Wednesday, May 9, 2012

တက္ကသိုလ်ကျောင်းဆရာများသမဂ္ဂ ယာယီ ဖွဲ့စည်း


တက္ကသိုလ်ကျောင်းဆရာများသမဂ္ဂ ယာယီ ဖွဲ့စည်း။

တက္ကသိုလ်ကျောင်းဆရာများသမဂ္ဂကို မန္တလေးမြို့မှာရှိတဲ့ ရတနာပုံတက္ကသိုလ်၊ မန္တလေး တက္ကသိုလ်၊ မန္တလေး နိုင်ငံခြားဘာသာသတက္ကသိုလ်နဲ့ မန္တလေး အဝေးသင် တက္ကသိုလ်က တက္ကသိုလ်ဆရာတွေက ယာယီဖွဲ့စည်း ထား တယ်လို့ အဲဒီအ ဖွဲ့မှာပါဝင်တဲ့ တက္ကသိုလ်ဆရာတဦးက ပြောပါတယ်။

တက္ကသိုလ်ကျောင်းဆရာများသမဂ္ဂ တရားဝင်ပေါ်ပေါက်လာတဲ့အခါမှာ ဆရာ၊ ဆရာမ တွေရဲ့ အခွင့်အရေး အပြင် ဆရာ ဆရာမတွေ့နဲ့ ကျောင်းသားတွေပြဿနာတစုံ တရာဖြစ်ခဲ့ရင် လည်း ဒီသမဂ္ဂတွေက ဖြေရှင်းပေးနိုင်ဖို့ သမဂ္ဂထူထောင်ဖို့ကြိုးစားနေသူတွေက မျှော်လင့် ထားတယ်လို့ ဆိုပါတယ်။


ဆရာသမဂ္ဂယာယီအဖွဲ့ဝင်တက္ကသိုလ် ဆရာတဦးက “ဒီတက္ကသိုလ်ဆရာ/ဆရာများသမဂ္ဂဖြစ်လာပြီဆိုရင်ဆရာ/ဆရာမတွေရဲ့ အခွင့်အရေး တွေလည်း တောင်းဆိုသွားလို့ ရတယ်။ နောက် ဆရာ/ဆရာမတွေကနေပြီးတော့ ကျောင်းသား၊ ကိုယ်သင်ပေးနေတဲ့ သင်တန်းသား တွေအ ပေါ်မှာ မတရားသဖြင့်လုပ်တာကိုလည်း တက္ကသိုလ်ဆရာ/
ဆရာမ အချင်းချင်း ညှိနှိုင်းဖြေရှင်းလို့ ရတယ်ပေါ့ဗျာ။ အဲဒါမျိုးဖြစ်လာမယ်။ နောက်ကျနော်တို့က တယောက်နဲ့ တယောက် ပူးပေါင်းဆောင်ရွက်ပြီးတော့ ပညာရေးဟာ နိုင်ငံတော်က ရှေ့ကသွားတဲ့လမ်း စဉ်ချနေသလို နောက်ကလည်း ဘက်ညီပြီးတော့ လိုက်နိုင်အောင်လို့ အားလုံးဖေးမထိန်းကျောင်းပြီးတော့ သွားနိုင်မယ်လို့ ကျနော်တော့ယူဆတယ်။”
တက္ကသိုလ်ဆရာ/ဆရာမများသမဂ္ဂ ယာယီဖွဲ့ထားတဲ့အထဲမှာ ကိုယ့်စာသင်ခန်းထဲက ကျောင်းသားကို ငွေကြေးအခယူပြီးတော့ သင်ကြားတဲ့ဆရာ၊ဆရာမတွေကို သမဂ္ဂ၀င်ခွင့်မပေးဘဲ ကန့်သတ်ထားသလိုသမဂ္ဂမှာ ပါတဲ့ ဆရာ၊ဆရာမတွေအနေနဲ့ အကျင့်သိက္ခာရော၊စည်းကမ်းရှိဖို့လိုကြောင်း စည်းကမ်းထုတ်ထားတယ်လို့သိရပါတယ်။

၁၉၆၂ခုနှစ်က မြန်မာနိုင်ငံမှာ ဦးနေ၀င်း(ကွယ်လွန်)ရဲ့တော်လှန်ရေးကောင်စီ အာဏာသိမ်းပိုက်ပြီးတဲ့ နောက်ပိုင်း ကျောင်းသားသမဂ္ဂတွေကို တရားဝင်ရပ်တည်လို့မရခဲ့သလို ကျောင်းဆရာများသမဂ္ဂကိုလည်း ဖွဲ့စည်းခွင့်မရခဲ့ပါဘူး။
အခု အစိုးရသစ်လက်ထက်မှာတော့ ကျောင်းသားနဲ့အလုပ်သမားအဖွဲ့အစည်းတွေဖွဲ့စည်းတည် ထောင်နေကြရာမှာ မန္တလေးက ကျောင်းဆရာတွေကလည်း ခုလို အသင်းအပင်းဖွဲ့ဖို့ ခြေလှမ်းပြင်လာကြတာဖြစ်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...