Saturday, August 25, 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒဖော်ထုတ်မှု

                                       ယခုလိုထိုင်ရှိခိုးတောင်းပန်သော်လည်းမရပါ.....

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် လျော်ကြေးမရရှိဘဲ သိမ်းခံရသည့် လယ်ယာမြေ ဧကပေါင်း ၇၈၀၀ ကျော်အတွက် ဒေသခံများကမကျေနပ်မှုကြောင့်သြဂုတ်လ ၂၅ ရက်နေ့ မွန်လွဲ ၂ နာရီ ၅၂ မိနစ်အချိန်တွင် ဒေသခံ ဦးရေ ၁၀၀၀ ၀န်းကျင်ခန့်က အဆိုပါ စီမံကိန်း ဧရိယာအတွင်းသို့ မောင်းများတီး၍ ဆန္ဒဖော်ထုတ်မှုတပ်ရပ် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။


အဆိုပါ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ဆောင်ရန်အတွက် ကျေးရွာပေါင်း၂၂ ရွာမှ လယ်ယာမြေများ သိမ်းခံရပြီး ကျေးရွာလေးရွာမှာ ရွာလုံးကျွတ်ပြောင်းရွှေ့ပေးခဲ့ရကြောင်း ဒေသခံများပြောပြချက်အရ သိရှိရသည်။ ဒေသခံများအနေဖြင့် အဆိုပါစီမံကိန်းမှ တာဝန်ရှိသူများ ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ဆုံနေရသည့် အဓိကအကြောင်းအရာတစ်ခုမှာ ၂၀၁၀ ခုနှစ်အတွင်းက ယင်းစီမံကိန်းပြုလုပ်ရန်အတွက် ဒေသခံများကို သုံးနှစ်စာ သီးနှံလျော်ကြေးငွေအဖြစ် ကျပ် ၅ သိန်း ၂ သောင်းစီ ပေးအပ်ခဲ့ပြီး ယခုအခါတွင် လယ်ယာမြေများကို အပြီးအပိုင် သိမ်းဆည်းခဲ့သည့်အတွက်ဖြစ်ကြောင်း သိရှိရသည်။





လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင်သိမ်းခံရသော လယ်ယာဧကပေါင်း ၇၈၀၀ ကျော်အတွက် ဒေသခံများမှ ဆန္ဒဖော်ထုတ်မှု

လယ်ယာမြေများ အသိမ်းခံခဲ့ရသည့်အတွက် လူဦးရေ တစ်ထောင်ဝန်းကျင်ရှိ ဒေသခံများစုပေါင်း၍ သြဂုတ် လ ၂၄ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်း သွားရောက်၍ ဆန္ဒဖော် ထုတ်မှု ပြုလုပ်ခဲ့သည့်အပြင် အသိမ်းခံခဲ့ရသည့် လယ်ယာမြေများအပေါ်တွင် "ကျေးရွာပိုင်လယ်ယာမြေများ မည် သူမှ လုံးဝ မကျူးကျော်ရ"စသည့် စာတမ်းများ ရေးသားထားသော ဆိုင်းဘုတ်များကို စိုက်ထူခဲ့ကြာင်း သိရှိ ရသည်

ယင်းကဲ့သို့ ပြုလုပ်ရာတွင် ဒေသခံများမှာ စီမံကိန်းတွင်တာဝန်ယူလျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်များနှင့်ထိပ်တိုက် တွေ့ဆုံခဲ့ရသည်။ ထို့အပြင် ရဲတပ်ဖွဲ့ဝင်အင်အား လေးရာနီးပါးက စီမံကိန်းဧရိယာအတွင်း ဝင်ရောက်လာ သော လယ်သိမ်းခံရသည့် ဒေသခံများကို လက်နက်များကိုင်ဆိုင်၍သော်လည်းကောင်း၊ ဒိုင်းများကို ရာဘာတုတ်များဖြင့် ရိုက်၍ လမ်းလျှောက်ချီတက်ခြင်းတို့ဖြင့် ခြောက်လှန့်၍ လူစုခွဲခဲ့ကြောင်း သိရသည်။



ယင်းကိစ္စနှင့်ပတ်သတ်၍ ဆားလင်းကြီးမြို့နယ် ဆည်တည်းရွာမှ တောင်သူဦးမြင့်သိန်းက "ကျွန်တော်တို့ကို အစတုန်းက ကားကြီးတွေ ဖြတ်မောင်းသွားမှာဖြစ်တဲ့အတွက် ဆုံးရှုံးရမယ့် သီးနှံတွေအတွက် သုံးနှစ်စာ လျော်ကြေးအနေနဲ့ပေးခဲ့လို့ ယူခဲ့ပါတယ်။ အဲဒီလျော်ကြေးတောင် တခြားပြဿနာတွေ ဆက်အဖြစ် မခံချင်တော့လို့ ယူခဲ့တာပါ။ အခုကျတော့ မင်းတို့ကို လျော်ကြေးပေးပြီးသားဖြစ်တဲ့အတွက် လယ်ယာမြေ တွေကို သိမ်းတယ်ဆိုတာ ပြောလာတော့ လုံးဝလက်မခံဘူး။ ကျွန်တော့်အနေနဲ့ လယ်ယာအသိမ်းခံရလို့  ယာမြေ ၁၄ ဧကကျော် ဆုံးရှုံးခဲ့ပါတယ်။ ကိုယ့်မျိုးရိုးစဉ် ဆက်လုပ်လာခဲ့တဲ့ ယာမြေပေါ်မှာ ပြန်လည် လုပ်ကိုင်ခွင့်ရဖို့  အခုလိုလာရောက် ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်”ဟု ပြောပြခဲ့သည်။



လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင်သိမ်းခံရသော လယ်ယာဧကပေါင်း ၇၈၀၀ ကျော်အတွက် ဒေသခံများမှ ဆန္ဒဖော်ထုတ်မှုကို လုံခြုံရေးမျာစောင့်ကြည့်နေပုံ... 
ဝက်မှေးကျေးရွာမှ ဒေသခံတစ်ဦးကလည်း “အခုကျွန်တော်တို့ဖြစ်နေတဲ့ အခြေအနေက ကိုယ်ပိုင်တဲ့ လယ်ယာမြေတွေကို အင်အားသုံးပြီး လုခံရတာပဲ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေက ကိုယ့်လူမျိုးကို အကာအကွယ် မပေးဘဲ စီမံကိန်းကို လုပ်နေတဲ့ တရုတ်လူမျိုးတွေကိုပဲ အကာအကွယ်ပေးနေတယ်လို့ ပြောရမယ်။ ဒေသခံတွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုတွေ လုံးဝမလုပ်ဘူး။ ကျွန်တော်တို့ ဆုံးရှုံးရတဲ့ အခြေအနေတွေနဲ့ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ တင်ပြတာတွေ ပြောပြတာတွေကို သူတို့က လုံးဝ လက်မခံပါဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီစီမံကိန်းကြီး လုံးဝရပ်ဆိုင်းသွားဖို့အတွက် အသက်ပေးတဲ့အထိ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဆက်လက်ပြုလုပ်သွားပါမယ်"ဟု ပြောကြားခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ၂၀၁၀ ပြည့်နှစ်အတွင်းက သတ္တုတွင်းဝန်ကြီးဌာနမှ မြန်မာ့စီးပွား ရေး ဦးပိုင်လီမိတက်သို့ လုပ်ပိုင်ခွင့်လွှဲပြောင်းခဲ့ကြောင်း သိရသည်။ ယင်းစီမံကိန်းကြီးကို အကောင်အထည် ဖော် ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံမှ မြန်မာဝမ်ဘိုကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး မြေသယ် ယူသည့်လုပ်ငန်းနှင့် အခြားလုပ်ငန်းအချို့ကို ထူးကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...