ခနငယ်လေး အတွင်းက ….
ဒီခနငယ်လေးမှာ
အနီတန်းကြီးတခုရဲ့နောက်
ငါတို့ အပြေးအလွှား တကောက်ကောက် လိုက်နေချိန် ...
အနီစက်လေးတချို့ ဖြတ်ကနဲ ဖြတ်ကနဲ ကျော်တက်သွား ….
အဖြူတန်းကြီးတခုကလည်း
ငါတို့ဆီကို
ဦးတည်
စီးကြောင်းပမာ ချီတက်လာနေ ...
အနီစက်လေးတချို့မှာတော့
မျက်စိရှေ့တင်
ရုတ်ချည်း ရုတ်ချည်း ဆိုသလို
ပျောက်ပျက်သွားတတ်လေရဲ့ ….
ဒီခနငယ်လေးမှာ
ကိုယ်သာကိုယ့်ရဲ့
အားကိုးရာဆိုတာကို
အကြိမ်
သိန်း သန်း ကုဋေကဋာမက
ရွတ်ဆိုနေရုံမှတပါး
….
ဒီခနငယ်လေးမှာ
အခြားတပါးကို
တကြိမ်တခါမျှလောက်
အားပြုလိုက်တယ်
ဆိုရင်ပဲ
ကောက်သင်းကောက်ဖို့ပင်
ကျန်မနေပါတော့လား
ငါ့
ကိုယ်ပိုင် လွတ်လပ်ခွင့်ငယ်များ
….
အခု
ဒီခနငယ်လေးက
အပြန်ခရီးဆိုသော်လည်း
ပြန်ရမယ့်
အိမ်ဆိုတာ
တကယ်တန်းမှာ
သေချာမှုတွေ
မှုံ ရီ…
ဝေ …
ဝါး ….။ ။
လူဗိုလ် (၁၅
၊ ၄ ၊ ၁၂)
(အယ်အေသင်္ကြန်
အပြန်လမ်းခံစားမှု)
0 comments:
Post a Comment