ကျေးဇူးပြု၍ ဒီမိုကရေစီမပေးပါနဲ့တော့ 
by Laypya Thone on Monday, June 4, 2012 at 12:19pm
ငါတို့ ကိုဒီအတိုင်းထားလိုက်ကြပါတော့ 
ဈေးသည်နဲ့  ဖာသည်
သည်နှစ်သည်တည်းရှိတဲ့ ခေတ်ထဲမှာ...
ဘုရားမှန်းမသိ တရားမှန်းမသိတဲ့ ခေတ်ထဲမှာ
အစိုးရမူဝါဒထိရင် ဆင်ဆာဖြတ်
မာဆတ်တွေ ဘားကလပ်တွေ KTV တွေ ဖာခန်းတွေကို
လှိုင်လိုင်ကြီးဖွင့် ခွင့် ပြုထားတဲ့ ခေတ်ထဲမှာ....
မေတ္တာတရားဆိုတာ
ဘီယာဆိုင်လောက်မပေါတဲ့ခေတ်ထဲမှာ
ကပ်ဖါးရပ်ဖါး
လာဘ်စားလွန်းတဲ့ ခေတ်ထဲမှာ....
နှာကျ ဖါချ
အာဏာပြလွန်းတဲ့ ခေတ်ထဲမှာ
အစိကျက် အစိစား
ဥကျက် ဥစား
ဝါးချင်တိုင်းဝါးကြတဲ့ ခေတ်ထဲမှာ....
ငဖယ်ကပြောင်းပြန်လန်
အကြံအဖန်များတဲ့  ခေတ်ထဲမှာ
ခေါက်ရိုးတွေကျိုး
စောက်မျိုးတွေပဲချမ်းသာလှတဲ့  ခေတ်ထဲမှာ....
လူကိုအညွန့် ခူး
ရူးချင်ယောင်ဆောင်တတ်တဲ့  ခေတ်ထဲမှာ
အမျိုးကိုမစဉ်းစား
အတိုးကို အငြင်းပွားတဲ့ ခေတ်ထဲမှာ........
...............................................
ကျွန်တော်တို့ ကိုထားခဲ့ ပါတော့ ။ ။
လေပြေသုန်
( ၅ ၊ ၆ ၊ ၂၀၁၂ )
0 comments:
Post a Comment