Saturday, July 14, 2012

Chat သင်္ကေတများအကြောင်း တစေ့တစောင်!




Emoticon
Chat သင်္ကေတ ကို Smiley ဟုလည်း သိကြသည်။ အင်တာနက်အသုံးပြုဖူးသူတိုင်း Messengerများ Chat ခန်းများဖိုရမ်နှင့် Message-Boardများပေါ်တွင် :-) သဏ္ဍာန်အားမြင်တွေ့အသုံးပြုသူတွေချည်းဖြစ်သည်။ ထိုသဏ္ဍာန်သည် အသုံးပြုသူ၏ စိတ်ခံစားမှုအား ရိုးရိုး ရှင်းရှင်းနှင့် ထိထိမိမိဖေါ်ပြနိုင်ခြင်းကြောင့် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရာတွင် စကားလုံးပေါင်းများစွာထက် ခရီးရောက်လှပေသည်။ သို့သော် ထိုသဏ္ဍာန်လေးများ၏ သမိုင်းအား သိရှိသူမှာ လွန်စွာနည်းပါးလှသေးသည်။ တကယ်တော့ Smiley လေးများသည် လွန်ခဲ့သော ၂၅ နှစ်က တက္ကသိုလ်ပါမောက္ခတစ်ဦး ၏ အိုင်ဒီယာမှ စတင်ခဲ့ခြင်းဖြစ်သည်။

တီထွင်ရခြင်း အကြောင်းရင်း

လွန်ခဲသော၂၅ နှစ်အချိန်က ကွန်ပျုတာနှင့် အင်တာနက်များမှာ တက္ကသိုလ်ကြီးများ၊ သုတေသနဌာန များတွင်သာ တွင်တွင်ကျယ် အသုံးပြုနိုင်သေးသည်။ ထိုကွန်ရက်များအတွင်းတွင် Message-Board များရှိပြီး သုတေသနအချက်အလက်များ လဲလှယ်ကြရုံသာမက အခြားအရေး မကြီးသော ကျောင်းတွင်း ကျောင်းပြင်သတင်းများ၊ အစည်းအဝေးအချိန်ဇယား၊ အပျော်နောက်ပြောင်ငြင်းခုန်ကြခြင်းများပါ ရှိလေ့ရှိသည်။ သို့သော် မကြာခဏဆိုသ လို
နောက်ပြောင်ပြောဆိုခြင်းများအား နားလည်မှု လွဲမှားခြင်းများလည်း ဖြစ်လေ့ရှိသောကြောင့်

cartoon-emoticon
ထိုအခက်အခဲကို ဖြေရှင်းရန် Board ကော်မတီမှ အကြံဉာဏ်များတောင်းခံတော့သည်။ အမျိုးမျိုးသောပုဂ္ဂိုလ်များမှ Emotion များ အသုံးပြုသင့်သည်ဟု ထောက်ခံကြသော်လည်း မည့်သည့်ပုံသဏ္ဍာန်သုံးရန် စဉ်းစားမရဖြစ်နေကြသည်။ နောက်ဆုံးတွင် ပါမောက္ခScott-Fahlman မှ :-) အား Message တွင်ထည့်သွင်းခြင်းဖြင့် အပျော်နောက်ပြောင်ခြင်းဟု သတ်မှတ်ပြီး :-( အားအမှန်တကယ်အတည်ယူရန် အကြံပေးခဲ့သည်။ ထိုအစနစ်အား အသုံးပြုပြီးများ မကြာမီပင် ဒုတိယပုံအားဝမ်းနည်းခြင်း၊ စိတ်ရှုတ်ထွေးခြင်း၊ သဘောမကျခြင်းအဖြစ် မှတ်ယူလာကြသည်။

အသုံးပြုမှု ကျယ်ပြန့်သွားခြင်း

ထိုစနစ်သည် အခြားသော တက္ကသိုလ်ပေါင်းများစွာအထိ ပြန့်နှံ့သွားပြီး Yahoo နှင့် MSN တို့ ပေါ်လာချိန်တွင် Messenger များမှ တစ်ကမ္ဘာလုံးအတိုင်းတာထိ ပြန့်နှံ့သွားတော့သည်။ ယနေ့ခေတ်အရောက်တွင် Emoticon ပေါင်း ၁၀ဝ ကျော်အထိ ရှိနေပြီဖြစ်သည်။ ပရော်ဖက်ဆာ Fahlman မှ ထိုစနစ်အား သူဦးစွာတီထွင်ခဲ့ကြောင်း စတင်ကြေငြာစဉ်က မည်သူမျှ မယုံ ကြည်ကြ။ အေပီကဲ့သို့သော သတင်းဌာနကြီး ကိုယ်တိုင်မှလည်း ခေတ်ဦးကွန်ပျုတာ ဘိုးအေကြီး များအား ဆက်သွယ်စုံစမ်းစဉ်က မည်သူမျှမသိကြောင်းဝန်ခံကြသည်။

ထို့ကြောင့်ပါမောက္ခ Fahman သည် သက်သေပြရန် ဝန်ထမ်းများအကူအညီဖြင့် သူ၏အကြံပြုချက် အားပြန်လည်ရှာဖွေတော့သည်။ ထိုစဉ်က မှတ်တမ်းများအား ယနေ့ကဲ့သို့ ဒစ်ဂျစ်တယ်စနစ်ဖြင့် သိုလှောင်ခြင်းမဟုတ်သေးဘဲ၊ ဗီဒီယိုတိပ်ခွေများဖြင့် ကူးယူမှတ်တမ်းတင်ထား သောကြောင့် ရှာဖွေရာတွင် များစွာခက်ခဲခဲ့လေသည်။ သို့သော် နောက်ဆုံးတွင်တော့ သက်သေ Message အားရှာဖွေတွေ့ရှိကာ သက်သေထူနိုင်ခဲ့လေတော့သည်။

စက်တင်ဘာ ၁၉ရက် ၁၉၈၂ ခုနှစ်တွင် စတင်အသုံးပြုခဲ့ခြင်းကြောင့် ယနေ့တွင် Smiley လေးများ ၂၅ပြည့်သွားပြီဖြစ်သည်။ အကယ်၍သာ ထိုပုံသဏ္ဍာန်လေးများမရှိပါက အင်တာနက်လောကတွင် ဆက်သွယ်ပြောကြားရာ၌ များစွာခြောက်သွေ့နေမည်မှာ သေချာလှသည်။
 —

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...