Monday, October 22, 2012

ဒုက္ခတ သုခိ ဘုံသား ( ၁ )



၂၀၁၃ မှာ လူတိုင်း အင်္ဂလိပ်စကားပြောတတ်ရမယ်
လူတိုင်း တရုတ်စကားပြောတတ်ရမယ်
လူတိုင်း အာရဗီစကားပြောတတ်ရမယ်
လူတိုင်း မြို့ကြီးပြကြီးပေါ်ကိုတက်ကြ
လူတိုင်း လေလှိုင်းကမ္ဘာကြီးကို ထူထောင်ကြ
လူတိုင်း ဆိုင်းဘုတ်ကိုယ်စီကိုင်ကြ
မာရ်နတ်ရဲ့ ဂိုဏ်းထဲကို မနေ့ညနေ ၄ နာရီတိတိအချိန်က
အိန်ဂျယ် ၁၃ ယောက် ၀င်သွား
ဒီသတင်းကို ဘယ်သတင်းဌာနကမှ ဘရိတ်ကိန်းနယူးအဖြစ်မကြော်ငြာ . . .

ဒီဖက်တိုခေတ်က ဒီမိုကရေစီခေတ်ရောက်လာပြီ
နုတ်ခမ်းဖျားတွေမှာ ကွန်စတီကျူးရှင်းစာအုပ်ကိုကိုက်ထားကြ
တိုက်ပုံဝတ် စစ်သည်တော်တွေကို စာသားနဲ့ ချုပ်နှောင်ကြမယ်
နေ့လည်ကပဲ ငါရှိမှ ငါစားပါတီကြီးထဲ ၀င်လိုက်တယ်
ချက်ချင်းကို ပါတီဝင်ဖြစ်
ချက်ချင်းကို အီးစီဖြစ်
ချက်ချင်းကို ဗဟိုဖြစ်
ချက်ချင်းကို အတွင်းရေးမှုးဖြစ်
ချက်ချင်းကို ဥက္ထဌဖြစ်
အရာရာကို မကျေနပ်လို့ တယောက်ထဲစီတန်းလှည့်လည်တဲ့အခါ
မော်တော်ပီကယ်ဆိုတဲ့ လူက ငွေဝီစီကြီးလည်ဆွဲပြီး
အ၀ဲအမဲကြားက မကူးလို့ဆိုပြီးဖမ်းတယ်
ဘာပဲဖြစ်ဖြစ် . . .
၂၀၁၅မှာ ငါရှိမှ ငါစားပါတီဟာ ရွေးကောက်ပွဲဝင်မယ် . . .

ဒီမိုကရေစီရပြီ
လွတ်လပ်ရေးရပြီ
လက်ထိပ်တွေ ချွတ်ပြစ်ကြ
ခြေကျင်းတွေ ချွတ်ပြစ်ကြ
လက်ကောက်တွေ ချွတ်ပြစ်ကြ
ဆွဲကြိုးတွေ ချွတ်ပြစ်ကြ
ဘလာစီယာတွေ ချွတ်ပြစ်ကြ
အတွင်းခံဘောင်းဘီတွေ ချွတ်ပြစ်ကြ
မျက်နှာဖုံးတွေ ချွတ်ပြစ်ကြ
အကုသိုလ်တွေ ချွတ်ပြစ်ကြ
ပွင့်လင်းသော လူ့ဘောင် ၊ ပွင့်လင်းသော လူ့ဘောင်
မျက်နှာခြုံဝါဒအောက်မှာ တဖန်ပြန်လည်ကျဆုံးသွား
ရဲဘော်တို့ . . . ဦးနှောက်တွေသွေးထားကြ
ရှေ့မှာ အယူဝါဒမှိုင်းထက်ကြောက်ဖို့ကောင်းတဲ့
ဘာသာဝါဒမှိုင်းရှိတယ် . . . ရှိတယ် မြင်လား ကြားလား သိလား
တယောက်အနာတစ်ယောက်သပ်ကြမယ်
တယောက်သွေးတစ်ယောက်လျှက်ကြမယ်
အဲ့ဒီ နွံထဲတော့ အနစ်မခံနဲ့ . . .

၁ ၂ ၃ အားလုံးလိုက်ဆို
သူများယောင်လို့ လိုက်ယောင်
အမောင် တောင်မှန်းမသိ . . .
ဟုတ်ပြီနော် အားလုံးလိုက်ဆိုကြမယ်
သူများယောင်လို့ လိုက်ယောင်
အမောင် တောင်မှန်းမသိ . . .
ကဲ . . . ဒီလောက်ဆိုရပြီ
အော်ကြမယ် . . . မီးရရှိရေး ဒို့အရေး
ရေ ရရှိရေး ဒို့အရေး
ကားလမ်းပြင်ရေး ဒို့အရေး
လစာတိုးရေး ဒို့အရေး
ဖုန်းဈေးကျရေး ဒို့အရေး
မီးပွိုင့်ကောင်းရေး ဒို့အရေး
ထမင်းနပ်မှန်ရေး ဒို့အရေး
ကဲ ဒီဟာကိုတော့ နှစ်ခါဆိုကြမယ်
လူလိုနေရဖို့အရေး  ဒို့အရေး
လူလိုနေရဖို့အရေး ဒို့အရေး
တွေ့လား တွေ့လား မိုးကောင်ကင်ကြီးလည်း ညို့မှိုင်းကုန်ပြီ . . .

ဟုတ်ပ ခင်နှမ ၊ မိန်းမတို့၏ အဆင်းလောက်
ယောင်္ကျားတို့စိတ်ကို ဖမ်းစားနိုင်သောအရာမရှိ တဲ့
ကိုယ်တော်မြတ် စကား ၊ ကိုယ်တော်မြတ် တရား ။
ကဲကဲ မသေခင် အမျိုးသမီးနှင့်သူ့မိသားစုအား
အလုပ်အကျွေးပြုရသူများတပ်ထဲကို စေတနာအလျှောက်
ဝေဒနာအလျှောက် ၊ တဏှာအလျှောက် ၀င်ကြမယ်
စုဗူးတွေဖောက်ကြမယ် ၊ ကြွေးဟောင်းဆပ်ဖို့ခဏမေ့
ကြွေးသစ်တွေ ချကြမယ် . . . လောကရယ်
ကုတင်ပေါ်က ဆယ်မိနစ်ပြဇတ်ကို ကျနော်တယောက်ထည်းအတွက်
အသက်၆၀ တိတိ အထိ ဆွဲဆန့်ပေးပါလားကွယ် . . .

အချစ်အကြောင်းဟာ ငသိုင်းများ ဟင်းဟုန်
တသက်တာ ဥယျာဉ်မှာ ပန်းပွင့်နှစ်ဆယ်ကျော် ပွင့်အပြီး . . .

မာဃသစ္စာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...