Saturday, May 5, 2012

ဦးနု၏ တော်ကွက်နှင့်ပျော့ကွက် (၈)


Sun, May 6, 2012


ဦးနု (သခင်နု)အဖို့ ဒုက္ခအရောက် ဆုံးကာလကို ဖော်ပြပါဆိုလျှင် ဗိုလ်ချုပ် အောင်ဆန်း၊ သခင်စိုးနှင့်သခင်သန်းထွန်း တို့တတွေ ဖက်ဆစ်ဂျပန်တော်လှန်နေ ချိန်တွင် သခင်နုက ဂျပန်စစ်တပ်နှင့် လိုက်ပါသွားချိန်ပင်။
ယင်းအချိန်က ဦးနု(သခင်နု)သည် ဂျပန်ခေတ် မဟာအစိုးရ၏ နိုင်ငံခြား ရေးဝန်ကြီးဖြစ်သည်။ သခင်နုကသူ့လို ၀န်ကြီးတစ်ဦးဖြစ်သူ သခင်သန်းထွန်းကို ဤကဲ့သို့ဂုဏ်ပြုထား၏။
““ကျွန်တော် (သခင်နု)သည် အတွေး သမား၊ အငေးသမား၊ အရေးသမားဖြစ် သည်။ ထို့ကြောင့် ဂျပန်ကိုအလွန်မုန်း တီးသော စိတ်သာရှိပြီး ဤစိတ်ကိုအလုပ်  ဖြစ်အောင် မလုပ်တတ်ချေ။ အလုပ်သ မား သခင်သန်းထွန်းမှာတော်လှန်ရေး လုပ်ငန်းအောင်မြင်ရေးအတွက် ကြိတ် ၍ လုပ်လျက်ရှိလေသည်။ သခင်နု ငါး နှစ်ရာသီဗမာပြည် (၄၉၄၁-၄၅) စာ-၁၆၆။တစ်ရက်တွင် ဂျပန်အစိုးရ လုံးဝမ သိရသော လျှို့ဝှက်အစည်းအဝေးတစ်ခု ကို ဂျပန်ခေတ်ဝန်ကြီး သခင်နုအိမ်တွင် ပြုလုပ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ သခင်သန်းထွန်း၊ သခင်ချစ်၊ကိုဗဆွေ နှင့် ကိုကျော်ငြိမ်းတို့ပါသည်။ ယင်းလျှို့ဝှက် အစည်းအဝေးမှာ ဗိုလ်ချုပ်အောင်ဆန်းက ဖတ်ပြသည်။ ယင်းစာတမ်းကိုအားလုံး သဘောတူ ထောက်ခံကြတယ်။ ယင်း စာတမ်းကို လျှို့ဝှက်ပုံနှိပ်ပြီး တစ်နိုင်ငံလုံး တော်လှန်ရေးသမားများထံသို့  ပို့ရမည်။  တော်လှန်ရေးသမားတို့ကလည်း သူတို့ စည်းရုံးသိမ်းသွင်းထားပြီး သူတို့ထံသို့ လက်ဆင့်ကမ်းရမည်ဖြစ်၏။
၁၉၄၅ ခုနှစ်မတ်လထဲသို့ ရောက် လာသည်။ တစ်ညတွင် သခင်နုအိပ်စဉ် ဗိုလ်ချုပ်တို့ရောက်လာပြန်သည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့်အတူ ဗိုလ်လကျော်၊သခင် စိုး၊သခင်သန်းထွန်းနှင့် ကိုကျော်ငြိမ်း တို့ ပါလာသည်။ ထူးခြားသည်မှာ သခင်စိုး လက်ထဲမှာ တော်မီဂန်းကြီးတစ်လက်။ ပစ်ခတ်ရန် အသင့်အနေအထားပင်။
သခင်သန်းထွန်းနှင့်အတူ စက္ကူအ ပါးကလေးပေါ်တွင် အင်္ဂလိပ်လက်နှိပ် စက်နှင့် ရိုက်ထားသည့် စာတစ်စောင်ပါ လာသည်။ ဤစာသည်ဗြိတိသျှနှင့် သခင် သန်းထွန်းတို့ ဆက်သွယ်သည့်စာဖြစ် သည်။ တစ်နည်းအားဖြင့် မြန်မာ့တော် လှန်ရေးအတွက် ဗြိတိသျှတို့ဆီက အကူ အညီယူရန် ဆက်သွယ်မှုစာတမ်းဖြစ် သည်။ ၁၉၄၅ ခုမတ်လ ၁၈ ရက်နေ့ လောက်တွင် သခင်သန်းထွန်းသည် တောင်ငူဘက်သို့သွားရမည်။ ဟိုမှာဗြိတိ သျှစစ်ဗိုလ် မေဂျာကာရူးနှင့် တွေ့ဆုံဆွေး နွေးရန်ပင်။
ယင်းအချိန်ကစ၍ သခင်သန်းထွန်း သည်ရန်ကုန်သို့ ပြန်လာရန် မဖြစ်တော့။ တော်လှန်ရေးအတွက် မြေလျှိုင်းပုန်းခို ရတော့မည်ဖြစ်၏။
ရှင်းရှင်းကလေးပင်။သခင်သန်းထွန်း ပုန်းလျှိုးသွားသည်နှင့် ဗိုလ်ချုပ်နှင့်သခင်နု တို့ အခြေအနေမည်ကဲ့သို့ဖြစ်မည်ကို ဆွေးနွေးရန် ယခုဗိုလ်ချုပ်တို့ရောက်လာ ကြခြင်းဖြစ်သည်။
အားလုံးအယူအစကတော့ သခင် သန်းထွန်းပျောက်သွားလျှင် ဗိုလ်ချုပ်နှင့် သခင်နုတို့လည်း ပျောက်မှဖြစ်မည်ဆို သောသဘောပင်။ ထိုအချိန်က သခင်နု ကိုယ်တိုင်လည်း ဤအတိုင်းသဘောရ လာသည်။ ယင်းမှာ သခင်နုသည် သခင် သန်းထွန်းနှင့်တပြိုင်တည်း ကိုယ်ရောင် ဖျောက်လိုက်ရန် ချက်ချင်းသဘောတူ လိုက်၏။ သခင်နုနှင့်မိသားစုတို့ ပုန်း အောင်းရန်ကိစ္စအတွက် ဗိုလ်လကျာ် က တာဝန်ယူမည်ဖြစ်၏။
စင်စစ် သခင်နုပုန်းအောင်းဖို့ကစ္စကို  ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော တော်လှန်ရေးသမား တစ်သိုက်က ဤမျှ အကွက်ချစီစဉ်နေခြင်းမှာ အကြောင်းရှိ ပေသည်။
သခင်နုသည် လက်နက်ကိုင်တိုက် ခိုက်နိုင်သည့်တော်လှန်ရေးသမားမဟုတ်။ တော်လှန်ရေးကိစ္စတွင် သခင်နုသည်ဘာ မျှအသုံးမ၀င်ပေ။ သခင်နုရှိနေလျှင် အ တိုက်အခိုက်လုပ်ငန်းများမှာပင် အနှောင့် အရှက်ဖြစ်နေမည်ကိုသခင်နုလည်းသိ၏။ ဗိုလ်ချုပ်အပါအ၀င် သခင်နု၏ရဲဘော် များလည်း သိ၏။ သခင်နုကိုပုန်းခိုင်းခြင်း  ၏ အဓိပ္ပာယ်သည် သခင်နုအတွက် အသက်အန္တရာယ်ဖြစ်မည်စိုး၍ ဂျပန်ရန် ကာကွယ်ဝှက်ထားလိုခြင်းပင် ဖြစ်တယ်။
သခင်နုသည် ဗိုလ်လကျာ်နှင့်အတူ ကိုယ်ရောင်ဖျောက်ရန် စီစဉ်ချိန်နားနီး လာမှ ချီတုံချတုံဖြစ်လာည်။ အကြောင်း က အဓိပတိဒေါက်တာဘမော်အတွက် ပူပန်ခြင်းကပင်ဖြစ်၏။ မကြာမီကပင် အဓိပတိသည် သခင်နုကိုခေါ်၍ အတွင်း ရေး၊ အပြင်အရေးတို့ကို တိုင်ပင်ခဲ့၏။ သခင်နုဟာသခင်ဖြစ်နေပေမယ့်လည်း ဂျပန်မျက်စိနဲ့ ကြည့်မယ်ဆိုရင် တစ်ချို့  ဓားမ (ဒေါက်တာဘမော်အဖွဲ့)တွေထက် တောင် ကိုယ်နဲ့ပိုပြီး အတွင်းကျသေးသလိုဖြစ်နေတယ်ဟု ပြောလာသည်။
ယင်းသို့ပြောလာသည့်အတွက်မူလ ကြံစည်ထားသလို အဓိပတိ ဒေါက်တာ ဘမော် ကို အသိမပေးဘဲ ပုန်းလိုက် ပါက မိမိကြောင့် အဓိပတိ “ချောက်”ကျ မည်ကိုလည်း သခင်နုပူပန်မိပြန်၏။ထို့ ပြင် သခင်နုဝန်ကြီးဖြစ်သည့်နေ့က အဓိ ပတိအပေါ်တွင် သစ္စာရှိပါမည်ဟု ကျမ်း ကျိန်ထားသည့် ကိစ္စကိုလည်း သခင်နု သည် ထောက်ထားနေမိလေသည်။
နောက်ဆုံးတွင် သခင်နုသည်သူ့ကို  ရုပ်ဖျောက်ပေးမည့် ဗိုလ်လကျာ်နှင့်တွေ့ သည်။ မိမိခြေရာမဖျောက်ခင် အဓိပတိ ကို အသိပေးမှ ဖြစ်မည်။(၂)ရက်လောက် ရက်နောက်ဆုတ်မည့်ကိစ္စကို ဗိုလ်လကျာ် ကိုစောင့်ခိုင်း၏။
စင်စစ် နောက်(၂)ရက်နောက်ဆုတ် မည့် ကိစ္စကို ဗိုလ်လကျာ်ကလက်မခံလို ပါ။ သခင်နုကဇွတ်ပြောလာ၍ မိမိအနေ ဖြင့်လည်း မတားသာ၍ ဗိုလ်လကျာ်က အသာကြည့်နေလိုက်ခြင်းဖြစ်သည်။ ယခု ကဲ့သို့ သခင်နုလုပ်သောအစီအစဉ်သည် ဗိုလ်လကျာ်နှင့် သခင်နုတို့ “ချောက်”ကျ နိုင်ပေသည်။
ယင်းကာလတွင် ခြေရာဖျောက်သူ  တို့ ဖျောက်သွားကြပြီ။ ဂျပန်စစ်ပုလိပ် တို့လည်း ဒေါင်းတောက်အောင် အလုပ် ရှုပ်နေကြပြီ။ ဂျပန်စစ်ပုလိပ်တို့လက် က လွတ်ဖို့ဆိုသည်မှာ စက္ကန့်တိုင်းမိနစ် တိုင်း အရေးကြီးနေလေပြီ။
ယင်းအချိန်က ဖက်ဆစ်တော်လှန် ရေးအတွက် ခေါင်းဆောင်သုံးဦးကိုပင် ရွေးထားပြီးပြီ။ စစ်ရေးခေါင်းဆောင် ဗိုလ် ချုပ်အောင်ဆန်း၊နိုင်ငံရေးခေါင်းဆောင် သခင်စိုး၊ ဆက်သွယ်ရေးခေါင်းဆောင် သခင်သန်းထွန်းတို့ပင် ၀န်ကြီးသခင် သခင်သန်းထွန်းခြေရာပျောက်သွားပုံမှာ ချော်လဲရောထိုင်ဟုပြောရမလိုပင်။အခွင့် သာသည်ဟုပြောလျှင် ပို၍မှန်ပေလိမ့် မည်။ ယင်းကိစ္စကို စီစဉ်ပေးသူသည် အဓိပတိဒေါက်တာဘမော် ဖြစ်၏။
သခင်သန်းထွန်းသည် တော်လှန် ရေးအတွက် အချိန်ပြည့်လှုပ်ရှားတာ သူ့ ကိုယ်သူ ဂျပန်ခေတ်ဝန်ကြီးတစ်ဦးအဖြစ် ကိုပင်မေ့နေပုံရ၏။ ဂျပန်မျက်စိစပါးမွှေး စူးလောက်အောင် ပြင်းပြင်းထန်ထန် လှုပ်ရှား၏။
ဤတွင်အဓိပတိကသခင်သန်းထွန်း အပေါ် ဂျပန်တွေသကာင်္မကင်းဖြစ်နေ သည်ကို ပြေပျောက်ရန် စစ်တရားဟော ခိုင်းဖို့ တာဝန်ပေး၏။ဟောရမည့်ဒေသက တောင်ငူခရိုင်ထဲမှာဖြစ်၍သခင်သန်းထွန်း ခြေရာဖျောက်သွားသည်ကို ဂျပန်စစ် ပုလိပ်တို့က အတော်ကြာမှသိရတော့ သည်။
သခင်နုသည် ဗိုလ်လကျာ်ကိုထား ထားပြီးနောက် (၂)ရက်မြောက်သခင်နု တို့ ထွက်ရမည့်နေ့တွင် အဓိပဓိနှင့်သွား တွေ့သည်။ မိမိုကိုယ်ရောင်ပျောက်တော့ မည့်အကြောင်း၊ သခင်နုကအဓိပဓိကိုဖွင့် ပြောလိုက်ခြင်းဖြစ်၏။
အဓိပတိဒေါက်တာဘမော်သည်(၃) မိနစ်လောက်ငြိမ်သက်သွားသည်။ အပြန် အလှန် စဉ်းစားနေခြင်းဖြစ်၏။ နောက် တော့ အဓိပတိသည် သခင်နုကိုဝမ်းနည်း ပက်လက်ဖြစ်သည့် လေသံနှင့်ဖွင့်ဟပြော ပြလာသည်။
““ပုန်းချင်လည်း ပုန်းပေတော့သခင်နု ဘာဖြစ်လို့လည်း ဆိုရင် အခုအခြေအနေ အတိုင်း သခင်နုတို့ကို ကယ်ဘို့မပြောနဲ့၊ ကိုယ့်ကိုကိုယ်တောင် ကိုယ်ဟာကယ်နိုင် တဲ့ နေ့တစ်နေ့ကို ကိုယ်တို့ရောက်လာ လိမ့်မယ်။ အဲဒီတော့ သခင်နုလည်း ပုန်း ချင်ပုန်းတော့။ ကိုယ့်အပေါ်မှာသစ်္စာပြု ထားတာတွေ၊ ဘာတွေ၊ အားလုံးအကုန်  ခွင့်လွှတ်တယ်။
သခင်နုသည်အဓိပတိကိုအတော်သ နားသွားသည်။
““ကျွန်တော်ပုန်းလိုက်ရင် ဂျပန်က အဓိပတိကိုပိုပြီးသင်္ကာမကင်းဖြစ်မနေဘူး လား””ဟု မေးလိုက်လေသည်။
ဒေါက်တာဘမော်ကရှင်းသည်။
““သခင်နုရှိလည်း ကိုယ့်အပေါ်ကို ဂျပန်ကယုံတော့တာမှ မဟုတ်ဘဲ၊ ဘယ် တော့လောက်ပုန်းရမှာလဲ””
ချက်ခြင်းပုန်းရမှာပဲ။
ပုန်းဖို့နေရာက လုံရဲ့လား။
လုံပါတယ်။
အဓိပတိက သခင်နုမျက်နှာကိုစိတ် မချဟန်ဖြင့် ကြည့်၏။
““သခင်နုကတယ်ပြီး ယုံလွယ်တတ် တယ်။ လူတွေတိုင်းမယုံနဲ့နော်။ အခုလူ တွေကို တွေ့သမျှ ဂျပန်စစ်ပုလိပ်က တစ်ချက်ညှင်းလိုက်ရင် အကုန်ကန်ထွတ် လာတာပဲ။
သခင်နုသည်အဓိပတိကိုနောက်ဆုံး အရိုအသေပြုခြင်းဖြစ်၏။ ညွှတ်၍အရို အသေပေးပြီးသော် သူ့အိမ်သို့ပြန်လာ၏။
ထိုညမှာ သခင်နုသည် ဗိုလ်လကျာ် နှင့်တွေ့၏။ သို့ရာတွင် သခင်နုတွင် ထိုည မှာ ဗိုလ်လကျာ်နှင့်တစ်ခါတည်း လိုက်ပါ သွားရန် မဖြစ်နိုင်သည့်ကိစ္စတစ်ပေါ်လာ သည်။ ““ကဲ ဗိုလ်လကျာ် မင်းကနေ့ည  ထွက်နှင့်ပေတော့။ မင်းတို့ ဖျာပုံရောက် ရောက်ချင်း တို့ကိုခေါ်ဖို့ လူလွှတ်လိုက် ပါ””ဟု သခင်နုက မှာလိုက်ရတော့၏။
ထိုညမှာပင် ဗိုလ်လကျာ်သည် သူ့ ဌာနကနေ ဖျာပုံသို့ထွက်သွားလေသည်။ လက်မတင်ကလေးပင်။ အကယ်၍ ဗိုလ်လကျာ်သည် နောက်တစ်နေ့အထိ သာ နေလိုက်ပါက သူ့လည်ပင်းကို ဂျပန် စစ်ပုလိပ်တို့၏ ဓားကပိုင်းပစ်လိုက်ပေ တော့သည်။ အကြောင်းဆိုသော် နောက် တစ်နေ့နံနက် အစောကြီးတွင်ဗိုလ်လကျာ် ပုလိပ်ကို ဂျပန်စစ်ပုလိပ်များက လာဝိုင်း သောကြောင့်ပင်။

ဆက်လက်ဖတ်ရှုပါရန် 
မြန်မာ့အလင်း အောင်သန်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...