Wednesday, September 12, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၁၂-၉)


သစ်ထူးလွင်


Posted: 12 Sep 2012 07:29 AM PDT

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရဲ့ နောက်ကွယ်မှာ ထူးခြားတဲ့ အကြောင်းအရာတွေ ပတ်သက်မယ်လို့တော့  ထင်မိသား..။ အင်တာနက်မှာ ဟိုလှန် ဒီလှောကြည့်ရင်းနဲ့ ၂၀၁၀ တုန်းက  The Wall Street Journal မှာပါဝင်တဲ့ သတင်းလေးတစ်ခုက အံ့အားသင့်သွားစေပါတယ်..။

အဲဒီသတင်းက
Chinese Weapons Maker Signs Myanmar Deal
BY CHUIN-WEI YAP

China North Industries Corp., a leading Chinese weapons manufacturer, signed a cooperation pact with the government of Myanmar to develop a copper mining project, the latest sign of growing commercial ties between the reclusive Southeast Asian nation and its giant neighbor.

The Monywa Copper Mine Project Cooperation Contract was signed during Premier Wen Jiabao's visit to Myanmar in early June, China North Industries, or Norinco, said in a statement on its website. The statement was posted on the company's website Wednesday, but dated June 10. It didn't disclose financial terms.
The deal underlines how the isolated military rulers of Myanmar are increasingly turning to the country's most important political and economic ally for support—and how China continues to seek natural resources from its southwestern neighbor to feed its industrialization.

The Norinco statement said Monywa is "abundant in copper mine resources with excellent mineral quality, which is of great significance to strengthening the strategic reserves of copper resources in our country, and to enhancing the influence of our country in Myanmar."
ဆိုတဲ့ သတင်းလေးပါ..။
မူရင်းလင့်ကိုလေ့လာကြည့်ပါ။
The World Street Journal
ဖတ်လို့မရရင် အောက်ပါ လင့်ကို ကော်ပီကူးပြီး သုံးပါ..။
http://online.wsj.com/article/SB10001424052748703900004575324420133952674.html


ဆိုလိုရင်းက အားလုံးသိကြတဲ့ မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ယခင် နအဖအစိုးရဟောင်းလက်ထက် June  မှာ တရုတ်ခေါင်းဆောင် ၀မ်ကြားပေါင် လာရောက်စဉ်မှာ သဘောတူညီခဲ့ကြတယ် ဆိုတာပါ.။ တူညီခဲ့တဲ့ ကုမ္ပဏီက Norinco (China NorthIndustries Corp)  လို့ခေါ်တဲ့ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ကုမဏီတွေထဲက တစ်ခုပါ..။ ထူးခြားတာက အဲဒီကုမဏီဟာ စစ်လက်နက်ပစ္စည်းတွေကို မြန်မာအပါအ၀င် ကမ္ဘာကို တင်ပို့ရောင်းချနေတဲ့ ကုမဏီကြီးတစ်ခုပါပဲ..။ နအဖ စစ်ဗိုလ်ချုပ်များနဲ့ Norinco ကုမဏီတို့ဟာ စာချွန်လွှာရေးထိုးပွဲတွေ အများအပြားလုပ်ခဲ့ကြပါတယ်..။ မုံရွာ လက်ပံတောင်းတောင်စီမံကိန်းဟာ အဲဒီအထဲက အစိတ်အပိုင်းလေးတစ်ခုပါ..။

အဲဒါတွေနဲ့ ဆက်စပ်ရင်းနဲ့  the voice ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲတဲ့ ကိစ္စမှာ ပါတဲ့ အချက်တွေကို သတိထားမိပြန်ပါတယ်..။ အဲဒီအချက်တွေထဲမှာ ယခင် မုံရွာမှာ ကြေးနီတူးဖော်ရေးလုပ်ငန်းလုပ်ခဲ့တဲ့ ကိစ္စ ပါဝင်ပတ်သက်နေတယ်ဆိုတာ သတိရမိတော့ the voice နဲ့ Eleven က သတင်းတွေကို  ပြန်လေ့လာကြည့်မိပါတယ်.။

အဲဒီ သတင်းတွေထဲမှာ ..။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အရေးကြီးသော စစ်ဆေးတွေ့ရှိ ချက်များကို စာအမှတ်စဆ/ ၂၂၁ (၆/၂၀၁၂)နှင့်စဆ- ၃/၆၀၃၅ (၈၂/၂၀၁၂) ပြည်သူ့လွှတ်တော်ကို အစီရင်ခံခဲ့ရာမှာ  မုံရွာ ကြေးနီးသတ္တုတူးဖော်ရေးလုပ်ငန်းမှာ ယခင်မြန်မာ့အိုင်ဗင်ဟို ကြေးနီကုမ္ပဏီ လီမိတက်၏ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်သို့ ရောင်းချခဲ့ကြောင်း၊ အစုရှယ်ယာ လွှဲပြောင်း ၀ယ်ယူမှုအတွက် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက် မှ အမှတ်(၁)သတ္တုတွင်း လုပ်ငန်းထံ အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော် ပေးချေခဲ့သော်လည်း အဆိုပါ ပေးချေမှုမှာ ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်မှ ပေးချေခြင်း မဟုတ်ဘဲ ဟောင်ကောင်မှ Wanbao Mining Copper Limited မှ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ လို့ ဖော်ပြထားပါတယ်..။ အလွယ်ခေါ်ရင်ဝမ်ပေါင်း ပေါ့ဗျာ..။

တနည်းအားဖြင့်ပြောရရင် ဦးပိုင်က ၀မ်ပေါင်းကို လက်လွှဲ ရောင်းလိုက်ခြင်းဖြစ်ပါတယ်။ အများအမြင်မှာ ဦးပိုင်က ၀ယ်ယူထားပြီး ၀မ်ပေါင်းက ငွေချေခဲ့တာပါ..။ ၀မ်ပေါင်း ဆိုတာကလည်း Norinco ရဲ့ လက်အောက်ခံကုမဏီပါ။

အဲဒီကိစ္စကို The Voice ဂျာနယ်က ”၀န်ကြီးဌာနတချို့၏ ကျပ်သိန်းထောင်ချီအလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ” ဆိုတဲ့ ခေါင်းစဉ်သတင်းနဲ့ ဖော်ပြခဲ့တဲ့အတွက် သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲခဲ့ခြင်းဖြစ်ပါတယ်..။


the voice journal တရားစွဲခံရသော သတင်း


ပြည်ထောင်စုစာရင်းစစ်ချုပ်က လွှတ်တော်ကို တင်ပြခဲ့တဲ့ သတင်းဖော်ပြပုံကို  သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲခဲ့တာပါ။
Eleven Media Group ရဲ့ မူရင်းသတင်းအပြည့်အစုံကို  အောက်ပါလင့်မှာ  ပြန်လည်ဖတ်နိုင်ပါတယ်။
Eleven Media Group
ဖတ်လို့မရရင် အောက်ပါလင့်ကို ကော်ပီကူးပြီး သုံးပါ..။
http://www.weeklyeleven.com/index.php?option=com_content&view=article&id=12736:2012-03-11-06-46-05&catid=42:2009-11-10-07-36-59&Itemid=167

ဒီအစီရင်ခံစာကို တင်ခဲ့တဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်လည်း အများသိကြတဲ့ အတိုင်းပါပဲ..။ REFORM ထဲ ပါသွားရှာပါတယ်.။
the voice ကို တရားစွဲခဲ့တဲ့ သတ္တုတွင်းဝန်ကြီးလည်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဖြစ်သွားပါတယ်..။



လက်ပံတောင်းတောင် စီမံကိန်းသစ် အုတ်မြစ်ချ အခမ်းအနား။

 အခု လက်ပံတောင်းတောင်စီမံကိန်းကိုတော့ Norinco ရဲ့ လက်အောက်ခံဖြစ်တဲ့ ဦးပိုင်က တစ်ဆင့်ပြန်ရောင်းခဲ့တဲ့  အဲဒီ Wanbao MiningIndustry Co., Ltd. က ၂၀၁၂ မတ်လ (၂၉) မှာ အုတ်မြစ်ချ အခမ်းအနားလုပ်ခဲ့ပါတယ်။  အများသိတဲ့ ၀မ်ပေါင်း ကုမဏီ ပေါ့ဗျာ။ ဒါပေမယ့် အဲဒီအခမ်းအနားမှာ စီးပွားရေးဦးပိုင်လီမိတက်မှ တာဝန်ရှိသူတွေ တက်ရောက်တယ်လို့ တရုတ်ကုမဏီ သတင်းတွေထဲမှာ မတွေ့ရပါဘူး။
အဲဒီ ၀မ်ပေါင်းကုမဏီဟာ မြန်မာနိုင်ငံရဲ့ မွေတောင်အပါအ၀င် သတ္တုတူးဖော်ရေးလုပ်ငန်း တော်တော်များများမှာ ပါဝင်ရင်းနှီးမြုပ်နှံထားသလို မဟာဗျူဟာနဲ့ တရုတ်သြဇာလွှမ်းမိုးရေးအတွက်လည်း တရုတ်အစိုးရကို အများကြီး အထောက်အကူဖြစ်စေတဲ့ ကုမဏီတွေထဲက တစ်ခုဖြစ်ပါတယ်..။

အောက်ပါလင့်မှာ လေ့လာနိုင်ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အုတ်မြစ်ချ အခမ်းအနား။
ဖတ်လို့မရရင်အောက်ပါလင့်ကို ကော်ပီကူးပြီ သုံးပါ..။
http://chinamcc8.com/en/disp.asp?id=169&fid=&lid=22


သုံးသပ်ချက်.။
အဲဒီတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ လက်ရှိအချိန်မှာ  သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ဒုက္ခပေးနေသလို ဒေသခံလယ်သမားလူတန်းစားတွေရဲ့ ဘ၀ရပ်တည်မှု၊ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို ဆိုးကျိုးပဲဖြစ်စေပါတယ်.။.
အဲဒါကြောင့် ဆန္ဒဖော်ထုတ်ရင်း ဖမ်းဆီးခံနေရသူတွေ၊ သတိပေးခံရသူတွေရှိပါတယ်..။ အခု လေ့လာတွေ့ရှိချက်များကို အခြေခံလိုက်ရင် ဦးသန်းရွှေလက်ထက်က မဟာဗျူဟာအရ၊ စစ်ရေးအရပါ ရောထွေးပတ်သက်ဆက်စပ်ခဲ့တဲ့ အကျိုးစီးပွားလုပ်ငန်းကြီးတစ်ခုကို ကျွန်တော်တို့ လမ်းပေါ်ထွက်ရုံနဲ့ ဖြေရှင်းနိုင်ဖို့ မလွယ်ပါဘူး။ ၀မ်ပေါင်းကုမဏီရဲ့ မိခင်ကုမဏီ Norinco China North Industries Corp က ထုတ်လုပ်တဲ့MBT2000 တင့်ကားတွေဟာ မြန်မာ့တပ်မတော်မှာ စတင်အသုံးပြုနေပြီလို့ သိရပါတယ်။



Norinco's VT1A MBT 2000, Main Battle Tank


Rule Of Law ဟာ အောက်မှာရှိနေတုန်းပါပဲ..။ ဥပဒေနဲ့ မညီတဲ့ တစ်ဆင့်ပြန်လည်ရောင်းချမှုကြီး မပေါ်လွင်ခဲ့သလို အခုအချိန်မှာလည်း လယ်သမားပြည်သူတွေ ဒုက္ခရောက်နေပါတယ်..။ သမ္မတလည်း ဒီကိစ္စဟာ သာမန် အကျိုးတူ ရင်းနှီးမြုပ်နှံမှု တစ်ခု မဟုတ်တဲ့အတွက် ကိုင်တွယ်ရ ခက်ခဲနေမယ်လို့ ထင်ပါတယ်.။ တကယ့် ကျဉ်းထဲကြပ်ထဲပါပဲ..။ မြစ်ဆုံကိစ္စတုန်းကဆုံးဖြတ်ခဲ့သလို  အမိန့်တစ်ခုတည်းနဲ့ ပြီးသွားဖို့မလွယ်ပါဘူး.။ အဲဒါကြောင့် အစိုးရက ဒီအချိန်အထိ မတုန့်ပြန်သေးတာလို့ ယူဆပါတယ်။

အဲဒါကြောင့် ဆန္ဒပြသူတွေနဲ့ ကူညီအားပေးသူ ဗကသအပါအ၀င် လှုပ်ရှားသူများကို တိုက်တွန်းချင်တာက ဒီထက် သိမ်မွေ့တဲ့နည်းလမ်းကို သုံးပြီး ဖြေရှင်းကြဖို့ အကြံပြုချင်ပါတယ်.။ သာမာန် သဘာဝပတ်ဝန်းကျင် ကိစ္စ၊ စီးပွားရေးလက်ဝါးကြီးအုပ်မှုကိစ္စမဟုတ်ဘဲ ဒီထက် ကြီးကျယ်တဲ့ ကိစ္စကြီးတစ်ခု နောက်ကွယ်မှာရှိနေတယ်လို့ သုံးသပ်ပါတယ်။ အခုအချိန်မှာ တစ်ဖက်က တင်းခံနေစရာ အကြောင်းအရာတွေ ခိုင်ခိုင်မာမာ ရှိနေတာကို ဖြေလျော့ဖို့ လိုပါတယ်။ အဲဒါကြောင့် မီဒီယာအားလုံးကကော သက်ဆိုင်ရာ နယ်ပယ်အသီးသီးကပညာရှင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများအပါအ၀င် လွှတ်တော်အတွင်း/အပြင် နိုင်ငံရေးအဖွဲ့အစည်းအသီးသီးကပါ ၀ိုင်းဝန် အဖြေရှာကြစေချင်ပါတယ်လို့ ဆန္ဒပြုပါတယ်..။ 

သေချာတာကတော့ ပွင့်လင်းမြင်သာပြီး နိုင်ငံတကာနဲ့ ဆက်ဆံရေးကောင်းတဲ့ အချိန်မှာတောင် တရုတ်က ဂုတ်ကိုကိုင်ပြီး ဆွဲမ ထားတာကို အစိုးရအပါအ၀င် ကျွန်တော်တို့တွေ ခံနေရတာပါပဲ..။ သွားလေသူကြီးရဲ့ ... ကျေးဇူးတရားတွေပေါ့ဗျာ..။

by ငရဲ သား

Posted: 12 Sep 2012 06:19 AM PDT
စက်တင်ဘာလ ၁၂ ရက်၊ ယနေ့ ညနေ ၃နာရီ ၁၀ မိနစ်ဝန်းကျင် အချိန်တွင် မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ ရန်ကုန် - မန္တလေးကားလမ်းမကြီးဘေး ၊ စစ်ကိုင်းလမ်းခွဲ အနီးတွင် လူတစ်ဦး ကိုယ့်ကိုကိုယ် မီးရှို့သတ်သေသွားကြောင်း CJ Myanmar မှ သိရှိရသည်။

ဓါတ်ပုံများ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 12 Sep 2012 05:55 AM PDT
သမိုင်းဝင်လီဒိုလမ်းမကြီး(သို့) ပန်ဆောင်လမ်းမကြီး မြစ်ကြီးနား-တနိုင်းလမ်းပိုင်းမှာ စက်တင်ဘာလ ဆန်းပိုင်းလောက်မှ စကာ ဆိုးရွာစွာပျက်စီးနေပြီး ခရီးသွားပြည်သူများအနေဖြင့် အလွန်ဒုက္ခများလျှက်ရှိပါသည်။

ယခင် မြစ်ကြီးနား-တနိုင်း လမ်းပိုင်းကို ဗင်ကားအနေဖြင့် အလွန်ဆုံး(၅)နာရီသာမောင်းရ   ပြီး၊ မှန်လုံကားများမှာ (၆)နာရီခန့်မောင်းရပါသည်။ ယခုလမ်းပျက်စီးပြီးနောက် ဗင်ကားများမှာ တစ်ရက်နှင့်နေ့ဝက်ခန့်မောင်းရပြီး မှန်လုံကားများမှာ  ၂ ရက်ခန့်မှ အခန့်မသင့်လျှင် ၃ ရက်လောက်အထိလမ်းခရီးတွင်ကြာမြင့်စွာသွားလာမှောင်းနှင်နေရပါသည်။  ယခုကဲ့သို့ဆိုးရွာစွာပျက်စီးခြင်းမျိုးကို ကြုံတွေ့မရှိသည်မှာ ဆယ်စုနှစ်ကြာခဲ့ပြီဖြစ်သည်။

 လီဒိုလမ်းကြီးအား ယုဇနကုမ္မဏီလက်အောက်ခံ လီဒိုဟိုင်းဝေးကုမ္မဏီမှ တာဝန်ယူပြုပြင်ဖေါက်လုပ်နေသည်မှာ(၃)နှစ်ခန့်ရှိပြီဖြစ်ပါသည်။ ယုဇနကုမ္မဏီအနေဖြင့် လက်ရှိလမ်းအားပြုပြင်နေဆဲအချိန်တွင်ပင် လမ်းအသုံးပြုခများ ကောက်ခံမှုကိုစတင်လုပ်ဆောင်ပါသည်

၎င်းတို့သည် လီဒိုလမ်းမကြီးအားစတင်ပြုပြင်ရာတွင် လမ်းမြေညှိသည်ဟုဆိုကာ ယခင်လမ်းဟောင်းကို မြေကော်ကားများဖြင့် မြေညှိကော်ထုတ်လိုက်ခြင်းကြောင့် ယခင်လမ်းဟောင်းမှမြေအမာခံကျောက်များမှာ ကုန်သွားပြီး
မြေပျော့များသာကျန်ရှိနေခဲ့ပါသည် မိုးရွာသွန်းခြင်းမရှိသောအချိန်တွင် မသိသာသော်လည်း မိုးရာသီမိုးရွာချိန်တွင် လမ်းမှသုံးမရအောင်ပျက်စီးသွားခြင်းဖြစ်သည်ဟု နားလည်သူများကသုံးသပ်ပါသည်။ 

၎င်းတို့အနေဖြင့် ၄င်းတို့၏ကုမ္မဏီလမ်းများကို ကောင်းသထက်ကောင်းအောင်ပြုပြင်သော်လည်း
လမ်းအသုံးပြုခကောက်ခံသော လီဒိုလမ်းကိုမူ ထိရောက်စွာပြုပြင်ခြင်းမရှိဟု ဒေသခံများကသုံးသပ်ပါသည်။

ယခုလမ်းပျက်စီးသွားခြင်းသည်လည်း ယုဇနကုမ္မဏီပိုင် ပလောပီနံမှုန့်များသယ်ဆောင်သော ၁၂ ဘီးကားများဗွက်နှစ်ရာမှ သွားမရအောင် ဗွက်တန်များဖြစ်သွားခြင်းဖြစ်သည်ဟု ကားသမား အများစုများပြောဆိုကြပါသည်။ 

ယခုလီဒိုလမ်းအား ယုဇနကုမ္မဏီအနေဖြင့် ပြုပြင်နိုင်ခြင်းမရှိလျှင် ပြည်နယ်အစိုးရအားပြန်လည်အပ်နှံရန် ကချင်ပြည်နယ်အစိုးရမှလည်းတောင်းဆိုထားသည်ဟုကြားသိရပါသည် ယုဇနကုမ္မဏီအနေဖြင့် ပြန်လည်ပေးအပ်ရန်ငြင်းဆန်ထားသည်ဟုသိရပါသည်။

(ဟူးကောင်းသား) ၁၂.၉.၂၀၁၂

Myanmar News Now

သမိုင်းဝင်လီဒိုလမ်းမကြီး(သို့)ပန်ဆောင်လမ်းမကြီး မြစ်ကြီးနား-တနိုင်း လမ်းပိုင်း ဆိုးရွာစွာပျက်စီးနေပုံ



Posted: 12 Sep 2012 05:50 AM PDT
ယနေ့ ၁၂  .၉.၂၀၁၂ တွင် တောင်ကြီး မြို့အထွက် တွင် တည်ရှိသော ထင်းရူးမြိုင်ကျောင်းအား အတင်းအဓမ္မလာရောက် ဖျက်ဆီးနေကြောင်း သတင်းရရှိ ပါတယ်။

 ကျောင်းထိုင်း ဘုန်းကြီး ဦးကုဝိစာရ ပြောပြချက်အရ နေ့လည် ၂ နာရီ ခွဲ အချိန် ခန့် တွင် လူအယောက် ၁၀၀ ခန့်  သည် (မီးသတ်သမားများ အပါအဝင် ) တို့သည် ကျောင်းထိုင်ဘုန်းကြီးအား မိမိတို့ ကိုယ်တိုင်ဖျက်မလား ကျွန်တော်တို့ ကိုယ်တိုင်ဖျက်ပေးရမလား ဆိုပြီး လာပြောပါတယ် ဒါကာကြီး ဆို၍ ဘုန်ကြီး မှ မိန့်မူပါတယ်။

၎င်း နေရာတွင် ကမ္ဘောဇဘောလုံး လေ့ကျင့်ရေးကွင်း တည်ဆောက်မည်ဆိုသည့်အတွက် ကျောင်းအား အတင်းအဓမ္မ ဖယ်ရှားခိုင်းနေတာဖြစ်ကြောင်း လွိုင်မော မီဒီယာ ဂရု မှ သတင်းပေးပို့ ထားပါတယ်။

Myanmar News Now

ကျောင်းထိုင်း ဘုန်းကြီး ဦးကုဝိစာရ



Posted: 12 Sep 2012 04:54 AM PDT
စက်တင်ဘာလ ၁၁ ရက်နေ့ မနေ့ညနေ ၆ နာရီ က ဘင်္ဂါလီ  များ က ဓါး ဖြင့်ခုတ်သတ် ၍ သေဆုံး ခဲ့ရသော ကျောက်တော်မြို့နယ် သရက်အုပ်ကျေးရွာမှ ဦးကျော်မောင်ချေ အလောင်းပုံများ --

ဓါတ်ပုံများကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

ကျောက်တော်မြို့ နယ် သရက်အုပ်ကျေးရွာနေ ဦးဖိုးမောင်၏သား ယခင် ဥက္ကဌ ဟောင်း ဦးကျော်မောင်ချေ ( ၆၂-နှစ်) သည် ကျောက်တော်မြို့ နယ် ပိုက်သည်ရပ်ကျေး ရွာနှင့် ကာလီယာကျေးရွာကြား လယ်ပြင်နားတွင် စက်တင် ဘာလ ၁၁ ရက်နေ့  ညနေ ၅ နာရီကျော်တွင် ဘင်္ဂလီ များ သတ်ဖြတ်မှုကို ခံလိုက်ရသည်ဟု သိရှိရပါသည်။

ဖြစ်ပွားပုံမှာ သရက်အုပ်ကျေးရွာနေ ဦးကျော်မောင်ချေ သည် ကျောက်တော်မြို့ သို့ ပစ္စည်းဝယ် ယူရန်လာပြီး ကျောက် တော်မှ သရက်အုပ်ကျေးရွာသို့  ညနေ ၅ နာရီလောက်တွင် ပြန်လာရာ လမ်းတွင် ပိုက်သည်ရပ် ကုလားရွာနှင့် ကာလီယာကျေးရွာအကြား လယ်ပြင်နားတွင် ဘင်္ဂလီများဓါးနှင့် ၀ိုင်းခုတ်ခြင်းကို ခံလိုက်ရခြင်းဖြစ်တယ်လို့ ဒေသခံများက Myanmar News Now ကို ပြောပါတယ်။

ဦးကျော်မောင်ချေအား ဘင်္ဂလီများ ခုတ်သတ်ပြီး အလောင်းကို ပစ်ထားခဲ့ရာ ညဥ့် (၁၁) နာရီလောက်တွင် ရွာသားများက အလောင်းကို တွေ့ ရှိပြီး  ခမရ ၃၇၈ တပ်ရင်းကို အလောင်းကောင်ကို ကြည့်ရှု စစ်ဆေးရန် တိုင်ကြားရာ တပ်ရင်းမှူးနှင့် တာဝန်ရှိသူများက စစ်ဆေးကြည့်ရှုရန် မလိုက်နိုင်ဟု ဖြေကြားခဲ့ကြောင်း သိရှိရပါတယ်။

ကျောက်တော်ရဲစခန်းကိုလည်း ဖုန်းဆက်တိုင်ကြားရာ စစ်တပ်မှ အတိုင်း ဖြေကြား ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့်  ကျေးရွာသားများက အလောင်းကို ည (၁၂) နာရီလောက်တွင် ယူပြီး ရင်ခွဲရုံသို့ ပို့  ထားလိုက်သည်။  ယခုအခါ ရဲစခန်းမှ တရားခံများကို လိုက်လံဖမ်းဆီးနိုင်ရန် ပြင်ဆင်နေပေမယ့် တရားခံကို ဖမ်းဆီးမမိသေးကြောင်း သိရပါတယ်။

တရားခံကို ဖမ်းဆီးနိုင်ရေး စစ်တပ်နဲ့ ရဲ က ထိရောက်စွာ ဆောင်ရွက်မှုမရှိပါက ကျောက်တော် တမြို့ လုံး ဆန္ဒပြမှု ပြုလုပ်သွားမည်ဟု ဒေသခံများက Myanmar News  Now ကို ပြောပါတယ်။

သရက်အုပ်ကျေးရွာမှ ဦးကျော်မောင်ချေ အလောင်းပုံ



Posted: 12 Sep 2012 04:21 AM PDT
ကျိုင်းတုံမြို့ မီးလင်းရေး အတွက် ကျိုင်းတုံမြို့(ရှမ်းအရှေ့)၏ မိုင်းခွန်ရေအား လျှပ်စစ်ဓါတ် အားပေးစက်ရုံကို ၁၉၉၂ခုနှစ်မှ စတင်တည်ဆောက် ခဲ့ပါသည်။ မိုင်းခွန်ရေအားလျှပ်စစ်ဓါတ်အားပေး စက်ရုံကို တည်ဆောက်ရာတွင် ပြည်သူလူထုဘက်မှ ထည့်ဝင်ငွေများ လည်းပါရှိပါသည်။ ငွေလက်ခံဖြတ်ပိုင်းနှင့် တကွပူးတွဲးတင်ပြပါသည်။

 ယခုအ ခါကျိုင်းတုံ EPC ၀န်ထမ်းအချို့၏ အကျင့်ပျက်ခြစားမှု့ ကြောင့် ကျိုင်းတုံမြို့ပေါ်(၅)ရပ်ကွက်တွင် နေထိုင်ကြသည့်မြို့ နေလူထုမှာ မိုင်းခွန်ရေအား လျှပ်စစ်မှထုတ်ပေးသော လျှပ်စစ်ကိုအပြည့်၊ အ၀မခံစားရပါ။ ည(၁၀)နာရီတွင်မီးပေးပြီး နံနက်(၅)နာရီခွဲတွင် မီးဖြတ်တောက်ပါသည်။ မြို့နေလူထု၏ အိပ်စက်အနားယူနေသော အချိန်ဖြစ်ပါသည်။

သို့သော် အကျင့်ပျက် EPC ၀န်ထမ်းအချို့က ငွေယူပြီးအထူးလိုင်းအဖြစ် ချိတ်ပေးထားသော ဟော်တယ်များ၊ အိမ်တွင်းစက်မှု လုပ်ငန်းများနှင့် နေအိမ်အချို့မှာ(၂၄)နာရီ ပြည့်မီးရရှိနေပါသည်။ ထိုအကျင့်ပျက် EPC ၀န်ထမ်းများကအိမ်တစ်လုံး အတွက်လစဉ် ကျပ်ငွေသုံးသောင်းပေးလျှင် အထူးလိုင်းချိတ်ပေးပါသည်။

ငွေကြေးမတတ်နိုင်သူများက ဖယောင်းတိုင် မီးကိုအကန့်အသတ်နဲ့သာ သုံးနိုင်ပြီးမီးငြိမ်းသည့် အခါမှောင်ထဲမှာပဲ နေကြရပါသည်။သိုဖြစ်ပါသောကြောင့်တိုင်း ပြည်ကိုအဘက်ဘက်မှ ပြန်လည်ပြုပြင်တည်ဆောက်နေသည့် ကာလတွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို   အနှောက်အယှက်ဖြစ်စေသည့် အကျင့်ပျက်ခြစားမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနမှ တိကျသော စုံစမ်းစစ်ဆေးမှု့ များ ပြုလုပ်ပြီးထိရောက်စွာ အရေးယူပေးပါရန် အသိပေးအပ်ပါသည်။

ကျိုင်းတုံမြို့သူမြို့သားများ



Posted: 12 Sep 2012 04:13 AM PDT
မန္တလေး ရှိ ချမ်းမြသာစည် ၊ပြည်ကြီးတံခွန်၊ အမရပူရမြို့နယ် သုံးမြို့နယ်ရှိ ကျူးကျော်နေအိမ်များနှင့် ကျူးကျော်ဝင်းခြံ ခတ်သူများ ဖယ်ရှားနိုင်ရေး စီမံချက်ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွန်ကြားချက်နှင့် အညီဆောင်ရွက်မည်ဟု သိရသည်။

၎င်းစီမံချက်အတွက် မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးတွင် ယမန်နေ့က မန္တလေးမြို့တော်ဝန်၊ စည်ပင်သာယာရေး ဝန်ကြီးဦးအောင်မောင်းနှင့် တာဝန်ရှိသူများမှ ကျူးကျော်နေထိုင်သူများ ကိုဖိတ်ကြားကာ တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ်ရှိ အောင်သာယာရပ်ကွက်၊မြရည်နန္ဒာရပ်ကွက်၊ပြည်ကြီးတံခွန်မြို့နယ်ရှိ ကံကြီးကုန်းကျေးရွာ ၊ဇီးအုပ်ကျေးရွာ၊ ၇ွာသစ်ကလေးကျေးရွာနှင့် အမရပူရမြို့နယ်ရှိ နတ်ရေကန်ကျေး၇ွာများအတွင်းရှိကျူးကျော်များကိုဖယ်ရှားရှင်းလင်းရေး ဆွေးနွေးခဲ့ကြောင်းသိရသည်။

စိုင်းလမင်းအောင် - Popular Myanmar News Journal


ကျူးကျော်နေထိုင်သူများ ကိုဖိတ်ကြားကာ တွေ့ဆုံရှင်းလင်းပွဲပြုလုပ်စဉ်။ ဓါတ်ပုံ - Popular Myanmar News Journal



Posted: 12 Sep 2012 04:02 AM PDT
ကမာရွတ်မြို့နယ်တွင်ဖြစ်ပွားခဲ့သော အိမ်အကူအမျိုးသမီးငယ် သေဆုံးမှုနှင့် ပတ်သက်၍ အိမ်ရှင်အမျိုးသမီးက ၄င်းကိုယ်တိုင် သတ်ခဲ့ကြောင်း ၀န်ခံလိုက်ပြီဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ ရဲမှူးက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ "သေတာက ၃၆ နာရီအတွင်းသေတယ်။ သေဆုံးသူက ဧရာဝတီတိုင်း ပုသိမ်မြို့ကပါ။ တရားခံကလည်းဝန်ခံတယ်။ ၀န်ခံတော့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တရားခံ MRTV-4 မှ ထုတ်လွှင့်မည့် ရုပ်သံဇာတ်လမ်းတွဲတွင် သရုပ်ဆောင်ရန် ရွေးချယ်ခံထားရသော မေဇွန်



Posted: 12 Sep 2012 03:54 AM PDT
 ဆားလင်းကြီးမြို့နယ်၊ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး အတွက် ဝတ်ပြု ဆုတောင်းနေစဉ် ဖမ်းဆီးထိန်းသိမ်းခြင်း ခံရပြီးနောက် မုံရွာမြို့ အမှတ် ၁ ရဲစခန်းမှ ပြန်လည် လွတ်မြောက်လာ သည့် အမျိုးသမီးများထဲမှ နှစ်ဦးမှာ ရိုက်နှက်ခံရမှုကြောင့် အိပ်ယာထဲတွင်သာ လဲလျောင်းနေရကြောင်း သိရှိရသည်။ ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဆားလင်းကြီးမြို့နယ်၊ရဲစခန်းရှေ့ မှာ ဆန္ဒပြနေကြတဲ့ ဒေသခံများ



Posted: 12 Sep 2012 03:33 AM PDT
မနေ့က ကားဗုံးခွဲတိုက်ခိုက်လုပ်ကြံမှုကြောင့် ယီမင်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ထိခိုက်ဒဏ်ရာရခဲ့ပြီး လွတ်မြောက်သွားခဲ့ပေမယ့် ၀န်ကြီးရဲ့ သက်တော်စောင့် ၈ ဦးနဲ့ အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရရှိပါတယ်။

မျက်နှာနဲ့ ရင်ဘတ်မှာ ဒဏ်ရာရသွားတဲ့ ၀န်ကြီးကို ဆေးရုံ ပို့လိုက်ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဆာနာ (Sanaa) မြို့ ၀န်ကြီးချုပ်ရုံးမှာ အစိုးရအဖွဲ့တွေရဲ့ အစည်းအဝေး ပြီးတဲ့နောက်မှာ ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ် မိုဟာမက် နာဆီ အာမက် (Muhammad Nasir Ahmad) ရဲ့ ယာဉ်တန်း ပြန်လည် ထွက်ခွာလာစဉ်မှာ တိုက်ခိုက်ခံရတာလို့ မျက်မြင်သက်သေတွေ က ပြောပါတယ်။

သေဆုံးသူ အရေအတွက် ပိုမြင့်လာပြီးတော့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေလည်း ပြန့်ကျဲနေတယ် လို့ ဆေးဘက်ဆိုင်ရာတွေက ပြောပါတယ်။ ၀န်ကြီးက ၀န်ကြီးချုပ်ရုံးကနေ ထွက်မယ့် အချိန်မှာ ရှိနေတုန်း သူရဲ့ လူတွေက ကားဆီအသွား ပေါက်ကွဲခဲ့တာဖြစ်ပြီး အနီးနားက တခြား ကားတွေလည်း ပေါက်ကွဲခဲ့တဲ့အတွက် ပြင်းပြင်းထန်ထန် ဒဏ်ရာရတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

ဒီဇင်ဘာလက အစိုးရသစ် ဖွဲ့ပြီးတဲ့နောက် ကာကွယ်ရေးဝန်ကြီးကို ၄ ကြိမ်မြောက် လုပ်ကြံဖို့ ကြိုးစားတာဖြစ်ကြောင်း အစိုးရအရာရှိတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှု အတွက် တာဝန်ရှိတဲ့ အဖွဲ့ဘယ်သူလဲဆိုတာ အခုချိန်မှာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

မျက်မြင်သက်သေ အဗူဒူလာ အာမက် (Abdulla Ahmed) က ကား ၃ စီးဘေးက ကား ၁ စီး ပေါက်ကွဲခဲ့သလို ထိခိုက်တဲ့သူတွေလည်း ရှိတယ်လို့ ပြောပါတယ်။ ဘယ်သူလုပ်တယ်ဆိုတာ မသိရပေမယ့် လူ ၅ ယောက်၊ ၆ ယောက်လောက် မီးလောင်နေတာကိုတော့ တွေ့ရတယ်လို့ ဆိုပါတယ်။

ယီမင်မှာ အယ်လ်ကိုင်းဒါး ချိတ်ဆက်အဖွဲ့ လှုပ်ရှားနေပြီးတော့ အရင် ၁ ပတ်က အယ်လ်ကိုင်းဒါး အဖွဲ့ခွဲ လက်ထောက်ခေါင်းဆောင် အယ်လ်ရှိဟာရ်လည်း သေဆုံးခဲ့ပါတယ်။ သူ့ကို အမေရိကန်၊ ဆော်ဒီနဲ့ ယီမင်အာဏာပိုင်တွေက အလိုရှိနေ တာလည်း ဖြစ်ပါတယ်။
အယ်လ်ရှိဟာရ်ဟာ ၂၀၀၇ ခုနှစ်တုန်းက ဖမ်းဆီးထိန်းသိမ်းထားရာကနေ လွတ်မြောက်သွားခဲ့ပြီး ၂၀၀၈ ယီမင်ရှိ အမေရိကန် သံရုံးကို တိုက်ခိုက်ရာမှာလည်း ပါဝင် ပတ်သက်တယ်လို့ ဆိုနေပါတယ်။

 by ဒီဗွီဘီ 




Posted: 12 Sep 2012 03:24 AM PDT
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ဖြစ်ပွားနေတဲ့ လက်ပန်းတောင်းတောင် ဒေသခံတွေ၊ မုံရွာကျောင်းသားများသမဂ္ဂနဲ့ အာဏာပိုင်တွေ ဖြစ်ပွားနေတဲ့ ပဋိပက္ခ္ခတွေကို ပုလဲမြို့နယ် ပြည်သူ့ လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က ၀င်ရောက် ရှင်းလင်းပေးနေပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် တောင်သူများ တောင်းဆိုစဉ်



Posted: 12 Sep 2012 03:12 AM PDT
ကမ္ဘာ့ထိပ်တန်း နိုင်ငံတကာ ငွေလွှဲ ကုမ္ပဏီကြီး တခုဖြစ်တဲ့ Western Union ဟာ မြန်မာနိုင်ငံနဲ့ ငွေလွှဲလုပ်ငန်းစတင်ဖို့ မြန်မာ့ အရှေ့တိုင်းဘဏ် (အမ်အိုဘီ) နဲ့ လက်မှတ်ရေးထိုး လိုက်ပြီဖြစ်ပြီး  ကမ္ဘာတလွှားမှာ ရောက်နေတဲ့ မြန်မာတွေ စိတ်ချ လျင်မြန်စွာ ငွေလွှဲနိုင်ကြတော့မယ်လို့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 12 Sep 2012 03:00 AM PDT
ယခုအချိန် အတွင်းမှာဘဲ စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ်- ဦးသာအေး နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို လက်ပန်းတောင်းတောင် အရေးကိစ္စနှင့် ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်း ခံထားရသော မသွဲ့သွဲ့ဝင်း ၊မအေးနက် ၊မဖြူဖြူဝင်း ၊ ကိုဝေဠုတို့ကို ပြန်လည်လွတ်ပေးရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး ၊မုံရွာခရိုင် ၊ပုလဲမြို့နယ် NLD ပါတီ ၊ပုလဲမြို့နယ် အမတ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်သည် တွေ့ဆုံဆွေး နွေးနေပြီဖြစ်ကြောင်း----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဖမ်းဆီထိန်းသိမ်းခံရပြီး ပြန်လည်လွတ်မြောက်လာသူ၏ ကျန်းမာရေးအခြေ အနေအား ပုလဲမြို့နယ်ပြည့်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် မှ တွေ့ဆုံအားပေးနေစဉ်။
 ဒေါ်ခင်စန်းလှိုင် မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူးကြူအင်းနှင့်တွေဆုံဆွေးနွေး မေတ္တာရပ်ခံနေစဉ်ပုံ။
အကြမ်းမဖက်အနုနည်းဖြင့်အေးချမ်းစွာ ဆန္ဒထုတ်ဖော်ရန် တရားဥပဒေနှင့် အညီသာ ဆောင်ရွက်ရန်ကိုလည်း ဒေါ်ခင်စန်းလှိုင်မှ မေတ္တာရပ်ခံပန်ကြား ခဲ့စဉ်ပုံ။


Posted: 12 Sep 2012 02:35 AM PDT
စက်တင်ဘာလ ၁၃ ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၂၇

ဂျာနယ် ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 12 Sep 2012 02:20 AM PDT
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၅၉လမ်း၊ မနော်ဟရီလမ်း နှင့် သိပ္ပံလမ်းကြား ရှိ 'ဌက်နှစ်ကောင်' ချိုချဉ်စက်ရုံ တွင် အလုပ်သမားအခွင့်အရေး ရပိုင်ခွင့်များကို အလုပ်သမားတစ်ဦးမကျန် ရရှိနိုင်ရန်အတွက် ၁၂.၉.၂၀၁၂ မနက် (၅)နာရီ ကတည်းက တောင်းဆိုခဲ့ကြပါတယ်။---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

'ငှက်နှစ်ကောင်' ချိုချဉ်စက်ရုံ အလုပ်သမားများဆန္ဒထုတ်ဖော် နေစဉ်



Posted: 12 Sep 2012 02:09 AM PDT
 ရန်ကုန်မြို့တွင် ကျင်လည်နေသည့် ပြည့်တန်ဆာအချို့မှာ အတန်အသင့် လယ်ဝယ်မှုရှိသဖြင့် အကြောင်းပြ ဖမ်းဆီးခံရမှု အနည်းငယ် သက်သာသော်လည်း နယ်မှ ပြည့်တန်ဆာများမှာ အနိုင်ကျင့် နှိပ်ကွပ်ခံရမှု ပိုများကြောင်း ပြည့်တန်ဆာကွန်ရက်တစ်ခုမှ သိရသည်----

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ






Posted: 12 Sep 2012 01:47 AM PDT
၂၀၁၂ ခုနှစ် စက်တင်္ဘာလ ၁၀ ရက်နေ့မှာ  ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်တွေ ဟာ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော်အပိုင်မှာ တည်ရှိပြီး တရွာလုံးမီးရှို့ခံ လိုက် ရတဲ့  မောရ၀တီ ကျေးရွာကို ရောက်ရှိခဲ့ပါတယ်။ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်တွေ ဟာ မောရ၀တီ ဗဟိုသာသနာပြု ဆရာ တော် အသျှင်ဝိဇယကို တွေ့ဆုံခဲ့ပြီး မေးမြန်း စုံစမ်း တာတွေ ပြုလုပ် ခဲ့ပါတယ်။ ဆရာတော်ကို ဆက်သွယ်ပြီး ဘာတွေကို ဖြေကြား ပြောဆိုခဲ့ပါ သလဲ ----

အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 12 Sep 2012 01:18 AM PDT
စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်တွင် ပိုက်သည်ရပ် ဘင်္ဂါလီကျေးရွာ၏ ခြောက်ဖာလုံခန့်အကွာ လယ်ကွင်းပြင်တွင် လည်ပင်းပြတ်ရှ ဒဏ်ရာ၊ ၀ဲနားနောက်ပြတ်ရှဒဏ်ရာ၊ ယာပါးပြတ်ရှဒဏ်ရာ၊ ဂုတ်ပိုးပြတ်ရှဒဏ်ရာ ဖြင့်သေဆုံးနေသည်ကို တွေ့ရှိပြီး အလောင်းအား ကျောက်တော်ဆေးရုံသို့ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...