ကြမ်းတမ်းသေားစကား နွားတောင်မှ မကြိုက် (ချမ်းမြေ့ဆရာတော်)
အန်တီ (မန္တလေး)
မြတ်စွာဘုရားသည် သိမ်မွေ့နူးညံ့သောစကား၊ ပီယဝါစာ သာယာချိုမြသောစကား ကိုသာ
သတ္တဝါများနှစ်သက်ကြောင်း၊ ကြမ်းတမ်းသော စကားကို နွားတောင်မှ
မနှစ်သက်ကြောင်း ရှေးကဖြစ်ရပ်မှန်တစ်ခုကို သက်သေထား၍ မိန့်ကြားတော်မူ၏ ။
ဂန္ဓာရတိုင်း တက္ကသီလမြို့၌ ဗြာဟ္မဏတစ်ဦးတွင် ငယ်စဉ်ကစ၍
စားကောင်းသောက်ဖွယ်တွေ ကျွေးလျက် လက်သပ်မွေးထားသဖြင့် သူမတူအောင်
ခွန်အားကောင်းသည့် နွားကြီးတစ်ကောင်ရှိ၏။ နန္ဒိဝိသာလ ဟု နာမည်ပေးထား၏ ။
တနေ့တွင် ဗြာဟ္မဏကြီးသည် နွားသူဋ္ဌေးတစ်ဦးနှင့် နွားကောင်းပြိုင်ရာမှ
ရှေ့နောက် စဉ်၍ ကြိုးဖြင့်ဆက်စပ် ချည်နှောင်ထားသော လှည်းငါးရာ ကို သူ၏
နွားကြီး တစ်ကောင်ထည်းဖြင့် ဆွဲနိုင်ကြောင်း ကြွားလိုက်၏ ။
သူဋ္ဌေကြီးက
မခံချင်စိတ်ဖြင့် ဗြာဟ္မဏကြီး၏ နွားကဆွဲနိုင်လျှင် သူက အသပြာ
တစ်ထောင်ပေးမည် ဖြစ်ကြောင်း၊ နွားက မဆွဲနိုင်လျှင် ဗြာဟ္မဏကြီးက
သူဋ္ဌေကြီးကို အသပြာတစ်ထောင်ပေးရမည်ဖြစ်ကြောင်းဖြင့် အလောင်းအစား
ပြုလုပ်ကြ၏ ။
နောက်တစ်နေ့တွင် သံများ၊ ကျောက်များ အပြည့်တင်ထားပြီး
အချင်းချင်းချည်နှောင်ထားသည့် လှည်းငါးရာ၏ ရှေ့ဆုံးလှည်း ၌ ပန်း၊
ပန်းပွား၊ ခြူ စသည်တို့ဖြင့် လှလှ ပပ ဆင်ထားသော နွားကြီး နန္ဒိဝိသာလ ကို
တပ်လိုက်၏ ။ ဗြာဟ္မဏကြီး က တံဖျာကို ကိုင်ကာ လှည်းပေါ်၌
အခန့်သားထိုင်ပြီးလျှင် “ ဟဲ့ ... ကောက်ကျစ်တဲ့ နွားကြီး၊ သွားဟ၊ ဟဲ့
..... စဉ်းလဲတဲ့နွားကြီး ဆွဲဟ ” ဆိုလျက် တံဖျာကို မြှောက်ကာမြှောက်ကာ
မောင်းနှင်သော်လည်း နွားကြီးက လှုပ်ရုံမျှပင် မလှုပ် သဖြင့်
လောင်းကြေးရှုံးကာ နွားသူဋ္ဌေးအား ငွေတစ်ထောင် ပေးလိုက်ရ၏ ။
ဗြာဟ္မဏကြီးသည် ငွေတစ်ထောင်ရှုံးသဖြင့် စိတ်ဓါတ်ကျကာ မှိုင်တွေချရင်း
စဉ်းစားနေ၏ ။ သူ၏စကားကို အလွန်နားထောင်သော နွားကြီးသည် ဤပွဲ၌ ဘာကြောင့်
လှုပ်ရုံမျှပင် မလှုပ်သနည်း၊ အကြိမ်ကြိမ် အဖန်ဖန် အပြန်ပြန် အလှန်လှန်
အကြောင်းရှာကြည့်၏ ။ သူ့နွားကြီး၏ ပင်ကိုယ်ရင်း သဘောကို စောကြော
စိစစ်ကြည့်မိရာမှ တစ်ချက်ကို ကွက်ကနဲ့ ဥာဏ်သက်ဝင်မိလိုက်ရာ ဗြာဟ္မဏကြီး
ထခုန်မိမတတ် ဝမ်းသာသွား၏ ။
သို့ဖြင့် နွားသူဋ္ဌေးကြီးထံသွားပြီးလျှင် အသပြာနှစ်ထောင်ကြေး လောင်းဖို့
နှစ်ဦးသဘောတူလိုက်ကြ၏ ။
ပထမနေ့က အတိုင်း အားလုံးပြင်ဆင်ပြီး၍ အဆင်သင့် ဖြစ်သောအခါ ဗြာဟ္မဏကြီးက
တံဖျာကိုမြှောက်လျက် “ ဟေ့ ဖေ့သားကြီး၊ အင်မတန်တော်တယ်ကွ၊ ရုန်းလိုက်ကွ၊
ဟေ့ ဖေ့သားကြီး အလွန်တော်သကွ၊ ဆွဲလိုက်ကွ ” ဟု အားပေးရင်း မောင်းနှင်ရာ
နွားကြီးသည် လှည်းငါးရာ ကို တဟုန်ထိုး ဆွဲသွားပြီး လျှင် ရှေ့ဆုံးလှည်း
ရပ်ခဲ့သည့်နေရာသို့ နောက်ဆုံးလှည်းရောက်လျှင် ရပ်လိုက်၏ ဗြာဟ္မဏကြီး
ငွေနှစ်ထောင်ရ၍ ရွှင်ပျ မြူးထူးနေတော့၏ ။
သိမ်မွေ့နူးညံ့၍ သာယာချိုမြသော စကားကို ပြောဆိုခြင်းကြောင့် ရအပ်သော
အကျိုးကျေးဇူးပေတည်း ။
ဟုတ်မှန်ကျိုးရှိ အနှစ်ပြည့်၍ ပိယဝါစာ သာယာချိုမြသော သုဘာသိတာဝါစာ
ကားကြီးပွားချမ်းသာကြောင်း မင်္ဂလာ အစစ်အမှန် ပါပေတည်း ။
ချမ်းမြေ့ မင်္ဂလာသင်စရာစာအုပ်မှ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ~~~~~~~~~
မြတ်စွာဘုရားသည် သိမ်မွေ့နူးညံ့သောစကား၊ ပီယဝါစာ သာယာချိုမြသောစကား ကိုသာ
သတ္တဝါများနှစ်သက်ကြောင်း၊ ကြမ်းတမ်းသော စကားကို နွားတောင်မှ
မနှစ်သက်ကြောင်း ရှေးကဖြစ်ရပ်မှန်တစ်ခုကို သက်သေထား၍ မိန့်ကြားတော်မူ၏ ။
ဂန္ဓာရတိုင်း တက္ကသီလမြို့၌ ဗြာဟ္မဏတစ်ဦးတွင် ငယ်စဉ်ကစ၍
စားကောင်းသောက်ဖွယ်တွေ ကျွေးလျက် လက်သပ်မွေးထားသဖြင့် သူမတူအောင်
ခွန်အားကောင်းသည့် နွားကြီးတစ်ကောင်ရှိ၏။ နန္ဒိဝိသာလ ဟု နာမည်ပေးထား၏ ။
တနေ့တွင် ဗြာဟ္မဏကြီးသည် နွားသူဋ္ဌေးတစ်ဦးနှင့် နွားကောင်းပြိုင်ရာမှ
ရှေ့နောက် စဉ်၍ ကြိုးဖြင့်ဆက်စပ် ချည်နှောင်ထားသော လှည်းငါးရာ ကို သူ၏
နွားကြီး တစ်ကောင်ထည်းဖြင့် ဆွဲနိုင်ကြောင်း ကြွားလိုက်၏ ။
သူဋ္ဌေကြီးက
မခံချင်စိတ်ဖြင့် ဗြာဟ္မဏကြီး၏ နွားကဆွဲနိုင်လျှင် သူက အသပြာ
တစ်ထောင်ပေးမည် ဖြစ်ကြောင်း၊ နွားက မဆွဲနိုင်လျှင် ဗြာဟ္မဏကြီးက
သူဋ္ဌေကြီးကို အသပြာတစ်ထောင်ပေးရမည်ဖြစ်ကြောင်
ပြုလုပ်ကြ၏ ။
နောက်တစ်နေ့တွင် သံများ၊ ကျောက်များ အပြည့်တင်ထားပြီး
အချင်းချင်းချည်နှောင်ထားသည့် လှည်းငါးရာ၏ ရှေ့ဆုံးလှည်း ၌ ပန်း၊
ပန်းပွား၊ ခြူ စသည်တို့ဖြင့် လှလှ ပပ ဆင်ထားသော နွားကြီး နန္ဒိဝိသာလ ကို
တပ်လိုက်၏ ။ ဗြာဟ္မဏကြီး က တံဖျာကို ကိုင်ကာ လှည်းပေါ်၌
အခန့်သားထိုင်ပြီးလျှင် “ ဟဲ့ ... ကောက်ကျစ်တဲ့ နွားကြီး၊ သွားဟ၊ ဟဲ့
..... စဉ်းလဲတဲ့နွားကြီး ဆွဲဟ ” ဆိုလျက် တံဖျာကို မြှောက်ကာမြှောက်ကာ
မောင်းနှင်သော်လည်း နွားကြီးက လှုပ်ရုံမျှပင် မလှုပ် သဖြင့်
လောင်းကြေးရှုံးကာ နွားသူဋ္ဌေးအား ငွေတစ်ထောင် ပေးလိုက်ရ၏ ။
ဗြာဟ္မဏကြီးသည် ငွေတစ်ထောင်ရှုံးသဖြင့် စိတ်ဓါတ်ကျကာ မှိုင်တွေချရင်း
စဉ်းစားနေ၏ ။ သူ၏စကားကို အလွန်နားထောင်သော နွားကြီးသည် ဤပွဲ၌ ဘာကြောင့်
လှုပ်ရုံမျှပင် မလှုပ်သနည်း၊ အကြိမ်ကြိမ် အဖန်ဖန် အပြန်ပြန် အလှန်လှန်
အကြောင်းရှာကြည့်၏ ။ သူ့နွားကြီး၏ ပင်ကိုယ်ရင်း သဘောကို စောကြော
စိစစ်ကြည့်မိရာမှ တစ်ချက်ကို ကွက်ကနဲ့ ဥာဏ်သက်ဝင်မိလိုက်ရာ ဗြာဟ္မဏကြီး
ထခုန်မိမတတ် ဝမ်းသာသွား၏ ။
သို့ဖြင့် နွားသူဋ္ဌေးကြီးထံသွားပြီးလျှင် အသပြာနှစ်ထောင်ကြေး လောင်းဖို့
နှစ်ဦးသဘောတူလိုက်ကြ၏ ။
ပထမနေ့က အတိုင်း အားလုံးပြင်ဆင်ပြီး၍ အဆင်သင့် ဖြစ်သောအခါ ဗြာဟ္မဏကြီးက
တံဖျာကိုမြှောက်လျက် “ ဟေ့ ဖေ့သားကြီး၊ အင်မတန်တော်တယ်ကွ၊ ရုန်းလိုက်ကွ၊
ဟေ့ ဖေ့သားကြီး အလွန်တော်သကွ၊ ဆွဲလိုက်ကွ ” ဟု အားပေးရင်း မောင်းနှင်ရာ
နွားကြီးသည် လှည်းငါးရာ ကို တဟုန်ထိုး ဆွဲသွားပြီး လျှင် ရှေ့ဆုံးလှည်း
ရပ်ခဲ့သည့်နေရာသို့ နောက်ဆုံးလှည်းရောက်လျှင် ရပ်လိုက်၏ ဗြာဟ္မဏကြီး
ငွေနှစ်ထောင်ရ၍ ရွှင်ပျ မြူးထူးနေတော့၏ ။
သိမ်မွေ့နူးညံ့၍ သာယာချိုမြသော စကားကို ပြောဆိုခြင်းကြောင့် ရအပ်သော
အကျိုးကျေးဇူးပေတည်း ။
ဟုတ်မှန်ကျိုးရှိ အနှစ်ပြည့်၍ ပိယဝါစာ သာယာချိုမြသော သုဘာသိတာဝါစာ
ကားကြီးပွားချမ်းသာကြောင်း မင်္ဂလာ အစစ်အမှန် ပါပေတည်း ။
ချမ်းမြေ့ မင်္ဂလ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
0 comments:
Post a Comment