သရက်သီး
by Chan Myae on Monday, April 9, 2012 at 2:58pm ·
ဒီအချိန် ရောက်လာပြီဆို ကျွန်တော်တို့ကောင်တွေ စိတ်တွေ ဂရောက်ဂရက်ဖြစ် လာပြီပဲ... ။ အချိန်ကို ကြည့်လိုက်တော့ ည တစ်နာရီကျော်ပြီ လူတွေက လည်း အိပ်လို့ တိတ်ဆိတ်နေကြပြီ ဆရာကို တချက့် ကြည့်လိုက်တော့ အိပ်နေတာ ကြာပြီ ထင်တယ် ဟောက်တောင်ဟောက်နေပြီ ။ ဘေးက ကောင်တွေကို မျက်စ ပစ်ပြလိုက် တော့ သူတို့ကလည်း ဖဲနိုင်တဲ့ မျက်လုံးမျိုးနဲ့ ကျွန်တော်ကို မေးငေါ့ပြတယ်ဆက်လုပ် ရဲဘော် ရှေ့မှာ မိုင်းတွင်းပဲ ရှိတယ် ဆိုတဲ့ သဘော ပေါ့ ။ ဒီအချိန်မှာ ကျွန်တော်က ရန်သူစခန်းထဲ ရောက်နေတဲ့ ကွန်မန်ဒို လမ်းလျောက် သလို ဖွဖွလေး လျောက်ပြီး တံခါးကို ဆွဲဖွင့် လိုက်တယ်။ ေ
ပါက်တော့ မဲ့ ဗုံးက စနက်တန်ကို ဖြုတ်သလို မျိုး ကျွန်တော် ကြိုးစားတယ် ဂလောက် ဆို တဲ့ အသံ ထွက်လာတော့ ဘေးကို တချက်ရှိုးတယ် သေချင်းဆိုး ၅ ယောက်ကို အောင်နိုင်တဲ့ စစ်သူကြီး လို မျိုး တချက်ပြုံးပြလိုက်တယ်.... စပြီ ပဲ........။ အိမ်အောက်ကို လှေခါးက ဆင်းတယ် အောက်မှာ ဘာမှ မမြင်ရဘူး ဒါပင်မဲ့ လူက ဘယ်နေရာဘာရှိတယ် ဆိုတာ သိနေတော့ အေးဆေးပဲ စက်ဘီး ၃ စီးကို အသာလေး ဆွဲထုတ်လိုက်တယ် တွန်းထုတ်ပြီး လမ်းမ ပေါ်တက်ကြတယ်ပြီးမှ အိမ်နဲ့ ဝေးရာကို ရောက်ပြီဆိုမှ ကျွန်တော်တို့ ရဲ့ တပ်မဟာ ၃ စီး ရဲ့ အစီအစဉ် အောင်မြင်သွားပါပြီ. ။
ညဘက် စက်ဘီး နဲ့ လျောက်သွားရတာလောက် အဲအချိန်တုန်းက အရသာရှိတာ မရှိ .။ ကျွန်တော်တို့ အတွက်တော့ ဒီလို အချိန်မှာ ဆေးလိမ်ခိုးသောက်တယ် ဆိုလည်း ဟုတ်တယ် ထမင်းကျော် ထွက်စားတယ် ဆိုလည်း ဟုတ်တယ် တခါတလေ အရက်သောက်တယ် ဆိုတာ လည်း ဟုတ်ပါတယ်။ ဘော်ဒါဆောင် ကျောင်းသားဘ၀မှာ ဒီလို လုပ်ရတာ ကျွန်တော်တို့ အတွက်တော့ တကယ့်အလုပ်ကြီး အကိုင်ကြီး ပါပဲ ဆရာ က သိချင်လည်း သိမယ် ဒါပင်မဲ့ ကျွန်တော်တို့ ကို လွတ်ပေးထားပါပဲ ။
အဲဂလို တွေ လုပ်နေကြတဲ့ မဟာ့မဟာ လွတ်လပ်ရေးကြီး ဆုံးရှုံးရတဲ့ နေ့ကတော့ ရောက်လာပါတော့ တယ် ဒဿဂိရိလွမ်းခန်း
ပေါ့ဗျာ ။ အဲနေ့က သောက်ငတ်သာ မကျခဲ့ရင် လက်ကလေးသာ အငြိမ်နေခဲ့ရင် ဒီပြသနာကြီး မတက်ခဲ့ဘူးပေါ့ဗျာ.။
အဲနေ့က သူတောင်းစားလေး ဂေါ်ဆယ် ( 50 ကို ပြောတာ ကျပ်မပြည့်လို့ နာမည်ပေးထားတာ ) က စပြောပါတယ် သူ့ အန်တီလေး
ကို ကြည့်မရ တဲ့ အကြောင်း သူအန်တီလေးက သူ့ကို မုန့်ဘိုး မပေးတဲ့ အကြောင်း သူ့ အန်တီက ကပ်စေးနည်းကြောင်း ဇာတ်တော်ကြီးကို ကပြပါတယ် အဲမှာ နောက်တကောင်က မြောက်ပေးတာက မင်းအန်တီလေးကို သင်ခန်းစာ ပေးသင့်ကြောင်း မင်းအန်တီလေးခြံထဲမှာ သရက်သီးတွေ သီးနေကြောင်း အသီးတွေက ရေရေလည်လည် ကြီးပါကြောင်း စားချင်စဖွယ် မပေးလိုက်ပါတယ် ။
ဒီမှာ အဲ ပြသနာက ကျွန်တော် နဲ့ နောက်တကောင် အရိပ် ( အရိပ်လို့ နာမည်ပြောင် ပေးထားတာ ) ဆီကို တန်းတန်းကြီး ဆိုက်လာပါ
တယ် ကျွန်တော်က တော့ စိတ်မပါပင်မဲ့ ဟိုငနာ အရိပ်က အရက်နဲ့ မြည်းရင် သရက်သီးက အတော် အဆင်ပြေကြောင်း ရှင်းပြပါတယ်
ကျွန်တော်က လည်း အရက်အသံကြားတော့ နည်းနည်းတော့ အားတက်လာပါတယ် အဲဒါနဲ့ လိုအပ်တဲ့ ပစ္စည်း တွေ ဖြစ်တဲ့ ဖိနပ်အစုတ် ၊ တုတ် ၂ ချောင်း ရေသန့်ဘူး အစုတ် ၂ ခု ကို ရှာကြံပြီ သကာလ သရက်သီး စစ်ဆင်ရေးကို ဗျုဟာ ခင်းပါတော့တယ်
ဒီအထိ ပြဿနာက မတက်သေးဘူး ဗျ သရက်သီးကို လည်း ဖိနပ် ၁၀ချက်စာလောက် ကြွေးပြီး တိုက်ပွဲ ဆင်လိုက်တော့ အလုံး ကြီးကြီး
၁၀ လုံးလောက် ရလာပါတယ် အဲတုန်းက သရက်သီးကြီးပုံက ခုထိမျက်စေ့ထဲက မထွက်ဘူး မချစ်စု သရက်သီးဆိုတော့ ပိုပြီး စားချင်
စရာပေါ့လေ ။ သရက်သီး၁၀ လုံးကို ပုဆိုးနဲ့ သေချာ ထုပ်ပြီး ကျွန်တော်တို့ အောင်မြင်စွာ ဆုတ်ခွါလာပါပြီ..။ အချိန်က ည ၁ နာရီနီးပါး
လောက်ရှိတယ် အဲမှာ ဖြစ်ချင်တော့ ရပ်ကွက်ထဲက ကလေက၀ ခွေးစုတ်ခွေးပဲ့တွေက ကျွန်တော်တို့ အုပ်စုကို မြင်တော့ ထိုးဟောင်ပါတော့တယ် ကျွန်တော်တို့က လည်း ခွေးဆို သောက်မြင်က ကက်တာနဲ့ ခဲနဲ့ ထုပါတယ် ခဲက ထုရင်းနဲ့ ထုစရာက ကုန်သွားတယ် အဲမှာဂေါ်ဆယ် ဆိုတဲ့ ငနာ က လက်ထဲက တုတ်ကို အားကုန်လွဲပြီး ပါးစပ်ကလည်း အော်လိုက်ပါသေးတယ် ငါ....သားခွေးတွေ ဆိုပြီး ပစ်လိုက်တာ တုတ်က ခွေးအုတ်ထဲ မရောက်ပဲ အရိပ် ဖွန်ကြောင်နေကြ ကောင်မလေး အိမ်ထဲကို တန်းပြီး ၀င်သွားပါတော့တယ်....... ။
ဝုန်း ဒိန်း.... ဂဒေါင် ဂဒေါင် ဆိုပြီး အသံတွေ ထွက်လာတော့ ကျွန်တော်က ကြောင်ပြီးကြည့်နေတာ သတိရလို့ ကြည့်လိုက်တော့
ဘေးမှာ ငနာတွေက တကောင်မှ မရှိတော့ ဘူး အသားကုန်ပြေးကြတာ ကျွန်တော်က ဖြစ်ချင်တော့ စက်ဘီးကို ကယ်ရီယာ ကနေ နင်း
နေတာ အလယ်မှာက နင်းတဲ့ ခုံ ခံနေတော့ နင်းလို့ က မြန်မြန်နင်းလို့ မရဘူး လူက ထူပူနေတုန်းရှိသေးတယ် အိမ်ထဲက လူတစ်
လောက် ထွက်လာပါပြီ လက်ထဲမှာလည်း တုတ်ကြီးတချောင်းကိုင်ထားတယ် ပါးစပ်ကလည်း အော်နေသေးတယ် .........ဘယ် မ...ဘေး သူတောင်းစားတွေ ငါ့အိမ်ကို ခဲနဲ့ ထုတာ လဲ ကွ အန် သတ္တိရှိရင် ထွက်ခဲ့စမ်းပါ လို့ ပြောနေတာဗျ...။
ကျွန်တော်က တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး အဲမှာ ရသမျှ အကြံကို ထုတ်နေတာ သူက လည်း အိပ်ချင်မူးတူး ဖြစ်နေပုံပဲကျွန်တော်ကို ကြည့်ပြီး ဟေ့ရောင် ငါ့အိမ်ကို ခုန က ခဲနဲ့ ထုတဲ့ ကောင် ဘယ်ရောက်သွားတုန်း ဆိုပြီး မေးခွန်း ကို မေးတယ် ။
ကျွန်တော်က လည်း အယောင်ယောင် အမှားမှား နဲ့ ဟို.ဟို .. ဟို ဘက်လမ်းကို ချိုးပြီး ထွက်ပြေး..သွားတယ် ဗျ......လို့ ဖြီးရတော့တာပေါ့ ဟီး..။ သူက အဲဘက်ကို ပြေးသွားတယ်ဗျ တုတ်ကြီးကိုင်ပြီးတော့ သူက ညာဘက်ကို ပြေးလိုက် သွားတော့ ကျွန်တော်ကလည်း ဘက်ဘက်ကို သုတ်တော့တာပါပဲ.... ဟီး ။ နောက်တော့ ပြေးရင်းနဲ့ လမ်းကို ချိုးပြီး တခြားလမ်းဘက်ကို ပြေးရတယ် စက်ဘီး
ပါလာတော့ မြန်တာပေါ့ အဝေးကြီးရောက်မှ ခေါ်သံကြားတော့ ကြည့်လိုက် တော့ ငနာလေးတွေက ကျွန်တော်ကို ခေါ်နေတာ
သူတို့က အဝေးကနေ အခြေအနေကို ချောင်းနေတာ ဆိုပဲ တော်တော်ချစ်ဖို့ ကောင်းတဲ့ သူငယ်ချင်းတွေ ။ ကျွန်တော်လည်း ဆဲတော့
တာပဲ ......... အိမ်ပြန်ရောက်တော့ အေးဆေးပါပဲ။။ အဲညက သရက်သီးတောင် မစားနိုင်ပါဘူး ခေါင်းကွဲတော့ မလို့ ကံကောင်းတယ်။
မနက်မိုးလင်းတော့ ရပ်ကွက်ထဲမှာ သတင်းက ပြန့်နေပြီ ဘော်ဒါဆောင် က ကလေက၀တွေ ခဲနဲ့ ထုလေခြင်း ဆိုပြီး............။
ကျွန်တော်တို့ ရဲ့ လွတ်လပ်ရေး ဟာ အဲနေ့က စပြီး ဆုံးရှုံးရတော့ တာပဲဗျာ...... ။
သရက်သီးကို ငတ်မိတဲ့ အကျိုးနဲ့ ပေးဆပ်လိုက်ရတာ မတန်လိုက်တာ ဗျာ...... ဟီး ။
ကျောင်းသားဘ၀ နဲ့ ဝေးခဲ့ရတာ 7 နှစ်ကျော်ခဲ့ပါပြီ ။
သူငယ်ချင်းတွေ လည်း တနေရာစီရောက် နေပါပြီ ။ တချို့ တွေလည်း နောက်ဘ၀ တောင် ရောက်နေပြီ ။
ကျွန်တော်လည်း ဒီအချိန်ထိ သရက်သီးတွေကို စားချင်တုန်း.. ...........။
တခါတလေ မပြေးမိပဲ ကြောင်ပြီး ကြည့်နေတုန်း........။
ဆိုးတုန်း မိုက်တုန်းပါပဲ.......။
ချမ်းမြေ့
( သင်္ကြန်အကျနေ့မှာ ဆုံးသွားတဲ့ အချစ်ဆုံးသူငယ်ချင်း အရိပ် အား သတိရစွာဖြင့် ဒီနှစ်ဆို ရင် ၈ နှစ် တိတိ ပြည့်ပါပြီ )
0 comments:
Post a Comment