အခြေခံဥပဒေအရ နိုင်ငံသားတွေ ဆန္ဒပြခွင့်ရှိပါတယ်။
by Lwin Aung Soe on Friday, September 21, 2012 at 8:16am ·
ဒီနေ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ပြည်သူတွေ ငြိမ်းချမ်းရေးကို တောင်းဆို ဆန္ဒပြကြပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်က လိုလိုလားလား ဆန္ဒရှိနေပါတယ်။ လူထုက သမ္မတနဲ့ ဆန္ဒချင်း တူကြပါတယ်။ ပြန်စဉ်းစားကြည့်ရင် သမ္မတနဲ့ ဆန္ဒချင်းတူတဲ့ လူထုကို ငြိမ်းချမ်းရေး တောင်းဆို ဆန္ဒပြလို့ ဖမ်းမယ်ဆိုရင် ဖမ်းတဲ့သူတွေဟာ သမ္မတကို ဆန့်ကျင်ရာ ရောက်နေပြီလို့ ဆိုရမလို ဖြစ်နေပါတယ်။ ဆန္ဒပြတိုင်း အစိုးရကို ကန့်ကွက်တယ်လို့ပဲ မြင်နေရင် တိုင်းပြည် တိုးတက်ဖို့ အဟန့်အတားလို့ ဆိုရမှာပါပဲ။
ခုလို ဒီမိုကရေစီ အသွင်ပြောင်းကာလမှာ လူတိုင်း လူတိုင်းကို ဥပဒေနဲ့အညီ တိတိကျကျ အရေးယူလို့ မဖြစ်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ အရင့်အရင်ကာလတွေကတည်းက ကျင့်သုံနေခဲ့တဲ့ တည်ဆဲဥပဒေတွေကို ခေတ်စနစ်နဲ့အညီ ပြန်လည် ပြုပြင်ပြောင်းလဲဖို့ အားထုတ်နေချိန်မှာ တိုင်းပြည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်လာဖို့ တမျိုးသားလုံး ညီညွတ်ရေးကို အထိအခိုက် မခံချင်လို့ ဖြစ်ပါတယ်။
ဥပဒေ စကားဆိုလို့ နောက်ထပ် အရေးကြီးတဲ့ အချက်တခု ပြောချင်ပါတယ်။ မြန်မာနိုင်ငံမှာ အမြင့်ဆုံးဥပဒေဟာ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ (Constitution) ဖြစ်ပါတယ်။ အခြား ဘာဥပဒေမှ Constitution လောက် မမြင့်ပါဘူး။ အခြားဥပဒေတွေနဲ့ Constitution ထိပ်တိုက်တွေ့ရင် Constitution ကိုသာ ဦးစားပေးရမယ် ဆိုတဲ့ အဓိပ္ပာယ်ပါ။
Constitution မှာ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်တွေကို အတိအလင်း ပြဋ္ဌာန်းထားပါတယ်။ အခုလို ငြိမ်းချမ်းရေး တောင်းဆို ဆန္ဒပြတာဟာ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်တယ်လို့ မဆိုသာပါဘူး။ ဒါ့အပြင် တရားဥပဒေ စိုးမိုးရေ၊ ရပ်ရွာ အေးချမ်းသာယာရေး (သို့) ပြည်သူတွေရဲ့ ကိုယ်ကျင့်တရာ အကျိုးငှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့ လည်း မဆန့်ကျင်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြတာ ဖြစ်ပါတယ်။ Constitution ပုဒ်မ ၃၅၄ အရ ဖြစ်ပါတယ်။
တချိန်တည်းမှာ မြန်မာနိုင်ငံသားတိုင်း အရပ်သားပြည်သူတွေဖြစ်စေ၊ နိုင်ငံ့တာဝန် ထမ်းဆောင်နေသူတွေဖြစ်စေ ဘယ်သူမဆို ပုဒ်မ ၃၈၄ အရ Constitution ပါ ပြဋ္ဌာန်းချက်တွေကို လိုက်နာပေးရဖို့ တာဝန်ရှိပါတယ်။
လွင်အောင်စိုး
၂၁-၉-၂ဝ၁၂
ကမ္ဘာ့ငြိမ်းချမ်းရေးနေ့
ရည်ညွှန်း
- ၂ဝဝ၈ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ
- မန္တလေးတောင်သမန်ငြိမ်းချမ်းရေးနေ့လှုပ်ရှားမှုပုံရိပ်များ --- https://www.facebook.com/photo.php?fbid=368622549880604&set=a.368622039880655.87385.100001985876978&type=3&theater
- အင်းယားကန်စောင်းတွင်ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆို ---- https://www.facebook.com/photo.php?fbid=536480313034435&set=a.536476213034845.140662.287336421282160&type=1&theater
- အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ၂၀၁၂ နေ့ ကိုရန်ကုန်မြို့အင်းယားကန်ဘောင်တွင် ကျင်းပခဲ့စဉ် ကအမှတ်တရ ပုံရိပ်များ --- https://www.facebook.com/media/set/?set=a.10151038280867116.428911.598772115&type=1
- နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဆုတောင်းပွဲ(ဗိုလ်တထောင်ဘုရား) ---https://www.facebook.com/photo.php?fbid=470133446342095&set=a.470132513008855.105939.267614753260633&type=1&theater
- ခွင့်ပြုချက်မရဘဲ ပြည်တွင်းစစ်ပွဲများရပ်တန့်ရေး လမ်းလျောက်ဆန္ဒဖော်ထုတ်သူများကို စခန်း ၁၀ ခုတွင်အမှုဖွင့် --- http://shwemyanmarmediagroup.blogspot.jp/2012/09/blog-post_3919.html#more
Photo Aung Pyae
0 comments:
Post a Comment