ကော့သောင်းဒေသခံတစ်ဦးရဲ့ ရင်ဖွင့်သံလေးပါ
(၆-၅-၂၀၁၂)ရက်နေ့
နံနက် (၁၀း၀၀)နာရီ မှာ ကော့သောင်းမြို့ သန်းဖြိုးသူကျောက်မီးသွေးစက်ရုံမှာ
ကျောက်မီးသွေးစက်ရုံနဲ့ပတ်သက်ပြီးဘေးထွက်ဆိုးကျိုးတွေဖြစ်ပွားခြင်းမရှိကြောင်းနဲ့
စက်ရုံလည်ပတ်လို့ စစ်ဆေးတဲ့အခါဘေးထွက်ဆိုးကျိုးတွေရှိတယ်ဆိုရင်
စက်ရုံကိုပိတ်သိမ်းပေးမယ်လို့
သန်းဖြိုးသူ မန်းနေးဂျင်းဒါရိုက်တာဦးကျော်လွင်က
တာဝန်ရှိသူဒေသအာဏာပိုင်များနဲ့ပြည်သူလူထုများ ကိုတွေ့ဆုံရှင်းလင်းပွဲပြုလုပ်ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။
ရှင်းလင်းပွဲမှာဒီမိုကရက်တစ်ပါတီမြန်မာပြည်က တိုင်းစည်းရုံးရေးမှူး
ဦးသန်းထွန်းက ကျောက်မီးသွေးစက်ရုံကို(၁၀)မိုင်မှာပြောင်းလဲဖွင့်လှစ်ဘို့ တင်ပြဆွေးနွေးခဲ့တယ်လို့သိရှိရပါတယ်။သူကဘဲကျောက်မီးသွေးစကိရုံကို(၁၀)မိုင်ကိုပြောင်းလဲဖွင့်လှစ်ဘို့သမတကြီးဆီကို တိုင်ကြားစာရေးပို့ခဲ့တယ်ဆိုတာကိုရှင်းလင်းပွဲမှာဖွင့်ပြောခဲ့ပါတယ်။ အေးရိပ်ငြိမ်ရပ်ကွက်
မှာနေတဲ့တိုင်းစည်းရုံးရေးမှူးနဲ့သူ့မိသားစု
မှ လူလား။ (၁၀)မိုင်ကျေးရွာက
ပြည်သူလူထုတွေက လူမဟုတ်ဘူးလား၊သန်းဖြိုးသူမန်းနေးဂျင်းဒါရိုက်တာဦးကျော်လွင်ပြောတာကတော့ သဘာဝကျပါတယ်။ ဘေးထွက်ဆိုးကျိုးရှိရင်
စက်ရုံကိုပိတ်ပစ်လိုက်မယ်။ ဘယ်နေရာမှာမှဖွင့်မှာမဟုတ်ဘူးတဲ့။
ဦးသန်းထွန်း
ကန့်ကွက်နေတာကလုပ်သားပြည်သူတွေအတွက်မှမဟုတ်ဘဲသူနဲ့ သူ့မိသားစုသေမှာစိုးလို့ ကန့်ကွက်နေတာပါလိုလာရောက်လေ့လာတဲ့
မိန်းမကြီးတစ်ဦးပြောပြတာကိုလည်းကြားသိရပါတယ်။
ဦးသန်းထွန်းဆိုတာအရင်က ပအုံးရေ ဆိုပြီးလက်ဝှေ့ထိုးတယ်
၊ နောက်တော့ မဖွယ်မရာမှုဖြင့် ထောင်ကျတယ်..
နောက်ပိုင်းထောင်ကထွက်လာပြီးတော ဆိုင်ကယ့် Taxiဆွဲတယ်။ အခု
ပါတီတွေ ခေတ်စားတော့ ဒီမိုကရက်ပါတီ လုပ်ပါတယ်။ဒီမိုကရက်တစ်ပါတီ(မြန်မာပြည်)ဆိုတာကလည်းမြဲတမ်းပိတ်ထားပြီး ဆိုင်းဘုတ်လောက်ပဲတင်ထားတာပါ။ပြည်သူအတွက်အကျိုးရှိအောင်
ကန့်ကွက်တာလား၊ ပိုက်ဆံရလို့မိမိကိုယ်ကျိုးအတွက်ကန့်ကွက်နေတာလားဆိုတာ
ကိုယ့်ကိုကိုယ် အသိဆုံးပါ။
ကော့သောင်းမြို့အတွက် ဆိုပြီး အခုလို တစ်ဦးတစ်ယောက်ကောင်းစားဘို့ လုပ်နေတာ ကော့သောင်းသားတွေက ဒီအတိုင်းငြိမ်ခံနေရမှာလား
၊ ထားဝယ်သားတွေကော့သောင်းမှာလာပြီး
လုပ်စားတာများနေပါပြီး၊
မင်းလွင် ၊ ပြည်စိုးထွန်း ဘာမှမလုပ်ဘဲထားရင်နောက်ထပ်
နှိပ်စက်မဲ့ ထားဝယ်သားတွေ ပေါ်လာဦးမှာဘဲ။
သန်းထွန်းလဲ
ထားဝယ်သားဘဲ ၊ ဖိုးသီးချိုလည်း ထားဝယ်သားဘဲ ဒီလောက်ဆို
ဘာလုပ်သင့်တယ်ဆိုတာ ၀ိုင်းဝန်းအကြံပေးသင့်ပြီးလို့ထင်ပါတယ်။
ဖိုးသီးချိုရဲ့လျှပ်စစ်မီးကြောင့်
ဆင်းရဲတွင်းနက်နေသူ ကော့သောင်းသားတစ်ဦး
မှတ်ချက်
၊ မီတာခဘတ်နှင့်ပေးရသောကြောင့်ဖြစ်ပါသည်။
0 comments:
Post a Comment