန်းပေးနိုင်မယ့် အဖွဲ့အစည်းက စစ်တပ်ပဲရှိ တော့တယ်။ အဲဒီအချိန်မှာ တခြား ရွေးစရာ ဘာနည်းလမ်းမှ မရှိဘူး။ အရပ်သားတွေကို အကာအကွယ် ပေးဖို့အတွက် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ဖို့ ကြိုးစားခဲ့ကြရတယ်” ဟု ဗိုလ်မှူးချုပ် အောင်သော်က ပြော ကြားခဲ့သည်။

“ဒါကို လူတွေကလည်း ကျေးဇူးတင် နေခဲ့ကြတာ။ အဲဒီလို အချိန်ကသာ ခင်ဗျားတို့ တိုင်းပြည်ထဲရောက် နေခဲ့ရင် အဲဒီကျေးဇူးတင်တဲ့ အသံတွေ ကြားကြရမှာ” ဟု ဗိုလ်မှူးချုပ် အောင်သော်က ပြောကြားခဲ့သည်။ “လူတိုင်းဟာ ကိုယ့်အိမ်ထဲမှာ နေတာတောင် မလုံခြုံတဲ့ ခံစားမှုမျိုး ရနေတာကိုး” ဟု သူက သက်ပြင်းတစ်ချက် ချကာ ဆက်လက် ပြောကြား ခဲ့သည်။

၁၉၈၈ ခုနှစ်၊ လူထုအုံကြွမှု ကာလအတွင်း ရန်ကုန်မြို့၊ အင်းယားကန် နံဘေး၌ လုံခြုံရေး တပ်ဖွဲ့များ၏ အကြမ်းဖက် တိုက်ခိုက်ဖမ်းဆီးမှုကို အခြားသော ဆန္ဒပြကျောင်းသားများ နှင့်အတူ ခံယူခဲ့ရသော ကိုဂျင်မီ (ခေါ်) ကျော်မင်းယုကမူ ကွဲပြားသော ဖြစ်စဉ်တို့ကို ပြန်ပြောပြခဲ့သည်။ ဆန္ဒပြ ကျောင်းသား အများအပြားမှာ ပစ်သတ်ခံရခြင်း၊ ရေနှစ် သတ်ခံရခြင်း တို့ကြောင့် သေဆုံးခဲ့ရ ပြီး စစ်သားတစ်ဦးက ကျောင်းသူ မိန်းကလေး တစ်ဦးကို လှံစွပ်ဖြင့် ထိုးသည်ကိုပင် သူကိုယ်တိုင်မြင်ခဲ့ ရကြောင်း ကိုဂျင်မီက ပြောကြားခဲ့ ခြင်းဖြစ်သည်။

“သူတို့ သားသမီး တွေနဲ့ ရွယ်တူလောက် ရှိမယ့် ကျွန်တော်တို့ ကျောင်းသားတွေအပေါ် ဘာဖြစ်လို့ ဒီလောက် ရက်ရက် စက်စက် လုပ်ရသလဲ ဆိုတာ ကျွန်တော် ဘယ်တော့မှ နားလည်နိုင်မယ် မဟုတ်ဘူး” ဟု ကိုဂျင်မီက ဆိုသည်။ နိုင်ငံရေး အကျဉ်းသားအဖြစ် ထောင်ဒဏ် အနှစ်နှစ်ဆယ်ကျခံခဲ့ရပြီးဖြစ်တဲ့ ဂျင်မီက ယခုအခါ နိုင်ငံရေးဦးဆောင် လှုပ်ရှားသူတစ်ဦး ဖြစ်နေပေပြီ။

တိုင်းရင်းသားလူနည်းစုများ အရေးနှင့်စပ်လျဉ်း၍ မေးမြန်းရာ တွင် ဗိုလ်မှူးချုပ်အောင်သော်က ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ခေါ် ကေအိုင်အေ သူပုန်တို့ဘက်မှ တိုက်ခိုက်မှုများ ရှိခဲ့သော်လည်း ကချင်ပြည်နယ် တွင် အစိုးရတပ်ဖွဲ့များက အမြင့်ဆုံး စောင့်ထိန်းမှုဖြင့် စောင့်စည်း နေကြကြောင်း ပြောကြားခဲ့သည်။ “ဒေသတွင်းမှာရှိတဲ့ အရပ်သားတွေ ကို စောင့်ရှောက် ကာကွယ်ပေးဖို့က ကျွန်တော်တို့ တာဝန်ပါ” ဟု ဗိုလ်မှူးချုပ် အောင်သော်က ဆိုသည်။

ဇွန်လအတွင်းက ထုတ်ပြန်ခဲ့သော နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့၏ အစီရင် ခံစာက မူ မြန်မာအစိုးရသည် ယခုနှစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဆယ်ဖွဲ့ခန့်နှင့် အပစ်အခတ် ရပ်စဲရေး ကနဦး သဘောတူညီမှုများ ရရှိခဲ့ပြီးဖြစ်သော်လည်း မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်မှ ၁၆ လ ကြာတိုက်ပွဲများ အတွင်း ဒေသခံပြည်သူ ၇၅,ဝဝဝ ခန့် အိုးအိမ်စွန့်ပစ် ထွက်ပြေးခဲ့ကြရကြောင်း အများစုမှာ မြန်မာ စစ်တပ်၏ အဓမ္မခိုင်းစေမှု၊ သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတို့ ကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေး ရခြင်း ဖြစ်ကြောင်း ဖော်ပြ ခဲ့သည်။

မြန်မာစစ်တပ်၏ အကြမ်းဖက် ရက်စက်မှု များကြောင့် မိဘနှင့်တကွ ဆွေမျိုးသားချင်းများ ဆုံးရှုံးခဲ့ရသော အသက် ၃၆ နှစ်အရွယ်ရှိ ကရင်တိုင်းရင်းသူ မိုင်ရာဒဂါဖော က မြန်မာစစ်တပ်ကို ပြောင်းလဲရန်မှာ အံ့ဖွယ် တစ်ပါးပင်ဖြစ်သည်ဟု ဆိုခဲ့သည်။ မိုင်ရာဒဂါဖောသည် ယခုအခါ ဝါရှင်တန်ဒီစီအခြေစိုက်၊ ရှေ့နေအဖွဲ့တစ်ဖွဲ့ တွင် တာဝန်ထမ်းဆောင် လျက်ရှိပြီး အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနှင့် မြန်မာစစ်တပ် အပေါ် ပြန်လည် လက်ခံပေါင်းစည်းမှုမှာ မြန်ဆန်လှကြောင်း၊ အမှန်တကယ် အရေးပါသော အချက်ကို မေ့လျော့ထား ကြကြောင်း ဝေဖန်ပြောကြား သွားခဲ့သည်။

မြန်မာစစ်တပ်သည် ယင်း၏ အတိတ်ဆိုးများကို တာဝန်ခံရန် တွန်းအားပေးဆောင်ရွက်နိုင်သည့် အဖွဲ့အစည်း မျိုးနှင့် မကြုံတွေ့ ရသေးပေ။ နိုင်ငံအရေးပေါ် အခြေအနေ ကျရောက်လာပါက အာဏာ စိုးပိုင်ခွင့်ရှိသည့် အမျိုးသား လုံခြုံရေး ကောင်စီအပါအဝင် အဓိက ကျသော အရပ်ဘက် အဖွဲ့အစည်းများတွင်လည်း စစ်တပ်မှ လက်ရှိနှင့် အငြိမ်းစား အရာရှိများသာ လွှမ်းမိုးထားသည်။ မြန်မာစစ်တပ် အကြီးအကဲသည် ရွေးကောက်ခံ သမ္မတ (သို့မဟုတ်) ဝန်ကြီးချုပ် မဟုတ်ပေ။ လက်ရှိ မြန်မာစစ်တပ် အကြီးအကဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လက်ရွေးစင်တစ်ဦး ဖြစ်ပြီး ကာကွယ်ရေး ဝန်ကြီးထက် ရာထူး ကြီးမြင့်ပေသည်။

အထက်အရာရှိကို ပြန်လှန် ပြောကြားခွင့် မရှိသော မြန်မာစစ်တပ် အလေ့အထအရ ကာကွယ်ရေး ဝန်ကြီး သည် တပ်မတော် အကြီးအကဲကို ငြင်းဆိုရဲမည် မဟုတ်ဟု အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောကြား ခဲ့သည်။

မည်သို့ပင်ဖြစ်စေ၊ ဗိုလ်မှူးချုပ် အောင်သော်ကမူ စစ်တပ်သည် အရပ်ဘက် ထိန်းချုပ်မှု အောက်တွင် ရှိသည်ဟု ဆိုခဲ့သည်။ အရပ်ဘက် အဖွဲ့အစည်း ဖြစ်သော အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ (NDSC)က တပ်မတော် အကြီးအကဲ အမည်စာရင်းသွင်းခြင်း၊ အတည်ပြုခြင်းကို ဆောင်ရွက်သည် ဟုဆိုသည်။ သို့ရာတွင် အဖွဲ့ဝင် ၁၁ ဦးအနက် ၅ ဦးမှာ လက်ရှိ တပ်မတော် အရာရှိများဖြစ်ပြီး နောက်ထပ် ၅ ဦးမှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော သမ္မတ ဦးသိန်းစိန် အပါအဝင် တပ်မတော် အရာရှိဟောင်းများ ဖြစ်ကြသည်။

ပါလီမန်သည် ကာကွယ်ရေး အသုံးစရိတ်ကို လျှော့နိုင်၊ တိုးနိုင်သော်လည်း စာရင်း စစ်ဆေးနိုင်ခြင်းမရှိ၊ စစ်တပ်၏ ပမာဏ များပြားလှသော ကာကွယ်ရေး ဘတ်ဂျက်မှအပ ဖြစ်သည့် ငွေကြေးကိုင်ဆောင်မှုများ ကို ထိန်းချုပ်နိုင်ခြင်းမရှိပေ။

အခြေခံဥပဒေပါအချက်များကို ပြင်ဆင်ရန်မှာလည်း စစ်တပ်ကိုယ် စားလှယ်တို့၏ သဘောတူညီမှု လိုအပ်သည်ဖြစ် ရာ ဖြစ်နိုင်ချေမရှိ သလောက်ဖြစ်သော အလုပ်တစ်ခု ဖြစ်သည်။ အလယ်အလတ်အရာရှိ အများစုပါဝင်သော စစ်တပ်ကိုယ် စားလှယ်များမှာ စစ်တပ်အပေါ် အကျိုးသက်ရောက်မှုရှိနိုင်မည့်ကိစ္စ ရပ်များတွင် မဲဆန္ဒပေးရာ၌ အထက် အရာရှိတို့၏ ညွှန်ကြားချက်အရ အုပ်စုလိုက်သာ တစ်စုတစ်စည်း တည်း ဆန္ဒပြုလေ့ရှိသည်ဟု အတိုက်အခံတို့က ဆိုကြသည်။

ဗိုလ်မှူးချုပ်အောင်သော်ကမူ ထိုသို့မဆိုပေ။ “ဒါဟာ ဒီမိုကရေစီပဲ။ သူတို့တွေ အဲဒီမှာရှိကြတယ်။ သူတို့ဘာသာ ဆုံးဖြတ် ကြတယ်” ဟု သူကဆိုသည်။ “အစုတစ်ခုတည်း ပုံစံနဲ့ မဲပေးတယ်ဆိုရင် သူတို့တွေ စဉ်းစားပုံ တူနေလို့ပဲဖြစ်မယ်။ တပ်မတော် ကိုယ်စားလှယ်တွေဟာ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ဖို့ပဲ။ ဒီလို စောင့်ရှောက်မှု လိုအပ်နေသမျှ ကာကွယ်ရေး တပ်ဖွဲ့တွေက ပါလီမန်မှာ ရှိနေဦးမှာပဲ”ဟု ဗိုလ်မှူးချုပ် အောင်သော်က ရှင်းလင်း ပြောကြား ခဲ့သည်။

ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော်က တပ်မတော်သည် ကလေးစစ်သည်များ အသုံးပြု ခြင်းနှင့် အဓမ္မခိုင်းစေ ခြင်းစသည့်ကိစ္စရပ်များဖြင့် အလေးအနက် စွပ်စွဲပြောကြားမှုများ ရင်ဆိုင်နေရကြောင်း လည်း ပြောကြားခဲ့သည်။ ကာကွယ်ရေး ဝန်ကြီးဌာနက အရွယ်မရောက် သေးသူများကို စစ်မှုထမ်းရန် ဆင့်ခေါ် ခြင်းကို ရပ်ဆိုင်းစေမည် ဖြစ်ကြောင်း၊ ဇွန်လ အတွင်းက ကတိပေး ပြောကြားခဲ့ပြီး ကလေးစစ်သည်များကို နုတ်ထွက်စေခဲ့သည်။

အရွယ်မရောက် သေးသူများကို စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်း တားဆီးနိုင်ရေးအတွက် UNICEF အဖွဲ့မှ ရေးဆွဲ သော ၄ ရက်တာ သင်တန်းသို့ မြန်မာစစ်တပ်မှ ဒုတိယ ဗိုလ်မှူးကြီး အဆင့်အရာရှိ ၂ဝ နှင့် အရာရှိငယ် ၁၇ဝဝ တို့၊ ၂ဝဝ၉ ခုနှစ်မှ စတင်၍ သင်တန်း တက်ရောက်ခဲ့ကြပြီး ဖြစ်ကြောင်း ကုလသမဂ္ဂ၊ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး အေဂျင်စီက ဆိုသည်။

နိုင်ငံတကာ အလုပ်သမား အဖွဲ့ကြီးကလည်း အဓမ္မ ခိုင်းစေခြင်း၏ ဥပဒေအဓိပ္ပာယ် ဖွင့်ဆိုချက်ကို မြန်မာ စစ်တပ်အား သင်တန်းပို့ချ ပေးခဲ့သည်။ လက်နက်ခဲယမ်း သယ်ပိုးရန် ကျေးလက်ဒေသခံများကို အဓမ္မခိုင်း စေခြင်း၊ မြေမြှုပ် မိုင်းကွင်းများကို ဖြတ်လျှောက်စေခြင်း စသည်တို့သည်လည်း အဓမ္မ ခိုင်းစေခြင်းတွင် အကျုံးဝင် သည်။ ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော်က “ကျွန်တော်တို့ အခု ILO နဲ့ UNICEF အဖွဲ့ တွေနဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်နေ ကြပါတယ်” ဟု ပြောကြားသွားခဲ့သည်။

ဗိုလ်မှူးချုပ် အောင်သော်က ထိုသို့ ဆိုသည့်တိုင် လူ့အခွင့်အရေး ဆိုင်ရာ လေ့ကျင့် သင်ကြားမှုများကို စစ် တက္ကသိုလ် သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်း ပြဋ္ဌာန်းထားခြင်း မရှိသေးကြောင်း သင်တန်းနည်းပြ အရာရှိ တစ်ဦးက ပြောကြား သွားခဲ့သည်။

Ref: Special Report:Myanmar Military’s Next Campaign: Shoring up Power

By Andres R.C Marshall and Jasm Szep Reuters, November 15,2012

Myanmar Independent News journal

Posted: 21 Nov 2012 08:38 PM PST
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ကော့မှုး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အကျင့်ပျက်ချစားမှု တိုက်ဖျက်ဖို့အတွက် အားလုံးမှာ တာဝန်ရှိကြောင်း ပြည်သူတွေကလည်း ပူးပေါင်းပါဝင်ရမှာဖြစ်ကြောင်း ဒီကနေ့ တိုက်တွန်းပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ လွှတ်တော်ပြင်ပမှာ ၀န်ကြီးဌာန ၁၅ ခု ငွေကြေး အလွဲသုံးစားလုပ်မှုတွေရှိတယ်လို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရဲ့ လွှတ်တော်မှာ တင်ပြမှုနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းတာကို ဒေါ်အောင်ဆန်းစုကြည်ဖြေကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း ခွဲဝေပေးခဲ့တဲ့ ဘဏ္ဍာငွေ အသုံးပြုရာမှာ ၀န်ကြီးဌာန ၁၅ ခုမှာ အလွဲသုံးစားလုပ်တာတွေ တွေ့ရှိချက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာကို အခြေခံပြီး ပြည်ထောင်စုလွှတ်တော်မှာ မနေ့က ဆွေးနွေးခဲ့ပါတယ်။ 

ငွေကြေးအလွဲသုံးစားလုပ်တဲ့ ဝန်ကြီးဌာန ၁၅ ခုမှာ ပြန်ကြားရေး၊ ရထားပို့ဆောင်ရေး၊ ဟိုတယ်နဲ့ ခရီးသွားလာရေး စတဲ့ ၀န်ကြီးဌာနေတွေ ပါဝင်ပြီး နိုင်ငံတော်အနေနဲ့ နစ်နာဆုံးရှုံးမှု တန်ဖိုးက ကျပ်သန်းပေါင်း ငါးသောင်းကျော်နဲ့ အမေရိကန်ဒေါ်လာ ၂ သိန်းရှိတယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် ပုဂ္ဂလိက လုပ်ငန်းရှင်တွေကလည်း သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနတွေကို ပြန်လည်ပေးဆပ်ရမယ့် အကြွေးတွေ ကျပ်သန်းပေါင်းများစွာ ရှိနေကြောင်းလည်း ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တင်ပြခဲ့တယ်လို့ သိရပါတယ်။

RFA Burmese

နိုဝင်ဘာလ ၂၁ရက်နေ့တွင် လွှတ်တော်တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များရဲ့ အမေးကို ပြန်လည်ဖြေကြားနေစဉ် ။ RFA



Posted: 21 Nov 2012 08:35 PM PST
အင်္ဂါနေ့ မနက်က မလေးရှားကို လူမှောင်ခို တင်ပို့တဲ့ သင်္ဘောပေါ်ကို ဘင်္ဂလာဒေ့ရှ်က စက်လှေနဲ့ အသွား စက်လှေ ပင်လယ်ထဲမှာ နစ်သွားတဲ့ အတွက် လူ ဒါဇင်နီးပါး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ နတ်မြစ်ဝ မှာ တည်ရှိတဲ့ စိန့်မာတင် ကျွန်းကနေ စက်လှေ တစ်စီးနဲ့ လူတွေကို သွားအပို့မှာ သင်္ဘောပေါ်ကို မရောက်မှီ ပင်လယ်ထဲမှာ စက်လှေနစ်တဲ့ အတွက် လူတွေ သေဆုံးသွားခဲ့ပါတယ်။

စက်လှေပေါ်မှာ လူပေါင်း ၄၀ ပါဝင်ပြီး သုံးဆယ်က အသက်ဘေးက လွှတ်မြောက်လာပြီး ကျန်တဲ့ လူပေါင်း ၁၀ ခန့် သေဆုံးသွားခဲ့တယ်လို့ ရှင်မဖြူကျွန်းက မြန်မာနိုင်ငံသား မွတ်ဆလင် တစ်ဦး ပြောပါတယ်။

မလေးရှားကို သွားတာ ဖြစ်ပြီး မြန်မာ နိုင်ငံက လူတွေလည်း ပါသလို ဘင်္ဂလားဒေ့ရှ်က လူတွေလည်း ပါတယ်လို့ သူက ဆိုပါတယ်။

အရင်ကတော့ မလေးရှားကို သွားတဲ့ လူတွေဟာ စက်လှေလေးတွေနဲ့ ပင်လယ်ပြင်ကို ဖြတ်ပြီး သွားနေကြတာ ဖြစ်ပေမယ့် ခုတစ်ကြိမ်မှာတော့ သင်္ဘောကို အသုံးပြုလာတယ်လို့ သူက ပြောပါတယ်။

အဲဒီ လူမှောင်ခိုသမားတွေအထဲမှာ ဘဂ်လားဒေ့ရှ်နဲ့ ထိုင်းကလူတွေလည်း ပါပြီး လူတစ်ဦးကို ခရီးစရိတ် ဘင်္ဂလား တာကာငွေ နှစ်သောင်းကနေ တစ်သိန်းထိ ယူတယ်လို့ ဆိုပါတယ်။

အဲဒီ လူမှောင်ခို တင်ပို့တဲ့ သင်္ဘောဟာ ခုနှစ်ရက်မှာ တစ်ကြိမ်ကျစီ ဘင်္ဂလားဒေ့ရှ်နဲ့ မလေးရှား အကြားမှာ ပြေးဆွဲ ပေးနေတယ်လို့လည်း သိရပါတယ်။

ဘီဘီစီ(မြန်မာပိုင်း)

တလောတုန်းက မှောက်ခဲ့တဲ့ မလေးရှားသွား လူမှောင်ခိုလှေ




Posted: 21 Nov 2012 08:32 PM PST
ဂါဇာဒေသက အစ္စရေး တင့်ကားများ
အီဂျစ်ရဲ့ကြားဝင်ညှိနှိုင်းမှုနဲ့ အခုအခါ အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့တို့အကြားမှာ အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ကြပါပြီ။ ဘီဘီစီအရှေ့အလယ်ပိုင်း အယ်ဒီတာ ဂျယ်ရမီဘိုဝင်ကတော့ ဖြစ်နေကျ ပုံစံအတိုင်း သတ်ဖြတ်မှုတွေ မရပ်မီ စကားပြောတာ ပြန်လုပ်ကြပြီလို့ ပြောပါတယ်။

၂၀၀၇ခုနှတုန်းက ပါလက်တိုင်း Hamas အဖွဲ့က သူ့ပြိုင်ဘက် Fatah အဖွဲ့ကနေ ဂါဇာကမ်းမြောင်ဒေသ အတွင်းပိုင်းကို ထိန်းချုပ်ဖို့တာဝန်ယူလိုက်ကတည်းက နယ်စပ်ဖြတ်ကျော် အကြမ်းဖက်တိုက်ခိုက်မှုတွေ အတော်အကြိမ်များများ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် အပစ်အခတ်ရပ်စဲရေး လုပ်ကြတာချည်းပါဘဲ။ ပြီးတော့လည်း ပျက်ပြားခဲ့ကြပြီး အစ္စရေးနဲ့ ဟာမတ်စ်တို့ တဖက်နဲ့တဖက် အပစ်တင်လေ့ရှိကြပါတယ်။ ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုရင်တော့် အစ္စရေးးဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရသူ သုံးတဲ့စကားမျိုးနဲ့ဆိုရင် အနာပေါ် ပလာစတာကပ်တဲ့ နည်းမျိုးနဲ့ ဖြေရှင်းကြလို့ပါဘဲ။ ဟာမတ်စ်နဲ့ အစ္စရေးတို့ဟာ စစ်ဖြစ်နေတဲ့ အခြေအနေမှာ အမြဲရှိနေတယ်ဆိုတာ ဖုံးကွယ်ထားကြပါတယ်။

တခါတခါလနဲ့ချီပြီး စစ်အေးပုံစံမျိုးဖြစ်ပွားရကနေ အပြင်းအထန်ဖြစ်လာကြပြီး သေကြ ကြေကြပြန်ပါတယ်။အစ္စရေးနဲ့ အထူးသဖြင့် ဂါဇာကပါလက်စတိုင်းတွေကြား နိုင်ငံရေးအရ ညီမျှမှုရှိမယ့် အရေးကြီးတဲ့ အပြောင်းအလဲ မလုပ်နိုင်ရင် အခု အပစ်ရပ်စဲရေးအသစ်ဟာလည်း တဖြည်းဖြည်း ထပ်ပျက်မယ့်သဘောရှိပါတယ်။

ဒီတခေါက်တော့ နှစ်ဖက်စလုံးက အပစ်ရပ်ရာမှာ လိုက်နာရမယ့်အချက်တွေကို ထည့်ပြီး စစ်စည်းကမ်းတွေကို ပြောင်းဖို့ကြိုးစားတာတွေ့လာရပါတယ်။ Hamas တို့လက်နက်မတပ်ဆင်ဘဲ နယ်စပ်ကို ကျော်မပစ်ဖို့ အစ္စရေးကပြောနေသလို ဟာမတ်စ်ကလည်း အစ္စရေးဖက်က လုပ်ကြံသတ်ဖြတ်မှုတွေရပ်ဖို့ ဂါဇာကိုမပိတ်ဆို့ဖို့ လိုလားပါတယ်။ ဒီအတိုင်းလိုက်နာကြရင်တော့ အလုပ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလို အကောင်အထည်ဖေါ်ဖို့ကျပြန်တော့လည်း နှစ်ဖက်စလုံးက ကိုယ့်ရန်သူကို ကိုယ်အများကြီး အလျှော့ပေး လိုက်ရတာမျိုးတွေ ရှိလာမယ်လို့ ဘီဘီစီ အရှေ့အလယ်ပိုင်း အယ်ဒီတာ ဂျယ်ရမီ ဘိုဝင်က သုံးသပ်ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


Posted: 21 Nov 2012 08:28 PM PST
မြန်မာ ပြုပြင်ပြောင်းလဲမှု အိုင်အမ်အက်ဖ် ချီးကျူး
မြန်မာ အစိုးရရဲ့ အရှိန်အဟုန်မြှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အပေါ် နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ အိုင်အမ်အက်ဖ် က ဗုဒ္ဓဟူးနေ့က ချီးကျူး စကားပြောကြားလိုက်ပါတယ်။

လာမယ့်နှစ်မှာ ထောက်ပံ့ရေး အကူအညီတွေ ရနိုင်ဖို့ အိုင်အမ်အက်ဖ် အနေနဲ့ အခြေခံ လုပ်ငန်းတွေကို မြန်မာနိုင်ငံ အတွက် အောင်အောင်မြင်မြင် လုပ်ဆောင် ပေးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်ပေါင်း ငါးဆယ်ကြာ စစ်တပ် အုပ်ချုပ်မှု လက်အောက်မှာ နေခဲ့ရတဲ့ မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ အီးယူ တို့ရဲ့ တိုက်တွန်းချက်တွေကြောင့် စီးပွားရေး ဖွင့်ပေးမှုနဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေက လူအများကို အံအားသင့်စေခဲ့ပြီး သူ့အပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေလည်း ပြန်ဖွင့်ပေးခဲ့ရတာ ဖြစ်ပါတယ်။

အိုင်အမ်အက်ဖ် အပြောအရ မြန်မာနိုင်ငံရဲ့ ငွေကြေး ဖောင်ပွမှု နှုန်းဟာ အတန်အသင့် လောက်သာရှိပြီး စီးပွားရေးဟာ ၂ဝ၁၂ - ၁၃ ဘဏ္ဍာနှစ်မှာ ခြောက် ဒဿမ နှစ်ငါး ရာခိုင်နှုန်း တိုးနိုင်ချေ ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းက ဆယ်စုနှစ်ပေါင်း များစွာအတွင်း ပထမဆုံး အနေနဲ့ အိုင်အမ်အက်ဖ်က မြန်မာ နိုင်ငံနဲ့ ဆိုင်တဲ့ အစီရင်စာ တရပ်ကို ထုတ်ပြန်ခဲ့ပြီး အာဏာပိုင်တွေ အနေနဲ့ ဘဏ္ဍာရေး ဆိုင်ရာမှာ ခေတ်မှီအောင် လုပ်ဆောင်မှုနဲ့ မျှတတဲ့ ကုန်သွယ်ရေး ဖော်ဆောင်ဖို့ အပါအဝင် စီးပွားရေးနဲ့ ရင်းနှီးမြုပ်နှံမှု အားကောင်း လာအောင် ပြုပြင် ပြောင်းလဲရေးကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ပါလို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


Posted: 21 Nov 2012 08:24 PM PST
အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့ကို ပြီးခဲ့တဲ့ ၄ နှစ်က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ စစ်သွေးကြွ တွေထဲက တဦးတည်း အသက်ရှင် ကျန်ရစ်သူ အာ(ချ)မာ ကာဆတ်ကို ကြိုးပေး ကွပ်မျက်လိုက်ပြီ ဖြစ်ပါတယ်။

ပါကစ္စတန် နိုင်ငံသား ဖြစ်တဲ့ အာ(ချ)မာ ကာဆတ်ဟာ ဟာ တခြား သေနတ်သမား ၉ ဦးနဲ့ အတူ မွန်ဘိုင်းမြို့လယ် တဝိုက်ကို ၂၀ဝ၈ ခုနှစ်က အကြမ်းဖက် တိုက်ခိုက် သိမ်းယူခဲ့ပြီး ၃ ရက်ကြာ ထိန်းချုပ် ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၆၆ ဦး သေဆုံး သွားခဲ့ရ ပါတယ်။အာ(ချ)မာ အာဆတ်ကို ကွပ်မျက် လိုက်တဲ့ အကျဉ်းထောင် အပြင်ဘက်မှာ လူတွေဟာ အောင်ပွဲခံနေ ကြပါတယ်။

အခုလို ကြိုးပေး ကွပ်မျက် လိုက်ပြီ ဆိုတာကို ပါကစ္စတန် နိုင်ငံကို အကြောင်းကြား လိုက်ပြီ ဖြစ်တယ် လို့လည်း အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

အိန္ဒိယ အစိုးရ အနေနဲ့ အခုလို အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့ လူထုရဲ့ ဖိအား ပေးမှုတွေနဲ့ရင်ဆိုင် နေခဲ့ရတာ ဖြစ်တယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

ဒါပေမယ့် အခုလို အလျင်အမြန် ကွပ်မျက်လိုက်တဲ့အပေါ် အများက အံ့သြနေကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)




Posted: 21 Nov 2012 03:12 PM PST
““ကျွန်တော်တို့ ပုဂံမြို့မှာ ဟိုတယ် ကုမ္ပဏီကြီး တွေက မြေနေရာတွေ အပြင် ဘုရားတွေကိုပါ ၀ယ်လိုက်တယ် ထင်တယ်”” ဟု ဆို့နင့်စွာ ပြောလာသူက ပုဂံသား စစ်စစ်၊ နရပတိစည်သူ မင်းကြီး ကုသိုလ်တော် ဓမ္မရာဇက စေတီဂေါပက အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးသန်းလွင်"" - ပြဿနာ၏ အရင်းစစ်တော့ နိုင်ငံတော် သူဌေးကြီး တချို့၏ ဟိုတယ် ပရိဝုဏ်များ အတွင်း၌ပင် ပုဂံရှေးဟောင်း သမိုင်းဝင် စေတီများ တည်ရှိနေခြင်းကို လေ့လာ တွေ့ရှိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သတင်းဓာတ်ပုံများ -ဆန်းဝင်းထွန်း
















Posted: 21 Nov 2012 02:50 PM PST
ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် နိုင်ငံတော် စစ်မှုထမ်း ဥပဒေများအရ အမျိုးသမီး စစ်မှုထမ်းများအား လိုအပ်သည့် အချိန်တွင် လိုအပ်သလို ခန့်ထားနိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ စစ်ရေးချုပ် ဗိုလ်မှူးကြီး သန်းဦးက ပြောကြားသည်။ အမျိုးသား လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီက ယနေ့ ပြုလုပ်သော---

သတင်း အပြည့်အစုံဖတ် ရန် ဒီနေရာကို နှိပ်ပါ





Posted: 21 Nov 2012 02:47 PM PST
နိုဝင်ဘာလ (၂၂) ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၃၇

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





Posted: 21 Nov 2012 02:47 PM PST
နိုဝင်ဘာလ (၂၂) ရက်နေ့ ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် အမှတ် (၂၈)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...