Friday, April 20, 2012

နောက်ကြောင်းပြန်မလှည့်ဘူးဟုဆိုလာသူကို နောက်ကြောင်းပြန်လှည့်ချင်စိတ်မရှိအောင်ဆွဲဆောင်နိုင်မှ လူတော်ဟုခေါ်သည်

Fri, Apr 20, 2012
နောက်ကြောင်းပြန်လှည့်တယ်ဆိုတာ ဘာလဲ။
လွန်ခဲ့သော နှစ်ပေါင်း (၂၅)နှစ် ခန့်က ကျွန်တော့်ထံတွင် မိတ်ဆွေတစ်ဦး ရှိပါတယ်။ ထိုစဉ်က သူ၏အသက်က တော့ (၄၀)ဖြစ်ပြီး နာမည်ကတော့ ကိုရွှေအေး (နာမည်လွှဲ) ဖြစ်ပါတယ်။ သူက အဲဒီအချိန်တုန်းက သူ့ကိုယ်သူ ဘုရားဒကာလိုလို၊ ဆုကြီးပန်လိုလို၊ ဘိုးတော်လိုလို လုပ်နေပါတယ်။ နေ့စဉ် ဘုရားသွားပြီး ဘုရားရင်ပြင်မှာတစ်နေ့ (၂)နာရီလောက်တရားမှတ်ပြနေပြီးကိလေသာကိုစိတ်ကုန်သလိုလို၊တဏှာမရှိတော့သ လိုလို လုပ်ပြနေပါတယ်။ အဲဒီတော့ ကျွန်တော်သူ့ကို နာမည်တစ်ခုပေးခဲ့ပါ တယ်။ နာမည်ပြောင်က ““ရင့်မာသန် ကို ရွှေအေး”” ဆိုပြီးပေးတော့ သူကလက်ခံပါ တယ်။
ကိလေသာကို စိတ်ကုန်သလိုလို လုပ်နေပြီးဗြုန်းဆိုကောက်ကာငင်ကာမိန်း မတစ်ယောက်ယူလိုက်တယ်။ ဒီတော့ ကျွန်တော်က သူ့ရဲ့မင်္ဂလာဆောင်မှာသူ့ ကို မိန်းမယူတော့ သမာဓိကျသွားတယ် လို့မေးတော့ သူကနည်းနည်းတော့ သမာ ဓိကျသွားတယ်လို့ခက်ရှက်ရှက်ဖြေပါတယ်။ ဘေးကသူငယ်ချင်းတစ်ယောက်ကနောက် လိုက်ပုံကတော့–။““နိဗ္ဗာန်သွားရာလမ်းမှာ အချိန်စောနေလို့ နောက်ကြောင်းနည်း နည်းပြန်လှည့်တာပါဆရာရေ””ဟုနောက် လိုက်တော့ ကိုရွှေအေးကပြုံးနေပါတယ်။ အဲဒါက နောက်ကြောင်းပြန်လှည့်တဲ့ ဥပမာတစ်ခုပါ။ နောက်ဥပမာတစ်ခုက တော့ ဒီလိုပါ။
မကြာမီအာဖရိကမာလီနိုင်ငံမှာသမ္မတ အမ္မာဒိုတော်မာနီတိုရေးထံက အုပ်ချုပ် ရေးအာဏာကို စစ်တပ်မှ ဗိုလ်ကြီးအမ္မာ ဒိုဆိုဂိုက ဦးဆောင်ပြီး အာဏာသိမ်းရန် အားထုတ်မှုဖြစ်ပြီး အခြေအနေရှုပ်ထွေး နေခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အာဖ ရိကသမဂ္ဂကတော့ဒါဟာနောက်ကြောင်း ပြန်လှည့်တဲ့ကိစ္စလို့ ဆိုပါတယ်။ အဲဒါက တော့ နောက်ကြောင်းပြန်လှည့်ခြင်းရဲ့ ဥပမာတစ်ခုပါ။
နောက်ကြောင်းပြန်မလှည့်ဘူးဟုဆို လာသူများဆိုတာဘယ်သူတွေများပါလိမ့်
တစ်ချိန်တုန်းက ကပိ္ပလ၀တ်ပြည် အိမ်ရှေ့မင်းသားဘုရားလောင်းတော် သိဒ္ဒတ္တမင်းသား ဘုရားဖြစ်ရန်ဒုက္ခစရိယာ ကျင့်ရန်တောထွက်ရန် ပြင်ဆင်ပါတယ်။ တောထွက်မည့် ညမှာ ဇနီးသည်ယသော် ဓယာရဲ့ အိပ်ခန်းဆောင်လိုက်ကာကို လှပ်ကြည့်တော့ ဇနီးသည်ယသော်ဓယာ နဲ့ သားတော်နို့စို့အရွယ်ရာဟုလာမင်းသား တို့ အိပ်နေကြပါတယ်။ ဘုရားအလောင်း တော်ဟာ ဇနီးနဲ့ သားအပေါ်မှာထားတဲ့ သံယောဇဉ်ကို ခဲယဉ်းစွာဖြတ်၍တော ထွက်ရပါတယ်။ တကယ်လို့ သံယောဇဉ် မဖြတ်နိုင်လို့ တောထွက်မယ့်အစီအစဉ် ကိုဖျက်ရရင် နောက်ကြောင်းပြန်လှည့် တယ်လို့ ခေါ်ရမှာဖြစ်ပါတယ်။ တဖန် ဘုရားလောင်းတောထွက်ရာလမ်းမှာမာရ် နတ်မင်းကခြိမ်းခြောက်ပြီးနောက်ကြောင်း ပြန်လှည့်ရန် ပြောပါတယ်။ သို့သော် အာဇာနည်သူရဲကောင်းဖြစ်သော ဘုရား အလောင်းတော်ဟာ ခြိမ်းခြောက်မှုကို မမူဘဲ နောက်ကြောင်းပြန်မလှည့်ပါဘူး။ နောက်ကြောင်းပြန်မလှည့်သူတစ်ဦးဟာ ဘုရားလောင်းဘဲဖြစ်ပါတယ်။ တဖန် အလောင်းတော်ဟာ ဘုရားအဖြစ်သို့ ရောက်ရှိပြီးနောက် ညီတော်မင်းနန်ကို နတ်ပြည်သို့ခေါ်သွားပါတယ်။ လမ်းခရီး မှာညီတော် မင်းနန်ဟာသူ့ရဲ့မိဖုရား ဘဒ္ဒ ကလျာနီကို လွမ်းလို့နန်းတော်သို့ပြန်ရန် နောက်ကြောင်းပြန်လှည့်ချင်ပါတယ်။သို့ သော် နောင်တော်မြတ်စွာဘုရားကိုမလွန် ဆန်ဝံ့လို့ နောက်ကြောင်းပြန်မလှည့်ဝံ့ရှာ ပါဘူး။ လမ်းခရီးမှာ မျောက်အိုမကြီးကို တွေ့ရတော့ ဘုရားက ညီတော်မင်းနန် ကိုမျောက်အိုမကြီးနဲ့ ဘဒ္ဒကလျာနီမင်း သမီးဘယ်ဒင်းလှသလဲမေးလို့ညီတော် မင်းနန် မင်းနန်ဝမ်းနည်းရရှာတယ်။ သို့ သော်နတ်ပြည်ကိုတကယ်ရောက်တော့ နတ်သမီးတွေရဲ့ အလှကိုညီတော်မင်းနန် တွေ့သွားတယ်။ သူ့ရဲ့ မိဖုရားဘဒ္ဒကလျာ နီရဲ့ အလှဟာ နတ်သမီးတွေနဲ့ယှဉ်ရင်  မျောက်အိုမကြီးအဆင့်လောက်ပဲရှိတော့ တယ်လို့ ဆိုပါတယ်။ ညီတော်မင်းနန် ဟာနတ်သမီးတွေကို လိုချင်နေပါတယ်။ ဒါကို ဘုရားကသိတော့ ညီတော်မင်းနန် ကိုပြောသည်မှာတရားအားထုတ်ရင်နတ် သမီးတွေကို ရတာထက်သာလွန်တဲ့ သာ ယာချမ်းမြေ့မှုကို တွေ့လိမ့်မယ်လို့ဆိုပါ တယ်။ ဒီတော့ ညီတော်ဟာ နတ်သမီးကို  လိုချင်ဇောနဲ့ အားထုတ်တာမှာ ရဟန္တာ ဖြစ်သွားတယ်။ ရဟန္တာဘ၀ရဲ့ချမ်းမြေ့မှု ဟာ နတ်သမီးကိုရတာထက်သာလွန် တယ်ဆိုတာ သိသွားတယ်။ ဒါကြောင့် ညီတော်က နတ်သမီးတွေကို မလိုချင် တော့ပါဘူးလို့ ဘုရားကိုလျောက်ထား တယ်။ ဒီတော့ ညီတော်မင်းနန်ဟာ နောက်ကြောင်းပြန်မလှည့်တော့ပါဘူး။ ညီတော်မင်းနန်ရှေ့ဆက်မယ့် ခရီးဟာ နိဗ္ဗာန်သို့သွားတဲ့ ခရီးပဲဖြစ်ပါတယ်။ ဒါ ကြောင့် ညီတော်မင်းနန်ဟာ နောက် ကြောင်းပြန်မလှည့်သူတစ်ဦးဖြစ်ပါတယ်။
နောက်ကြောင်းပြန်မလှည့်ဘူးဟု ဆိုလာသူကို နောက်ကြောင်းပြန်မလှည့် ဆောင် ဆဲဆောင်နိုင်သောသူဆိုတာ ဘယ်သူလဲ (ပုံပြင်)
တစ်ခါတုန်းက ရွာတစ်ရွာမှာ မောင်ဘနဲ့မောင်မြရယ်လို့ အလွန်ချစ်ကြ တဲ့သူငယ်ချင်းနှစ်ယောက်ရှိကြပါတယ်။ သူတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် သိပ်ချစ်လို့ နောင်ဘ၀မှာလဲ သူငယ်ချင်း တွေပြန်ဖြစ်ချင်ကြတယ်။ ဒါကြောင့် သူ ငယ်ချင်း(၂)ယောက်မှာ တစ်ယောက် ယောက်က ကောင်းစားတဲ့ဘ၀မှာရောက် ရင် နောက်တစ်ယောက်ကို လာခေါ်ကြ စတမ်းရယ်လို့ ကတိပြုကြတယ်။ ဒီလိုနဲ့  သူတို့ဟာ သက်တမ်းစေ့နေထိုင်ပြီး အနိစ္စ ရောက်ကြတဲ့အခါ မောင်ဘကနတ်ပြည် မှာ နတ်သားသွားဖြစ်တယ်။ မောင်မြက တော့ ဟိမ၀န္တာတောမှာတောသုံးတောင် ကိုအုပ်စိုးတဲ့ ကောသရာဇာခြင်္သေ့မင်း သွားဖြစ်တယ်။ မောင်ဘက ဖြစ်တဲ့နတ် သားဟာ နတ်ပြည်မှာ ဘဒေ၀ါနတ်သား လို့အမည်တွင်တယ်။ ဘဒေ၀ါနတ်သား ဟာလူ့ပြည်မှာ မောင်ဘနဲ့ မောင်မြဘ၀ ကပြုခဲ့တဲ့ ကတိကိုသတိရပြီး မောင်မြကို  နတ်ပြည်သို့ခေါ်ရန် တာဝန်ရှိကြောင်း အမှတ်ရလို့ မောင်မြဘယ်ရောက်နေလဲ နတ်မျက်စိနဲ့ကြည့်တော့ မောင်မြဟာ ခြင်္သေ့မင်းကြီးဖြစ်နေဒါနဲ့ ဘဒေ၀ါနတ် သားက ခြေင်္သေ့မင်းရှေ့မှာကိုယ်ထင်ပြ ပြီး ဒီလိုစကားတွေပြောကြပါတယ်။
ဘဒေ၀ါနတ်သား- ဟေ့ကောင် မောင်မြ ငါ့ကို မှတ်မိလား။ လူ့ဘ၀တုန်းကမင်းရဲ့ သူငယ်ချင်းမောင်ဘလေကွာ။
ခြင်္သေ့မင်း- မှတ်မိတယ်။ အခုမင်းဘယ် ဘုံမှာရောက်နေလဲ။
ဘဒေ၀ါနတ်သား- ငါနတ်ပြည်ရောက် နေတယ်။ အဲဒါငါတို့ထားခဲ့ကြတဲ့ကတိ အတိုင်း ငါမင်းကို လာခေါ်တာ။ နတ် ပြည်မှာသိပ်ပျော်ဘို့ကောင်းတယ်ကွာ။စားဘို့သောက်ဘို့မပူရဘူး။ နတ်သုဒ္ဒါတွေ ရှိတယ်။ နေဘို့မပူရဘူး။ နတ်ဗိမ္မာန်တွေ ရှိတယ်။ ပြီးတော့ တစ်ဖက်ကို နတ်သမီး ငါးရာစီခြံရံပြီး ခံစားရတယ်။ နတ်သမီး တွေသိပ်လှတယ်ကွာ။ မင်းမြင်ရင်ကြိုက် မှာသေချာတယ်။ ကဲကဲ နတ်ပြည်သွား ရအောင်၊ ငါနဲ့လိုက်ခဲ့။
ခြင်္သေ့မင်း- နေပါဦးကွ၊ ငါစဉ်းစားပါရ စေဦး၊ နတ်ပြည်မှာ နတ်ဗိမ္မာန်ရှိသလို အခုဒီဟိမ၀န္တာတောမြတ်ခင်းပြင်ကြီးဟာ ငါရဲ့ ဗိမ္မာန်ပေါ့ကွ၊ လှဲအိပ်ရတာသိပ်ဇိမ် ရှိတယ်။ နတ်ပြည်မှာ နတ်သုဒ္ဒါတွေရှိသ လို ဒီမှာလည်း ငါစားဘို့ သမင်သား၊ ဒရယ်သား၊ ချေသား၊ ဆတ်သား၊ အလျံ အပယ်ရှိပါတယ်ကွာ၊ နတ်ပြည်မှာ နတ် သမီးတစ်ဖက်ငါးရာနဲ့ ခံစားရတယ်ဆိုပေ မယ့် ဒီမှာလဲ ငါ့မှာ နယ်စား၊ ပယ်စား၊ ခြင်္သေ့တွေက သမီးကညာ နှမကညာ ဆက်သထားလို့ ငါ့မှာခြင်္သေ့မိဖုရား တစ် ထောင်လောက်ရှိပါတယ်။ ငါနတ်ပြည်ကို မလိုက်ချင်ဘူး။ နေပါရစေကွာ။
ဘဒေ၀ါနတ်သား- ဟေ့ကောင်မောင်မြ၊ မင်းစကားရှည်မနေနဲ့ကွာ၊ငါနဲ့အရင်လိုက် ခဲ့ကြည့်ဦး၊ နတ်ပြည်ရောက်မှ မပျော်ရင် ငါပြန်လာပို့ပေးပါ့မယ်။
ဤသို့ပြောပြီး ဘဒေ၀ါနတ်သားက ခြင်္သေ့မင်းကို ဇိကုတ်နတ်ပြည်တင်ပါ တယ်။ နတ်ပြည်ကိုဆွဲခေါ်သွားရာခြင်္သေ့ မင်းက မလိုက်ချင်လိုက်ချင်နဲ့ တွန့်ဆုတ် တွန့်ဆုတ်နဲ့ ပါသွားပါတယ်။ လမ်းတစ် ၀က်ရောက်တော့ ခြင်္သေ့မင်းက ခြင်္သေ့ မိဖုရားတွေကို လွမ်းလာပါတယ်။ ဒါနဲ့ ဒီလိုပြောပါတယ်။
ခြင်္သေ့မင်း- ဟေ့ကောင်မောင်ဘ၊ ငါ့မိ ဖုရားတွေကို ငါလွမ်းတယ်ကွာ၊ ငါနောက် ကြောင်းပြန်လှည့်ပါရစေ။
ဘဒေ၀ါနတ်သား- ဒီလောက်ခရီးပေါက် ပြီးမှတော့ နောက်ကြောင်းပြန်မလှည့်ပါ နဲ့တော့ကွာ၊ ငါတောင်းပန်ပါတယ်။
ဒီလိုနဲ့ သူတို့ဟာနတ်ပြည်ရောက်လာကြ တယ်။ နတ်ပြည်မှာ ခြင်္သေ့မင်းကိုသန်း ခေါင်စာရင်းဝင်ဘို့ သိကြားမင်းကိုသတင်း ပို့ပါတယ်။ သိကြားမင်းက ကြိုဆိုပါတယ်။ ခြင်္သေ့ဘ၀ကနေ နတ်သားဘ၀ကိုပြောင်း လဲလိုက်ပြီး သီဟဒေ၀ နတ်သားလို့နံ မည်ပေးလိုက်တယ်။ သီဟဒေ၀နတ်သား ကို သိကြားမင်းက နတ်ဗိမ္မာန်ပေးတယ်။ နတ်ဗိမ္မာန်မှာနေရတာက ဟိမ၀န္တတော ကမြက်ခင်းအပေါ်မှာအိပ်ရတာထက်ဇိမ် ရှိကြောင်းသိရတယ်။ ၄င်းနောက်သိကြား မင်းက သီဟဒေ၀နတ်သားစားဖို့နတ် သုဒ္ဒါတွေပေးတယ်။ နတ်သားကစား ကြည့်တော့ မိမိခြင်္သေ့ဘ၀ကစားခဲ့တဲ့ သမင်သား၊ဒရယ်သားတွေထက်အရသာ ရှိတယ်။ ၄င်းနောက် သိကြားမင်းက သီဟဒေ၀နတ်သားအတွက်ဇနီးမယားအ ဖြစ်အပျော်ခံစားရန် လက်ဝဲရံနတ်သမီး ငါးရာ၊ လက်ယာယံ နတ်သမီးငါးရာ စုစုပေါင်း နတ်သမီးတစ်ထောင်နဲ့ သိကြားမင်းကိုယ်တိုင် ထိမ်းမြားပေး တယ်။ သီဟဒေ၀နတ်သားဟာနတ်သမီး တွေရဲ့ အလှကိုကြည့်ရင်း တဒင်္ဂမှင်သက် မိသွားပါတယ်။ မိမိခြင်္သေ့မင်းဘ၀တုန်း ကဆုံခဲ့ရတဲ့ ခြင်္သေ့မလေးတွေရဲ့ အလှ ထက်များစွာသာတယ်ဆိုတာ သိသွားပါ တယ်။ သီဟဒေ၀နတ်သားဟာ နောက် ကြောင်းပြန်မလှည့်တော့ဘူးလို့ ခိုင်ခိုင် မာမာ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီလို ဆုံးဖြတ်ချက်ချနိုင်အောင် ကူညီခဲ့သူက တော့ ဘဒေ၀ါနတ်သားဘဲဖြစ်ပါတယ်။
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် ကြီးကလည်း ညီတော်မင်းနန်ကိုနောက် ကြောင်းပြန်မလှည့်အောင် ဆွဲဆောင်ကူ ညီနိုင်ခဲ့ပါတယ်။
အထက်ပါပုံပြင်ကတော့နောက် ကြောင်းပြန်မလှည့်ခြင်းဆိုင်ရာ ပုံပြင်တစ် ပုဒ်ပါ။ တိုင်းပြည်တစ်ပြည်ကို နိုင်ငံရေး ရှုထောင့်ကကြည့်မယ်ဆိုရင် နောက် ကြောင်းပြန်လှည့်မယ်ဆိုရင် အဆုံးအစွန် သောတစ်နေ့မှာ အသက်ဦးဆံပိုင်ဘုရင် ခံစနစ်ကို ပြန်ရောက်သွားမှာပါ။ ရှေ့သို့ ဆက်လက်ချီတက်မယ်ဆိုရင် အဆုံးစွန် သော တစ်နေ့မှာ ရှေ့တန်းဒီမိုကရေစီ သမ္မတနိုင်ငံကိုရောက်သွားမှာပါ။အသက် ဦးဆံပိုင်ဘုရင်ဆိုတာ မိမိအသက်ကို ဘယ်သူ လုပ်ကြံမလဲလို့အမြဲစိုးရိမ်နေရ တယ်။ ညည့်သုံးယံမှာ တစ်ယံဘဲအိပ်ရ ပါတယ်။ စိတ်ဖိစီးမှုများပါတယ်။ရှေ့တန်း ဒီမိုကရေစီနိုင်ငံရဲ့ အငြိမ်းစားသမ္မတကြီး တွေ ဥပမာ-ဂျော့ဘုရှ်၊ ဘီလ်ကလင်တန် တို့ကတော့ အငြိမ်းစားသမ္မတလစာနဲ့ ဂေါက်သီးရိုက်လိုက်ပျော်ပွဲစားထွက်လိုက်၊ စာအုပ်ရေးပြီး စာမူခဒေါ်လာသန်းချီယူ  လိုက်၊ ဟောပြောပွဲလုပ်လိုက်နဲ့ စိတ်ဖိစီး မှုမရှိဘူးဇိမ်ကျနေတာပါတယ်။ဒါကြောင့် နောက်ကြောင်းပြန်လှည့်ရင် စိတ်ညစ်ရ မယ်လို့ဆိုလိုချင်ပါတယ်။နောက်ကြောင်း ပြန်လှည့်ခြင်း၊ မလှည့်ခြင်း၊ဆိုင်ရာအဆို အမိန့်များကို ဆက်လက်တင်ပြပါရစေ။
မာရ်နတ်မင်းက ဘုရားလောင်းကို ဒီလိုပြောခဲ့ဖူးတယ်။
အိုအသင်မင်းသား၊ ဘုရားဖြစ် အောင်ကြံရွယ်သောသင်၏ အကြံကို ဖျက်၍တောထွက်လာပြီး ဒုက္ခစရိယာ ကျင့်ရန်လမ်းနောက်ကြောင်းပြန်လှည့်ပါ တော့ သို့မဟုတ် ငါသည်သင့်အားဘေး အန္တရာယ်ပြုအံ့။ (မာရ်နတ်မင်းကြီး)
ဘုရားအလောင်းက မာရ်နတ်မင်း ကိုဒီလိုပြန်ပြောဖူးပါတယ်။
အိုအသင် မာရ်နတ်၊ ငါသည်ဘုရား ဖြစ်ရန် ကျင့်ကြံမည်ဟု သိန်္ဓိဋ္ဌာန်ပြုခဲ့ပြီး ပြီ။ ဘယ်လိုဘေးရန်မျိုးကို တွေ့သည်ဖြစ် စေ၊ ငါသည် နောက်ကြောင်းပြန်လှည့် မည်မဟုတ်။ (သိဒ္ဒတ္တမင်းသား၊ကပ်္ပိလ ၀တ်ပြည်၏ အိမ်ရှေ့မင်း)
ဒေါက်တာထွန်းဝင်းရဲ့ ဇနီးက ဒေါက်တာထွန်းဝင်းကို ဒီလိုပြောခဲ့ဘူးပါ တယ်။
ငါ့ယောက်ျားရေ၊ ရှင်က ဘယ်လို ရာထူးမျိုးကိုအားကျသလဲ။ တကယ်လို့ များဥပမာပေါ့။ သိကြားမင်းက ရှင့်ကို သက်ဦး  ဆံပိုင်ရှင်ဘုရင်ရာထူးဖန်ဆင်း ပေးရင် ရှင်လက်ခံမှာလား။ တစ်ခုတော့ရှိ တာပေါ့။ အသက်ဦးဆံပိုင်ရှင် ဘုရင် ဆိုတာမိဖုရားတွေ အများကြီးရှိတယ်။ အဲဒါကို အားကျပြီးရှင်ဟာအသက်ဦးဆံ ပိုင်ရှင်လုပ်ချင်တယ်ဆိုရင် ရှင်ဟာနောက် ကြောင်းပြန်လှည့်တာဘဲ။ မိဖုရားတွေ များတယ်ဆိုတာဟာ တစ်ခဏပဲသာယာ မှာပါ။ ကြာလာရင် ဟိုမိဖုရားကတစ်မျိုး၊ ဒီမိဖုရားက တစ်မျိုးနဲ့ ရှင်ဘုရင်ကြီးစိတ် ညစ်ရလိမ့်မယ်။ မိဖုရားအများကြီးရှိတဲ့ ဘုရင်ကို အားကျမယ်ဆိုရင်တော့ ငါ့ ယောက်ျားတစ်နေ့နေ့မှာ ဒုက္ခလှလှတွေ့ ရလိမ့်မယ်နော်။ ကြပ်ကြပ်သိတိထား။ (ဒေါ်မို့မို့ခိုင်၊ ဒီဇိုင်နာနှင့် စာပေဖြန့်ချိရေး  လုပ်ကိုင်သူစာရေးဆရာဒေါက်တာထွန်းဝင်း ၏ဇနီး)
ကျွန်တော်ဒေါက်တာထွန်းဝင်းက တော့ဒီလိုဆိုချင်ပါတယ်။
ဘုရားအလောင်းဟာ မာရ်နတ်က တားဆီးသော်လည်း နောက်ကြောင်းပြန် မလှည့်ပါဘူး။ အာဇာနည်ယောက်ျား ကောင်းယောက်ျားမြတ်တွေဟာဘယ်လို အခက်အခဲမျိုးကို ရင်ဆိုင်ရသည်ဖြစ်စေ နောက်ကြောင်းပြန်လှည့်လေ့မရှိဘူး။ (ဒေါက်တာထွန်းဝင်း၊ စာရေးဆရာ)“
ကဲ..ကဲ..ကဲ စာရှုသူအပေါင်းတို့ ခင်ဗျာ။ စာရှုသူတို့ကရော ဘယ်လိုဆိုချင် ပါသလဲဟု မေးလိုက်ချင်ပါကြောင်း..။

ဒေါက်တာထွန်းဝင်း


http://www.hotnewsweekly.com/archives/3885 မှ ကူးယူဖေါ်ပြပါသည်။    

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...