သစ်ထူးလွင် သတင်းစုစည်းမှု (၁၈-၈)
သစ်ထူးလွင်
|
- ဧရာဝတီတိုင်းအတွင်းရှိ ဘုရားနီရွာလုံးကျွတ် ရေကြီးနစ်မြုပ်
- မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ
အမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်း ခြင်းအားကန့်ကွက် - ၈၄ လမ်းတွင် အဝေးပြေးခရီးသည်တင်ယာဉ်များ သြဂုတ် ၂၁ မှစ၍ ဖြတ်သန်းခွင့်မပြု
- ပုသိမ်ခရိုင်တွင် ရေဘေးဒုက္ခသည်သုံးသောင်းကျော်ရှိ
- ပုသိမ်မြို့ရေဘေး ဒုက္ခသည်များ အတွက် အလှူခံမည်
- ကြို့ကုန်း ဖိနပ်စက်ရုံ ဆိုင်ခန်းပိုင်ရှင်များ ဆန္ဒ ဖော်ထုတ်မည်
- ရှမ်းပြည်တောင်ပိုင်း အင်တာနက်ဆိုင်များ WIFI မလွှင့်ရန် ညွှန်ကြား
- မြေးအဘိုးနှစ်ဦး အရက်အတူသောက်ရာမှ အဘိုးအသတ်ခံရ
- မန္တလေးမြို့ရှိ ကျူးကျော်မြေများကို အင်အားသုံး ဖယ်ရှားရန် မြို့တော်ဝန်ထံ စာတင်
- လက်ပန်းတောင်းတောင်ကြေးနီစီမံကိ
န်းကျေးရွာများ ဆန္ဒထုတ်ဖော် - သြဂုတ်လ (၁၈)ရက်နေ့ ထုတ် The Voice Journal Vol 8/ No 33 ( ၈ နှစ်ပြည့် အထူးထုတ် )
- လိုင်စင် အသိမ်းခံ ရှေ့နေအချို့ အမှုလိုက်ခွင့် ပြန်လည်ရရှိ
- ဇာတ်ရုပ်ကို ပြောင်းမှဖြစ်မည် (Change in Myanmar)
- ရခိုင်အရေး ကော်မရှင် ဖွဲ့စည်းမှု ဘန်ကီမွန်းကြိုဆို
- ကားပြိုင်မောင်းရာမှ ကျောင်းကြိုပို့ယာဉ်တိမ်းမှောက် ၊ ကျောင်းသား(၁၇)ဦး ဆေးရုံတင်ရ
- မီဒီယာ ကွာဟချက် မရှိစေရန် လွှတ်တော်ဂျာနယ် ထုတ်ဝေမည်
- ရေဘေးကြောင့် ပုသိမ်ခရိုင်တွင် အခြေခံပညာ ကျောင်း(၄) ထောင်ကျော် ပိတ်ထားရ
- စိုးရိမ်ဖွယ်ရှိနေသည့် ကန်ကြီးဒေါင့် ရွေးရေထိန်းတာ အက်ကွဲမှု
- မူဆလင် ဘာသာဝင်တွေ ဆန္ဒပြရာမှ အကြမ်း ဖက်မှု ဖြစ်ပွား
- ၀ါဝါ၀င်းကုမ္ပဏီနဲ့ လယ်သမား ၆၁ ဦး တွေ့ဆုံညှိနှိုင်း
- China Southem Weekend စာစောင်ပါ ဖော်ပြချက်နှင့် စပ်လျဉ်း၍ ဦးအောင်သိန်း ၏ ရှင်းလင်းတင်ပြချက်
- ကျူရှင်တွင် အဓိကထားပြီး စာသင် နေကြသည့် ဆရာ၊ ဆရာမများ
- FMI City ဆောက်လုပ်ရေး လုပ်သားဟောင်းတွေ ဆန္ဒပြ
Posted: 18 Aug 2012 07:35 AM PDT
ဧရာဝတီတိုင်း သာပေါင်းမြို့နယ် ဘုရားနီကျေးရွာတွင် ယခုလ ၈ ရက်နေ့တည်းက ရွာလုံးကျွတ် ရေကြီးနစ်မြုပ်လျက်ရှိပြီး ဒေသခံများမှာ ကုန်းမြင့်ဒေသများရှိ ဘုန်းတော်ကြီးကျောင်း၊ ကားလမ်းနဘေးနှင့် ရထားလမ်းတာဘောင်များသို့ ပြောင်းရွှေ့ကာ ယာယီစခန်းများထိုး၍ နေထိုင်နေကြရသည်။
အိမ်ခြေ ၃၂၆ လုံး၊ လူဦးရေ ၁၄၆၆ ယောက်တို့သည် ပုသိမ်- ကြံခင်း ရထားလမ်း၊ ကျေးရွာဆေးပေးခန်းနှင့် ကုန်းမြင့်နေရာဖြစ်သည့် ဒေသအခေါ် ဘက်ဖိုးတာဘောင် တို့တွင် ကိုယ်ထူကိုယ်ထ စခန်း လေးခုဆောက်လုပ်၍ နေထိုင်နေကြရသည်။ ယင်းအပြင် ကုန်းမြင့်ဒေသများရှိ နီးစပ်ရာ ကျေးရွာများဖြစ်သည့် သပြေကျွန်းရွာ၊ ဒါးကရွာ၊ မန္တလေးကုန်းရွာများရှိ ဆွေမျိုးများထံသို့လည်း ရွှေ့ပြောင်းနေထိုင်နေကြရသည်။ "သူပြောင်းချင်တဲ့နေရာ ပြောင်း၊ ကိုယ်ပြောင်းချင်တဲ့နေရာကို ပြောင်းပေါ့။ ကားလမ်းဘေး ရေလွတ်ရာမှာလည်း တဲလေးတွေ ထိုးပြီးတော့ နေကြရပါတယ်။ သူတို့ကလည်း နေလို့ရသလောက် ကပ်နေကြတယ်။ အခု ပြောင်းတာ က မလွဲသာလို့ ပြောင်းရတာ။ အဲဒီအခြေအနေကျမှ ပြောင်းကြတာ။" ဟု ဘုရားနီး ကျေးရွာ စာရေးဖြစ်သူ ဦးမြစိုးက မဇ္ဈိမကို ပြောသည်။ မြေပြင်မှ အိမ်ခေါင်မိုးအထိ ပေ ၂၀ အမြင့်ရှိသည့် အိမ်များမှာ အိမ်ခေါင်မိုးသာ မြင်ရတော့ပြီး ယခု ရေကြီးမှုသည် ရှစ်နှစ်အတွင်း အကြီးမားဆုံးရေကြီးမှုဖြစ်သည်ဟု က ပြောသည်။ "ဒီလိုမျိုးကြီးတဲ့ရေ ၂၀၀၄ ခုနှစ်ပဲ ကြုံဖူးပါတယ်။ အဲဒီတုန်းက ဒီထက် နည်းနည်းပိုတယ် အဲဒီတုန်းကလည်း အခုလိုပဲ နေခဲ့ရပါတယ်။" ဟု ဘုန်းတော်ကြီးကျောင်း ယာယီတည်းခိုစခန်းတွင် ရောက်ရှိနေသူ ဦးမြစိုးက ပြော သည်။ ဒေသခံများမှာ လုံလောက်သည့် အကူအညီမရဘဲဖြစ်နေပြီး စားစရာ ဆန် အခက်အခဲဖြစ်နေသည်။ ဘုန်းတော်ကြီး လေးပါးကျောင်းထိုင်သည့် ထိုရွာတွင် ဘုန်းကြီးများအတွက် ဆွမ်းအခက်အခဲပင် ဖြစ်ခဲ့သည်ဟု ဦးမြစိုးက ပြော သည်။ "အဲဒီလိုဖြစ်နေတော့ အင်္ဂလိပ်လို ၆ ရက်နေ့က ဘုန်းကြီးတွေ ဆန်ပြုတ်ပြုတ်သောက်ရတဲ့ အနေအထားမျိုး ရောက်ခဲ့တယ်။" ဟု ဦးမြစိုးက မဇ္ဈိမကို ပြောသည်။ အကူအညီများကို ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ယခုလ ၉ ရက်နေ့နှင့် ၁၂ ရက်နေ့များတွင် ဘုန်းတော်ကြီး ကျောင်းနှင့် ယာယီဆေးပေးခန်းရှိ အိမ်ထောင်စု ၁၅၈ စုအတွက် ဆန်တပြည်စီနှင့် ယမ်ယမ် ခေါက်ဆွဲခြောက် နှစ်ထုပ်စီသာ ပံ့ပိုးပေးနိုင်ခဲ့သည်။ သာပေါင်းမြို့နယ်တရားသူကြီး ဒေါ်စမ်းစမ်းဝင်းမှလည်း ယခုလ ၁၆ ရက်နေ့တွင် အိမ်ထောင်စု ၈၆ စုအတွက် ဆန်တပြည်ကျစီ ပံ့ပိုးပေးခဲ့သည်။ ဒေသခံများအတွက် စားစရာ ဆန်အခက်အခဲအပြင် ချက်ပြုတ်ရာတွင် သုံးသည့် ထင်းမှာလည်း ရေကြီးနေခြင်း ကြောင့် ရှားပါးနေသည့် ပြဿနာ ရှိနေသည်ဟု ရွာလူကြီးဖြစ်သူ ဦးမောင်မြင့်က ပြောသည်။ "အခုကတော့ အိမ်က ဝါးတွေချိုးပြီး မီးကင် ကြပ်တိုက်ပြီးတော့ အခြောက်ခံပြီး ချက်ရပါတယ်။ ညက ၁၁ နာရီလောက်မှ ချက်စားရတဲ့လူတွေလည်း ရှိပါတယ်။ အဲဒါ ဘာဖြစ်လို့လဲဆိုတော့ ထင်းမရှိလို့။" ဟု မဇ္ဈိမကိုပြော သည်။ သာပေါင်းမြို့နယ်အတွင်းရှိ နွယ်နီချောင်း၊ အုတ်ရှစ်၊ လင်းတကျ၊ အလယ်ကျွန်း၊ လှေကြီးပျက်၊ ကြက်သွန်ကွင်း၊ သမင်ကုန်း၊ စစ်ပင်ကြီး၊ ကညင်ပင်၊ မကျည်းကုန်း၊ ရေလဲကြီး၊ သပြေကျွန်း၊ တကူပုံ စသည့်ရွာပေါင်း ၄၀ ကျော် သည်လည်း ယခုလ ၈ ရက်နေ့ကတည်းက ရေကြီးနစ်မြုပ်လျက်ရှိသည်။ ဧရာဝတီတိုင်းအတွင်း ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ပန်းတနော်၊ ပုသိမ်မြို့နယ်များတွင်လည်း ရေကြီးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ မျိုးသန့် သာပေါင်း (မဇ္ဈိမ)
| |||
Posted: 18 Aug 2012 07:20 AM PDT
ရန်ကုန် သြဂုတ်လ ၁၈
မြန်မာနိုင်ငံအမြုတေ စာနယ်ဇင်းကောင်စီဖွဲ့စည်းခြင်း Home Media ၌ ကျင်းပပြုလုပ်ခဲ့သည်။ ယင်းကဲ့သို့ ကန့်ကွက်ကြောင်း အဆိုကို အချက်၃ချက်ဖြင့် ရှင်းလင်းခဲ့ သည်။မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီသည် အစိုးရမှ ဖွဲ့ စည်းပေး ထားသဖြင့် လွတ်လပ်သော အဖွဲ့ အစည်း မဟုတ်ဘဲ စာနယ်ဇင်း လောကကို ကိုယ်စားပြုခြင်းမဟုတ်ကြောင်း အစိုးရနှင့် မပတ်သတ်ဘဲလွတ်လပ်သော အသင်းဖွဲ့များ ရှိခြင်းကြောင့် ထိုအမြုတေ စာနယ်ဇင်းကောင်စီ အားကန့် ကွက်ကြောင်းနှင့် ယင်းကောင်စီ သည်အစိုးရ ကို ကိုယ်စားပြုသောကြောင့် လွတ်လပ်သော စာပေလောကကို အကျိုးပြုသော အဖွဲ့စည်း မဟုတ်ကြောင်းဆွေးနွေးခဲ့ကြသည်။ ၄င်းအဆို ၃ ရပ်အား ဆရာနေ၀င်းစံ ၊ ဆရာထွန်းဝင်းငြိမ်း နှင့် ဆရာငြိမ်းသစ်တို့က အဆိုပြု ကန့်ကွက်ခဲ့ပြီး ၊ ဆရာကြည်နိုင် ၊ဆရာညီငယ်လေး ဆရာလင်းထင်နှင့် ဆရာမသက်ဝေနှင်း တို့က ထောက်ခံဆွေးနွေးခဲ့ကြသည်။ Popular Myanmar News Journal | |||
Posted: 18 Aug 2012 07:17 AM PDT
မန္တလေးမြို့တွင်း အဓိကကျသည့် လမ်းမကြီးတစ်ခုဖြစ်သော ၈၄ လမ်းတွင် ယာဉ်ကြောပိတ်ဆို့မှု များအဖြစ် များလာသည့်အတွက် သြဂုတ် ၂၁ ရက်မှစ၍ အဝေးပြေး ခရီးသည် တင်အဝေ
းပြေးယာဉ်များ ဖြတ် သန်းခွင့်မပြုတော့ကြောင်း သ တင်းရရှိသည်။ ယင်း ၈၄ လမ်းကို အသုံးပြု သည့် အဝေးပြေး ခရီးသည်တင် ယာဉ်များမှာ မန္တလေးမြို့ အောင်မြေသာစံမြို့ နယ် သီရိမန္တလာ ယာဉ်ရပ်နား စခန်းအတွင်းရှိကြသော ယာဉ်အသင်းများအနက် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းနှင့် ချင်းပြည် နယ်ဒေသများသို့ ထွက်ခွာကြ သော ယာဉ်များဖြစ်ပြီး သြဂုတ် ၂၁ ရက် နံနက် ၃ နာရီမှ စတင် ကာ ၈၄ လမ်းမအစား ၈၆ လမ်း ကို ပြောင်းလဲပြေးဆွဲရမည်ဖြစ်သည်။ အမရပူရမြို့အ၀င်တွင်မူ ပုံမှန်အတိုင်း ပြေးဆွဲရမည်ဖြစ် သည်ဟု မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီက မန္တ လေးထုတ် နေ့စဉ်သတင်းစာတွင် အသိပေးခဲ့သည်။ ၈၄ လမ်းသည် မန္တလေးမြို့ မှ အမရပူရနှင့် စစ်ကိုင်းမြို့များ သို့ သွားရောက်ရာတွင်လည်း ကောင်း၊ မန္တလေးမြို့၏ အထင် ကရနေရာများဖြစ်သော မဟာမုနိ ဘုရားကြီး၊ ဈေးချိုအစရှိသည့် နေ ရာများကို သွားရောက်ရာတွင် လည်းကောင်း အဓိကအသုံးပြု သည့် လမ်းမကြီးဖြစ်သည်။ မန္တလေးမြို့တွင်းတွင် ပြေးဆွဲနေ သော ယာဉ်လိုင်းတစ်ခုမှ ယာဉ် မောင်းတစ်ဦးက ''ယာဉ်ကြောပိတ် ဆို့တာတွေက ကားတွေကြောင့်ချည်းပဲ ပြောလို့မရပါဘူး။ မြို့ပေါ် မှာ ဖွင့်ထားတဲ့ ဖုန်းဆိုင်တွေ အီလက်ထရွန်းနစ်အရောင်းဆိုင်တွေေ 7Day News Journal | |||
Posted: 18 Aug 2012 07:16 AM PDT
-ရေဘေးဒုက္ခသည် ၁၂,၀၀၀ ကျော်ရှိသော သာပေါင်းမြို့နယ်မှာ အဆိုးဆုံးဖြစ်ပြီး အကူအညီများ လိုအပ်နေ-
ပုသိမ်၊ သြဂုတ် - ၁၈ ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ခရိုင်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည်မှာ နှစ် ပတ်ကျော် ကြာမြင့်လာပြီဖြစ်ပြီး ယာယီကယ်ဆယ် ရေးစခန်းများရှိ ရေဘေးဒုက္ခသည် သုံးသောင်းကျော်အတွက် ကူညီ ထောက်ပံ့မှုများလိုအပ်နေဆဲဖြစ်ြေ မိုးအဆက်မပြတ် ရွာသွန်းမှု၊ င၀န်မြစ်ရေကြီးမှုနှင့် ဒီရေတိုးမှု တို့ကြောင့် ပုသိမ်ခရိုင်ရှိ ပုသိမ်၊ သာပေါင်း၊ ကန်ကြီးထောင့်၊ ရေ ကြည်၊ ကျုံပျော်နှင့် ကျောင်းကုန်း မြို့နယ်များတွင် ရေလွှမ်းမိုးသည်မှာ ရက်ပေါင်း ၁၅ရက်ကြာမြင့်လာပြီဖြစ်သည်။ “ဒီထက် ရက်ကြာလာရင် တော်တော်ခက်ခဲသွားမှာပါ။ အခု တောင် ပြင်ပအလှူရှင်တွေရှိနေ လို့ပါ။ ရေကြီးတာက ရက်ကြာ လာတော့ သက်ရောက်မှုကကြီး နေတယ်။ ထိခိုက်တဲ့သူတွေက ပျံကျတွေနဲ့ တောင်သူလယ်သမား တွေပါနေတယ်။ အခု အဓိက လိုအပ်နေတာကတော့ ဆန်၊ ဆီ၊ ဆားတွေဖြစ်ပါတယ်”ဟု ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများဆောင် ရွက်နေသည့် တိုင်းဒေသကြီး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဌာန၀န်ကြီးဦးစိုးမြင့်ကပြောသည် လက်ရှိအချိန်တွင် တိုင်းဒေ သကြီးအစိုးရ၊ ပြင်ပအလှူရှင်များ နှင့် ဘုန်းတော်ကြီးများက ရေ ဘေးဒုက္ခ ကြုံတွေ့နေရသူများအ တွက် ဆန်နှင့် ထမင်းထုပ်များကို ဦးစားပေးဝေငှလျက်ရှိသော်လည်း ရေလွှမ်းမိုးမှုကာလ ကြာမြင့်လာ သည်နှင့်အမျှ ကူညီပံ့ပိုးမှုများ ပိုမို လိုအပ်လာကြောင်း ၎င်းကဆို သည်။ ပုသိမ်ခရိုင်တွင် ရေဘေးကူ ညီရေးလုပ်ငန်းများအတွက် ယာ ယီကယ်ဆယ်ရေးစခန်း ၂၀၇ ခု ဖွင့်လှစ်ထားပြီး ရပ်ကွက်၊ ကျေး ရွာပေါင်း ၇၂၇ ခုသည် ရေလွှမ်း မိုးမှုခံနေရသည်။သာပေါင်းမြို့ “လောလောဆယ် ရေဘေး ဒုက္ခသည်တွေရဲ့ နေထိုင်၊ စား သောက်ရေးတွေကို တာဝန်ယူ ထားတယ်။ အလှူရှင်တွေက လည်း စေတနာအလျောက် လာ ကူညီကြပါတယ်။ လိုအပ်ချက်က တော့ စားဖို့ရရင် အဆင်ပြေပါ တယ်။ အခုက ပုသိမ်ခရိုင်မှာ ငပု တောမြို့နယ်ပဲ ကျန်တယ်။ ကျန် တဲ့မြို့နယ်တွေ ရေ၀င်နေတဲ့အ တွက် တိုင်းဒေသကြီးထဲမှာ ပုသိမ် ခရိုင်က ရေဘေးဒဏ်ကို ပိုခံစား နေရတယ်”ဟု ကူညီကယ်ဆယ် ရေးဆောင်ရွက်နေသည့် ခရိုင်ကြီး ကြပ်ရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ 7Day News Journal
| |||
Posted: 18 Aug 2012 07:12 AM PDT
ပုသိမ်မြို့ ရေဘေး ဒုက္ခသည်များ အတွက် အလှူငွေ ကောက်ခံခြင်းများကို ယခုလ ၁၈ ရက်နေ့မှ စတင်ကာ စက်တင်ဘာ သုံးရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း Online Volenteers Diseaster Recover for Myanmar (OVDR4 MM) ၏ အဖွဲ့ဝင် ဦးဇေယျာကျော်က ပြောကြားသည်။ ယခုကဲ့သို့ အလှူငွေ ကောက်ခံခြင်းများ ပြုလုပ်ရာတွင် ၁၈ ရက်နေ့တွင် ကမာရွတ် လှည်းတန်းရှိ BISOU ကော်ဖီဆိုင်တွင် လည်းကောင်း၊၁၉ ရက်နေ့တွင် မြေနီကုန်းရှိ J'Donut ဆိုင်တွင် လည်းကောင်း၊ ညနေ သုံးနာရီမှ ခြောက်နာရီအထိ ကောက်ခံသွားမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။ ပုသိမ်မြို့ အစွန်အဖျားရှိ ရေဘေး ဒုက္ခသင့် ကျေးရွာများကို အဓိကထား လှူဒါန်းသွားမည့် ဖြစ်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။ လက်ရှိ ကောက်ခံ ရရှိထားသော အလှူငွေများမှာ ကိုရီယား ဝမ်နှစ်သိန်း ကျော်၊ စင်ကာပူ ဒေါ်လာ လေးရာ ရရှိထားကြောင်း ယင်းအသင်း၏ အလှူငွေ ကောက်ခံ ရရှိရေး အဖွဲ့ဝင် ဦးသံလွင်ထံမှ သိရသည်။ (OVDR4 MM)သည် ပခုက္ကူမြို့ရေကြီးပြီး နောက်တွင် အွန်လိုင်းပေါ်ရှိ လူငယ်များ စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပခုက္ကူ ရေဘေး အလှူ၊ ကချင် စစ်ဘေး ဒုက္ခသည်များ၊ လှိုင်သာယာမြို့ အလယ်ရွာ မီးဘေးသင့် ပြည်သူများ၊ စက်ဆန်း မီးဘေးသင့် ပြည်သူများနှင့် ယခု နောက်ဆုံး ရခိုင်ဒေသရှိ အိုးအိမ်မဲ့များအတွက် ဦးကျော်သူ ဦးဆောင်သည့် နာရေး ကူညီမှု အသင်းမှ တဆင့် ကျပ် ၃၉ သိန်းကျော် ပေးလှူခဲ့ကြောင်း ၄င်းက ဆိုသည်။ The Voice Weekly | |||
Posted: 18 Aug 2012 07:11 AM PDT
ရန်ကုန်၊ သြဂုတ် ၁၈
ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ အင်းစိန်လမ်းမကြီး၊ အမှတ်(၁) ဖိနပ်စက်ရုံရှိ ဆိုင်ခန်းများအား သြဂုတ်လ(၂၁)ရက် နောက်ဆုံးထားပြီး ဖယ်ရှား ထွက်ခွာ သွားရန် တောင်းဆိုမှုကြောင့် နစ်နာသူ အငှားဆိုင်ခန်း ပိုင်ရှင် ၁၇ ဦးက ဆန္ဒ ဖော်ထုတ်မည် ဖြစ်ကြောင်း ဆိုင်ခန်းပိုင်ရှင် တစ်ဦးဖြစ်သူ ဦးလှရွှေက ပြောကြားသည်။ စက်မှုဝန်ကြီး ဌာန၊စက္ကူနှင့် အိမ်သုံးပစ္စည်း လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ကိုယ်စား ညွှန်ကြားရေးမှူး ဦးဟန်တင်က အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ၄င်းကရှင်းပြသည်။ အဆိုပါ ဆိုင်ခန်းများကို ကျပ်သိန်း(၂၅) သိန်း ၀န်းကျင်ဖြင့် ၀ယ်ယူခဲ့ရပြီး နောက်ပိုင်းတွင် အငှားနေထိုင်သူ ပြေစာများဖြင့်သာ ထွက်ရှိခဲ့ကြောင်း၊ ဆိုင်ခန်း ငှားရမ်းခကို တစ်လ လျှင် ကျပ် (၄၈၀၀၀) နှုန်းဖြင့် ပေးချေရကြောင်း ဆိုင်ခန်းပိုင်ရှင် တစ်ဦးဖြစ်သူ ဒေါ်မိုးမိုးအေး ကပြောကြားသည်။ ယခုအခါ ယင်းဆိုင်ခန်း မြေနေရာကို လုပ်ငန်းရှင် တစ်ဦးထံ လွှဲပြောင်း ရောင်းချ လိုသဖြင့် မူလက အဆောက်အဦ ဆောက်လုပ်ပြီး ငှားရမ်းခ ငွေများ စဉ်ဆက်မပြတ် ၀န်ကြီးဌာနသို့ ပေးသွင်းခဲ့သော နစ်နာသူ ဆိုင်ခန်း ပိုင်ရှင်တို့အား နစ်နာကြေး တစ်စုံတစ်ရာ ပေးခဲ့ခြင်း မပြုဘဲ နှင်ထုတ် ခဲ့ခြင်းဖြစ်သည်။ The Voice Weekly | |||
Posted: 18 Aug 2012 07:10 AM PDT
ရန်ကုန်၊ သြဂုတ် ၁၈
ရှမ်းပြည်နယ် တောင်ပိုင်းတွင် အင်တာနက်ဆိုင်များ အနေဖြင့် Wifi မလွှင့်ရန် ဒေသခံရဲစခန်းများက ခေါ်ယူ ပြောဆိုထားကြောင်း နမ့်စန် မြို့ရှိ အင်တာနက် ဆိုင်ပိုင်ရှင် ဒေါ်မီးမီးက The Voice Weekly သို့ ပြောကြားသည်။ ဒီဘက်မှာ အိမ်တွေကလဲ ကိုယ်ပိုင် စကိုင်းနက်တွေ ၀ယ်ပီး အဲလိုပဲ လွှင့်သုံးကြတယ်။ စကိုင်းနက်ပဲ မိတာလေ။ ဆိုင်တွေကိုတော့ Wifi မပေးရဘူး။ အိမ်တွေ ပေးတာတော့ ဘာမှမပြောဘူး ဆိုတော့ မတရားဘူးလေ ဟု နမ့်စန် တွင် အင်တာနက်ဆိုင် ဖွင့်ထားသူ ၄င်းက ရှင်းပြသည်။ ရဲစခန်းက စာရောက်လို့ ခေါ်ပြောတာလို့ ပဲပြောတယ် ။ ဘယ်သူ ပိတ်ခိုင်းတာကို မပြောဖူး။အိမ်တွေကတော့ လိုင်းဖြန့်သုံးလို့ ရပြီး ဆိုင်က မပေးရဘူး ဆိုတာ မဖြစ်ရဘူးလေ။ အမတို့လည်း ၀ယ်ထားတာ။ သူတို့ နဲ့ တန်းတူ အခွင့်အရေး ရရ မှာပေါ့ ဟု ရဲစခန်းက ပြန်ရောက်လာသူ နမ့်စန် မှ အင်တာနက် ဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။ Sky net ရုံးချုပ်ကပြောတယ်..သူတို့ကတော့ တရားဝင် Wifi လွှင့်ခွင့် မပေးထားဘူး။ အိမ်သုံး သမားရော ဆိုင်သုံးသမား ရော တူတူပဲတဲ့ ဟု ရန်ကုန်ရုံးချုပ်ကို ဖုန်းဆက် မေးမြန်းခဲ့သူ မမီးမီးက The Voice Weekly သို့ ရှင်းပြသည်။ အဆိုပါကိစ္စ နှင့် ပတ်သက်၍ သြဂုတ်လ ၁၈ရက်နေ့ နံနက် ၁၁နာရီတွင် Skynet ရုံးသို့ တယ်လီဖုန်း ဖြင့် ဆက်သွယ် မေးမြန်းရာ တယ်လီဖုန်းဖြင့် ပြန်လည် ဆက်သွယ်ပါမည်ဟုသာ ဖြေကြားသည်။ The Voice Weekly | |||
Posted: 18 Aug 2012 07:08 AM PDT
ရန်ကုန်၊ သြဂုတ် ၁၇
ကြည့်မြင်တိုင်မြို့နယ် ဘောဂ ရပ်ကွက်တွင် သြဂုတ်လ ၁၆ ရက်နေ့ ညနေပိုင်းက မြေးအဘိုးနှစ်ဦး အရက် အတူသောက်ရာ စကားများ ထိုးကြိတ်ရာမှ အဘိုးဖြစ်သူ သေဆုံးသွားကြောင်း ယင်း ရပ်ကွက်အတွင်း နေထိုင်သူများထံမှ စုံစမ်း သိရှိရသည်။ ယင်းနေ့ ညနေ ၆ နာရီဝန်းကျင်က တော်ဝင်လမ်း အိမ်အမှတ် ၅၆ တွင် နေထိုင်သည့် မြေးအဘိုးနှစ်ဦး အရက်အတူ သောက်သုံးရာမှ စကားများရ န်ဖြစ်ကာ အဘွား၏ ဒုတိယခင်ပွန်းတော်သူ အဘိုး ဖြစ်သူ အသက် ၄၆ နှစ်အရွယ်ရှိ ဦးတင်မြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ယင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကိုကိုနိုင်က The Voice Weekly သို့ပြောကြားသည်။ အသက် ၂၄ နှစ်အရွယ်ရှိ မြေးဖြစ်သူ ဦးသီဟမြတ်မှာ ၎င်းအဘွား၏ ဒုတိယ ခင်ပွန်းသေဆုံးသူ ဦးတင်မြင့်နှင့် ရန်ငြိုးရှိ၍မဟုတ်ဘဲ ထိုးကြိတ်မိရာမှ လက်လွန်သွားခြင်းဖြစ်သည်ဟု ယူဆ ရပြီး အခင်းဖြစ်ပွားချိန်တွင် ၎င်းတို့ နှစ်ဦးသာ နေအိမ်တွင် ရှိကြောင်း ဦးကိုကိုနိုင်က ပြောဆိုသည်။ ရပ်ကွက်ကသိသည့်အချိန်မှာ ည ၉ နာရီကျော်မှဖြစ်ပြီး နယ်မြေခံရဲတပ်ဖွဲ့များနှင့် သွားရောက် ကြည့်ရှု စစ်ဆေးရာ သေဆုံးသူမှာ လဲလျောင်းလျက် ပုံသဏ္ဌာန် မပျက်ရှိသော်လည်း မျက်နှာနှင့် ပါးစပ် ၀န်းကျင်တွင် ညိုမည်းဒဏ်ရာရနေသည်ကို တွေ့ရကြောင်း သွားရောက်ကြည့်ရှုခဲ့သူ ဘောဂရပ်ကွက်၌ နေထိုင်သည့် ဦးညွန့်ဝင်းက ၎င်းတွေ့မြင်ခဲ့ရပုံကိုရှင်းပြသည်။ လူသတ်မှုကျူးလွန်သည်ဟု ယူဆရသူ ဦးသီဟမြတ်ကို သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ဘုရင့်နောင် ဈေးအနီး၌ ခရီးသည်တင်ယာဉ်ပေါ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အသိပေးချက်ကို အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။ ယင်းအမှုကို ကြည့်မြင်တိုင် ရဲ တပ်ဖွဲ့စခန်းက ပ-၅၂၇ - ၂၀၁၂ ပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ အမှုနှင့်ပတ်သက်၍ The Voice Weekly က ကြည့်မြင်တိုင်မြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ ဆက်သွယ်မေးမြန်းရာ ဖြေဆိုခွင့်မရှိကြောင်း ပြန်လည်ဖြေကြားသည်။ The Voice Weekly | |||
Posted: 18 Aug 2012 07:07 AM PDT
မန္တလေး၊ သြဂုတ် ၁၇
မြန်မာနိုင်ငံအလယ်ပိုင်းရှိ မြေလွတ် မြေရိုင်းများ ပေါကြယ်ဝသည့် မန္တလေးတိုင်း ဒေသကြီးရှိ မြို့နယ် သုံးမြို့နယ်တွင် တရားမ၀င် ရယူထားသော မြေကွက် သုံးထောင်ကျော် ပေါ်၌ ဆောက်လုပ်နေ ထိုင်သည့် ကျူးကျော် နေထိုင်သူများကို ဖယ်ရှားရန် မန္တလေးမြို့ မြို့တော်ဝန်ထံ သို့ စီမံချက် တင်ထားသည်ဟု မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ (MCDC) ဌာနမှူးများ ထံမှ စုံစမ်း သိရှိရသည်။ ယင်းသို့ ဖယ်ရှားရာတွင် ဌာနစုံ ၀န်ထမ်း အင်အား ၆၀၀ ခန့်ဖြင့် စက် ယန္တရားများ အသုံးပြု၍ ဖယ်ရှားမည် ဖြစ်ဖြစ်ကြောင်း ယင်းဌာနမှူးများ ထံမှ သိရသည်။အဆိုပါ ဖယ်ရှားမည့် မြို့နယ် သုံးမြို့နယ်မှာ (MCDC) နယ်နိမိတ် တွင်ပါရှိသော ချမ်းမြသာစည်၊ ပြည်ကြီး တံခွန်နှင့် အမရပူရမြို့နယ် တို့ဖြစ်ကြောင်း ၎င်းတို့ထံမှ စုံစမ်း သိရှိရသည်။ ချမ်းမြသာစည် မြို့နယ်ရှိ အောင်သာယာ ရပ်ကွက်နှင့် မြရည်နန္ဒာ ရပ်ကွက်ရှိ ကျူးကျော်တဲ ၄၅၄ လုံး၊ တရားမ၀င် ရယူထားသည့် မြေကွက် ၁၂၄ ကွက်နှင့် ပြည်ကြီးတံခွန် မြို့နယ် ကံကြီးကုန်း၊ ဇီးအုပ်၊ ရွာသစ်ကလေး ကျောင်းရှိ ကျူးကျော်တဲ ၅၅၄ လုံးနှင့် တရားမ၀င် ယူသည့် မြေကွက် ၂၀၀၀၊ အမရပူရမြို့နယ် နတ်ရေကန် ကျေးရွာရှိ ကျူးကျော်တဲ ၁၁၀နှင့် တရားမ၀င် မြေကွက် ၁၁၂ ကွက်တို့ကို ဖယ်ရှားမည် ဖြစ်ပြီး ယင်းမြေကွက်နှင့် တဲများပေါ် တွင် နေထိုင်သူများကို ရှင်းလင်းရန် မြို့နယ် သုံးမြို့နယ်ရှိ စည်ပင်နှင့် သက်ဆိုင်သည့် ဌာနများ၊ ရပ်ကွက် အုပ်ချုပ်ရေး များနှင့် ရဲတပ်ဖွဲ့များ ပါဝင်သည် အင်အား ၆၀၀ နီးပါးမှ ဘူဒိုဇာ မြေထိုးစက်များကို အသုံးပြု၍ ရှင်းလင်းရန် စီမံချက်ကို မြို့တော်ဝန်ထံ တင်ပြထားပြီး မြို့တော်ဝန် မှတစ်ဆင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ ဆက်လက် တင်ပြ ထားပြီးဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ဖယ်ရှားရန် အမိန့် ရရှိလာပါက ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး ကျူးကျော် ၀င်ရောက်နေထိုင်သူများကို သက်ဆိုင်ရာ မြို့ပြ ဥပဒေနှင့် စည်ပင်သာယာရေး ဥပဒေ ပါ ပြဋ္ဌာန်းချက်များ အတိုင်း တရားစွဲသွား မည်ဟု MCDC ဌာနမှူးများက ထပ် လောင်းပြောကြားသည်။ စည်ပင်က ကျွန်တော်တို့ ကျူးကျော် နေတာကို ကြည့်နေပါတယ်။ ကျွန်တော် တို့ဆီကို အကြောင်းကြားစာပို့တယ်။ သတိပေးဆိုင်းဘုတ်တွေစိုက်တယ်၊ အင် အားသုံးအရေးယူမယ်၊ အနူးအညွတ် တောင်းပန်ရုံကလွဲပြီး ကြမ်းတမ်းတဲ့ တုံ့ပြန်မှုကိုလည်း လုပ်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ တောင်းပန်ရုံက လွဲပြီး ဘာမှမတတ်နိုင်ဘူး ဟု မြရည်နန္ဒာ ရပ်ကွက်ရှိ တရားမ၀င် ရယူထားသည့် မြေကွက်များ စီမံ ခန့်ခွဲ ပေးနေသူ ဦးဝင်းမြင့်ထွန်းက ပြောကြားသည်။ မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီမှ ဇူလိုင်လ ၂၄ ရက်နေ့တွင် ဃြီဃ အမိန့်ကြေညာချက်အမှတ် ၂/၂၀၁၂ ကိုထုတ်ပြန်ကြေညာပြီး တရား မ၀င်ကျူးကျော်ဝင်ရောက်နေထိုင်သူ The Voice Weekly | |||
Posted: 18 Aug 2012 01:01 AM PDT
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအတွင်း ပြောင်းရွှေ့ကျေးရွာများ ချင်းတွင်းမြစ်အတွင်း ဆန္ဒထုတ်ဖော် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်အတွင်း လက်ပန်းတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်းနယ်မြေအတွင်း ပြောင်းရွှေ့ရမည့် ကျေးရွာများဖြစ်သော ၀က်
မှေး၊ ဆည်တည်းနှင့် ဇီးတောကျေးရွာများမှ ဒေသခံ ၃၀၀ ဦးကျော် စုပေါင်း၍ သြဂုတ်လ ၁၇ ရက် ည(၇)နာရီအချိန်တွင် မုံရွာမြို့အနောက်ဘက် ချင်းတွင်းမြစ်အတွင်း ဆန္ဒထုတ်ဖော်သည့်အနေဖြင့် ဆီမီးမျောပွဲကျင်းပခဲ့သည်။ "လက်ပန်းတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်းနယ်မြေအတွင်း ပြောင်းရွှေ့ရမည့် ကျေးရွာတွေအနေနဲ့ ဆန္ဒထုတ်ဖော်တာပါ။ လက်ပန်းတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်းကြီး လုံးဝရပ်တန့်စေရေးနဲ့ လယ်ယာမြေအသိမ်းခံရသူတွေ ကျေးရွာနေအိမ် အသိမ်းခံရသူတွေရဲ့ အပူမီးတွေကို ချင်းတွင်းမြစ်ထဲမှာ မျောတဲ့အနေနဲ့ ကျင်းပတာဖြစ်ပါတယ်"ဟု အဆိုပါ ချင်းတွင်းမြစ်အတွင်း မီးမျောပွဲပါဝင်သူတစ်ဦးကပြော လက်ပန်းတောင်းတောင်တွင် သီတင်းသုံးပြီး လယ်တီဒီပဏီကျမ်းကြီး(၂)ကျမ်းနှ ဒေသခံ ၃၀၀ ကျော်မှာ ချင်းတွင်းမြစ်အတွင်း စက်လှေ(၅)စီးဖြင့် သြဂုတ်လ ၁၇ ရက် ည(၇)နာရီအချိန်တွင် မုံရွာမြို့ ဆုတောင်းပြည့်စေတီတော်ကို ဦးခိုက်ကာ ဆီမီးမျောပွဲအား တစ်နာရီနီးပါးကြာမြင့်သည်အထိ ကျင်းပပြုလုပ်ခဲ့သည်။ လက်ပန်းတောင်းတောင်သည် တောင်ပေါင်း(၃၃)လုံးဖြင့် ဖွဲ့စည်းထားသည်။ တစ်ချိန်က လယ်တီဆရာတော်ကြီး တရားအားထုတ်ကျင့်ကြံရာ၊ ဒီပနီကျမ်းများ ပြုစုခဲ့ရာ တောင်တန်းကြီးတစ်ခုဖြစ်ကြောင်း သိရှိရသည်။ ယခုအခါ မြန်မာနိုင်ငံသတ္တုတွင်းဝန်ကြီး သတင်း - ဓါတ်ပုံ 7Day News Journal | |||
Posted: 17 Aug 2012 11:44 PM PDT
သြဂုတ်လ (၁၈)ရက်နေ့ ထုတ် The Voice Journal Vol 8/ No 33 ( ၈ နှစ်ပြည့် အထူးထုတ် )
ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | |||
Posted: 17 Aug 2012 10:27 PM PDT
နိုင်ငံရေး လှုပ်ရှားသူများအတွက် အကျိုးဆောင်ပေးခဲ့၍ လည်းကောင်း၊ ကိုယ်တိုင် တက်ကြွစွာ
နိုင်ငံရေးလှုပ်ရှား၍ လည်းကောင်း လိုင်စင်ရုပ်သိမ်းခံထားရသော ရှေ့နေများအနက် ရှေ့နေ ငါးဦးကို နေပြည်တော် တရားလွှတ်တော်ချုပ်မှ လိုင်စင် ပြန်လည် ထုတ်ပေးလိုက်သည်ဟု လိုင်စင်ပြန်လည် ရရှိသွားသူ ရှေ့နေ ဦးအေးမြင့် က ပြောသည်။ နှစ်ပေါင်းများစွာ ရှေ့နေလိုင်စင် ရုပ်သိမ်းခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ရှေ့နေ ဦးကြည်ဝင်း၊ ဦးရဲမြင့်၊ ဦးဌေးအောင်၊ ဦးဟန်မာညွန့်နှင့် လမ်းပြကြယ်အဖွဲ့ ဦးဆောင်သူ ဦးအေးမြင့်တို့ ငါးဦးတိုအား ရှေ့နေ လိုက်ခွင့် ပြန်ပေးခြင်းဖြစ်သည်ဟု သိရသည်။ သြဂုတ်လ ၁ဝ ရက်နေ့ တရားရုံးချုပ် တရားသူကြီး စည်းဝေးဆုံးဖြတ်ချက်ဖြင့် ညွန်ကြားရေးမှူး ဒေါ်တင်တင်ဝါ လက်မှတ်ဖြင့် ရှေ့နေလိုက်ပါဆောင်ရွက်ခွင့် လိုင်စင် ထုတ်ပေးလိုက်ခြင်း ဖြစ်သည်။ “ကျနော်က ရှေ့နေ ရှေ့ရပ်ကို ဖောက်ဖျက်တာ မဟုတ်ဘူး။ ရှေ့နေကျင့်ဝတ်နဲ့အညီ ကိုယ့်ဟာကို ဥပဒေကို ချစ်မြတ်နိုးလို့ လုပ်လာခဲ့ရတာ။ လုပ်ကြံဖန်တီးထားတဲ့ နိုင်ငံတော် ပုန်ကန်မှုနဲ့ အပြစ်ပေးခံရတာကို ပြစ်ဒဏ်က လွတ်ပေမယ့်လည်း (လိုင်စင်)သိမ်းခံထားရတာ။ အခုက ကိုယ်တိုင် ရှေ့နေအဖြစ် လိုက်ပေးနိုင်တဲ့အတွက် ဝမ်းသာတယ်” ဟု လမ်းပြကြယ် ဦးအေးမြင့် က ပြောသည်။ အမျိုးသားလွတ်တော် အမတ် ဒေါက်တာမြတ်ဉာဏစိုးက ရှေ့နေနှင့် ဆရာဝန်များ လိုင်စင် ရုပ်သိမ်းထားမှု ခွင့်ပြု၊ မပြု မေးမြန်းခဲ့ရာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပြန်စဉ်းစားမည်ဟု တုံ့ပြန်ခဲ့သည်။ ထို့နောက် လိုင်စင် ပြန်ရစေလိုကြောင်း ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့က ရှေ့နေများရုံးချုပ်သို့ အသနားခံစာတင်ခဲ့ခြင်း ဖြစ်သည်။ အာရှ ဥပဒေရေးရာ ရင်းမြစ်အဖွဲ့ ALRC ၏ ဇွန်လ မှတ်တမ်းအရ မြန်မာနိုင်ငံတွင် နိုင်ငံရေးအမှု လိုက်၍ ရှေ့နေလိုင်စင် ရုတ်သိမ်းခြင်းခံရေသော ရှေ့နေ ၃၂ ဦးအနက် တရားရုံးချုပ် ရှေ့နေ ၂၅ ယောက်နှင့် အထက်တန်းရှေ့နေ ၇ ယောက် တို့ ပါဝင်ပြီး စာရင်းသွင်းခြင်း မရှိသေးသူများလည်း ရှိကြောင်း သိရသည်။ ဇူလိုင်လ အတွင်းကလည်း တရားလွတ်တော်ရှေ့နေ ငါးဦးနှင့် အထက်တန်းရှေ့နေ ခုနှစ်ဦးတို့အား ရှေ့နေလိုင်စင်များ ပြန်လည်ထုတ်ပေးခဲ့ပြီးဖြစ်၍ ယခုတကြိမ်မှာ ဒုတိယ အကြိမ် ဖြစ်သည်။ ကိုယ်ကျင့်တရားနှင့် ဥပဒေ မှားယွင်းခြင်းမှ လွဲ၍ လိုင်စင်များ မရုပ်သိမ်းသင့်ကြောင်း ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလက ရှေ့နေ တာဝန်ပျက်ကွက်သည်ဟုဆိုကာ ရှေ့နေ လိုင်စင် သုံးနှစ် ရပ်ဆိုင်းခံထားရသည့် ဦးမြင့်သွင် က ပြောသည်။ “အသနားခံတယ်ဆိုတာက တိုင်းပြည်တခုမှာ ကော်မတီတွေ၊ သမ္မတတွေမှာ အသနားခံရင် သမာသမတ်ကျကျ မျှမျှတတ လူသားစိတ် စဉ်းစားရင် အကုန်ပြန်လုပ်ပေးလေ့ရှိတယ်။ အဓိက ကိုယ်ကျင့်တရားနဲ့ ပတ်သက်တာရယ်၊ ဥပဒေကို ခွင့်မလွှတ်နိုင်လောက်အောင် မှားတာက လွဲလို့တော့ လိုင်စင်က မသိမ်းသင့်ပါဘူး”ဟု ပြောသည်။ လိုင်စင်ပြန်ရရေးအတွက် သမ္မတ ဦးသိန်းစိန်ထံ စာတင်ပြထားသဖြင့် ပြန်လည် ရရှိမည်ဟု ဦးမြင့်သွင် က မျှော်လင့်နေ သည်။ လိုင်စင် ရုပ်သိမ်းလိုက်သည့်အတွက် အမှုသည်ဘက်များ နစ်နာခြင်း၊ ပညာရပ်ပေါ် နစ်နာခြင်း၊ အသက်မွေးဝမ်းကြောင်း ဖြစ်သည့်အတွက် စားဝတ်နေရေးအတွက် နစ်နာဆုံးရှုံးမှုများ ရှိသည်ဟု ဦးမြင့်သွင်က ပြောသည်။ ရှေ့နေအချို့ လိုင်စင်များ ပြန်လည် ရရှိသော်လည်း နိုင်ငံရေးလှုပ်ရှားမှုများကြောင် ၁၅ နှစ်ကြာ ဆရာဝန်လိုင်စဉ် ရုပ်သိမ်းခံရသူ အမျိုးသားဒီမိုကရေစီအင်အစားစု NDF ပါတီ ခေါင်းဆောင် ဒေါက်တာ သန်းငြိမ်းက ဆရာဝန်လိုင်စင် ပြန်လည် ရရှိရေးလျှောက်ထားမည် မဟုတ်ဘဲ အစိုးရ၏ မတရား လုပ်ခဲ့ခြင်းဖြစ်သဖြင့် အစိုးရသည်သာလျှင် ပြန်လည် ဖြေရှင်းပေးရမည်ဟု ပြောဆိုလိုက်သည်။ “မကြိုးစားပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ မတရားလုပ်သွားတဲ့ ကိစ္စပဲ။ အမှန်ဆို ဆေးကောင်စီကနေ ဖြစ်ဖြစ် ခေါ်စစ် ရမယ်။ ထုချေခွင့်တွေ ရှိမယ်။ ဘာမှ ကျူးလွန်တာမှ မရှိဘူး။ ဒါပေမယ့် ဘာမှ မလုပ်ဘဲနဲ့ သိမ်းသွားတဲ့ကိစ္စဟာ မပြော တော့ဘူး။ သူတို့ ပြန်ပေးရမှာပဲလေ။ မပေးသမျှဟာ သူတို့ အပြစ်ရှိတာပေါ့” ဟု ဒေါက်တာသန်းငြိမ်းက ပြောသည်။ ထိုစဉ်က ဒေါက်တာသန်းငြိမ်းမှာ NLD ပါတီတွင် ရန်ကုန်တိုင်း ဒု-ဥက္ကဋ္ဌ ဖြစ်သည်။ သူ၏ အမှုတွင် သက်သေအဖြစ် ဆရာဝန်တဦး၏ ကျင့်ဝတ်နှင့် ပတ်သက်၍ ထွက်ဆိုခဲ့သူ NLD ပါတီမှ ဒေါက်တာဝင်းနိုင် သည်လည်း ယနေ့ထိ ဆရာဝန်လိုင်စင် ရုပ်သိမ်းခံထားဆဲဟု ဆိုသည်။ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများတွင် နစ်နာဆုံးရှုံးမှု အများအပြား ခံစားနေရ၍ တဦးချင်းအလိုက် ပြန်လည် စိစစ်ရန် အစိုးရ၌ တာဝန်ရှိသည်ဟု ဒေါက်တာသန်းငြိမ်း က ပြောသည်။ မြန်မာ့ဆိုရှယ်လစ်ခေတ် ဖျက်သိမ်း၍ ဒီမိုကရေစီအရေးအတွက် လှုပ်ရှားကြစဉ် ဆရာဝန်နှင့် ရှေ့နေများ အများအပြား ပါဝင်ခဲ့သူများ ရာဇဝတ်မှု၊ အမှုလိုက်သည့်အချိန် ယှဉ်ပြိုင် လုပ်မှု၊ ဆရာဝန်လိုင်စင် သက်တမ်းမတိုးမှု၊ လိုင်စင်မရှိဘဲ ဆေးကုမှု စသည့်ဖြင့် မမှန်စွပ်စွဲကာ ရှေ့နေနှင့် ဆရာဝန်များ၏ ပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းခွင့်ကို အာဏာပိုင် များက ရုပ်သိမ်းခဲ့သည်ဟု ရှေ့နေများက ပြောသည်။ ဖနိဒါ ချင်းမိုင်(မဇ္စျိမ) | |||
Posted: 17 Aug 2012 10:20 PM PDT
Written by ဒေါက်တာခင်မောင်ညို
Eleven Media Group
(၁)
မောင်ဘသစ်ငယ်ငယ်က ရုပ်ရှင်အင်မတန်ကြိုက်သည်။ ဘာကြောင့်လဲဆိုတော့ ထိုခေတ်က မောင်ဘသစ်တို့အတွက် ဖျော်ဖြေစရာဟူ၍ ဇာတ်ပွဲနှင့်ရုပ်ရှင်သာ ရှိသောကြောင့် ဖြစ်သည်။ဇာတ်ပွဲက တစ်နှစ်တစ်ခါ ဘုရားပွဲရှိမှ ကတတ်သည်။ အိပ်ရေးပျက်သော ညလုံးပေါက်ပွဲတွေသာ များသည်။ ရုပ်ရှင်ကတော့ တစ်နာရီ နှစ်နာရီလောက်သာ အချိန်ကုန်သည်။ ရွာတွင်ကားသစ် ၀င်လာသည့်အခါ ရုပ်ရှင်ပြပြီးနောက်တစ်နေ့တွင် မောင်ဘသစ်တို့ကလေးတွေ လူဆိုးနဲ့ဇာတ်လိုက်လုပ်တမ်း ကစားကြသည်။ “ကျော်ဆွေကွ၊ ညိုအေးကြီးကွ” ဆေးလိပ်ခုံက မိန်းကလေးများကလည်း ကျော်ဆွေတို့၊ မေရှင်တို့၊ သိန်းဇော်တို့အကြောင်း တစ်ခုပ်တရ ပြောတတ်ကြသည်။ မောင်ဘသစ်အထက်တန်း ကျောင်းရောက်လာတော့ ရုပ်ရှင်ကြည့်သည့်အခါ ဆန်းစစ် (Analyze) လုပ်လာသည်။ ရွှေဘနိုင်မည်၊ အေး ငွေကြီးမြာပွေမည်၊ အေးကြူ ကြာကူ လီရိုက်မည်၊ ဒေါ်မြလေး ကုန်းချောမည်စသဖြင့် ဘာကားကြည့်ကြည့် ထိုဇာတ်ရုပ်များ၏ သရုပ်ဆောင်မှုကို အကဲခတ်လာနိုင်သည်။ “အေးကြူဆိုတာ မင်းသားချောပဲ။ ဘာလို့သူကြာကူလီခန်းမှာပဲ အမြဲပါတာလဲ” “သူ့ကိုလူတွေက ကြာကူလီခန်း ပဲ လက်ခံတာကိုး” နောက်ပိုင်း ၀င်းမြင့်ကနေရာ ယူလာသည်။ ကြာကူလီရိုက်သော အခန်းများ ပီပြင်လှသည်။ မောင်ဘသစ် အတော်ကြီးတဲ့အထိ အံ့ကျော်သည် လူဆိုးသာဖြစ်သည်။ ရုပ်ရှင်ထဲတွင် သူ့ကိုလူဆိုးအဖြစ်သာသုံးသည်။ သို့သော် ဘယ်သူပြိုင်၍လှပါတော့နိုင် တွင် အံ့ကျော်က တောသား လူရိုးဇာတ်ရုပ်ကို ရသည်။ သူအကယ် ဒမီရသွားပါသည်။
(၂)
ဒါက ဇာတ်ရုပ်များသာဖြစ်သည်။ တစ်ခါ လူဆိုးဆိုလျှင် အမြဲလူဆိုးဖြစ်နေပါသည်။ ဒါကို အစွဲအလန်း mindset ဖြစ်သည်ဟု ပြောကြသည်။ နိုင်ငံရေးမှာစဉ်းစားဖို့ပါ။ မောင်ဘသစ်တို့က ယနေ့ ဒီအစွဲကို ဘယ်လိုမြင်ကြလဲ။လွန်ခဲ့သည့်လေးနှစ်က အိုဘားမားက သူ၏မဲဆွယ်တရားပွဲတွေမှာ သုံးသည့်ဆောင်ပုဒ်မှာ အပြောင်းအလဲ (Change) ပင်ဖြစ်သည်။ ဘာအပြောင်းအလဲလဲ။ လူဖြူသမ္မတကနေ လူမည်း သမ္မတအဖြစ် ပြောင်းဖို့ အတော်လေး ခက်ခဲပါသည်။ ထိုနိုင်ငံတွင် လူမည်းသည် ကျွန်ဟူသော Image သည် မပျောက်နိုင်ပါ။ အိုဘားမား၏ (Change) သည် အရေးပါလှသည်။ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့ အင်အားကြီးနိုင်ငံဖြစ်ပြီး လူဖြူဦးရေက သာလွန်များပြားသည်။ လွတ်လပ်ရေးရသည်မှစ၍ ၄၃ ယောက် မြောက် သမ္မတတွေအားလုံး တောက်လျှောက် လူဖြူများသာဖြစ်ခဲ့သည်။ ‘ပြောင်းရမည်’
(၃)
တကယ်တမ်း မြန်မာနိုင်ငံ၏ လိုဂိုသည် (Change) မဟုတ်သော်လည်း ၂၀၁၁ ခုနှစ်မှာ သိသိသာသာ သာပြောင်းလဲဖို့ ကြိုးစားတာကို ထင်ထင်ရှားရှား တွေ့နိုင်ပါသည်။ မောင် ဘသစ်တို့၏မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ဆန္ဒပြနိုင်လာသည်။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်သည်။ သမ္မတက နိုင်ငံတော်ကို Good governance Clean Government ဖြစ်အောင်ဆောင်ရွက်ဖို့ ကြိုးစားသည်။ (မိန့်ခွန်းတွင် ထည့်ပြောသည်။)ကောင်းပါသည်။ သို့သော် တကယ်တမ်းဇာတ် ရုပ်များကိုကြည့်ရင်တော့ (Ch |
[Message clipped] View entire message
0 comments:
Post a Comment