Friday, May 11, 2012

အားလုံး တအံ့တသြ တိဗက်


by ဇာ တိ on Thursday, May 10, 2012 at 1:25am 


မီးပွားတွေက ဖွာကနဲ ဖွားကနဲ လွှင့်စင်ကျကုန်တယ်
အလွန်ပဲ အံ့သြထိတ်လန့် ထပ်ပြေးစမ်း
ငါတို့ရဲ့ချဉ်ချင်းတပ်မှုဟာ ငါတို့အတွက် မဟုတ်ဘူးမဟုတ်လား

ငေါကနဲ ငေါကနဲထွက်ကျလာတဲ့ ငါရဲ့သွေးစက်တွေ အတော်လေးကြည့်ရဆိုးစေလား ခေါင်းဆောင်
ဝင်လိုက်ထွက်လိုက်နဲ့ အရိပ်ကြီး သုံးပါးဟာ ရစရာမရှိတော့သလို ပေးစရာလဲ မလိုတော့ဘူး
ငါပြေးအုံးမယ် ဘာမှမမြင်ရတော့တဲ့အခါ ပိုလို့ကောင်းလာလိမ့်မယ်
မီးတောက်တွေကြားမှာ ငါ့ကိုငါကြည့်လို့ကောင်းနေတယ် ငါ့ကိုယုယစွာအကြမ်းဖက်ပါ ပြည်သူ
ငါတို့ဟာ အမြဲတမ်းလုပ်ကြံမှုတွေနဲ့ နေသားကျ
ဒီထက်ကောင်းတဲ့ဘ၀ကိုရဖို့ ငါခဏတာသေဆုံးခြင်းဖြစ်တယ်
ပြည်သူဟာ ငါပဲ ငါဟာ ပြည်သူပဲ လက်လွတ်စပယ်တော့သေလို့မဖြစ်ဘူး
ဒါပေမဲ့ ပြည်သူ့အတွက်ကားစင်တက်မယ် အဲ့ဒီကိစ္စအဆင်ပြေသွားမယ်ဆိုရင်ပေါ့
ငါ့ကိုငါ လုပ်ကြံဖျက်စီးပစ်လိုက်မယ် ခေါင်းဆောင် ရွရွလေးတက်လာတာမဟုတ်
အဲ့ဒီမီးညွှန့်တွေဟာ ငါ့အရေပြားကိုလောင်ကျွမ်းပူလောင်စေတာထက် အဲ့ဒီနည်းဥပဒေဟာ ပိုဆိုးဝါးတယ်
ခေါင်းဆောင် မုန်းတီးခြင်းအလျင်းမရှိ ရန်လိုခြင်းလုံးဝ မရှိပေမဲ့ ဘာကိုမှ ငါမကျေနပ်ဘူး
မြင်အောင်ကြည့်ပါ ဘာကိုမဆို ထွက်ပေါက်တွေဟာ ကိုယ်တိုင်ဖွင့်မှ ရမှာမဟုတ်လား
ငါဟာသူရဲဘောမကြောင်ပေမယ့် ငါဟာသူရဲသဘက်ဆန်ခဲ့ရတယ်
ခုလောလောဆည်တော့ ပြေးလို့ရနေသေးတယ် ငါ့နောက်ကပြည်သူတွေအတွက် ငါဆက်ပြေးရအုံးမယ် အဝေး
ဘုရားသခင် ဒီနေရာကနေ အမြန်ဆုံးထွက်သွားပါ
သူရဲကောင်းတစ်ယောက်အတွက် ခင်ဗျားဟာမလိုအပ်ဘူး
ဒါပေမဲ့ငါဟာ မိုက်ရူးရဲဆန်လွန်းတဲ့ သူရဲကောင်းတစ်ယောက်သာဖြစ်တယ်
ငါ့ရဲ့ဖြစ်တည်မှုတွေဟာ ငါ့ကိုမယုံနိုင်လောက်အောင် လန့်ဖြန့်နေရှာတယ်
အသံတွေ ညှို့မှောင်နွမ်းလျ ခေါ်သံတွေ နာကျည်းမှုနဲ့အတူ ငါ့ရဲ့မျက်ဝါးထင်ထင် ဖြစ်ပျက်မှုတွေ
ငါဟာမီးကိုဂုပ်ခွစီးစေခဲ့တယ် ငါဟာပြည်သူတွေကို ဂုပ်ခွစီးစေခဲ့တယ်
ပြီးတော့ ငါတို့အားလုံးကို ဂုပ်ခွစီးသွားတဲ့ ခေါင်းဆောင် ရောက်ရာအရပ်က ပူလောင်ပါစေသား။
  


ဇာတိ(ဖျာပုံ)
12:15AM
10.5.2012
zartipyapon@gmail.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...