Wednesday, October 24, 2012

သံရည်ကျိုစက်ကိုသာ အမြန်ပို့လိုက်ပေတော့


ကျုပ်တို့ တိုင်းပြည်ဖြစ်နေပုံက ယာဉ်အိုယာဉ်ဟောင်းကြီးနဲ့ တူနေသလိုပါပဲ၊ ဟောင်းစုတ်နေတဲ့ ယာဉ်အိုကြီးဟာ ဟိုနားက ဖောက်လိုက်၊ သည်နားက ဖောက်လိုက်၊ ဒီဟာ ကောင်းသွားတော့ ဟိုဟာပျက်၊ ဟိုဟာကောင်းတော့ ဒီဟာ ပျက်။ မက
္ကင်နစ်အိုကြီးလည်း ချွေးပြန်၊ ယာဉ်အိုကြီးက ဘယ်လိုလုပ်ကောင်းနိုင်မလဲ၊ လဲတော့ လဲပါရဲ့၊ ဒီဝပ်ရှော့ထဲမှာ ရှိတဲ့ ပစ္စည်းတွေနဲ့ပဲ လဲနေတာကိုး၊ အကောင်းဆုံးအကြံပေးရရင်တော့ ဘာမှ လဲဖို့ ကြိုးစားမနေနဲ့တော့၊ ဒီယာဉ်အိုယာဉ်ဟောင်းကြီး တစ်ခုလုံးဆွဲသွားပြီး သံရည်ကျိုစက်ကိုသာ အမြန်ပို့လိုက်ပေတော့။ ပြီးတော့ မျိုးဆက်သစ် စလစ်ကိုင်ပြိး အသစ်ဆုံးမော်ဒယ် ၂၀၁၂ မော်ဒယ်သာ မှာပေတော့။ ဒီယာဉ်အိုကြီးနဲ့တော့ ဘာဆိုဘာမှ လုပ်မရဘူးဆိုတာ အမြင်မှန် မြန်မြန်ရလေ တိုင်းပြည် မြန်မြန်တိုးတက်လေဆိုတာ သိစေချင်တယ်ဗျာ၊

(ကောင်းဆက်နိုင်၊ အံ့သြလွန်းလို့ သေတော့မယ်၊ ပြည်သူ့ခေတ် အတွဲ ၃၊ အမှတ် ၁၁၆၊ စာ-၁၂)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...