Saturday, April 21, 2012

မြန်မာ့ယဉ်ကျေးမှုနဲ. ရိုးရာ ဓလေ့ ထုံးတမ်းစဉ်လာများကို လေးစားကြရအောင်ပါ



တစ်ချိန်က ဝဂ်ဆိုက်တစ်ခုမှာ ရေးးထားတဲ့ ဆွေးနွေးချက်တစ်ခုကို ဖတ်လိုက်ရတော့ အတော်လေးကို တုန်လှုပ်မိပြီးဒီဆောင်းပါးလေးကို ရေးလိုက်ရခြင်းဖြစ်ပါတယ် ။
“အော်---တို.ရဲ့ လူငယ်လေးတွေ ဒါလောက်တောင်ကို အယူလွဲနေပါပေါ့လား” ရယ်လို.ပါ။
“မြန်မာ့ယဉ်ကျေးမှု ”တဲ့ ။အဲဒီ“ ယဉ်ကျေးမှု ”ဆိုတဲ့ စကားရဲ့ အနက်အဓိပ္ပါယ်ကို ဖွင့်ဆိုဖို.အလျင်ဆုံး
လေ့လာကြရအောင်ပါလား ။
အင်္ဂလိပ်လို ( Culture , Politeness , Civilization ) ကို မြန်မာမှုပြုလိုက်မယ် ဆိုပါလျင်
“ ယဉ်ကျေးမှု ” လို.ခေါ်ပါတယ် ။ ကျမတို.“ မြန်မာ့ယဉ်ကျေးမှု” ကို အကျယ်ဖွင့်ဆို လိုက်တဲ့အခါတော့“ ကိုယ်အမူအရာယဉ်ကျေးမှု နှုတ်အမူအရာယဉ်ကျေးမှုနဲ.စိတ်အမူအရာယဉ်ကျေးမှု” ရယ်လို.ရှိနေတာတွေ.ရ
မှာဖြစ်ပါတယ် ။

ပထမဆုံး “ကိုယ်အမူအရာယဉ်ကျေးမှု ” ကိုလေ့လာကြည့်ကြရအောင်ပါ ။ ဒါကလည်း ကျမတို.“မြန်မာ”
လူမျိုးအားလုံးလိုလို သိပြီးသားပါ ။ လူကြီးရှေ.က ဖြတ်သွားတဲ့အခါ ရိုသေလေးစားစွာနဲ.ဦးညွှတ်
သွားရမယ် ၊ လူကြီးကပေး တဲ့ပစ္စည်းကို ယူသည်ဖြစ်စေ လူကြီးကို ပေးသည်ဖြစ်စေ လက်နှစ်ဖက်ဖြင့်
ပေးရ-ယူရမယ် စသဖြင့် မှတ်သားလိုက်နာ-ပြုကျင့်ခဲ့ကြရပါတယ် ။

“ နှုတ်အမူအရာ ယဉ်ကျေးမှု ”တဲ့- ဒါကလည်း ခက်ခက်ခဲခဲ မဟုတ်လှပါဘူး၊ အားလုံး သိပြီးတဲ့အတိုင်း
ပါပဲ ၊ စကားပြောတဲ့အခါ သူတစ်ပါး နားမခံသာအောင် အော်ဟစ်ပြော တာမျိုး - ရိုင်းရိုင်းစိုင်းစိုင်း ပြော
တာမျိုး ဆဲရေးတိုင်းထွာပြောတာမျိုးတွေကိုရှောင်ရမယ် ၊ အသက်ကိုကြည့်ပြီး ( ဦးလေး-ဒေါ်ဒေါ်- အကို-
အမ -ညီ- ညီမ)စသဖြင့် ယဉ်ကျေးစွာ သုံးနှုံးခေါ်ဝေါ်ရမယ် ။ ဟုတ်ကဲ့ပါ - ရှင် - ခင်ဗျာ စသည်တို.
ကို အမြဲသုံးစွဲ ပြောဆိုရမယ် ။ ( ဒီနေရာမှာ ကြားဖြတ်ပြီးတင်ပြရမယ်ဆိုပါလျင်- ကျမရဲ့သား သမီးလေး
တွေ ငယ်စဉ်ကတည်းက မပြောမနေရ စည်းကမ်းတစ်ခုကို ထုတ်ခဲ့တာ ဒီကနေ.တိုင်အောင်ကလေးတွေ
နှုတ်ကျိုး လျက်ရှိနေကြပါတယ် - အဲဒါကတော့ “စကာားပြောတဲ့အခါတိုင်း (ပါ)ထည့်ပြောရမယ်” ဆိုတဲ့
ပညတ်ချက်ပါပဲ ။
“ဟုတ်ကဲ့ပါ” - “ရှိပါတယ်” - “မရှိပါဘူး”- “ နားလည်ပါတယ် ” - စတဲ့ အသုံးအနှုံးတွေပါ ။
“ (စိတ်) နှလုံး ယဉ်ကျေးမှု ” တဲ့ - ဒါကလည်း လွယ်ပါတယ် ။ မိမိရဲ့စိတ်ကို အစဉ်အမြဲ သန်.ရှင်း
နေအောင်လေ့ကျင့်ယူရမှာဖြစ်ပါတယ် ။ ဒါကိုတော့ ဘယ်သူကမှ လာပြီး ကူညီပေးလို. မရနိုင်ဘူးနော် ။
မိမိကိုယ်တိုင် လေ့ကျင့်ယူရမှာပါ ။
မိုးလင်းက မိုးချုပ် - စိတ်ပုပ် - စိတ်ယုတ်တွေကို ဖယ်ရှားပြစ်နေရမှာဖြစ်ပါတယ် ။
ဘယ်နေရာရောက်ရောက်-ဘာလုပ်လုပ် မိမိစိတ်ကို မိမိကိုယ်တိုင်လေ့လာ မှတ်သားနေရပါမယ်။ မကောင်း
တဲ့စိတ်ဖြစ်ပေါ်နေတာသတိပြုမိတဲ့အခါလည်း မေ့ဖျောက်ပြစ်လိုက်ပါ။ ကောင်းတာလေးတွေ -ပျော်စရာလေး
တွေကို တွေးတတ်အောင် လေ့ကျင့်ယူရပါမယ် ။
ဘုရားကြီးတွေရဲ့ မိန်.မှာချက်အရဆိုရင်လည်း- မိုးလင်းးတာနဲ.-“ သတ္တဝါတွေ ကျန်းမာချမ်းသာကြပါစေ။
အန္တရာယ်ကင်း ဘေးရှင်းကြပါစေ - ချစ်သောသူများ ကော မလိုလား မချစ်ခင်သူများပါအားလုံး ကျန်းမာ ချမ်းသာကြပါစေ”-လို. မေတ္တာပို.နိုင်အောင် လေ့ကျင့်ယူရမှာဖြစ်ပါတယ်။ ကျမအနေနဲ.တော့ ဒီလေ့ကျင့် ခန်းကို နေ.စဉ်ကျိုးစားအားထုတ်နေတာ ကြာခဲ့ ပြီဖြစ်ပါတယ် ။
ကျမတို.ရဲ့ မိရိုးဖလာ“ မြန်မာ့ယဉ်ကျေးမှု” ဆိုတဲ့ ဖွင့်ဆိုချက်ကိုတော့ ဒါလောက်နဲ.ပဲ သဘောပေါက်သင့်
ပြီလို. ယူဆမိပါတယ် ။ တကယ်တော့ “ဆောင်းပါးရှင်” တို.လို လူငယ် လေးတွေအနေနဲ.သဘော
ပေါက်စေချင်တဲ့ ဆန္ဒနဲ.မအားလပ်နှိုင်တဲ့ အချိန်ကိုလု ပြီးရေးလိုက်ခြင်းပဲဖြစ်ပါတယ်။ သူကလည်းရေးထား
ပါသေးတယ်-“ ယဉ်ကျေးမှုဆိုတာ အမြဲပြောင်းလဲနေပါတယ်“-တဲ့။ မှန်ပါတယ်-ဒါပေမဲ့“မိရိုးဖလာရိုးရာဓလေ့
ယဉ်ကျေးမှု ”ဆိုတာကိုတော့ မေ့ထားလို.မရပါဘူး ။ ဒီနေရာမှာ “ ခေတ်ရေစီးချောင်းနဲ. ရိုးရာယဉ်ကျေးမှု” သဘောကို ရောမွှေမပြစ်သင့်ပါဘူး။“ယဉ်ကျေးမှုနဲ.ပလွှားမှု”ဆိုတာကိုလည်းသီးခြားနားလည်ဖို.လိုပါလိမ့်မယ်။
“ ခေတ်မီတယ် - ခေတ်ဆန်တယ် ” ဆိုပြီး မိဘ မောင်ဘွား မမြင်ဝံ.စရာ ဝတ်စား ဆင်ယင်မှုပုံစံမျိုးတွေ
ကိုတော့ မိရိုးဖလာ ယဉ်ကျေးမှုထဲ ရောမမွှေပြစ်စေချင်တာအမှန်ပါ။ ဟုတ်ပါတယ်- ဒီကနေ.လူငယ်တွေမှ မ
ဟုတ်ပါဘူး လူကြီးတွေအနေနဲ.လည်း ခေတ်နဲ.-နေရာ ဒေသနဲ.လိုက်လျောညီထွေဖြစ်အောင် ဝတ်စားဆင်
ယင်ကြရပါတယ်။ ဒါပေမဲ့ အစွန်းမထွက်အောင်တော့ စောင့် ထိန်းရပေမပေါ့ ။ “ ငါ ဗမာလူမျိုးပါ”- ဆိုတဲ့
အသိတ ရားလေးကိုလည်း စွဲစွဲမြဲမြဲ နှလုံးသားထဲမှာ သိမ်းဆည်းထားရမှာပါ ။ မြန်မာလူမျိုးတွေဖြစ်တဲ့
မိဘ မျက်နှာတော့ ထောက်ထားရမယ် ။ ဒါမှလည်း အနာဂါတ် မှာခေါင်းဆောင်နိုင်မယ့် “ သားကောင်း -
သမီးကောင်း ” အစစ်အမှန်တွေ ဖြစ်လာတော့မှာပေါ့။
အဲ - ဆောင်းပါးရှင်ကလည်း အတော်ကြီး ရက်စက်တာပဲကိုး( မြန်မာတွေထွင်ခဲ့တဲ့တူရိယာ ဘယ်နှစ်မျိုးရှိသလဲ)
တဲ့ ။ ကြားဖူးနားဝရှိပါစ ?- “ ကြေး- ကြိုး- သားရေ- လေ- လက်ခုပ်” စတဲ့ မြန်မာ့တူရိယာ စစ်စစ်တွေကို
မြင်တောင် မြင်ဖူးရဲ့လားပဲ။(အင်း သူ.ခမြာ နိုင်ငံခြားကိုအတော်အထင်ကြီးနေပုံပါ)သူကိုယ်တိုင်ကော ဗမာစစ်ရဲ့လား
မသိဘူးနော် ။ နောက်ပြီး --- ---------
“ အနော်ရထာမတိုင်ခင်က ပုဂံမှာ အရည်းကြီး ယဉ်ကျေးမှုရှိခဲ့တယ်” ဆိုပါလား ။ သေချာမသိပဲ မရေးနဲ.လေ -
“ အရည်းကြီး” ဆိုတာ “ ယဉ်ကျေးမှု ” မဟုတ်ဘူးကိုတော်ရေ့ -အင်မတန့်ကို စက်ဆုတ် ရွံရှာဖွယ်ကောင်းတဲ့
“ အယုတ်ဝါဒ ” - ပိုရှင်းအောင်ပြောရရင် “ ဗုဒ္ဓဝါဒ” နဲ. ဆန်.ကျင်တဲ့ “ အရည်းကြီးဝါဒ ” ဖြစ်ပါတယ် ။
( သူကိုယ်တိုင်က ဒီဝါဒကို သဘောကျနေသလားပဲ)။ “ ဝါဒ ”နဲ. “ ယဉ်ကျေးမှု ”- ကိုလည်း ရော မမွှေ လိုက်ပါနဲ.
ကိုတော်ရယ် ။
နောက်ပြီး ဒီလောက် ရွံရှာဖွယ်ရာ စက်ဆုတ်ဖွယ်ရာ အရည်းကြီးဝါဒကို “ ယဉ်ကျေးမှု ” စာရင်းထဲ
လုံးဝ မရော လိုက်ပါနဲ.။
(အရည်းကြီးဝါဒနဲ. ပတ်သက်ပြီး ဘယ်ခေတ်ဘယ်အခါ ဘယ်ဘုရင်ကမှ ဓါးမိုးပြီး
မရေး ခိုင်းခဲ့ပါဘူး ၊ အမှန်ကို အမှန်အတိုင်း ရေးသားခဲ့ကြတဲ့ ရာဇဝင်တွေ - သမိုင်းတွေမှာ ထောက်အထားတွေနဲ.
ဖေါ်ပြထားတာပါ ၊
မတောက် တခေါက်နဲ.ရမ်းသမ်းပြီးရေးခဲ့ကြတာမဟုတ်ဘူးဆိုတာ ထင်ရှားပါတယ် ။
ဘယ်တုံးကမှ မဆုံဖူး မကြုံဖူးခဲ့တဲ့ ဒီ အရည်းကြီးဆို သူတွေကို ဘယ်သူကမှလည်း အမုန်းတရား ပွါးပြီးမဟုတ်မတရား
တွေ နဲ.မစော်ကားကြပါဘူး၊ ဗုဒ္ဓမြတ်ဘုရား သက်တော်ထင်ရှားရှိစဉ်ကတည်းက ဒီလို ဗုဒ္ဓဝါဒနဲ.ဆန်.
ကျင်တဲ့ဝါဒ တွေရှိခဲ့တာ လေ့လာကြည့်စေ ချင်ပါတယ်)။
အဓိကအနေနဲ.ကတော့ မြန်မာလူမျိုးတိုင်း “ မြန်မာ့ယဉ်ကျေးမှု တန်ဖိုးကို နားလည်ပါ - တန်ဖိုးထားပါ လေးစားပြီး
လိုက်နာနိုင်အောင်ကြိုးစားပါ - အထင်မကြီးချင်နေနိုင်ပါတယ်အထင်မသေးစေချင်ပါဘူး-
တိုင်းတစ်ပါးသားတွေ အထင်အမြင်သေးအောင်တော့ မပြောသင့်မလုပ်သင့်ဘူးလို. ထင်ပါတယ် ။
ရွှင်လန်းချမ်းမြေ့ကြပါစေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...